## PAGE 460

တတ်သူဟူ၍လည်းကောင်း၊ **အဝိနယဝါဒီတိပိ**=(သီလ, သတိစသော) သံဝရဝိနည်းကိုမပြောဆိုတတ်သူဟူ၍လည်းကောင်း၊ ဝါ=သံဝရဝိနည်းနှင့် စပ်သောစကားကို မပြောဆိုတတ်သူဟူ၍လည်းကောင်း၊ **ဝုစ္စတိ**=ဆိုအပ်၏။

= **ဘိက္ခဝေ**=တို့၊ ကသ္မာ=အဘယ်ကြောင့်၊ **ဧဝရူပေါ**=သော၊ **အယံ ပုဂ္ဂလော**=ကို၊ **အကာလဝါဒီတိပိ**=လည်းကောင်း။ ပ။ **အဝိနယဝါဒီတိပိ**=လည်းကောင်း၊ **ဝုစ္စတိ**=ဆိုအပ်သနည်းဟူမူ၊ **ဘိက္ခဝေ**=တို့၊ **တထာဟိ**=ထို့ကြောင့်သာလျှင်၊ (ထိုသို့ အကာလဝါဒီစသည် ဖြစ်သောကြောင့်သာလျှင်) **အယံ ပုဂ္ဂလော**=သည် ပ။ **ပဗ္ဗာဇနာယ ဝါ**=လည်းကောင်း၊ **ဒုက္ခံ**=ကို၊ **ဥပ္ပါဒယတိ**=ဖြစ်စေ၏။ ပ။

**ဣတိပိ**=လည်း၊ (ဝဒတိ=ပြောဆို၏) **ပန**=ထိုမှတစ်ပါး၊ **ဘူတေန**=တကယ်အစစ်အဖြစ်မှန်ဖြင့်၊ **ဝုစ္စမာနော**=ပြောဆိုအပ်လတ်သော်၊ **အဝဇာနာတိ**=ငြင်းပယ်၏။ **နော ပဋိဇာနာတိ**=ဝန်မခံ၊ **အဘူတေန**=တကယ်အစစ်, အမှန်မဖြစ်သော အကြောင်းအရာဖြင့်၊ **ဝုစ္စမာနော**သော်၊ “**ဣတိပိ**=ဤအကြောင်းကြောင့်လည်း၊ **ဧတံ**=ဤအကြောင်းအရာသည်၊ **အတထံ**=မမှန်ကန်၊ **ဣတိပိ**=ဤအကြောင်း ကြောင့်လည်း၊ **ဧတံ**=သည်၊ **အဘူတံ**=မဟုတ်မှန်၊ ဝါ=တကယ်အစစ်အမှန်ဖြစ်သောအကြောင်းအရာမဟုတ်၊” **ဣတိ**=ဤသို့။ **တဿ**=ထိုမဟုတ်မမှန်သော အကြောင်းအရာကို၊ **နိဗ္ဗေဌနာယ**=ဖြေရှင်းခြင်းငှါ၊ **အာတပ္ပံ**=လုံ့လဝီရိယကို၊ **န ကရောတိ**=ကြိုးစားအားထုတ်မပြုလုပ်၊ **တသ္မာ**=ထို့ကြောင့် (ထိုသို့ လုံ့လဝီရိယ မစိုက်ထုတ်သည် အဖြစ်ကြောင့်) **ဧဝရူပေါ**=သော၊ **ပုဂ္ဂလော**=ကို။ ပ။ **ဝုစ္စတိ**=၏။

**ဘိက္ခဝေ**=တို့၊ **ဧဝရူပေါ**သော၊ **ပုဂ္ဂလော**=ပုဂ္ဂိုလ်သည်၊ **လောဘဇေဟိ**=လောဘကြောင့်ဖြစ်ကုန်သော၊ **ပါပကေဟိ**=ယုတ်မာကုန်သော၊ **အကုသလေဟိ**=အကုသိုလ်ဖြစ်ကုန်သော၊ **ဓမ္မေဟိ**=တရားတို့သည်၊ **အဘိဘူတော**=သည်၊ **ပရိယာဒိန္နစိတ္တော**=သည်၊ (ဟုတွာ=၍) **ဒိဋ္ဌိစေဝ ဓမ္မ**=ယခုမျက်မှောက်ဘဝ၌လည်း၊ **ဒုက္ခ**=ဆင်းရဲစွာ၊ **သဝိဃာတံ**=ညှင်းပန်းနှိပ်စက်တတ်သော ဘေးရန်နှင့်တကွ၊ **သဥပါယာသံ**=ပြင်းစွာပင်ပန်းခြင်းနှင့်တကွ၊ **သပရိဠာဟံ**= ကိုယ်စိတ်ပူလောင်ခြင်းနှင့်တကွ၊ **ဝိဟရတိ**=နေထိုင်ရ၏။ (**ဧဝရူပဿ**=သော၊ **ပုဂ္ဂလဿ**=ပုဂ္ဂိုလ်သည်၊ ဝါ=၏) **ကာယဿ**=ဥပါဒိန္န ကိုယ်ခန္ဓာ၏၊ **ဘေဒါ**=ပျက်စီးခြင်းဟူသော၊ **မရဏာ**=သေခြင်းမှ၊ ဝါ=သေသည်မှ၊ **ပရံစ**=နောက်၌လည်း၊ ဝါ=နောက်ဖြစ်သော ဘဝသစ်ခန္ဓာကို ယူခြင်း၌လည်း၊ ဝါ=နောက်ထပ်ယူအပ်သော ဘဝသစ်ခန္ဓာကိုယ်၌လည်း၊ **ဒုဂ္ဂတိ**=ဒုက္ခဖြစ်ရာ ငရဲစသော ဘဝကို၊ **ပါဋိကင်္ခါ**=အလိုရှိအပ်၏၊ ဝါ=မချွတ်ဧကန်သွားရောက်ရ၏။ ပ။ **ဒေါသဇေဟိ**=ဒေါသကြောင့်ဖြစ်ကုန်သော၊ **ပါပကေဟိ**=ယုတ်မာကုန်သော **အကုသလေဟိ**။ ပ။

## PAGE 461

**မောဟဇေဟိ**=မောဟကြောင့်ဖြစ်ကုန်သော၊ **ပါပကေဟိ အကုသလေဟိ**။ ပ။

**ဘိက္ခဝေ**=တို့၊ **သာလော ဝါ**=အင်ကြင်းပင်သည်လည်းကောင်း၊ **ဓဝေါ ဝါ**=မျောက်ငိုပင်သည်လည်းကောင်း၊ **ဖန္ဒနော ဝါ**=ကြို့ပင်သည်လည်းကောင်း၊ **တီဟိ**=သုံးပင်ကုန်သော၊ **မာလုဝလတာဟိ**=ခွေးတောက်နွယ်တို့သည်၊ **ဥဒ္ဓတ္တော**=အထက်၌ ဖျက်ဆီးအပ်သည်၊ **ပရိယောနဒ္ဓေါ**=ထက်ဝန်းကျင်၌ ရစ်ပတ်အပ်သည်၊ (ဟုတွာ=ဖြစ်၍) **အနယံ**=မကြီးပွားခြင်းသို့ [**န+အယ**။ **ပုညကမ္မတော ဧတိ ဥပ္ပဇ္ဇတိတိ အယော**=ကောင်းမှုကံကြောင့်ဖြစ်သော ကြီးပွားခြင်း၊ **န အယော အနယော**=မကြီးပွားခြင်း] **အာပဇ္ဇတိ သေယျထာပိ**=ရောက်သကဲ့သို့ **ဗျသနံ**=ပျက်စီးခြင်းသို့၊ **အာပဇ္ဇတိ သေယျထာပိ**=သို့၊ **အနယဗျသန်**=မကြီးပွားခြင်း, ပျက်စီးခြင်းသို့၊ **အာပဇ္ဇတိ သေယျထာပိ**=သို့၊ **ဘိက္ခဝေ**=တို့၊ **ဧဝမေဝံ**=ဤအတူပင်။ ပ။ **ဘိက္ခဝေ**=တို့၊ **အကုသလမူလာနိ**=တို့သည်၊ **ဣမာနိ တီဏိ**=တို့တည်း။

**ဘိက္ခဝေ**=ရဟန်းတို့၊ **ကုသလမူလာနိ**=ကုသိုလ်၏ အကြောင်းရင်းတို့သည်၊ ဝါ=ကုသိုလ်ဟူသော အကြောင်းရင်းတို့သည်၊ **ဣမာနိ တီဏိ**=ဤသုံးမျိုးတို့တည်း။ ပ။ **အလောဘော**=အလောဘဟူသော၊ **ကုသလမူလံ**=ကုသိုလ်တို့၏ အကြောင်းရင်းလည်းကောင်း၊ ဝါ=ကုသိုလ်ဟူသောအကြောင်းရင်းလည်းကောင်း၊ **အဒေါသော**=သော၊ **ကုသလမူလံ**=လည်းကောင်း၊ **အမောဟော**=အမောဟဟူသော၊ **ကုသလမူလံ**=လည်းကောင်းတည်း၊ **ဘိက္ခဝေ**=တို့၊ **ယဒပိ (ယော အပိ) အလောဘော**=အကြင်အလောဘသည်လည်း (အတ္ထိ=ရှိ၏) **တဒပိ (တံ အပိ)**=ထိုအလောဘသည်လည်း၊ **ကုသလမူလံ**=ကုသိုလ်တို့၏ အကြောင်းရင်းမည်၏၊ ဝါ=ကုသိုလ်ဟူသော အကြောင်းရင်းမည်၏။ **အလုဒ္ဓေါ**=မတပ်မက်သည်။ (ဟုတွာ=ဖြစ်၍) **ကာယေန**=လည်းကောင်း။ **ဝါစာယ**=လည်းကောင်း၊ **မနသာ**=လည်းကောင်း၊ (ကမ္မ=ကုသိုလ်အမှုလုပ်ငန်းကို) **ယဒပိ အဘိသင်္ခရောတိ**=အကြင်ပေါင်းစုပြုလုပ်အားထုတ်အံ့၊ **တဒပိ**=ထိုပေါင်းစုပြုလုပ် အားထုတ်ခြင်းသည်လည်း၊ (ထိုလောဘမဖြစ် မတပ်မက်ဘဲ ကိုယ်နှုတ်စိတ်ဖြင့် ကုသိုလ်အမှုကို ပေါင်းစုပြုလုပ် အားထုတ်ခြင်းသည်လည်း) **ကုသလံ**=ကုသိုလ်မည်၏။

**အလုဒ္ဓေါ**=သည်၊ **လောဘေန**=လောဘသည်။ **အနဘိဘူတော**=မလွှမ်းမိုးအပ်သည်။ **အပရိယာဒိန္နစိတ္တော**=ကုန်ခန်းစေအပ်သော ကုသိုလ်စိတ်မရှိသည်။ (ဟုတွာ) **ပရဿ**=ကို။ ပ။ **ယဒပိ န ဥပ္ပါဒယတိ**=အကြင်မဖြစ်စေအံ့။ **ဣတိပိ**=လည်း၊ **ယဒပိ န ဝဒတိ**=အကြင်အင်အားကြီးမားကြောင်း မပြောဆိုအံ့၊ **တဒပိ**=ထိုသူတစ်ပါးကို ဒုက္ခမဖြစ်စေခြင်း, အင်အားကြီးမားကြောင်း မပြောဆိုခြင်းသည်လည်း၊ **ကုသလံ**=ကုသိုလ်မည်၏။ **ဣတိ**=ဤသို့လျှင်၊ **အဿ**=
## PAGE 462

ထိုပုဂ္ဂိုလ်၏၊ (**သန္တာနေ**=ခန္ဓာအစဉ်၌) **အလောဘဇာ**=အလောဘကြောင့်ဖြစ်ကုန်သော။ ပ။ **အဒုဋ္ဌော**=ဒေါသသည် မဖျက်ဆီးအပ်သည်၊ ဝါ=ဒေါသမထွက်သည်။ ပ။ **အမူဋ္ဌော**=မတွေဝေသည်၊ ဝါ=ပညာဖြင့်သိသည်။ ပ။ **ကာလဝါဒီတိပိ**=ပြောဆိုသင့်ရာအခါ၌သာ ပြောဆိုတတ်သောသူဟူ၍လည်းကောင်း၊ **ဘူတဝါဒီတိပိ**=တကယ်အစစ် အဖြစ်မှန်ကိုသာ ပြောဆိုတတ်သောသူ ဟူ၍လည်းကောင်း၊ **အတ္ထဝါဒီတိပိ**=အကြောင်းကိုသာ ပြောဆိုတတ်သောသူ ဟူ၍လည်းကောင်း၊ ဝါ=အကြောင်းမှီစပ် အကျိုးအမြတ်ရှိသော စကားကိုသာ ပြောဆိုတတ်သောသူ ဟူ၍လည်းကောင်း၊ **ဓမ္မဝါဒီတိပိ**=အမှန်သဘောကိုသာ ပြောဆိုတတ်သောသူ ဟူ၍လည်းကောင်း၊ **ဝိနယဝါဒီတိပိ**=(သီလ, သတိ စသော) သံဝရဝိနည်းကိုသာ ပြောဆိုတတ်သောသူ ဟူ၍လည်းကောင်း၊ **ဝုစ္စတိ**=၏။

**ပရဿ**=ကို။ အသတာ။ ပ။ **ပဗ္ဗာဇနာယဝါ**=လည်းကောင်း၊ **ဒုက္ခံ**=ကို၊ **နဥပ္ပါဒယတိ**=မဖြစ်စေအပ်။ **ဣတိပိ**=လည်း၊ (**န ဝဒတိ**=မပြောဆို) ပန=ထိုမှတစ်ပါး၊ **ဘူတေန**=ဖြင့်၊ **ဝုစ္စမာနော**=သော်၊ **ပဋိဇာနာတိ**=ဝန်ခံ၏။ **နော အဝဇာနာတိ**=မငြင်းပယ်။ ပ။ **အာတပ္ပံ**=ကို၊ **ကရောတိ**=ကြိုးစားအားထုတ်ပြုလုပ်၏၊ **တသ္မာ**=ထို့ကြောင့်၊ (ထိုသို့ လုံ့လဝီရိယစိုက်ထုတ်သည်အဖြစ်ကြောင့်) **ဝရူပေါ**=သော၊ **ပုဂ္ဂလော**=ကို။ ပ။ **ဝိနယဝါဒီတိပိ**=လည်းကောင်း၊ **ဝုစ္စတိ**=၏၊ **ဘိက္ခဝေ**=ရဟန်းတို့၊ **ဧဝရူပဿ**=သော၊ **ပုဂ္ဂလဿ**=ပုဂ္ဂိုလ်သည်၊ ဝါ=ပုဂ္ဂိုလ်မှာ၊ **လောဘဇာ**=လောဘကြောင့်ဖြစ်ကုန်သော။ ပ။ **ဓမ္မာ**=တရားတို့ကို၊ ဝါ=တို့သည်၊ **ပဟီနာ**=ပယ်အပ်ကုန်ပြီ၊ **ဥစ္ဆိန္နမူလာ**=ရှိကုန်၏၊ [စာပိုဒ်-၃၅-သုတ်ကြည့်] ပ။ **အနုပ္ပါဒဓမ္မာ**=ရှိကုန်၏။ (**ဧဝရူပေါ**=သော၊ **ပုဂ္ဂလော**=သည်) **ဒိဋ္ဌိဝ ဓမ္မေ**=၌ပင်၊ **သုခံ**=ချမ်းသာစွာ။ **အဝိဃာတံ**=ညှဉ်းပန်းနှိပ်စက်တတ်သော ဘေးရန်မရှိဘဲ။ **အနုပါယာသံ**=ပြင်းစွာပင်ပန်းခြင်းမရှိဘဲ၊ **အပရိဠာဟံ**=ကိုယ်စိတ် ပူလောင်ခြင်းမရှိဘဲ၊ **ဝိဟရတိ**=နေရ၏။ **ဒိဋ္ဌိဝ ဓမ္မေ**=ပင်။ **ပရိနိဗ္ဗာယတိ**=ကิလေသာဟူအပူကင်းဝေး ငြိမ်းအေး၏၊ **ဒေါသဇာ**=ဒေါသကြောင့်ဖြစ်ကုန်သော၊ **ပါပကာ**=ကုန်သော၊ **အကုသလာ**=ကုန်သော။ **ဓမ္မာ ပဟီနာ**။ ပ။

**ဘိက္ခဝေ**=ရဟန်းတို့၊ **သေယျထာပိ**-ဥပမာပြရလျှင်ကား၊ **သာလော ဝါ**=လည်းကောင်း။ ပ။ **ပရိယောနဒ္ဓေါ**=သည်၊ (**အဿ**=ဖြစ်ရာ၏) အထ=ထိုအခါ၌၊ **ပုရိသော**=ယောက်ျားတစ်ယောက်သည်၊ **ကုဒါလ**+**ပိဋကံ**=ပေါက်တူး+ခြင်းတောင်းကို၊ **အာဒါယ**=ယူ၍၊ **အာဂစ္ဆေယျ**=လာရာ၏၊ (လာတယ်ဆိုပါစို့) **သော**=ထိုယောက်ျားသည်။ **တံ မာလုဝလတံ**-ထိုခွေးတောက်နွယ်ကို၊ **မူလေ**=အရင်း၌၊ **ဆိန္တေယျ**=ဖြတ်ရာ၏၊ **မူလေ**=၌၊ **ဆေတွာ**=ဖြတ်ပြီး၍၊ **ပလိခဏေယျ**=ထက်ဝန်းကျင်မှ တူးရာ၏၊ **ပလိခဏိတွာ**=ထက်ဝန်းကျင်မှ တူးပြီး၍၊ **မူလာနိ**=အမြစ်တို့ကို၊ **ဥဒ္ဓရေယျ**=ဆွဲနုတ်ရာ၏။

