## PAGE 463

**အန္တမသော**=အောက်ထစ်ဆုံးအားဖြင့်၊ **ဥသီရနာဠိမတ္တာနိပိ**=ဗြိတ်မြက် (မြက်မွှေး) ၏ အမြစ် အရွယ်အစားရှိသော သေးငယ်သော အမြစ်တို့ကိုသော်မှလည်း၊ **ဥဒ္ဓရေယျ**=၏။ **သော**=ထိုယောက်ျားသည်၊ **တံ မာလုဝလတံ**=ကို၊ **ခဏ္ဍာခဏ္ဍိကံ**=အပိုင်းအပိုင်း။ ပ။ **ဖာလေယျ**=ခွဲရာ၏၊ **ဖာလေတွာ**=ခွဲပြီး၍၊ **သကလိကံ သကလိကံ**=အစိတ်စိတ် အမွှာမွှာဖြစ်အောင်၊ **ကရေယျ**=ပြုရာ၏။ ပ။ **ကရိတွာ**=ပြုပြီး၍၊ **ဝါတာတပေ**=လေနေပူ၌၊ **ဝိသောသေယျ**=ခြောက်သွေ့စေရာ၏၊ **ဝါတာတပေ**=၌၊ **ဝိသောသေတွာ**=ခြောက်သွေ့စေပြီး၍၊ **အင်္ဂါရာ**=မီးခဲဖြင့်၊ **ဍဟေယျ**=တိုက်ရာ၏။ ပ။ [စာပိုဒ်-၃၄-သုတ်ကြည့်၊ “ဧဝမဿ သာ”ဟု ကတ္တားနှင့် ကြိယာကို ရှေ့နောက် ဧကဝုစ်ညီစေသင့်၏] **ဘိက္ခဝေ**=ရဟန်းတို့၊ **ဧဝံ**=ဤသို့ ဖျက်ဆီးပစ်လိုက်ခြင်းဖြင့်၊ **သာ မာလုဝလတာ**=ထိုခွေးတောက်နွယ်သည်၊ **ဥစ္ဆိန္နမူလာ**=ပယ်ဖြတ်အပ်ပြီးသော အမြစ်အရင်းရှိသည်။ ပ။ **အနုပ္ပါဒဓမ္မာ**=ရှိသည်၊ **အဿ**=ဖြစ်၏၊ **ဘိက္ခဝေ**=ရဟန်းတို့၊ **ဧဝမေဝံ**=ဤအတူပင်။ ပ။ **ဓမ္မာ**=တို့ကို။ ဝါ=တို့သည်၊ **ပဟီနာ**=ပယ်အပ်ကုန်ပြီ။ ပ။ **အနုပ္ပါဒဓမ္မာ**=ရှိကုန်၏။ ပ။

#### ၁၀-ဥပေါသထသုတ်

**၇၁။** **အထ ခေါ**=ထိုအခါ၌၊ **မိဂါရမာတာ**=မိဂါရ၏မိခင်ဖြစ်သော။ [ဧကကစာပိုဒ်-၂၅၉-ကြည့်] **ဝိသာခါ**=ဝิသာခါသည်၊ **ဥပေါသထေ**=ဥပုသ်နေ့ဖြစ်သော၊ **တဒဟု**=ထိုနေ့၌၊ **တံ ဧဝ အဟော တဒဟော၊ တသ္မိံ တဒဟု**။ [သို့-ဝိဘတ်ကို ဥပြု] ပ။ **နိသိန္နံ**=ထိုင်နေပြီးသော၊ **မိဂါရမာတရံ**=မိဂါရ၏မိခင်ဖြစ်သော၊ **ဝိသာခံ**=ဝိသာခါကို၊ **ဘဂဝါ**။ ပ။ **ဟန္ဒ**=ယခု၊ (ပြောဆိုသောပုဂ္ဂိုလ်အားလျော်စွာ “ဟန္ဒ=ဟလို၊ ဩော်၊ ဟင်” စသည်ဖြင့် သင့်လျော်သလို အနက်ဆိုရာ၏) **ဝိသာခေ**=ဝိသာခါ၊ **တွံ**=သင်သည်၊ **ဒိဝဿ**=နေ့၏၊ **ဒိဝါ**=(မွန်းမတ်မတ်တည့်ရာ) နေ့လယ်အခါ၌၊ (ဋီကာ၌ ဤပုဒ်၏ အဖွင့် စာနေမသန့်ရှင်း) **ကုတော**=အဘယ်အရပ်မှ၊ ဝါ=အဘယ်ကြောင့်၊ **အာဂစ္ဆသိ နု**=လာသနည်း၊ **ဣတိ**=ဤသို့၊ (**အဝေါစ**-မေးတော်မူပြီ) **ဘန္တေ**=အရှင်ဘုရား၊ **အဟံ**=တပည့်တော်သည်၊ **ဥပေါသထာ**=ဥပုသ်သီလရှိပါ၏၊ **အဇ္ဇ**=ယနေ့၊

၁။ **ဥသီရနာဠိမတ္တာနိပိ**။ ။ ဗြိတ်မြက် (မြက်မွှေး) ၏အမြစ်သည် **ဥသီရ** (ပန်းရင်း) မည်၏။ (အဘိဓာန်ဂါထာ၊ ၆၀၁) **ဥသီရဿ နာဠိ ဥသီရနာဠိ**-ပန်းရင်း၏ရိုးတံ၊ **ဥသီရနာဠိယာ မတ္တာ ပမာဏံ ဧတေသံ မူလာနန္တိ ဥသီရနာဠိမတ္တာနိ**=ပန်းရင်းရိုးတံ၏ အရွယ်ပမာဏရှိသော အမြစ်များ။

## PAGE 464

**ဥပဝသာမိ**=သီလနှင့်ပြည့်စုံလျက် နေထိုင်ပါ၏၊ ဝါ=ဥပုသ်စောင့်ပါ၏၊ **ဣတိ**=သို့ (**အဝေါစ**=လျှောက်ပြီ) “**အဇ္ဇ**=ယနေ့၊ **ဥပေါသထော**=ဥပုသ်နေ့ပါတည်း။” ဟုအနက်ပေးလျှင် အဓိပ္ပါယ်ကောင်းသလိုလို ရှိသော်လည်း သဒ္ဒါစည်းကမ်းပျက်၏၊ ထို့ကြောင့် “**ဥပေါသထော ယဿာ မေ အဇ္ဇီတိ ဥပေါသထာ**” ဟု ဝစနတ္ထပြု၊ တဝါကျတည်းဖြစ်သောကြောင့် “**အပ္ပေဝေါသထော ပန္နရသော**” ဟူသော ဥပေါသထဉတ် ပါဠိနှင့် မတူဟုမှတ်ပါ။

**ဝိသာခေ**=ဝိသာခါ၊ **ဥပေါသထာ**=ဥပုသ်သီလတို့သည်၊ **ဣမေ တယော**=ဤသုံးမျိုးတို့ပေတည်း၊ **တယော**=သုံးမျိုးတို့ဟူသည်၊ **ကတမေ**=အဘယ်တို့နည်းဟူမူ၊ **ဂေါပါလကုပေါသထော**=နွားကျောင်းသားတို့နှင့်အတူ နှိုင်းခိုင်းအပ်သော ဥပုသ်သီလလည်းကောင်း၊ ဝါ=နွားကျောင်းသားဥပုသ်လည်းကောင်း၊ **နိဂဏ္ဌုပေါသထော**=တက္ကတွန်းတို့ စောင့်ထိန်းအပ်သော ဥပုသ်သီလလည်းကောင်း၊ **အရိယုပေါသထော**=အရိယာတို့ စောင့်ထိန်းအပ်သော ဥပုသ်သီလလည်းကောင်းတည်း။

**ဝိသာခေ**=ဝိသာခါ၊ **ကထဉ္စ**=အဘယ်နည်း အဘယ်ပုံအားဖြင့်၊ **ဂေါပါလကုပေါသထော**=သည်၊ **ဟောတိ**=ဖြစ်သနည်းဟူမူ၊ **ဝိသာခေ**=ဝိသာခါ၊ **သေယျထာပိ**=ဥပမာပြရလျှင်ကား၊ **ဂေါပါလကော**=နွားကျောင်းသားသည်၊ **သာယနှသမယေ**=ညနေချမ်းအခါ၌၊ **သာမိကာနံ**=နွားပိုင်ရှင်တို့အား၊ **ဂါဝေါ**=နွားတို့ကို၊ **နိယျာတေတွာ**=အပ်နှင်းပြီး၍၊ **ဣတိ**-ဤသို့၊ **ပဋိသဉ္စိက္ခတိ**-ဆင်ခြင်စဉ်းစား၏၊ (**ကိန္တိ**=သို့၊ **ပဋိသဉ္စိက္ခတိ**=ဟူမူ) **အဇ္ဇ**=ယနေ့၊ **ဂါဝေါ**=နွားတို့သည်၊ **အမုကသ္မိံ စ ပဒေသေ**=ထိုမည်သော အရပ်၌လည်းကောင်း၊ **အမုကသ္မိံ စ ပဒေသေ**=၌လည်းကောင်း၊ **စရိသု**=လှည့်လည်ကျက်စားခဲ့ကြကုန်ပြီ။ ပ။ **ပါနိယာနိ**=သောက်ရေတို့ကို၊ **ပိဝိသု**=သောက်ခဲ့ကြကုန်ပြီ။ **သွေ**=နက်ဖြန်၌၊ **ဂါဝေါ**=နွားတို့သည်၊ [ဒါနိ-အနက်မရှိ] ပ။ **စရိဿန္တိ**=လှည့်လည်ကျက်စားကြကုန်လတ္တံ့။ ပ။ **ပိဝိဿန္တိ**-သောက်ကြကုန်လတ္တံ့၊ **ဣတိ**=သို့၊ (**ပဋိသဉ္စိက္ခတိ**=၏)

**ဝိသာခေ**=ဝိသာခါ၊ **ဧဝမေဝံ**=ဤအတူပင်၊ **ဣဓ**=ဤလောက၌၊ **ဧကစ္စော**-အချို့သော၊ **ဥပေါသထိကော**=ဥပုသ်စောင့်သူသည်၊ **ဣတိ**=သို့။ **ပဋိသဉ္စိက္ခတိ**=၏၊ (**ကိန္တိ**=သို့၊ **ပဋိသဉ္စိက္ခတိ**=ဟူမူ) **အဟံ**=ငါသည်၊ **အဇ္ဇ**=ယနေ့၊ **ဣဒဉ္စ ခါဒနီယံ**=ဤမည်သော ခဲဖွယ်ကိုလည်းကောင်း၊ **ဣဒဉ္စ ခါဒနီယံ**=ကိုလည်းကောင်း၊ **ခါဒိ**=ခဲစားပြီးပြီ၊ **ဣဒဉ္စ ဘောဇနီယံ**=ဤဘောဇဉ်ကိုလည်းကောင်း၊ **ဣဒဉ္စ ဘောဇနီယံ**=ကိုလည်းကောင်း၊ **ဘုဉ္ဇိ**=စားပြီးပြီ၊ **သွေ**=နက်ဖြန်၌၊ **အဟံ**=ငါသည်။ ပ။ **ခါဒိဿာမိ**=ခဲအံ့။ ပ။ **ဘုဉ္ဇိဿာမိ**=စားအံ့။ **ဣတိ**=သို့။
## PAGE 465

(**ပဋိသံစိက္ခတိ**=၏) သော= ထိုဥပုသ်စောင့်သူသည်။ အဘိဇ္ဈာသဟဂတေန=အဘိဇ္ဈာတဏှာနှင့် တကွဖြစ်သော၊ တေန စေတသာ=ထိုစိတ်ဖြင့်။ ဒိဝသံ=**နေ့**အချိန်ကို။ အတိနာမေတိ=ကုန်လွန်စေ၏။ **ဝိသာခေ**=**ဝိသာခါ**။ ဧဝံ=ဤနည်းဤပုံအားဖြင့်၊ ဂေါပါလကုပေါသထော=သည်။ ဟောတိ=၏။ **ဝိသာခေ**=**ဝိသာခါ**။ ဧဝံ=ဖြင့်။ ဥပဝုတ္တော=စောင့်ထိန်းအပ်သော။ ဂေါပါလကုပေါသထော=နွားကျောင်းသားဥပုသ်သည်၊ မဟပ္ဖလော=များသော ကံတူမူရင်း အကျိုးရှိသည်။ [စာပိုဒ်(၆၆)မှ ဖလံ ဝိပါကောနှင့်ယှဉ်ကြည့်] န ဟောတိ=မဖြစ်၊ မဟာနိသံသော=များသော ဆင့်ပွားအကျိုးအာနိသင်ရှိသည်။ န ဟောတိ=မဖြစ်၊ မဟာဇုတိကော=များစွာသော တောက်ပြောင်သော အကျိုးရှိသည်။ **နဟောတိ**=မဖြစ်။ **မဟာဝိပ္ဖာရော**=များစွာသော ကျယ်ပြန့်သော အကျိုးရှိသည်။ **န** ဟောတိ။

ဝိသာခေ=**ဝိသာခါ**၊ ကထဉ္စ=အဘယ်နည်းဖြင့်၊ **နိဂဏ္ဌုပေါသထော**=တက္ကတွန်းဥပုသ်သည်။ ဟောတိ=ဟူမူ၊ ဝိသာခေ=**ဝိသာခါ** **နိဂဏ္ဌာ** နာမ=**နိဂဏ္ဌတို့**မည်သော၊ ဝါ=တက္ကတွန်းတို့မည်သော၊ **ဂဏ္ဌ**=ကိလေသာ အထုံးအဖွဲ့ [နိ=မရှိသူ၊ မရှိဟုဆိုသူ] သမဏဇာတိကာ=ရဟန်းအမျိုးအစား**တို့**သည်၊ အတ္ထိ=ရှိကုန်၏၊ တေ=ထိုတက္ကတွန်း**တို့**သည်၊ သာဝကံ=မိမိတို့တပည့်ကို၊ ဧဝံ=ဤသို့၊ သမာဒပေန္တိ=ကောင်းစွာနာယူ ကျင့်သုံးစေကြကုန်၏၊ (ကိန္တိ=သို့၊ သမာဒပေန္တိ=ဟူမူ) အန္တော ပုရိသ=အမောင်ယောက်ျား၊ တွံ=သင်သည်၊ ဧဟိ=လာပါလော၊ ပုရတ္ထိမာယ=အရှေ့ဘက်ဖြစ်သော၊ ဒိသာယ=အရပ်မျက်နှာ၌၊ ပရိယောဇနသတံ=ယူဇနာတရာ၏ .. ဟိုဘက်၌၊ တနည်း=ယောဇနသတံ=ယူဇနာတရာကို၊ အတိက္ကမိတွာ=ကျော်လွန်၍၊ တတော=ထိုယူဇနာ တရာမှ၊ ဝါ=ထိုယူဇနာတရာ၏၊ ပရံ=ဟိုဘက်၌] ယေ ပါဏာ=အကြင်သတ္တဝါ တို့သည်၊ (အတ္ထိ=ရှိကုန်၏) တေသု=ထိုသတ္တဝါတို့၌၊ (ယူဇနာတရာ၏ ဟိုဘက်မှာရှိသောထိုသတ္တဝါတို့၌) ဒဏ္ဍံ=တုတ်လက်နက်ကို၊ **နိက္ခိပါဟိ**=ချထားပါလော၊ **မညှဉ်းဆဲ** မသတ် ဖြတ်ပါနဲ့ ဟူလို] ပစ္ဆိမာယ=အနောက်ဘက်ဖြစ်သော။ပ။ ဥတ္တရာယ=မြောက်ဘက်ဖြစ်သော။ပ။ ဒက္ခိဏာယ=တောင်ဘက်ဖြစ်သော၊ ဒိသာယ၌၊ ပရိယောဇနသတံ=၌၊ ယေ ပါဏာ=တို့သည်၊ (အတ္ထိ=ရှိကုန်၏) တေသု=တို့၌၊ ဒဏ္ဍံ=ကို၊ **နိက္ခိပါဟိ**=လော၊ ဣတိ=ဤသို့၊ (သမာဒပေန္တိ=ကုန်၏) ဣတိ=**ဤသို့**၊ ဧကစ္စာနံ=အချို့ကုန်သော။ ပါဏာနံ=သတ္တဝါ**တို့**ကို၊ အနုဒ္ဒယာယ=သနားခြင်းဖြင့်၊ အနုကမ္ပာယ=ငဲ့ညှာထောက်ထားခြင်းဖြင့်၊ သမာဒပေန္တိ=ကုန်၏၊ ဧကစ္စာနံ=ကုန်သော၊ ပါဏာနံ=**တို့ကို**၊ နာနုဒ္ဒယာယ=မသနားခြင်းဖြင့်၊ **နာနုကမ္ပာယ**=မငဲ့ညှာမထောက်ထားခြင်းဖြင့်၊ သမာဒပေန္တိ=ကုန်၏။

