## PAGE 466

တေ=ထိုတက္ကတွန်း**တို့**သည်၊ ဥပေါသထေ=ဖြစ်သော၊ တဒဟု=ထိုနေ့၌။ပ။ **အမ္ဘော** ပုရိသ=အမောင်ယောက်ျား၊ တွံ=သင်သည်၊ ဧဟိ=လာပါလော၊ သဗ္ဗစေလာနိ=အားလုံးသော ကိုယ်အဝတ်အထည်**တို့**ကို၊ နိက္ခိပိတွာ=ချွတ်ထားပြီး၍၊ ဧဝံ=ဤသို့၊ ဝဒေဟိ=ဆိုပါလော၊ “အဟံ=ငါသည်၊ **ကွစနိ**=မည်သည့်နေရာ ဌာန,မည်သည့်ကာလ၌မျှ၊ ကဿစိ=အခြားတစုံတယောက်၏မျှ။ ဝါ…မည်သူ၏မျှ၊ **ကိဉ္စနတသ္မိံ**=ငဲ့ကွက်ဖွယ်ပလိဗောဓ၏ အဖြစ်၌၊ န(ဟောတိ)=မဖြစ် [မည်သူ၏သား, မည်သူ၏လင်၊ သခင် စသည်ဖြင့် အခြားတစုံတယောက်၏ ငဲ့ကွက်ဖွယ်ရာ, ကြောင့်ကြဖွယ်ရာ ပလိဗောဓဖြစ်နေကြရာတွင် ငါသည် အခြားမည်သူ တဦးတယောက်၏မျှ ငဲ့ကွက်ဖွယ်ပလိဗောဓမဟုတ်၊ မည်သူ၏မျှ သားမဟုတ်၊ မည်သည့်မိန်းမ၏မျှ လင်မဟုတ်၊ မည်သူနှင့်မျှ, **မည်သို့မျှ** မဆက်စပ်၊ မပတ်သက်ဟူလို] စ=ထိုမျှမကသေး၊ မမ=ငါ၏လည်း၊ **ကွစနိ**=အတွင်းပြင်ပ တနေရာရာဌာန၌၊ ကတ္ထစိ=မည်သည့်ပစ္စည်းအသုံး အဆောင်၌မျှ၊ ကိဉ္စနတာ=ငဲ့ကွက်ဖွယ် ပလိဗောဓ၏အဖြစ်သည်၊ န အတ္ထိ=မရှိ၊ ငါ့မှာ ငဲ့ကွက်ဖွယ် ပလိဗောဓ မရှိ၊ ပလိဗောဓ ပြတ်ပြီဟူလို။ အရိယာပုဂ္ဂိုလ်တို့၏ စတုက္ကောဋိကသုညတာ ဒဿနကို လွဲမှားစွာ ယူဆပြောဆိုနေခြင်းတည်း၊ စတုက္ကစာပိုဒ် ၁၈၅-သုတ်နှင့်ယှဉ်ကြည့်] ဣတိ=ဤသို့၊ (ဝဒေဟိ=ဆိုပါလော၊ ဣတိ=ဤသို့၊ သမာဒပေန္တိ=ကုန်၏)” **ပန**=ထိုသို့ပင် နာယူကျင့်သုံးစေကြပါကုန်သော်လည်း၊ အဿ=ထို**နိဂဏ္ဌသာဝက၏**။ မာတာပိတရော=မိဘ**တို့**သည်၊ “အဟံ=ဤသူသည်၊ အမှာကံ=ငါတို့၏၊ ပုတ္တော=သားတည်း” ဣတိ=**သို့**၊ ဇာနန္တိ=သိကြကုန်၏၊ သောပိ=ထို**နိဂဏ္ဌသာဝကသည်လည်း**၊ “ဣမေ=ဤသူ**တို့**သည်၊ မယှံ=ငါ၏၊ မာတာပိတရော=မိဘ**တို့**တည်း” ဣတိ=ဤသို့၊ ဇာနာတိ=သိ၏၊ အဿ=ထို**နိဂဏ္ဌသာဝက၏**၊ ပုတ္တဒါရော=သားမယားသည်၊ “အယံ=ဤသူသည်၊ မယှံ=ငါ၏၊ ဘတ္တာ=လင်ယောက်ျားတည်း၊ ဣတိ=ဤသို့၊ ဇာနာတိ=သိ၏၊ သောပိ=ထို**နိဂဏ္ဌသာဝကသည်လည်း**၊ အယံ=ဤမိန်းမသည်။ မယှံ=၏၊ ပုတ္တဒါရော=သားမယားတည်း” ဣတိ=သို့။ ဇာနာတိ=၏။ အဿ=ထို**နိဂဏ္ဌသာဝက၏**၊ ဒါသ+ကမ္မကရ+ပေါရိသာ=ကျွန်+အခကြေးစား အလုပ်သမား+မှီခိုအသက်မွေးသူ**တို့**သည်။ “အယံ=ဤသူသည်။ အမှာကံ=ငါတို့၏၊ အယျော=အရှင်သခင်တည်း” ဣတိ ဇာနန္တိ=၏၊ သောပိ=လည်း၊ ဣမေ=ဤသူ**တို့**သည်၊ **မယှံ**=၏၊ ဒါသကမ္မကရပေါရိသာ=**တို့**တည်း” ဣတိ **ဇာနာတိ၏**။
ဣတိ=ဤသို့လျှင်၊ ယသ္မိံသမယေ=အကြင်အခါ၌၊ (သာဝကာ-

## PAGE 467

တပည့်တို့ကို) သစ္စေ=မှန်ကန်သောစကားကိုပြောဆိုခြင်း၌၊ သမာဒပေတဗ္ဗာ=ကောင်းစွာနာယူ ကျင့်သုံးစေသင့်ကုန်၏။ တသ္မိံ သမယေ=ထိုအခါ၌၊ (သာဝကေ=တပည့်တို့ကို) မုသာဝါဒေ=လွဲမှားစွာယူဆပြောဆိုခြင်း၌၊ (အရိယာ ပုဂ္ဂိုလ်တို့၏ဉာဏ်အမြင်ဖြစ်သော “နာဟံ ကွစနိ။ပ။ ကိဉ္စနတတ္ထိ” ဟူသော စတုက္ကောဋိကသုညတာဒဿနကို လွဲမှားစွာယူဆပြောဆိုခြင်း၌) သမာဒပေန္တိ=ကောင်းစွာနာယူကျင့်သုံးစေကုန်၏။ ဣဒံ=ဤလွဲမှားစွာ ယူဆပြောဆိုခြင်းကို၊ တဿ=ထို**နိဂဏ္ဌသာဝက၏**၊ မုသာဝါဒသ္မိံ=မဟုတ်မမှန်သော စကားကိုပြောဆိုခြင်းဟူ၍၊ (အဟံ=ငါဘုရားသည်) ဝဒါမိ=မိန့်ဆို၏၊ [မုသာ ဝါဒသ္မိံ၌ သ္မိံဝိဘတ်ကိုပဌမာအနက်၌သက်] သော=ထို**နိဂဏ္ဌသာဝကသည်**၊ တဿာ ရတ္တိယာ=ထိုညဉ့်၏၊ အစ္စယေန=ကျော်လွန်ရာအခါ၌၊ ဘောဂေ=ပစ္စည်းဥစ္စာ**တို့**ကို၊ (ညောင်စောင်း, အင်းပျဉ်, ယာဂုထမင်းစသော ပစ္စည်း ဥစ္စာတို့ကို) အဒိန္နံယေဝ=သူတပါးက မပေးအပ်ဘဲသာလျှင်၊ ဝါ=သူတပါးကပေးသည်အထိ မစောင့်ဆိုင်းဘဲသာလျှင်၊ ပရိဘုဉ္ဇတိ=ယူငင်သုံးစွဲ၏၊ ဣဒံ=ဤသို့ သူတပါးကမပေးဘဲ ယူငင်သုံးစွဲခြင်းကို၊ အဒိန္နာဒါန**ဟူ၍**၊ ဝဒါမိ=၏၊ ဝိသာခေ=ဝိသာခါ၊ ဧဝံ=ဤနည်းဤပုံအားဖြင့်၊ **နိဂဏ္ဌုပေါသထော**=တက္ကတွန်းဥပုသ်သည်၊ ဟောတိ=၏။ပ။ ဝိသာခေ=ဝိသာခါ၊ ဥပက္ကိလိဋ္ဌဿ=ညစ်နွမ်းသော၊ စိတ္တဿ=စိတ်ကို၊ ဥပက္ကမေန=လုံ့လစိုက်ထုတ်ခြင်းဖြင့်၊ ဝါ=လုံ့လစိုက်ထုတ်ကြောင်း နည်းလမ်းဥပါယ်ဖြင့်၊ ပရိယောဒပနာ=စင်ကြယ်စေခြင်းသည်၊ ဟောတိ=၏။
ဝိသာခေ=ခါ၊ ကထဉ္စ=အဘယ်နည်း အဘယ်ပုံအားဖြင့်။ပ။ ဟောတိ=ဖြစ်သနည်းဟူမူ၊ ဝိသာခေ=ခါ၊ ဣဓ=ဤသာသနာတော်၌၊ အရိယသာဝကော=အရိယာဖြစ်သော တပည့်သည်၊ တထာဂတံ=မြတ်စွာဘုရားဂုဏ်တော်ကို၊ အနုဿရတိ=ထပ်တလဲလဲအောက်မေ့၏၊ (ကိန္တိ=သို့၊ အနုဿရတိ=ဟူမူ) [ဣတိပိ သော ဘဂဝါစသည်ကို စာပိုဒ်-၆၄သုတ်ကြည့်]။ပ။ ဘဂဝါ=ဘဂဝန္တ မည်တော်မူ၏၊ ဣတိ=**သို့**၊ (**အနုဿရတိ**=၏) တထာဂတံ=ကို၊ အနုဿရတော=ထပ်တလဲလဲ အောက်မေ့သော၊ တဿ=ထိုအရိယသာဝက၏၊ စိတ္တံ=စိတ်သည်၊ ပသီဒတိ=ကြည်လင်၏၊ ပါမောဇ္ဇံ=နှစ်သက်ဝမ်းမြောက်ခြင်းသဘောသည်၊ ဥပ္ပဇ္ဇတိ=ဖြစ်၏။ စိတ္တဿ=စိတ်၏၊ ယေ ဥပက္ကိလေသာ=အကြင် ပူလောင်စေတတ်သော နီဝရဏအညစ်အကြေး**တို့**သည်၊ (သန္တိ=ရှိကုန်၏) တေ ဥပက္ကိလေသာ=ထိုပူလောင်စေတတ်သော နီဝရဏစသော အညစ်အကြေး**တို့**ကို၊ ပဟီယန္တိ=ပယ်အပ်ကုန်၏၊ ဝိသာခေ=ခါ၊ ဥပက္ကိလိဋ္ဌဿ=သော၊ သီသဿ=ဦးခေါင်းကို၊ ဥပက္ကမေန=လုံ့လစိုက်ထုတ်ခြင်းဖြင့်၊

## PAGE 468

**ပရိယောဒပနာ**=သည်၊ **ဟောတိ** **သေယျထာပိ**=ဖြစ်သကဲ့သို ့တည်း။
။ပ။**ကက္ကဉ္စ**=သျှိသျှားသီးမှုန့်ကိုလည်း၊ **ပဋိစ္စ**=စွဲ၍၊ **မတ္တိကဉ္စ**=မြေညက်ကိုလည်း၊ **ပဋိစ္စ**=စွဲ၍၊ **ဥဒကဉ္စ**=ရေကိုလည်း၊ **ပဋိစ္စ**=စွဲ၍၊ **ပုရိသဿ**=ယောက်ျား၏။ **တဇံ**=ထိုစင်ကြယ်စေခြင်းအားလျော်သော၊ **တဿာ** **ပရိယောဒပနာယ** **အနစ္ဆဝိကော** **တဇ္ဇာ**၊ **တံ**]**ဝါ**=စင်ကြယ်စေနိုင်သော၊ **ဝါယာမဉ္စ**=လုံ့ลကိုလည်း။
(သျှိသျှားသီးမှုန့်ဖြင့် သုတ်လိမ်းပွတ်တိုက် ဆေးကြောခြင်းဟူသော လုံ့လဝီရိယကိုလည်း)**ပဋိစ္စ**=စွဲ၍၊ (**ပရိယောဒပနာ**-သည်၊ **ဟောတိ**=၏)**ဝိသာခေ**=ခါ၊ **ဧဝံ**=ဤနည်းအားဖြင့်၊ **ဥပက္ကိလိဋ္ဌဿ**=သော၊ **သီသဿ**=ကို၊ **ဥပက္ကမေန**=ဖြင့်၊ **ပရိယောဒပနာ**=သည်။ **ဟောတိ**၏၊ **ဝိသာခေ**ခါ၊ **ဝါမေဝံ**-ဤအတူပင် ပ။**ဝိသာခေ**=ခါ။ **အယံ** **အရိယသာဝကော**=ဤအရိယာသာဝကကို။ **ဗြဟ္မပေါသထံ**=ဗြဟ္မာဥပုသ်ကို။ **ဝါ**=ဗြဟ္မာမည်ငြား မြတ်ဘုရားဂုဏ် အာရုံပြု၍ စောင့်ထိန်းအပ်သောဥပုသ်ကို၊ [**ဗြဟ္မံ** **အာရဗ္ဘ** **ဥပဝုတ္တော** **ဥပေါသထော** **ဗြဟ္မပေါသထော** **ဥပဝသတိ**=စောင့်ထိန်း၏ဟူ၍။ **ဗြဟ္မနာ**=ဗြဟ္မာမည်ငြား မြတ်ဘုရားနှင့်။ **သဒ္ဓိံ**=အတူတကွ၊ **သံဝသတိ** နေထိုင်၏ဟူ၍၊ **ဝုစ္စတိ**=ခေါ်ဆိုအပ်၏။ စ=ထိုမှတပါး၊ **အဿ**=ထိုအရိယသာဝက၏၊ **စိတ္တံ**=စိတ်သည်၊ **ဗြဟ္မ**=ဗြဟ္မာမည်ငြား မြတ်ဘုရားကို၊ **အာရဗ္ဘ**=အာရုံပြု၍။
**ပသီဒတိ**=ကြည်လင်၏။ပ။ **ဧဝံ**=ဤနည်းအားဖြင့်။ပ။
**အရိယသာဝကော**=သည်၊ **ဓမ္မံ**=တရားတော်ကို၊ (ပါဠိဓမ္မက္ခန်,နိဗ္ဗာန်,ဖိုလ်,မဂ်၊ ဆယ်ချက်မှတ်သား မြတ်တရားကို)**အနုဿရတိ**=၏ (**ကိန္တိ** **အနုဿရတိ**)
[စာပိုဒ်-၄၀-သုတ်၌ တရားဂုဏ်တော် နက်များရေးခဲ့ပြီ]။ပ။**ကာယဿ**=ခန္ဓာကိုယ်ကို၊ **ဥပက္ကမေန**=ဖြင့်။ပ။**သုတ္တိဉ္စ**=ချေးတွန်းကျောက်လုံး ပုတီးကုံးကိုလည်း၊ (ချိတ်ဖြင့်ရော်စပ်,လုံးခဲအပ်သော,ကုရုဝိန္ဒက, ကျောက်မှုန့် အလုံးချေးတွန်း ပုတီးကုံးကိုလည်း) **ပဋိစ္စ**=စွဲ၍၊ ထိုပုတီးကုန်း၏ အစွန်းနှစ်ဖက်ကိုဆွဲကိုင်၍ ကျောကုန်းကို ပွတ်တိုက်ကြ၏။ အဘိဓာန်တို့၌ ကုရုဝိန္ဒပုဒ်ကို“**ပဒုမရာဂမဏိ** [OCR_UNCERTAIN]=ကျောက်နီ၊ Ruby ပတ္တမြားနီး ပန်းရေကျောက်” ဟုဖွင့်၏။
ရှေးကမူ “မှတ်ကျောက်”ဟု မြန်မာပြန်ဆိုကြ၏] **စုဏ္ဏဉ္စ**=ဆပ်ပြာမှုန့်ကိုလည်း။ပ။ **ဝါယာမဉ္စ**=ပွတ်တိုက် ဆေးကြောခြင်း လုံ့လကိုလည်း၊ **ပဋိစ္စ**=၍၊(**ပရိယောဒပနာ**=သည်၊ **ဟောတိ**) ။ပ။ **ဓမ္မပေါသထံ**=တရားဥပုသ်ကို၊ **ဝါ**=ဆယ်ပါးသော တရားတော်ကို အာရုံပြု၍ စောင့်ထိန်းအပ်သော ဥပုသ် သီလကို၊ **ဥပဝသတိ**=၍၊ **ဓမ္မေန**=တရားတော်နှင့်၊ **သဒ္ဓိံ**=အတူတကွ၊ **သံဝသတိ**=၍၊**ဝုစ္စတိ**=၏၊ စ=ထိုမှတပါး၊**အဿ**=ထိုအရိယသာဝက၏၊ **စိတ္တံ**=သည်။ **ဓမ္မံ**=တရားကို၊ **အာရဗ္ဘ**=၍ **ပသီဒတိ**=၏။

