## PAGE 469

**သံဃံ**=ရှစ်ပါးအရိယာ သံဃာ့ဂုဏ်တော်ကို၊ **အနုဿရတိ** (**ကိန္တိ** **အနုဿရတိ**) **ဘဂဝတော**=မြတ်စွာဘုရား၏၊ **သာဝကသံဃော**=တပည့်အရိယာသံဃာတော်အပေါင်းသည်၊ **သုပ္ပဋိပန္နော**=အဆုံးအမတရား လေးစားလိုက်နာကောင်းစွာကျင့်တော်မူပါပေ၏၊**ဘဂဝတော**=၏၊ **သာဝကသံဃော**=သည်၊**ဥဇုပ္ပဋိပန္နော**=ဖြောင့်မတ်စွာကျင့်တော်မူပါပေ၏။ပ။ **ဉာယပ္ပဋိပန္နော**=နိဗ္ဗာန်အကျိုးငှာ ကျင့်တော်မူပါပေ၏။ **သာမီစိပ္ပဋိပန္နော**=အရိုအသေပြုမှုနှင့်ထိုက်တန်အောင် ကျင့်တော်မူပါပေ၏။ပ။ **စတ္တာရိ**=(သူ့ ဖိုလ်,သူ့ မဂ် တွဲဖက်ထားတုန်)လေးပါးကုန်သော၊ **ယဒိဒံ** (**ယာနိ** **ဣမာနိ**) **ပုရိသယုဂါနိ**=အကြင်ယောက်ျားမြတ်အစုံတို ့သည်၊ **အဋ္ဌ**=(တွဲဖက်မထား တသီးတခြားစီ အားဖြင့်)ရှစ်ပါးကုန်သော၊ **ယဒိဒံ** (**ယေ** **ဣမေ**) **ပုရိသပုဂ္ဂလာ**=အကြင် ယောက်ျားမြတ်ပုဂ္ဂိုလ်တို ့သည်၊ (**သန္တိ**=ရှိကုန်၏)**ဘဂဝတော**=၏၊ **ဧသ** (**ဧသော**) **သာဝကသံဃော** (တွဲလျက်လေးပါး,ခွဲထားရှစ်ဖေါ်)ဤတပည့် အရိယာသံဃာတော်သည်၊ **အာဟုနေယျာ** ၁။**အာဟုနေယျော**။ ။ **ဒူရတောပိ** **အာနေတွာ** **ဟုနိတဗ္ဗန္တိ** **အာဟုနံ**=အဝေးမှပင် ဆောင်ယူ၍ သီလရှိသူတို ့အား ပေးလှူထိုက်သော ပစ္စည်းဝတ္ထု(ဆွမ်း,သင်္ကန်း, ကျောင်း,ဆေး ပစ္စည်းလေးပါး)။**အာဟုနံ** **အရဟတိ** (**ပဋိဂ္ဂဟေတုံ** **ယုတ္တော**)တိ **အာဟုနေယျော**=ထိုပစ္စည်းဝတ္ထုကို ခံယူထိုက်သော အရိယာသံဃာတော်။ [**အာဟုန**+**ဏေယျ** **ပါဟုနေယျော**။ ။“**ပုမေ** **အတိထိ** **အာဂန္တု** **ပါဟုနာ**၊ **ဝေသိကာပျထ**”
ဟူသော အဘိဓာန်(၄၂၄)ဂါထာ၌ ဧည့်သည် **အာဂန္တု**အနက်ဟော ပရိယာယ်လေးပုဒ်တွင် **ပါဟုန**သဒ္ဒါပါ၏။ ထိုအဘိဓာန်နှင့်အညီ ဤ၌လည်း အရပ်တပါးမှရောက်လာသော ဆွေမျိုးမိတ်ဆွေ ဧည့်သည်ကို **ပါဟုန** ဟုခေါ်၏။ ထို့နောက်“**ပါဟုနံ** **ဝုစ္စတိ** **ဒိသာဝိဒိသတော** **အာဂတာနံ** **ပိယမနာပါနံ** **ဉာတိမိတ္တာနမတ္ထာယ** **သက္ကာရေန** **ပဋိယတ္တံ** **အာဂန္တုကဒါနံ** (**ဝိသုဒ္ဓိမဂ်**၊ပ-၂၁၃)။ **ပါဟုနေယျောတိ** **ပါဟုနက** **ဘတ္တဿ** **အနုစ္ဆဝိကော** (**တိကနိပါတ်**စာပိုဒ်-၉၇-သုတ် **အဋ္ဌကထာ**)တို့ကို ရှု၍-"-**ပါဟုနာနံ** **အာဂန္တုကာနံ** **အတ္ထာယ** **ပဋိယတ္တံ** **ဒါနံ** **ပါဟုနံ**=ဧည့်သည်တို့ဘို ့ စီစဉ်ထားအပ်သော စားဖွယ်သောက်ဖွယ် ပေးကမ်းဖွယ်ပစ္စည်းဝတ္ถု၊ (သို ့မဟုတ်)- **ပါဟုနာနံ** **အတ္ထာယ** **ပဋိယတ္တံ** **ဘတ္တံ** **ပါဟုနံ**=ဧည့်သည်တို ့သို ့ စီစဉ်ထားအပ်သော စားဖွယ်ထမင်း၊ “**ပါဟုနဒါန**(သို့မဟုတ်)**ပါဟုနဘတ္တ**” ဟုဆိုလိုလျက် **ဒါန**ပုဒ် (**ဘတ္တ**ပုဒ်)ကို ချေထားသည်

## PAGE 470

ကြည်ဖြူ အဝေးမှပင်ဆောင်ယူ၍ ပေးလှူအပ်သော ပစ္စည်းဝတ္ထုကို ခံယူတော်မူထိုက်ပါပေ၏။ **ပါဟုနေယျော**၊ဝေးနယ်ရပ်ခြား, ဧည့်သည်များဘို့ သီးခြားစီမံထားအပ်သော ပစ္စည်းဝတ္ထုကိုပင် ပေးလှူခြင်း, ခံယူခြင်းငှါ သင့်လျော်ပါပေ၏။ **ဒက္ခိဏေယျော**=တမလွန်ဘဝအကျိုးကို မျှော်ကိုးယုံကြည်၍ပေးလှူအပ်သောပစ္စည်း ဝတ္ထုကို ခံယူတော်မူထိုက်ပါပေ၏။ **အဉ္ဇလိကရဏီယော**=လက်အုပ်ချီးမိုး ရှိခိုးသမှု ပြုထိုက်ပါပေ၏။ **လောကဿ**-သတ္တဝါအပေါင်း၏၊ **အနုတ္တရံ**-မိမိထက် ထူးကဲ သာလွန် မြင့်မြတ်သောသူ မရှိသော၊ဝါ=အထူးမြတ်ဆုံးဖြစ်သော၊ **ပုညက္ခေတ္တံ**=ကုသိုလ်ကောင်းမှုမျိုးစေ့စု၏,ကြီးထုမြင့်မား ဖွံ့ထွားပေါက်ရောက်ရာ လယ်ယာမြေကောင်း အတူဖြစ်တော်မူပါပေ၏၊ **ဣတိ**=သို ့ (**အနုဿရတိ**) ။ပ။**ဝတ္ထဿ**-အဝတ်ကို။ပ။
**ဥသ္မာ**=အပူငွေ့ကိုလည်း၊(နှစ်ကြိမ်, သုံးကြိမ်ပြုတ်ပေါင်းသဖြင့် ပူနွေးသောအပူငွေ့ကိုလည်း) ။ပ။ **ခါရဉ္စ**=ပြာကိုလည်း။ပ။ **ဂေါမယဉ္စ**=နွားချေးကိုလည်း၊**အဋ္ဌကထာ**၌“**ဂေါမယန္တိ** **ဂေါမုတ္တံ** **ဝါ** **အဇလဏ္ဍိကာ** **ဝါ**”ဟုနွားကျင်ငယ်နှင့်.ဟုကြံပါ။ **ပါဟုနံ** **အဿ** **ဒါတုံ** **ယုတ္တန္တိ** **ပါဟုနေယျော**=ဧည့်သည်တို့ ဘို့စီစဉ်ထားသော စားသောက်ဖွယ် ပေးကမ်းဖွယ် ပစ္စည်းဝတ္ထုကို ပေးလှူထိုက်သောအရိယာသံဃာတော်၊ **ပါဟုနဉ္စ** **ပဋိဂ္ဂဟေတုံ** **ယုတ္တောတိ** **ပါဟုနေယျော**၊ထိုပစ္စည်းဝတ္ထုကို ခံယူခြင်းငှါသင့်လျော်သော သံဃာတော်။ ဆိုလိုသည်မှာ-ဤလောက၌ သူသူငါငါ ရိုးရာမိတ်ဆွေ ဆွေမျိုးဧည့်သည်များကားတွေ့ဘို့ဆုံဘို့လွယ်ကူပါ၏၊ နှစ်ပေါင်းမရေတွက်နိုင်အောင်(သို ့မဟုတ်) ကမ္ဘာ့ပေါင်း မရေတွက်နိုင်အောင် အသင်္ချေအနန္တ ကြာမြင့်မှ ပွင့်တော်မူလာသောမြတ်စွာဘုရားတဆူ၏ သာသနာတော် ခေတ်အခါအတွင်း၌သာ ပေါ်ထွန်းလာသော အရိယာသံဃာတော်ဟူသော ဧည့်သည်များကား အလွန်ပင် ဖူးမြင်ရခဲတွေ့ကြုံရခဲလှ၏၊ ထို့ကြောင့် … ဧည့်သည်ဘို ့ရည်ရွယ်၍ စီမံထားသောစားသောက်ဖွယ် ပေးကမ်းဖွယ်မှန်သမျှကို ထိုရိုးရာဧည့်သည်တို့ ကို မပေးတော့ဘဲအရိယာသံဃာ ဧည့်သည်တော်များကိုသာ - ပေးလှူထိုက်သည်၊ ထိုအရိယာသံဃာဧည့်သည်တော် များသည်သာ အလှူခံထိုက်ပါသည်ဟူလို။
**ဒက္ခိဏေယျော**။ ။ **ဒက္ခ**ဓာတ် **ဣဏ**ပစ္စည်း **ဣတ္ထိဇောတက** **အာ**ပစ္စည်းဖြင့်“**ဒက္ခိဏာ**”ဟု ဖြစ်၏၊ **ဒက္ခန္တိ** **ဧတာယ** **သတ္တာ** **ယထာဓိမုတ္တာဟိ** **သမ္ပတ္တိဟိ** **ဝဍ္ဎန္တိ** **ဒက္ခိဏာ**=အလိုရှိအပ်သမျှ ဘဝစည်းစိမ် သမ္ပတ္တိတို ့ဖြင့်သတ္တဝါတို့ကြီးပွါးကြောင်းဖြစ်သော အလှူဒါန(တမလွန်ဘဝအကျိုးကို ယုံကြည်၍ပေးလှူအပ်သော အလှူဒါနတည်း)၊ **ဒက္ခိဏံ** **အရဟတီတိ** **ဒက္ခိဏေယျော**။

## PAGE 471

ဆိတ်ချေးတို့ကို ယူထား၏၊ ဖြစ်သင့်၍ ထည့်သွင်းထားခြင်းတည်း]။ပ။

**ဝါယာမဉ္စ**=ပွတ်တိုက်ဖွပ်လျှော်ခြင်း လုံ့လကိုလည်း။ပ။ **သံဃပေါသထံ**=သံဃာဥပုသ်ကို၊ ဝါ=ရှစ်ပါးသော အရိယာသံဃာတော်၏ ဂုဏ်ကို အာရုံပြု၍ စောင့်ထိန်းအပ်သော ဥပုသ်သီlလကို။ပ။ **သံဃေန**=အရိယာသံဃာတော်နှင့်။ပ။ **သံဃံ**=အရိယာသံဃာတော်ကို။ပ။ **အတ္တနော**=မိမိ၏၊ **အခဏ္ဍာနိ**=အကျိုးအပြတ်မရှိကုန်သော၊ **အစ္ဆိဒ္ဒါနိ**=အပေါက်မရှိကုန်သော၊ **အသဗလာနိ**=အကွက်အကြား မရှိကုန်သော၊ **အကမ္မာသာနိ**=အပြောက်အစက် မရှိကုန်သော၊ **ဘုဇိဿာနိ**=တဏှာ၏ ကျွန်, တာဝန်မစပ်, လွတ်လပ်သူ၏အဖြစ်ကို ပြုတတ်ကုန်သော၊ **ဝိသုပ္ပသတ္ထာနိ**=ဘုရားအစရှိသော … ပညာရှိတို့သည် ချီးမွမ်းအပ်ကုန်သော၊ **အပရာမဋ္ဌာနိ**=တဏှာဒိဋ္ဌိတို့သည် မှားသောအားဖြင့် မသုံးသပ် မဆွဲကိုင်အပ်ကုန်သော၊ ဝါ=သီလဝိပတ္တိအပြစ်ဖြင့် မည်သူကမျှ မစွပ်စွဲ မသုံးသပ်အပ်ကုန်သော၊ **သမာဓိသံဝတ္တနိကာနိ**=(ဥပစာရ, အပ္ပနာ နှစ်ဖြာသော) သမာဓိကိုဖြစ်စေတတ်ကုန်သော၊ ဝါ=မဂ်ဖိုလ်သမာဓိကို ဖြစ်စေတတ်ကုန်သော၊ **သီလာနိ**=သီလတို့ကို၊ **အနုဿရတိ**=၏။

**သီလံ**=မိမိ၏သီlလကို၊ (အခဏ္ဍာ, အစ္ဆိဒ္ဓတာစသောဂုဏ်နှင့်ပြည့်စုံသော မိမိသီလကို)

< ၁။ **အခဏ္ဍာနိ အစ္ဆိဒ္ဒါနိ အသဗလာနိ**။ ။ ၎င်းပုဒ်တို့ကို ဝိသုဒ္ဓိမဂ် (ပ-၂၁၅)နှင့် ဤအင်္ဂုတ္တိုရ် အဋ္ဌကထာ (တ-နှာ ၉၄)အဖွင့်အတိုင်း အကျယ်တဝင့် အနက်ပေးလိုလျှင် “**အခဏ္ဍာနိ**=အဝတ်အနားဝယ်, ပြတ်သည့်နှယ်သို့, အစဝယ် ပျက်စီး, အဆုံးလည်းတရပ်, အကျိုးအပြတ်မရှိကုန်သော၊ အဝတ်၏ အစွန်းအနား ပြတ်နေသကဲ့သို့ ဆောက်တည်ထားအပ်သော သီလတို့တွင် အစဘက် သီလလည်းမကျိုးပြတ်၊ အဆုံးဘက်သီလလည်း မကျိုးပြတ်ဟူလို] **အစ္ဆိဒ္ဒါနိ**=အဝတ်အလယ်, ပေါက်သည့်နှယ်သို့, အလယ်ဖေါက်ဘိ, အပေါက်မရှိကုန်သော၊ **အသဗလာနိ**=နွားကျားပုံးမှီး, တဆက်တည်းဖြင့်; ပျက်စီးနှစ်ထွေ, သုံးထွေ ပျက်ပြား, အကွက်အကြားမရှိကုန်သော၊ **အကမ္မာသာနိ**=ဝါစေ့ ပြောက်နွား, ပုံအလားသို့, ကြိုးကြားပေါက်လျက် အပြောက်အစက် မရှိကုန်သော” ဟု အနက်ဆိုပါ။

.ကျွန်မဟုတ်သူ, ကျွန်ဘဝမှ လွတ်မြောက်သူကို ဘုဇိဿဟုခေါ်၏၊ ဤ၌ကား “**ဘုဇိဿံ ကရောန္တိတိ ဘုဇိဿကရာနိ**” ဟု ဝစနတ္ထပြု၍ (ကရပုဒ်ကိုလည်းချေ၍) “တဏှာ၏ကျွန်အဖြစ်မှ လွတ်မြောက်သူဖြစ်အောင် (လောကီ အာရုံ မစုံမမက် ဝဋ်မှထွက်ရာ နိဗ္ဗာန်ကို အာရုံပြုနေသူဖြစ်အောင်) ပြုတတ်သော သီလတို့ကို ဘုဇိဿ ဟုခေါ်သည်။

အံသျ၊ ပ-၆၆

