## PAGE 472

**အနုဿရတော**=ထပ်တလဲလဲအောက်မေ့သော၊ **တဿ**=ထိုအရိယသာဝက၏။ပ။ **အာဒါသ**=ကြေးမုံကို၊ ဝါ=မှန်ကို။ပ။ **တေလဉ္စ**=ဆီကိုလည်း။ပ။ **ဆာရိကဉ္စ**=ပြာကိုလည်း။ပ။ **ဝါလဏ္ဍပကဉ္စ**=မြင်းမြီး ချေးပွတ်ခွေကိုလည်း၊ ဝါဒသင်ပေါင်းလျှော်ချည် စသည်တို့ဖြင့် ပြုလုပ်အပ်သော ချေးပွတ်ခွေကိုလည်း။

**ဝါလေဟိ ကတံ အဏ္ဍုပကံ ဝါလဏ္ဍုပကံ**။ပ။ **ဝါယာမဉ္စ**=ပွတ်တိုက်ခြင်းလုံ့လကိုလည်း။ပ။ **သီလုပေါသထံ**=သီလဥပုသ်ကို၊ ဝါ=မိမိသီလကို ထပ်တလဲလဲဆင်ခြင်လျက် စောင့်ထိန်းအပ်သော ဥပုသ်ကို။ပ။ **သီလေန**=သီလနှင့်။ပ။

**ဒေဝတာ**=နတ်ဗြဟ္မာတို့ကို၊ ဝါ=နတ်ဗြဟ္မာတို့ကို သက်သေအရာ၌ ထား၍ ဆင်ခြင်အောက်မေ့သင့်သော မိမိ၏သဒ္ဓါစသော ဂုဏ်တို့ကို၊ **အနုဿရတိ**=၏ (ကိန္တိ အနုဿရတိ) **စာတုမဟာရာဇိကာ**=စာတုမဟာရာဇ်ဖြစ်ကုန်သော၊ ဝါ=လေးယောက်သော နတ်မင်းကြီးရှိကုန်သော၊ [ဝိဂြိုဟ်နက်တည်း၊ ဒုကနိပါတ်ဋီကာ၊ နှာ-၃၁-နှင့် ဝိသုဒ္ဓိမဂ်ဋီကာ၊ ပ-၂၈၄] **ဒေဝါ**=နတ်တို့သည်၊ **သန္တိ**=ရှိကုန်၏။ **တာဝတိံသာ**=တာဝတိံသာဖြစ်ကုန်သော၊ ဝါ=၃၃ယောက်သော ကောင်းမှုပြုဖက် ပုဂ္ဂိုလ်တို့၏ဖြစ်ရာဘုံဟူသော နေရာရှိကုန်သော၊ **ဒေဝါ**=နတ်တို့သည်။ **သန္တိ**=ရှိကြကုန်၏၊ **ယာမာ**=ယာမာဖြစ်ကြကုန်သော၊ ဝါ=ဒုက္ခမှကင်းကွာကုန်သော။ပ။ **တုသိတာ**=တုသိတာဖြစ်ကုန်သော၊ ဝါ=မိမိ၏ဂုဏ်ကျက်သရေ ပြည့်စုံမှုကို နှစ်သက်ကျေနပ်ခြင်းသို့ ဆိုက်ရောက်နေကြကုန်သော၊ ဝါ=နှစ်သက်မှုပီတိသည် ကပ်ရောက်အပ်ကုန်သော။ပ။ **နိမ္မာနရတိနော**=နိမ္မာနရတိ ဖြစ်ကုန်သော၊ ဝါ=စည်းစိမ်တို့ကို ဖန်ဆင်းခြင်း၌ မွေ့လျော်မှုရှိကုန်သော။ပ။ **ပရနိမ္မိတဝသဝတ္တိနော**=ပရနိမ္မိတဝသဝတ္တီ ဖြစ်ကုန်သော၊ ဝါ=သူတပါး ဖန်ဆင်းပေးအပ်သော စည်းစိမ်တို့၌ မိမိအလိုအတိုင်း ဖြစ်စေနိုင်ကုန်သော၊ **ဒေဝါ**=နတ်တို့သည်၊ **သန္တိ**=ရှိကုန်၏။ **ဗြဟ္မကာယိကာ**=ပဌမဈာန်ဘုံသား ဗြဟ္မာအပေါင်း၌ အပါအဝင်ဖြစ်ကုန်သော၊ **ဒေဝါ**=ဗြဟ္မာတို့သည်၊ **သန္တိ**=၏၊ **တတော**=ထိုပဌမဈာန်ဘုံသားဗြဟ္မာတို့မှ၊ **ဥတ္တရိ**=အထက်ပရိတ္တာဘာ စသည်ဖြစ်ကုန်သော၊ **ဒေဝါ**=ဗြဟ္မာတို့သည်၊ **သန္တိ**=၏၊ **ယထာရူပါယ**=အကြင်သို့ သဘောရှိသော၊ **သဒ္ဓါယ**=သဒ္ဓါတရားနှင့်၊ (အရိယမဂ်ကိုရခြင်းကြောင့်ဖြစ်ပေါ်လာသော သဒ္ဓါတရားနှင့်) **သမန္နာဂတာ**=ပြည့်စုံကုန်သော၊ **တာ ဒေဝတာ**=ထိုနတ်ဗြဟ္မာတို့သည်။ ဣတော=ဤလူ့ဘဝမှ၊ **စုတာ**=ရွေ့လျောစုတေ သေလွန်ကြကုန်၍၊ **တတ္ထ**=ထိုနတ်ဗြဟ္မာအပေါင်း၌၊

## PAGE 473

#### ၂-မဟာဝဂ်၊ ၁၀-ဥပေါသထသုတ်

**ဥပပန္နာ**=ဖြစ်ကုန်ပြီ၊ **မယှမ္ပိ**=ငါ့မှာလည်း၊ **တထာရူပါ**=ထိုသို့ သဘောရှိသော၊ (ထိုနတ်ဗြဟ္မာအပေါင်း၌ ဖြစ်စေနိုင်ခြင်း သဘောရှိသော) **သဒ္ဓါ**=သဒ္ဓါတရားသည်၊ **သံဝိဇ္ဇတိ**=ရှိ၏။ **ယထာရူပေန**=အကြင်သို့ သဘောရှိသော၊ **သီလေန**=သီလနှင့်၊ (အရိယမဂ်ကိုရခြင်းကြောင့် ဖြစ်ပေါ်လာသော သီလနှင့်) **သမန္နာဂတာ**=ကုန်သော။ပ။ **တထာရူပံ**=ထိုသို့ သဘောရှိသော၊ **သီလံ**=သီလသည်၊ **သံဝိဇ္ဇတိ**=၏။

**ယထာရူပေန**=သော၊ **သုတေန**=ပရိယတ္တိဓမ္မဟူသော သုတနှင့်၊ ဝါ=ကြားနာသင်မှတ်ထားအပ်သော သုံးဖြာပိဋကတ် ပရိယတ်တရားနှင့်၊ [သတ္တကနိပါတ်စာပိုဒ်-၆- ဝိတ္ထတဓနသုတ်၊ နှာ-၃၃၉-ကြည့်]။ပ။ **စာဂေန**=စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းနှင့်။ပ။ **ပညာယ**=ပညာနှင့်။ပ။ **တထာရူပါ**=သော၊ **ပညာ**=ပညာသည်၊ **သံဝိဇ္ဇတိ**=ရှု၏၊ **ဣတိ**=သို့၊ (**အနုဿရတိ**=ထပ်တလဲလဲ အောက်မေ့အမှတ်ရနေ၏) **အတ္တနောစ**=မိမိ၏လည်းကောင်း၊ **တာသံ ဒေဝတာနဉ္စ**=ထိုနတ်ဗြဟ္မာတို့၏လည်းကောင်း၊ **သဒ္ဓဉ္စ**=သဒ္ဓါတရားကိုလည်းကောင်း၊ **သီလဉ္စ**=သီလကိုလည်းကောင်း၊ **သုတဉ္စ**=ပရိယတ္တိဓမ္မဟူသော သုတကိုလည်းကောင်း၊ **စာဂဉ္စ**=စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းကိုလည်းကောင်း၊ **ပညဉ္စ**=ပညာကိုလည်းကောင်း၊ **အနုဿရတော**=ထပ်တလဲလဲ အောက်မေ့အမှတ်ရနေသော၊ **တဿ**=ထိုအရိယသာဝက၏၊ **စိတ္တံ**=စိတ်သည်၊ **ပသီဒတိ**=၏။ပ။

**ဇာတရူပဿ**=ရွှေကို။ပ။ **ဥက္ကဉ္စ**=မီးဖိုကိုလည်း၊ [**ဥက္ကန္တိ ဥဒ္ဓနံ**-ဟု ဖွင့်ခြင်းကြောင့် ပန်းထိမ်သည်တို့၏ မီးဖို(ကမ္မာရုဒ္ဓန)ကိုသာယူရမည်၊ မူသာ (မိုက်ခွက်=လုံ)ကိုမယူရ] **ပဋိစ္စ**=စွဲ၍၊ **လောဏဉ္စ**=ဆားငံမြေညက်ကိုလည်း။ပ။ **ဂေရုကဉ္စ**=ပျံ့နှံမှုန် ကိုလည်း။ပ။ **နာဠိက**, **သဏ္ဍာသဉ္စ**=မီးမှုတ်ဖို့ပြောင်းနှင့် လှန်လှောဖို့ညှပ်ကိုလည်း။ပ။ **ဝါယာမဉ္စ**=လုံ့လကိုလည်း၊ (မီးဖို၌ရွှေကိုထည့်ခြင်း, မီးမှုတ်ခြင်း, ညှပ် ဖြင့်လှန်လှောပေးခြင်း စသော လုံ့လကိုလည်း) **ပဋိစ္စ**=စွဲ၍၊ (**ပရိယောဒပနာ**=သည်၊ ဟောတိ)။ပ။ **ဒေဝတုပေါသထံ**=နတ်ဥပုသ်ကို၊ ဝါ=နတ်ဗြဟ္မာတို့ကို သက်သေအရာ၌ထား၍ မိမိ၏သဒ္ဓါစသောဂုဏ်တို့ကို ဆင်ခြင်အောက်မေ့လျက် စောင့်ထိန်းအပ်သော ဥပုသ်သီလကို။ပ။ **ဒေဝတာဟိ**=နတ်ဗြဟ္မာတို့နှင့်၊ **သဒ္ဓိ**=အတူတကွ၊ **သံဝသတိ**=၍၊ **ဝုစ္စတိ**=၏ (**အဿ**=ထိုအရိယသာဝက၏ ) **စိတ္တံ**=စိတ်သည်၊ **ဒေဝတာ**=နတ်ဗြဟ္မာတို့ကို၊ **အာရဗ္ဘ**=၍၊ **ပသီဒတိ**=၏။

**ဝိသာခေ**=ဝိသာခါ၊ **သ သော အရိယသာဝကော**=ထိုအရိယာဖြစ်သော တပည့်သည်၊ **ဣတိ**=ဤသို့၊ **ပဋိသံစိက္ခတိ**=စဉ်းစားဆင်ခြင်၏၊ (ကိန္တိ=
## PAGE 474

"အဘယ်သို့၊ **ပဋိသံစိက္ခတိ**-စဉ်းစားဆင်ခြင်သနည်းဟူမူ) **ယာဝဇီဝံ**=အသက်ကုန်ဆုံးသည်တိုင်အောင်၊ **အရဟန္တော**=ရဟန္တာပုဂ္ဂိုလ်တို့သည်၊ **ပါဏာတိပါတံ**=

#### ၁။ ပါဏာတိပါတ

**ပါဏ**+**အတိပါတံ**။ ဤ၌ ပညတ်အားဖြင့် သတ္တဝါကိုလည်းကောင်း, ပရမတ္ထအားဖြင့် ရုပ်ဇီဝိတိန္ဒြေနှင့် နာမ်ဇီဝိတိန္ဒြေ (ရုပ်အသက်နှင့် နာမ်အသက်) ကိုလည်းကောင်း **ပါဏ**ဟုခေါ်၏။ ထို့ကြောင့် ထိုပညတ် ပရမတ်အခေါ်အဝေါ်နှစ်မျိုးလုံးပါဝင်အောင် “သတ္တဝါ, အသက်” ဟု အနက်ပြန်ဆိုထားသည်၊ (သတ္တဝါ၏ အသက်ဟု အဓိပ္ပါယ်မယူရ)

**အတိ**=လျင်မြန်စွာ၊ ဝါ ဓားလက်နက်စသည်တို့ဖြင့် လွှမ်းဖိနှိပ်စက်ရိုက်နှက်၍၊ **ပါတန**=လျောကျစေခြင်း (လျှော့ချခြင်း၊ သတ်ခြင်း) လျောကျစေခြင်း ဟူသော အခြင်းအရာအားဖြင့် ဖြစ်သော ဒေါသသမ္ပယုတ်စေတနာ စေတသိက်တည်း။ ၎င်းကို ဒုဿီလျစေတနာ (သီလမရှိသူ၏ ဖြစ်ကြောင်း စေတနာ) ဟုဆိုသည်။ **အဟိံသ (သိင်္ဃ) ပါတနံ အတိပါတော**၊ **အတိက္ကမ္မ ဝါ သတ္ထာဒီဟိ အဘိဘဝိတွာ ပါတနံ အတိပါတော**။ သီလက္ခန်ဋီကာ။

**ပဟာယနှင့် ပဋိဝိရတ ထူးခြားချက်**။ ။ **ပါဏာတိပါတံ ပဟာယ** (ပါဏာတိပါတကို ပယ်ပြီးသည်မှစ၍) **ပါဏာတိပါတာ ပဋိဝိရတာ** (ပါဏာတိပါတမှ အမြဲအစဉ် တသမတ်တည်း ရှောင်ကြဉ်၍သာ နေကြ၏၊ အဘယ်အခါမျှ ပါဏာတိပါတအမှုကို မပြုကြတော့ဟူလို)

ဤ၌ “**ပဟာယ**=ပယ်ပြီး၍၊ **ပဋိဝိရတ**=ရှောင်ကြဉ်၏” ဟုဆိုသဖြင့် “ရှေးဦးစွာပယ်သည်၊ ထို့နောက်မှရှောင်ကြဉ်သည်” ဟု အဓိပ္ပါယ်သက်ရောက်သော်လည်း ပယ်ခြင်းနှင့် ရှောင်ကြဉ်ခြင်းကို တိတိကျကျ ရှေ့နောက်ခွဲခြား၍ မဖြစ်နိုင်ပါ၊ သို့သော် အကြောင်းနှင့်အကျိုး အတူတကွ တပြိုင်နက် (သဟဇာတ) ဖြစ်ရာ၌ပင် အကြောင်းကြိယာကို ရှေ့ကြိယာ (ပုဗ္ဗကာလကြိယာ) ဟုလည်းကောင်း, အကျိုးကြိယာကို နောက်ကြိယာ (အပရကာလကြိယာ) ဟုလည်းကောင်း ခွဲခြားယူနိုင်၏။

ထို့ကြောင့် မဂ္ဂင်ရှစ်ပါးတို့တွင် (၁) ဝိရတိမဂ္ဂင်သုံးပါးမှ တစ်ပါးသော သမ္မာဒိဋ္ဌိစသော မဂ္ဂင်ငါးပါးကို သဟဇာတအကြောင်း ပစ္စည်းအဖြစ်ဖြင့်လည်းကောင်း (၂) သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော ဝိရတိမဂ္ဂင်သုံးပါးကို သဟဇာတအကျိုး ပစ္စယုပ္ပန်အဖြစ်ဖြင့်လည်းကောင်း ဤသို့ အကြောင်း, အကျိုး (ပစ္စည်း, ပစ္စယုပ္ပန်) ခွဲခြားပြီးလျှင် **ပဟာယ**ပုဒ်အရ သဟဇာတအကြောင်း ပစ္စည်းဖြစ်သော (၁) မဂ္ဂင်ငါးပါးကိုယူ၍ ထိုငါးပါးဖြင့်

