## PAGE 478

(၁) **မုသာ ဝဒတိ ဝိညာပေတိ သမုဋ္ဌာပေတိ ဝါ ဧတာယာတိ မုသာဝါဒေါ**။ **ဧတာယ** = ဤစေတနာဖြင့်၊ **မုသာ** (**ပရဝိသံဝါဒကကာယဝစီပယောဂ**) = သူတစ်ပါးကို လွဲမှားသွားစေတတ်သော ကိုယ်နှုတ် လုံ့လပယောဂကို၊ **ဝဒတိ ဝိညာပေတိ** = သိစေတတ်၏၊ ဝါ = သိအောင်ပြောဆိုတတ်၏၊ ဝါ = တနည်း၊ **ဝဒတိ သမုဋ္ဌာပေတိ** = ဖြစ်စေတတ်၏၊ ဝါ = ဖြစ်အောင် ပြောဆိုတတ်၏၊ **ဣတိ** = ထို့ကြောင့်၊ **သာ** = ထိုစေတနာသည်၊ **မုသာဝါဒေါ** = မုသာဝါဒမည်၏။ **မုသာ** ကား နိပါတ်ပုဒ်။

(၂) **မုသာ ဝဒီယတိ ဝုစ္စတိ ဧတာယာတိ မုသာဝါဒေါ**။ **ဧတာယ** = ဤစေတနာဖြင့်၊ **မုသာ** (**အဘူတဝတ္ထု**) = မဟုတ်မမှန်သော အကြောင်းအရာကို၊ **ဝဒီယတိ ဝုစ္စတိ** = (ဟုတ်မှန်သည့် အနေအားဖြင့်) ပြောဆိုအပ်၏၊ **ဣတိ** = ထို့ကြောင့်၊ **သာ** = ထိုစေတနာသည်၊ **မုသာဝါဒေါ** = မည်၏။

နိဿယခန်း၌ ဤ ဝိဂြိုဟ်နက် နှစ်မျိုးလုံးရေးထားသည်၊ ထိုဝိဂြိုဟ်နှစ်မျိုးတို့တွင် ပထမဝိဂြိုဟ်ဝါကျ၌ စိစစ်ဖွယ် ရှိသေးသည်ကား-

**ပရဝိသံဝါဒကကာယဝစီပယောဂဘူတံ မုသာ ဝဒတိ ဝိညာပေတိ၊ သမုဋ္ဌာပေတိ ဝါ ဧတာယာတိ စေတနာ မုသာဝါဒေါ**။ [သီလက္ခန်ဋီကာဟောင်း (၁၁၈) ဝိဂြိုဟ်ဝါကျ။ ဤဝိဂြိုဟ် ဝါကျသာ အဋ္ဌကထာဖွင့်နှင့် ကိုက်ညီ၍ ကောင်း၏။]

**ဝိဂြိုဟ်စိစစ်**။ ။ သီလက္ခန်ဋီကာသစ် (ပ-၃၃၅)၌ကား “**မုသာသင်္ခါတေန ကာယဝစီပယောဂေန မုသာသင်္ခါတံ ဝါ ကာယဝစီပယောဂံ ဝဒတိ ဝိညာပေတိ၊ သမုဋ္ဌာပေတိ ဝါ ဧတေနာတိ မုသာဝါဒေါ**”ဟု ဋီကာဟောင်းထက်ပိုလွန်၍ ဝိဂြိုဟ်ပြုလျက် “ကာယဝစီပယောဂ”ကို ကရိုဏ်းအရာ၌ ထည့်သွင်းထား၏၊ သို့သော် ယင်းသို့ ထည့်သွင်းလိုက်ခြင်းကြောင့် (**ဧတေန** ပုဒ်၏အရဖြစ်သော စေတနာဟူသော ကရိုဏ်းရှိပြီးဖြစ်၍) ကရိုဏ်းနှစ်ခုထပ်နေပြီးလျှင် **ဝိညာပေတိ** ၌ကား **ဉာ** ဓာတ်၏ ကံမရှိတော့ပေ။ အမှန်အားဖြင့်ကား ထိုကာယဝစီပယောဂသည် **ဝိညာပေတိ** ၏ ကရိုဏ်းမဖြစ်နိုင်၊ **ဉာ** ဓာတ်၏ကံသာ ဖြစ်နိုင်၏၊ **သမုဋ္ဌာပေတိ** ၌ကား ကာရိတ်ကံ ဖြစ်၏၊

ရှင်းပြဦးအံ့ - “**ဝိညာပေတိ** = သိ+စေ+၏" ဟုသုံးပုဒ်ခွဲ၍ (၁) သိ၏၊ (၂) စေ၏ (သိစေ၏၊ အသိပေး၏) ဟုကြိယာနှစ်မျိုးတွဲစပ်ပြီးနောက်-- လိမ်လည်သောသူသည် မကောင်းသော စေတနာဖြင့် သူတစ်ပါးကိုသိစေ၏၊ ထိုသို့ သိစေခြင်းကြောင့်-

## PAGE 479

စေတနာကို၊ ဝါ = မဟုတ်မမှန်သောအကြောင်းအရာကို ဟုတ်မှန်သောအားဖြင့် ပြောဆိုကြောင်းစေတနာကို၊ **ပဟာယ** = ၍၊ **မုသာဝါဒါ** = မှ၊ **ပဋိဝိရတာ** = အမြဲအစဉ် ရှောင်ကြဉ်တော်မူကြကုန်၏၊ **သစ္စဝါဒီ** = မှန်ကန်သော စကားကိုသာ ပြောဆိုတော်မူကြကုန်၏၊ **သစ္စသန္ဓော** = မှန်ကန်သော ရှေ့စကားနှင့် မှန်ကန်သော နောက်စကားကို အကြားမလပ်ဆက်စပ်တော်မူကြကုန်၏၊ တခါတရံမျှ ကြိုးကြားကြိုးကြား မမှန်သောစကားကို မပြောကြဟူလို] **ထေတာ** = စကားအဖြင့် ခိုင်မြဲတည်တံ့ကုန်၏၊ ဝါ = ခိုင်မြဲတည်တံ့သော စကားရှိတော်မူကုန်၏၊ **ပစ္စယိကာ** = ယုံကြည်သင့်ယုံကြည်ထိုက်ကုန်၏။ [**အပရပ္ပစ္စယ** - ပုဒ်မှ **ပစ္စယ** သဒ္ဒါကဲ့သို့ပင် “**ပစ္စေတဗ္ဗာတိ ပစ္စယာ** ဟု ဝစနတ္ထပြု၊ **ပစ္စယာ ဧဝ ပစ္စယိကာ** သူတစ်ပါးသည် (အလိမ်ခံရသူသည်) သိ၏၊ ဘာကိုသိသနည်း? လိမ်လည်သောသူ၏ ကာယဝစီပယောဂကို (ကိုယ်နှုတ်လုံ့လပယောဂကို) သိ၏၊ ဤသို့ ရှင်းလင်းလိုက်လျှင် **ဉာ** ဓာတ်၏ (သိခြင်းကြိယာ၏) ကံမှာ ကာယဝစီပယောဂသာဖြစ်ကြောင်းနှင့် ကရိုဏ်းမှာ စေတနာသာဖြစ်ကြောင်း ထင်ရှားပါသည်။ ထိုကာယဝစီပယောဂသည် **သမုဋ္ဌာပေတိ** ၏ ကရိုဏ်းမဟုတ်ဘဲ ကာရိတ်ကံသာ ဖြစ်ကြောင်းကိုလည်း ဤနည်းမှီ၍ စဉ်းစားကြည့်ပါ။

[အဋ္ဌကထာ၌ **မုသာဝါဒ** ပုဒ်ကို နှစ်နည်းဖွင့်ပြရာတွင် ဤပထမနည်း၌ **မုသာ** အရ ကာယဝစီ ပယောဂကိုသာယူ၍ **အဘူတဝတ္ထု** (မဟုတ်မမှန်သော အကြောင်းအရာ) ကို မယူသေး၊ ထို့ကြောင့် ဤပထမနည်း၌ **အဘူတဝတ္ထု** သည် **ဉာ** ဓာတ်၏ကံမဖြစ်နိုင်သေး]

ထို့အပြင် သီလက္ခန်နိဿယတို့၌ “ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော ကာယဝစီပယောဂ” ဟု စကားသုံးနှုန်းကြ၏။ ထိုစကားအသုံးအနှုန်း၌ “ကာယဝစီပယောဂသည် ချွတ်ယွင်းသည်၊ မှားသည်ဟု အဓိပ္ပာယ်သက်ရောက်၏၊ သို့သော် ဤ၌ ကာယဝစီပယောဂ၏ … မှားသည်မှန်သည်ကို ဆိုလိုသည်မဟုတ်ပါ၊ လိမ်ညာသောသူ၏ ထိုကာယဝစီပယောဂကြောင့် အလိမ်ခံရသောသူ၏ အလွဲလွဲ အမှားမှားဖြစ်သွားခြင်းကိုသာ ဆိုလိုပါသည်။ [ကာယဝစီပယောဂသည် မဟုတ်မမှန်သော, လွဲမှားသောအရာမဟုတ်၊ လွဲမှားစေသော (အလွဲလွဲအမှားမှား ဖြစ်သွားစေသော) အရာတည်း၊ အလိမ်ခံရသောသူသည် လွဲမှားသွားသော (အလွဲလွဲ အမှားမှား ဖြစ်သွားရရှာသော) အရာတည်း]

ထို့ကြောင့် “**ပရဝိသံဝါဒက ကာယဝစီပယောဂသမုဋ္ဌာပိကာ စေတနာ**” ဟူသော သီလက္ခန်အဋ္ဌကထာ (၇၁) နှင့်အညီ “သူတစ်ပါးကို လွဲမှားစေတတ်သော ဝစီပယောဂ” ဟု အနက်ပြန်ဆိုရမည်ဖြစ်ပါသည်။

**ကာယပယောဂေန**
## PAGE 480

**လောကဿ**=သတ္တဝါအပေါင်းကို၊ **အဝิသံဝါဒကာ**=မလွဲချော် စေတတ်ကုန်။ပ။

**ပဋိဝိရတော**=ရှောင်ကြဉ်ပါ၏၊ **သစ္စဝါဒီ**=မှန်ကန်သောစကားကိုသာပြောဆိုပါ၏၊ **သစ္စသန္ဓော**=ဆက်စပ်ပါ၏၊ **ထေတော**=တံ့ပါ၏။ ဝါး၏၊ **ပစ္စယိကော**=ထိုက်ပါ၏၊ **လောကဿ**=ကို၊ **အဝิသံဝါဒကော**=မလွဲချော်စေတတ်ပါ။ပ။

**သုရာမေရယမဇ္ဇပမာဒဋ္ဌာနံ**=မေ့လျော့ခြင်း၏ တည်ရာအကြောင်းဖြစ်သော မူးယစ်စေတတ်သော သေရည်အရက်ကို သောက်ကြောင်းစေတနာကို၊ [**ပမာဒဿ ဌာနံ ပမာဒဋ္ဌာနံ**=မေ့လျော့ခြင်း၏ တည်ရာအကြောင်းဖြစ်သော+**ပိဝတ္တံ မဒယတီတိ မဇ္ဇံ**=သောက်သောသူကို မူးယစ်စေတတ်သော+**သုရာ, မေရယ**=သေရည်, အရက်။ ဤ၌ကား ၎င်းကိုသောက်ကြောင်း စေတနာတိုင်အောင် ဌာနပစာရ, ကာရဏူပစာရအားဖြင့်ယူပါ] ဝါ=မူးယစ်စေတတ်သော သေရည်အရက်၌ မေ့လျော့ခြင်း၏ တည်ရာအကြောင်းရင်းဖြစ်သော သောက်ကြောင်းစေတနာကို **သုရာမေရယမဇ္ဈေ**=မူးယစ်စေတတ်သော သေရည်အရက်၌+**ပမာဒဋ္ဌာနံ**=မေ့လျော့ခြင်း၏ တည်ရာအကြောင်းဖြစ်သော သောက်ကြောင်းစေတနာ **ပဟာယ**=၍၊ **သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ**=စေတနာမှ၊ **ပဋိဝိရတော**=ရှောင်ကြဉ်ပါ၏။ပ။

**ဧကဘတ္တိကာ**=တထပ်တည်းသော နံနက်စာซွမ်း ရှိတော်မူကြကုန်၏၊ **ဧကဘတ္တိကာ ရတ္တုပရတာ**။ ။ **ဧကံ ဘတ္တံ ဧကဘတ္တံ**၊ **ဧကဘတ္တံ ဧတေသံ အတ္ထီတိ ဧကဘတ္တိကာ**= တထပ်တည်းသောဆွမ်းရှိတော်မူကြသောရဟန္တာအရှင်မြတ်များ။ တနေ့၌ တကြိမ်သာ (တထပ်သာ) ဘုဉ်းပေးတော်မူကြသောရဟန္တာအရှင်မြတ်များ။ သို့ဖြစ်လျှင် ဤဧကဘတ္တိကာဟူသောစကားဖြင့် မည်သည့်အချိန်ဟု သတ်မှတ်ထားခြင်းမရှိရကား ညဉ့်အချိန်နှင့် မွန်းလွဲချိန်တို့၌ တထပ်တည်းဘုန်းပေးလျှင်လည်း ဧကဘတ္တိကဖြစ်နိုင်လေသလောဟု ယုံမှား တွေးတောဖွယ်ရှိနေ၏၊ ထို့ကြောင့် “**ရတ္တုပရတာ၊ ဝိရတာ ဝိကာလဘောဇနာ**” ဟူသော စကားနှစ်ရပ်ကို မိန့်တော်မူ၏။

အရုဏ်တက်ချိန်မှစ၍ နေမွန်းမလွဲမီအချိန်သည် ဘုရားအစရှိသောအရိယာသူတော်ကောင်းတို့၏ အလေ့အကျင့် ထုံးတမ်းစဉ်လာဖြစ်သောဆွမ်းဘုဉ်း ပေးချိန်ဖြစ်၏၊ ထိုသူတော်ကောင်းတို့သည် ကျန်သောအချိန်များ၌ဆွမ်းဘုဉ်းပေးခြင်းမှ ရှောင်ကြဉ်တော်မူကြသည်ဟု ထိုစကားနှစ်ရပ်ဖြင့်ဖော်ပြထားသည်။ **ရတ္တိယာ ဘောဇနံ ရတ္တိ**= ညဉ့်အချိန်၌စားခြင်း၊ **ရတ္တိဘောဇနံ**--ဟုဆိုလိုလျက် ဘောဇနဟူသော နောက်ပုဒ်ကိုချေထားသည်။

