## PAGE 484

ထိုင်ခြင်း လျောင်းစက်ခြင်းကို၊ **ပဟာယ**= ၍၊ **ဥစ္စာသယနမဟာသယနံ**မှ၊ ဝါ= မှ၊ **ပဋိဝိရတာ**= ကုန်လျက်၊ **နီစသေယျံ**= နိမ့်သောနေရာ၌ အိပ်ခြင်းကို၊ **မဉ္စကေ ဝါ**= ညောင်စောင်းငယ်ပေါ်၌သော်လည်းကောင်း၊ **တိဏသန္တာရေ ဝါ**= မြက်အခင်းပေါ်၌သော်လည်းကောင်း၊ **သေယျ**= အိပ်ခြင်းကို၊ **အာသန**= ထိုင်ခြင်း လျောင်းစက်ခြင်းကို၊ **ကပ္ပန္တိ**= ပြုတော်မူကြကုန်၏။ ပ။ **ပဋိဝိရတော**= ရှောင်ကြဉ်လျက်။ ပ။ **ကပ္ပေမိ**= ပြုပါ၏။ ပ။

**ကီဝမဟပ္ဖလော**= အဘယ်မျှလောက်များသော ကံတူမှုရင်းအကျိုးရှိသနည်း၊ **ကီဝမဟာနိသံသော**= အဘယ်မျှလောက်များသော ဆင့်ပွားအကျိုးအာနိသင် ရှိသနည်း။ **ကီဝမဟာဇုတိကော**= အဘယ်မျှလောက်များသော တောက်ပြောင်သော အကျိုးရှိသနည်း၊ **ကီဝမဟာဝိပ္ပါရော**= အဘယ်မျှလောက်များသော ကျယ်ပြန့်သော အကျိုးရှိသနည်း၊ **ဟောတိ**= ဖြစ်သနည်းဟူမူ။

**ဝိသာခေ**= ဝိသာခါ၊ **သေယျထာပိ**= ဥပမာပြောရလျှင်ကား၊ **ယော**= အကြင်ပုဂ္ဂိုလ်သည်၊ **ပဟူတရတ္တရတနာနံ**= များစွာသော တပ်မက်ဖွယ် ရတနာရှိကုန်သော၊ **သောဠသန္နံ**= ၁၆-ခုကုန်သော၊ **ဣမေသံ မဟာဇနပဒါနံ**= ဤကြီးစွာသော ဇနပုဒ်တို့၏၊ ဝါ= ဤကြီးစွာသော တိုင်းပြည်တို့၏၊ **ဣဿရိယာဓိပစ္စံ**= အစိုးရသူ၏အဖြစ်၊ အကြီးအကဲ၏အဖြစ်ကို။

၁။ **ဥစ္စာသယနမဟာသယနံ**။ ။ ဤပုဒ်၏ ဒုတိယအနက်ပြန်ဆိုနည်း၌ “**ဥစ္စာသယန မဟာသယနဉ္စ ဥစ္စာသယနမဟာသယနသယနဉ္စ ဥစ္စာသယနမဟာသယနံ**” ဟူ၍ နောက်ပုဒ်ကိုချေသော ဧကသေသ်ပြုပါ၊ ဤနည်းအရ “ဥစ္စာသယန မဟာသယနကိုလည်းကောင်း၊ ဥစ္စာသယန မဟာသယနပေါ်၌ ထိုင်ခြင်း အိပ်ခြင်းကိုလည်းကောင်း၊ **ပဟာယ**= ပယ်ရှား၍” ဟု အနက်အဓိပ္ပါယ်မှတ်ပါ၊ ဤ၌ထိုင်ခြင်း အနက်ဟော “အာသန” သဒ္ဒါ မပါသော်လည်း ထိုင်ပြီးမှ အိပ်ရသောကြောင့် အိပ်ခြင်းအနက်ဟော သယနသဒ္ဒါဖြင့်ပင် အာသနကိုလည်း ယူပြီးဖြစ်တော့၏။ ဤနောက်နည်း အဖွင့်ဋီကာ၌ **ဥစ္စာသယနာသန မဟာသယနာသန**-ဟု ပါဌ်ပျက်၏။ “**အာသနကိရိယာပုဗ္ဗကတ္တာ ဝါ**” ဟုလည်း ဝါသဒ္ဒါ မပါသင့်။

၂။ **ဣဿရိယာဓိပစ္စံ ရဇ္ဇံ ကာရေယျ**။ ။ **ဣဿရိယာဓိပစ္စန္တိ**= **ဣဿရဘာဝေါ ဣဿရိယံ၊ အဓိပတိဘာဝေါ အာဓိပစ္စံ၊ ဣဿရိယံ အာဓိပစ္စံ ဧတသ္မိံ ရဇ္ဇေ န ဆေဒနဘေဒနန္တိ ဣဿရိယာဓိပစ္စံ**။ သံယုတ်ဋ္ဌ (တ၊ ၃၀၇)။ **ဣဿရိယာဓိပစ္စန္တိ**= **ဣဿရဘာဝေန စ အဓိပတိဘာဝေန စ သမန္နာဂတံ၊ ရဇ္ဇန္တိ ရာဇဘာဝံ၊ ရညာ ကတ္တဗ္ဗကိစ္စံ ဝါ**။ ဝိနည်းမဟာဝါအဋ္ဌကထာ (၃၆၄)။ ဤသုတ်အင်္ဂုတ္တိုရ်အဋ္ဌကထာ၌ကား စာပျက်စာကျ၏။

## PAGE 485

အဖြစ်ရှိသော၊ ဝါ= စိုးမိုးအုပ်ချုပ်အကြီးအကဲပြုလုပ်ရခြင်းရှိသော၊ **ရဇ္ဇံ**= (စကြဝတေး)မင်း၏အဖြစ်ကို၊ ဝါ= စကြဝတေးမင်း၏ရာထူးကို၊ **ကာရေယျ**= ပြုလုပ်စေရာ၏၊ ဝါ= တင်မြှောက်ခိုင်းရာ၏။

**သေယျထိဒံ**= အဘယ်ဇနပုဒ်ကြီး (၁၆) ခုတို့၏ (**ဣဿရိယာဓိပစ္စံ**= သော၊ **ရဇ္ဇံ**= ကို ကာရေယျရာသနည်းဟူမူ) **အင်္ဂါနံ**= အင်္ဂဇနပုဒ်၏လည်းကောင်း [ဧကဝုစ်အနက်ဆိုရသည်]၊ **မဂဓာနံ**= မဂဓဇနပုဒ်၏လည်းကောင်း၊ **ကာသိနံ**= ကာသိဇနပုဒ်၏လည်းကောင်း၊ **ကောသလာနံ**= ကောသလဇနပုဒ်၏လည်းကောင်း၊ **ဝဇ္ဇီနံ**= ဝဇ္ဇီဇနပုဒ်၏လည်းကောင်း၊ **မလ္လာနံ**= မလ္လဇနပုဒ်၏လည်းကောင်း၊ **စေတီနံ**= စေတိဇနပုဒ်၏လည်းကောင်း၊ **ဝင်္ဂါနံ**= ဝင်္ဂဇနပုဒ်၏လည်းကောင်း၊ **ကုရူနံ**= ကုရုဇနပုဒ်၏လည်းကောင်း၊ **ပဉ္စာလာနံ**= ပဉ္စာလဇနပုဒ်၏လည်းကောင်း၊ **မစ္ဆာနံ**= မစ္ဆဇနပုဒ်၏လည်းကောင်း၊ **သူရသေနာနံ**= သူရသေနဇနပုဒ်၏လည်းကောင်း၊ **အဿကာနံ**= အဿကဇနပုဒ်၏လည်းကောင်း၊ **အဝန္တီနံ**= အဝန္တီဇနပုဒ်၏လည်းကောင်း၊ **ဂန္ဓာရာနံ**= ဂန္ဓာရဇနပုဒ်၏လည်းကောင်း၊ **ကမ္ဗောဇာနံ**= ကမ္ဗောဇဇနပုဒ်၏လည်းကောင်း (**ဣဿရိယာဓိပစ္စံ**= သော၊ **ရဇ္ဇံ**= ကို၊ **ကာရေယျ**= ရာ၏)။

**ဧတံ**= ဤဇနပုဒ်ကြီး (၁၆) ခုတို့၏ မင်းအဖြစ်ပြုလုပ်ရခြင်းသည်၊ **အဋ္ဌင်္ဂသမန္နာဂတဿ**= ရှစ်ပါးသော အင်္ဂါနှင့်ပြည့်စုံသော၊ **ဥပေါသထဿ**= (တစ်ရက်တစ်ညဉ့် စောင့်ထိန်းအပ်သော) ဥပုသ်သီလ၏၊ **သောဠသိံ**= ၁၆-ခုမြောက်သော **ကလံ**= ။

ဤနေရာ၌ သဒ္ဒနီတိဓာတုမာလာ (၃၈၈) အလို **ရဇ္ဇံ ကာရေယျ**၌ **ကာရေယျ**သည် ကာရိတ်ရုပ်တည်း၊ “**ကာရေယျ**= ပြုလုပ်စေ၏” ၌ ပြုလုပ်+စေ+၏ ဟု သုံးပုဒ်ခွဲပြီးလျှင် (၁) ပြုလုပ်၏၊ (၂) စေ၏ (စေခိုင်း၏) ဟု ကြိယာနှစ်မျိုး တွဲစပ်လိုက်ပါ၊ ထိုနှစ်မျိုးတို့တွင် “ပြုလုပ်၏” ဟူသည် လူအများက ဝိုင်းဝန်း၍ (အဘိသိက်သွန်းကာ ဘုရင်မင်းအဖြစ် တင်မြှောက်မှုကို) ပြုလုပ်၏ဟု ဆိုလို၏။ “စေ၏၊ စေခိုင်း၏” ဟူသည် ငါ့ကို ဘုရင်မင်းအဖြစ် တင်မြှောက်ကြပါဟု ရှင်ဘုရင်က လူအများကို စေခိုင်း၏ဟု ဆိုလို၏၊ ထို့ကြောင့် ကာရိတ်ကံထည့်စွက်၍ အနက်ယောဇနာလိုလျှင်-

**ရဇ္ဇံ**= (စကြဝတေး) ဘုရင်မင်း၏အဖြစ်ကို၊ (ဘုရင်မင်းရာထူးကို) (**မဟာဇနေန**= များစွာသော လူအပေါင်းကို) **ကာရေယျ**= ပြုလုပ်စေရာ၏၊ ဝါ= တင်မြှောက်ခိုင်းရာ၏၊ ဤသို့ အနက်ဆိုပါ၊ အကယ်၍ မောဂ္ဂလ္လာန် ၅ (ခါဒိ) ကဏ္ဍ၊ ၁၅- သုတ်အလို **ကာရေယျ**ကို သုဒ္ဓရုပ်ကြံလျှင်ကား “**ရဇ္ဇံ**= ဘုရင်မင်းသည် ပြုလုပ်သင့်သမျှ ကိစ္စအဝဝကို၊ **ကာရေယျ**= ပြုလုပ်ရာ၏” ဟု အနက်ဆိုပါ။
## PAGE 486

**အစိတ်တစိတ်ကိုပင်။**

**န အဂ္ဃတိ** = မထိုက်တန်၊ **တံ** = ထိုသို့ (၁၆) စိတ်စိတ်၍ တစိတ်မျှပင် မထိုက်တန်ခြင်းသည်၊ **ကိဿ ဟေတု** = အဘယ်အကြောင်းကြောင့်နည်းဟူမူ၊ **ဝိသာခေ** = ဝိသာခါ၊ **မာနုသကံ** = လူတို့၏ ဥစ္စာဖြစ်သော၊ **ရဇ္ဇ** = မင်းအဖြစ်သည်၊ **ဒိဗ္ဗ** = နတ်ပြည်၌ဖြစ်သော၊ **သုခံ** = ချမ်းသာကို၊ **ဥပနိဓာယ** = ထောက်ဆ၍၊ **ဝါ** = ထောက်ဆလျှင်၊ **ကပဏံ** = မပြောလောက်ဖွယ် အနည်းငယ်မျှသာတည်း၊ (ဣတိ = ထို့ကြောင့်ပေတည်း)။

**ဝိသာခေ** = ဝိသာခါ၊ **မာနုသကာနိ** = လူ၌ဖြစ်ကုန်သော၊ **ယာနိ ပညာသဝဿာနိ** = အကြင်အနှစ်ငါးဆယ်တို့သည်၊ (သန္တိ = ရှိကုန်၏)၊ **ဧသော** = ဤလူတို့အနှစ်ငါးဆယ်သည်၊ **စာတုမဟာရာဇိကာနံ** = စာတုမဟာရာဇ် မည်ကုန်သော၊ **ဒေဝါနံ** = နတ်တို့၏၊ **ဧကော** = တခုသာဖြစ်သော၊ **ရတ္တိန္ဒိဝေါ** = ညဉ့်နေ့တည်း၊ **တာယ ရတ္တိယာ** = ထိုညဉ့်ဖြင့် (ထိုစာတုမဟာရာဇ်နတ်တို့၏ ညဉ့်ဖြင့်) **တိံသရတ္တိယော** = ၃၀-သောညဉ့်တို့သည်။ **မာသော** = တလတည်း၊ **တေန မာသေန** = ထိုလဖြင့်၊ **ဒွါဒသမာသိယော** = ၁၂-လတို့သည်။ **သံဝစ္ဆရော** = တနှစ်တည်း၊ **တေန သံဝစ္ဆရေန** = ထိုနှစ်ဖြင့်၊ **ဒိဗ္ဗာနိ** = နတ်ပြည်၌ဖြစ်ကုန်သော၊ **ပဉ္စဝဿသတာနိ** = အနှစ်ငါးရာတို့သည်၊ **စာတုမဟာရာဇိကာနံ** = စာတုမဟာရာဇ် မည်ကုန်သော၊ **ဒေဝါနံ** = နတ်တို့၏၊ **အာယုပ္ပမာဏံ** = အသက်တမ်းပမာဏပေတည်း။

**ဝိသာခေ** = ဝိသာခါ၊ **ယံ (ယေန ဌာနေန)** = အကြင်အကြောင်းကြောင့်၊ **ဣဓ** = ဤလောက၌၊ **ဧကစ္စော** = အချို့သော၊ **ဣတ္ထိ ဝါ** = မိန်းမသည်လည်းကောင်း၊ **ပုရိသော ဝါ** = ယောက်ျားသည်လည်းကောင်း၊ **အဋ္ဌင်္ဂသမန္နာဂတံ** = ရှစ်ပါးသော အင်္ဂါနှင့်ပြည့်စုံသော၊ **ဥပေါသထံ** = ဥပုသ်သီလကို၊ **ဥပဝသိတွာ** = စောင့်ထိန်းပြီး၍၊ **ကာယဿ ဘေဒါ** = ကိုယ်ခန္ဓာပျက်စီးသည်၏။ပ။ **ဒေဝါနံ** = နတ်တို့၏၊ **သဟဗျတံ** = အတူတကွ ဖြစ်ဖက်အဖေါ်သဟဲ၏အဖြစ်သို့ [သဟ ဗျယတိ ဂစ္ဆတိ ပဝတ္တတိတိ သဟဗျာ။ သဟ+ဗျေ+အ။ သဟဗျ။ သဟဗျဿ ဘာဝေါ သဟဗျတာ] **ဥပပဇ္ဇေယျ** = လားရောက်ရာ၏။

**ဧတံ ဌာနံ** = ဤလားရောက်ခြင်း ဟူသော အကြောင်းသည်၊ **ဝိဇ္ဇတိ** = ရှိ၏၊ **ဝိသာခေ** = ဝိသာခါ၊ **ဣဒံ** = ဤလားရောက်ခြင်း ဟူသောအကြောင်းကို၊ **သန္ဓာယ** = ရည်ရွယ်၍ “**ဒိဗ္ဗံ** = နတ်၌ဖြစ်သော၊ **သုခံ** = ချမ်းသာကို၊ **ဥပနိဓာယ** = ထောက်ဆ၍၊ **မာနုသကံ** = လူ၌ဖြစ်သော၊ **ရမ္မံ** = မင်းအဖြစ်သည်၊ **ကပဏံ** = မပြောလောက်ဖွယ် အနည်းငယ်မျှသာတည်း” (ဣတိ = ဤသို့သော) **ဧတံ** = ဤစကားကို၊ (မယာ = ငါသည်) **ဘာသိတံ** = မိန့်ဆိုအပ်ပြီ။

**ဝိသာခေ** = ဝိသာခါ၊ **မာနုသကံ** = လူ၌ဖြစ်သော၊ **ယံ ဝဿသတံ** = အကြင်အနှစ်တရာသည်၊ (အတ္ထိ = ရှိ၏)၊ **ဧသော** = ဤလူတို့အနှစ်တရာသည်၊ **တာဝတိံသာနံ** = တာဝတိံသာမည်ကုန်သော၊ **ဒေဝါနံ** = နတ်တို့၏၊ **ဧကော** = တခုသာဖြစ်သော၊ **ရတ္တိန္ဒိဝေါ** = ညဉ့်နေ့တည်း။ **တာယ ရတ္တိယာ** = ထိုညဉ့်ဖြင့်၊ (ထိုတာဝတိံသာနတ်တို့၏ ညဉ့်ဖြင့်)။

