## PAGE 487

**။ပ။ ဒိဗ္ဗ** = နတ်၌ဖြစ်သော၊ **ဝဿသဟဿံ** = အနှစ်တထောင်သည်၊ **တာဝတိံသာနံ** ။ပ။

**မာနုသကာနိ** = လူ၌ဖြစ်ကုန်သော၊ **ယာနိ ဒွေဝဿသတာနိ** = အကြင်အနှစ်နှစ်ရာတို့သည်၊ (သန္တိ = ရှိကုန်၏)၊ **ဧသော** = ဤလူတို့အနှစ်နှစ်ရာသည်၊ **ယာမာနံ** = ယာမာမည်ကုန်သော ။ပ။ **ဒွေဝဿသဟဿာနိ** = အနှစ်နှစ်ထောင်တို့သည်၊ **ယာမာနံ** ။ပ။

**ယာနိ စတ္တာရိ ဝဿသတာနိ** = အကြင်အနှစ်လေးရာတို့သည်၊ (သန္တိ = ရှိကုန်၏)၊ **ဧသော** = ဤလူတို့အနှစ်လေးရာသည်၊ **တုသိတာနံ** = တုသိတာမည်ကုန်သော ။ပ။ **စတ္တာရိ ဝဿသဟဿာနိ** = အနှစ်လေးထောင်တို့သည်၊ **တုသိတာနံ** ။ပ။

**ယာနိ အဋ္ဌဝဿသတာနိ** = အကြင်အနှစ်ရှစ်ရာတို့သည်၊ (သန္တိ = ရှိကုန်၏)၊ **ဧသော** = ဤလူတို့ အနှစ်ရှစ်ရာသည်၊ **နိမ္မာနရတီနံ** = နိမ္မာနရတိ မည်ကုန်သော၊ **အဋ္ဌဝဿသဟဿာနိ** = အနှစ်ရှစ်ထောင်တို့သည်၊ **နိမ္မာနရတီနံ** ။ပ။

**ဝိသာခေ** = ဝိသာခါ၊ **မာနုသကာနိ** = လူ၌ဖြစ်ကုန်သော၊ **သောဠသ** = (၁၆) ခုကုန်သော၊ **ယာနိ ဝဿသတာနိ** = အကြင်အနှစ်အရာတို့သည် (သန္တိ = ရှိကုန်၏) [တနည်း-**ယာနိ သောဠသဝဿသတာနိ** = အကြင်အနှစ် တထောင့် ခြောက်ရာတို့သည်၊ သန္တိ = ရှိကုန်၏]၊ **ဧသော** = ဤလူတို့ အနှစ်တထောင့်ခြောက်ရာသည်၊ **ပရနိမ္မိတဝသဝတ္တီနံ** = ပရနိမ္မိတဝသဝတ္တီ မည်ကုန်သော ။ပ။ **ဒိဗ္ဗာနိ** = နတ်၌ဖြစ်ကုန်သော၊ **သောဠသ** = (၁၆) ခုကုန်သော၊ **ဝဿသဟဿာနိ** = အနှစ်တသောင်းခြောက်ထောင်တို့သည်။ [တနည်း- **သောဠသဝဿသဟဿာနိ** = အနှစ်တသောင်းခြောက်ထောင်တို့သည်] **ပရနိမ္မိတဝသဝတ္တီနံ** = ပရနိမ္မိတဝသဝတ္တီ မည်ကုန်သော၊ **ဒေဝါနံ** = နတ်တို့၏၊ **အာယုပ္ပမာဏံ** = အသက်တမ်းပမာဏပေတည်း။ပ။ **ဘာသိတံ** = မိန့်ဆိုအပ်ပြီ၊ **ဣတိ** = ဤသို့၊ (အဝေါစ = မိန့်တော်မူပြီ)။

**န ပါဏံ ဟည** = သတ္တဝါအသက်ကို မသတ်ရ၊ **ဝါ** = မသတ်သင့်မသတ်ထိုက်၊ [ဧယျဝိဘတ်ကို အာဏတ္တိအနက်နှင့် အရာအနက်ဟောအံ့သည်]။ **အာဒိန္နံ စ** = ပိုင်ရှင်မပေးအပ်သော သူတစ်ပါးဥစ္စာကိုလည်း၊ **န အာဒိယေ** = မခိုးယူ မလုယက်ရ၊ **မုသာ** = မဟုတ်မမှန်သော စကားကို၊ **န ဘာသေ** = မပြောဆိုရ၊ **မဇ္ဇပေါ စ** = သေရည်အရက်သောက်သောသူသည်လည်း၊ **န သိယာ** = မဖြစ်ရ၊ **ဝါ** = မဖြစ်သင့်။

**အဗြဟ္မစရိယာ** = မမြတ်သောအကျင့်ဖြစ်သော၊ **မေထုနာ** = မေထုန်မှ၊ **ဝါ** = ရာဂထလာ၊ ညီညာတူကြ၊ အဖိုအမတို့၏ ဥစ္စာဖြစ်သောအကျင့်မှ၊ **ဝိရမေယျ** = ရှောင်ကြဉ်ရမည်၊ **ဝါ** = ရှောင်ကြဉ်သင့်၏။ (ဥပေါသထိကော = ဥပုသ်စောင့်သောသူသည်) **ရတ္တိ** = ညဉ့်၌စားခြင်းကိုလည်းကောင်း၊ [ရတ္တိဘောဇနံဟု ဆိုလိုလျက် ဘောဇနပုဒ်ကိုချေ]၊ **ဝိကာလဘောဇနံ** = နေမဝင်မီအတွင်း နေမွန်းလွဲချိန်၌ စားခြင်းကိုလည်းကောင်း၊ **န ဘုဉ္ဇေယျ** = မစားရ။ [“စားခြင်းကို မစားရ”ဟူ၍ ကံနှင့်ကြိယာ နှစ်ခုမကွဲပြားဘဲ ကွဲပြားသကဲ့သို့ဆိုထားသော အဘေဒဘေဒူပစာရတည်း]။

**မာလံ** = ပန်းကို၊ **န ဓာရေ** = မပန်ဆင်ရ၊ **ဂန္ဓဉ္စ** =

## PAGE 488

**နံ့သာလိမ်းကျံခြင်းကိုလည်း၊** **န အာစရေ** = မပြုကျင့်ရ၊ **မဉ္စာ** = (တောင်ဆုပ်မျှရှည်လျားသော ခြေထောက်ရှိသော) အပ်စပ်သော ညောင်စောင်း၊ ခုတင်ပေါ်၌သော်လည်းကောင်း၊ **ဆမာယံ ဝါ** = (အင်္ဂတေ သမံတလင်း ခင်းထားအပ်သော မြေပေါ်၌သော်လည်းကောင်း၊ **သန္ထတေ ဝါ** = မြက်သစ်ရွက် ကောက်ရိုးအခင်းပေါ်၌သော်လည်းကောင်း၊ **သယေထ** = အိပ်ရမည်၊ **ဟိ** = ထိုစကားမှန်၏။

**ဒုက္ခန္တဂုဏာ** = ဝဋ်ဒုက္ခ၏အဆုံးနိဗ္ဗာန်သို့ ရောက်တော်မူသော၊ [ဒုက္ခဿ အန္တော ဒုက္ခန္တော၊ ဒုက္ခန္တံ ဂစ္ဆတီတိ ဒုက္ခန္တဂု] **ဗုဒ္ဓေန** = မြတ်စွာဘုရားသည်၊ **ပကာသိတံ** = ထင်ရှားဟောပြတော်မူအပ်သော၊ **ဧတံ ဥပေါသထံ** = (ပါဏာတိပါတစသည်ကို မပြုကျင့်ဘဲ စောင့်ထိန်းအပ်သော) ဤဥပုသ်သီလကို။ **အဋ္ဌင်္ဂိကံ** = ရှစ်ပါးသောအင်္ဂါရှိဟူ၍၊ **အာဟု** = သူတော်ကောင်းတို့ မိန့်ဆိုတော်မူကြကုန်၏။

**စန္ဒော စ** = လသည်လည်းကောင်း၊ **သူရိယော စ** = နေသည်လည်းကောင်း၊ **ဥဘော** = နှစ်စင်းလုံးတို့သည်၊ **သုဒဿနာ** = သူငါထင်ထင် တွေ့မြင်အပ်ကုန်လျက်၊ **ဩဘာသယံ** = ထိန်ထိန်လင်းစေကုန်လျက်၊ [ဩဘာသယန္တာဟူသော ဗဟုဝုစ်မှ ဧကဝုစ်သို့ ပြောင်းလဲထားသော ဝစနပလ္လာသ သဒ္ဒါတည်း]။

**ယာဝတာ** = အကြင်မျှလောက်အရပ်တိုင်အောင်၊ **အနုပရိယန္တိ** = လှည့်ပတ်သွားလာနေကုန်၏၊ **တမောနုဒါ** = အမိုက်မှောင်ကို ပယ်ဖျောက်ကုန်လျက်။ **အန္တလိက္ခဂါ** = ကောင်းကင်၌သွားကြကုန်သော၊ **တေ** = ထိုလနေတို့သည်၊ **ဒိသာဝိရောစနာ** = အရပ်မျက်နှာအားလုံးတို့၌ တင့်တယ်တောက်ပကြကုန်လျက်၊ **နဘေ** = ကောင်းကင်၌၊ **ပဘာသန္တိ** = အရောင်တဝင့်ဝင့် ထုတ်လွှင့်ကြကုန်၏၊ **ဝါ** = အရောင်ဖြင့် ထိန်ထိန်လင်းနေကုန်၏၊ သုဒ္ဓကတ္တုရုပ်တည်း။

**တနည်း-** **တေ** = ထိုနေလတို့သည်၊ **နဘေ** = ကောင်းကင်၌၊ **ဝိရောစမာနာ** = တင့်တယ်တောက်ပကုန်လျက်၊ (ဒိသာဟိ = အရပ်မျက်နှာတို့မှ) **ဒိသာ** = အရပ်မျက်နှာတို့သို့၊ **ပဘာသန္တိ** = အရောင်ဖြင့် ထိန်ထိန်လင်းစေကုန်၏။ [ဤနည်း၌ ကံပုဒ်လာနိုင်အောင် ပဘာသန္တိကို ကာရိတ်ပစ္စည်းကျေသော ကာရိတ်ရုပ်ကြံပါ၊ စာပိုဒ်-၈၁-သုတ်လည်းကြည့်]။

**ဧတ္ထ** = ဤလနေနှစ်စင်း ထွန်းလင်းလှည့်လည်ရာ ဌာနအတွင်း၌၊ **ယံ ဓနံ** = အကြင်ဥစ္စာသည်၊ **ဝိဇ္ဇတိ** = ရှိ၏၊ **မုတ္တာ** = ပုလဲသည်လည်းကောင်း၊ **မဏိ** = ပတ္တမြားသည်လည်းကောင်း၊ **ဘဒ္ဒကံ** = ကောင်းသော၊ **ဝေဠုရိယဉ္စ** = ပတ္တမြားကြောင်မျက်ရွဲသည်လည်းကောင်း၊ **သိင်္ဂီ သုဝဏ္ဏ** = (နွားဦးချိုနှင့်တူစွာ ဖြစ်ပေါ်လာသောကြောင့်) သိင်္ဂီမည်သော ရွှေသည်လည်းကောင်း၊ **အထ** = ထိုမှတပါး၊ **ကဉ္စနံ ဝါပိ** = တောင်ခြေ၌ဖြစ်သော ကဉ္စနမည်သောရွှေသည် လည်းကောင်း၊ **ယံ** = အကြင်ရွှေကို၊ **ဇာတရူပန္တိ** = မြတ်စွာဘုရား အဆင်းနှင့်တူသော ဇာတရူပ
## PAGE 489

ရွှေဟူ၍လည်းကောင်း **ဟဋကန္တိ** = ခြသတ္တဝါတို့ ထုတ်နုတ်ချီယူအပ်သော ဟဋက ရွှေဟူ၍လည်းကောင်း၊ **ဝုစ္စတိ** = ခေါ်ဆိုအပ်၏၊ (**တံ** = ထိုရွှေသည်လည်းကောင်း၊ **ဝိဇ္ဇတိ** - ရှိ၏)

**သဗ္ဗေ** = အားလုံးကုန်သော၊ **တာရာဂဏာ** = ကြယ်တာရာအပေါင်းတို့သည်။ **စန္ဒပဘာ** = လရောင်၏၊ (**သောဠသိံ** = ၁၆-ခုမြောက်သော၊ **ကလံ** = အစိတ်တစိတ်ကို၊ **န အနုဘဝန္တိ ဣဝ** = မမီကုန်သကဲ့သို့၊ **တထာ** = ထို့အတူ) **တာရာဂဏာဝ** = တာရာဂဏာ + ဣဝ။ [ဤ၌ တာလုဇ “စ” နှင့် မရှိသင့်] **တေ** = ထိုပုလဲ၊ ပတ္တမြားစသော ဥစ္စာတို့သည်၊ **အဋ္ဌင်္ဂုပေတဿ** = ရှစ်ပါးသောအင်္ဂါနှင့်ပြည့်စုံသော၊ **ဥပေါသထဿ** = ဥပုသ်သီလ၏၊ **သောဠသိံ** = သော၊ **ကလံ** = ကို၊ **န အနုဘဝန္တိ** = မမီကုန်၊ **တသ္မာဟိ** = ထိုကြောင့်ပင်၊ **နာရီစ** = မိန်းမသည်လည်းကောင်း၊ **နရောစ** = ယောက်ျားသည်လည်းကောင်း **သီလဝါ** = သီလရှိလျက်၊ **အဋ္ဌင်္ဂုပေတံ** ရှစ်ပါးသောအင်္ဂါနှင့်ပြည့်စုံသော၊ **ဥပေါသထံ** ဥပုသ်သီလကို၊ **ဥပဝဿ** - စောင့်ထိန်း၍။ **သုခုဒြယာနိ** - သုခအကျိုးပွါးတိုးကြောင်း ဖြစ်ကုန်သော၊ **ပုညာနိ** = ကောင်းမှုတို့ကို၊ **ကတွာန** = ပြုကြ၍၊ **အနိန္ဒိတာ** = မကဲ့ရဲ့အပ်ကုန်ဘဲ၊ **ဝါ** = ချီးမွမ်းခံကြရကုန်လျက်၊ **သဂ္ဂ** = နတ်ပြည်တည်းဟူသော၊ **ဌာနံ** = ဘုံဌာနသို့၊ **ဥပေန္တိ** = လားရောက်ကြရကုန်၏၊ **ဣတိ** = သို့၊ (**အဝေါစ** = မိန့်တော်မူပြီ)

**၁၀။** ဒသမံ - ၁၀-ခုမြောက်သုတ်တည်း။

## ဒုတိယော မဟာဝဂ္ဂေါ

### ၃-အာနန္ဒဝဂ်

#### ၁-ဆန္ဒသုတ်

**၇၂။** **ဆန္နော** = ဆန္ဒမည်သော၊ **ပရိဗ္ဗာဇကော** = အဝတ်ဝတ်သော ပရိဗိုဇ်သည်၊ **ယေန** = အကြင်အရပ်၌၊ **အာယသ္မာ အာနန္ဒော** = အရှင်အာနန္ဒာသည်၊ (**အတ္ထိ** = ရှိ၏) [ဒုကစာပိုဒ် ၁၆-သုတ်လည်းကြည့်]။ ပ ။ **အာယသ္မတာ အာနန္ဒေန** = အရှင်အာနန္ဒာနှင့်။ ပ ။ **အာယသ္မန္တံ အာနန္ဒံ** = အရှင်အာနန္ဒာကို၊ **ဧတံ** ဤစကားကို၊ **အဝေါစ** = ပြောဆိုပြီ၊ (**ကိန္တိ** = အဘယ်သို့၊ **အဝေါစ** = ပြောဆိုသနည်းဟူမူ)

**အာဝုသော အာနန္ဒ** = ငါ့ရှင် အာနန္ဒာ၊ **တုမှေပိ** = သင်တို့သည်လည်း၊ **ရာဂဿ** ရာဂကို။ **ပဟာနံ** = ပယ်ခြင်းကို၊ **ပညာပေထ** = သိစေကြပါကုန်သံလော၊ **ဝါ** သိအောင် ဟောပြောကြပါကုန်သလော၊ **ဒေါသဿ** = ဒေါသကို။ ပ ။ **မောဟဿ** = ကို။ ပ ။ **ပညာပေထ** = လော၊ **ဣတိ** = သို့၊ (**အဝေါစ**) **အာဝုသော** = ငါ့ရှင်၊ **မယံ ခေါ** = ငါတို့သည်သာ။ ပ **ပညာပေမ** = သိစေကြပါကုန်၏၊ **ဝါ** = သိအောင် ဟောပြောကြပါကုန်၏။ ပ ။ **ဣတိ** (**အဝေါစ**) [“မယံ ခေါ” ၌ ခေါသဒ္ဒါ၏ အဝဓာရဏအနက်ပါအောင်ဆိုရသည်။ **ခေါတိ အဝဓာရဏတ္ထ နိပါတော၊ မယမေဝ**

