## PAGE 493

**ယေ ဘန္တေ ။ ပ ။ လောကေ သုပ္ပဋိပန္နာ**" ဟူ၍၊ **ဗျာကတံ** = ပြီ၊ **တယေဝ** = ပင်၊ **ဧတံ** = ကို၊ "**ယေသံ ဘန္တေ ။ ပ ။ သုကတာတိ** = ယေသံ ဘန္တေ ။ ပ ။ သုကတာ" ဟူ၍၊ **ဗျာကတံ** = ပြီ၊ **ဣတိ** (အဝေါစ = မိန့်ဆိုပြီ)

**ဘန္တေ** = အရှင်ဘုရား၊ **အစ္ဆရိယံ** = လက်ဖျစ်တီး၍ ချီးကျူးထိုက်ပါပေစွ၊ **ဘန္တေ** = ဘုရား၊ **အဗ္ဘုတံ** = မဖြစ်ဖူးမြဲ ထူးကဲစွာဖြစ်ပါပေစွ၊ **သဓမ္မုက္ကံသနာ စေဝ** = မိမိအယူဝါဒကို ချီးမြှောက်ခြင်းသည်လည်း၊ **နု ဘဝိဿတိ နာမ** = မဖြစ်ပါပေစွ၊ [**သ** = မိမိ၏ + **ဓမ္မ** = အယူဝါဒတရားကို + **ဥက္ကံသနာ** = ချီးမြှောက်ခြင်း] **ပရဓမ္မပသာဒနာ စ** = သူတစ်ပါးအယူဝါဒကို ကဲ့ရဲ့ပုတ်ခတ်ခြင်းသည်လည်း၊ **န ဘဝိဿတိ နာမ** = မဖြစ်ပါပေစွ၊ **အာယတနေဝ** (**အာယတနေ ဧဝ**) = သင့်မြတ်လျော်ကန် အကြောင်းမှန်၌သာလျှင်၊ **ဓမ္မဒေသနာ** = တရားဟောတော်မူခြင်းသည် (**ဟောတိ** = ဖြစ်ပါပေ၏) **အတ္ထော စ** = တပည့်တော်မေးအပ်သော ပြဿနာ၏အနက် သဘောကိုလည်း၊ **ဝုတ္တော** = ဟောပြတော်မူအပ်ပါပေ၏၊ **အတ္တာ စ** = မိမိကိုယ်ကိုလည်း။ **အနုပနီတော** (**န ဥပနိတော**) = ဂုဏ်သို့ မဆွဲကပ်မဆောင်ယူအပ်ပါပေစွ၊ ဝါ = ဂုဏ်ယူမြှောက်စား မမောက်ကြွား အပ်ပါပေစွ၊ **ဘန္တေ အာနန္ဒ** = အရှင်အာနန္ဒာ၊ **တုမှေ** = အရှင်ဘုရားတို့သည်။ ပ ။ **ဒေသေထ** = ဟောတော်မူကြပါပေကုန်၏။ ပ ။ **ဘန္တေ အာနန္ဒ** = အာနန္ဒာ၊ **တုမှာကံ** = အရှင်ဘုရားတို့သည်၊ **ဓမ္မော** = တရားကို၊ **သွာက္ခာတော** = (ရာဂ, ဒေါသ, မောဟပယ်ကြောင်း) ကောင်းစွာဟောကြားအပ်ပါပေ၏။ ပ ။ **ပဋိပန္နော** = ကျင့်ပါပေကုန်၏။ ပ ။ **လောကေ** = ၌၊ **သုပ္ပဋိပန္နော** = ကောင်းစွာကျင့်သော ပုဂ္ဂိုလ်တို့ ပါတည်း။ ပ ။ **တုမှာကံ** = တို့သည်၊ **ရာဂေါ** = ရာဂကို၊ ဝါ = သည်။ ပ ။ **သုကတာ** = ကောင်းစွာပြီးစီး ပြuကျင့်ပြီးပုဂ္ဂိုလ်တို့ ပါတည်း။ ပ ။ **အယျေန အာနန္ဒေန** = အရှင်အာနန္ဒာသည်။ ပ ။ **တံ ဘဂဝန္တံ** = ထိုမြတ်စွာဘုရားကို။ ပ ။ **အယျော အာနန္ဒော** = အရှင်အာနန္ဒာသည်၊ [အပြည့်အစုံကို ဒုကနိပါတ် စာပိုဒ်-၁၆-ကြည့်]

### ၃-မဟာနာမသက္ကသုတ်

**၇၄။ ဘဂဝါ** = မြတ်စွာဘုရားသည်၊ **သက္ကေသု** = သာကီဝင် (သက္က) ဇနပုဒ်၌၊ ဝါ = သက္ကတိုင်းပြည်၌၊ **ကပိလဝတ္ထုသ္မိံ** = ကပိလဝတ်မြို့တော်အနီး၌၊ **နိဂြောဓာရာမေ** = နိဂြောဓကျောင်းတိုက်၌၊ **ဝိဟရတိ** = သီတင်းသုံးနေတော်မူ၏၊ **တေန ခေါ ပန သမယေန** = ထိုအခါ၌၊ (နိဂြောဓကျောင်းတိုက်၌ မြတ်စွာဘုရား သီတင်းသုံးနေတော်မူရာထိုအခါ၌) **ဘဂဝါ** = မြတ်စွာဘုရားသည်။ **ဂိလာနာ** = မကျန်းမာသူ၏အဖြစ်မှ၊ (မကျန်းမာသူ၏ ဖြစ်ကြောင်း ရောဂါဝေဒနာမှ) **ဝုဋ္ဌိတော** = ပျောက်ကင်းကျန်းမာ ထူထလာတော်မူပြီးသည်၊

**၁။ ဂိလာနာ ဝုဋ္ဌိတော** ။ ။ **ဂိလာနာ**ဟု **ပဉ္စမီဝိဘတ္တန္တ** ပါဠ်ရှိသည့်အတိုင်း ဝါကျပြုလုပ်၍ အနက်ပေးသည်။ ဤအလို **ဂိလာန**ပုဒ်ကို ဘာဝပ္ပဓာနကြံရ၏။

## PAGE 494

**ဂေလညာ** = မကျန်းမာသူ၏အဖြစ်မှ၊ **အစိရဝုဋ္ဌိတော** = ထူထတော်မူပြီး၍ မကြာမြင့်သေးသည်၊ **ဟောတိ** = ဖြစ်၏၊ [**အစိရံ ဝုဋ္ဌိတဿ အဿ ဘဂဝတောတိ အစိရဝုဋ္ဌိတော** = နာလန်ထတော်မူပြီးသော မြတ်စွာဘုရား၏ ကြာမြင့်သောကာလ မရှိသေးသည်]

**အထခေါ** = ထိုအခါ၌၊ **မဟာနာမော** = မဟာနာမ်မည်သော၊ **သက္ကော** = သာကီဝင်မင်းသည်။ ပ ။ **ဘန္တေ** = အရှင်ဘုရား၊ **အဟံ** = တပည့်တော်သည်၊ **ဒီဃရတ္တံ** = ရှည်မြင့်စွာသောနေ့ညဉ့်ပတ်လုံး၊ **ဘဂဝတာ** = မြတ်စွာဘုရားသည်၊ **ဧဝံ** = ဤသို့၊ **ဒေသိတံ** = ဟောတော်မူအပ်သော၊ **ဓမ္မံ** = တရားကို၊ **အာဇာနာမိ** = သိပါ၏။ (**ကိန္တိ** = အဘယ်သို့၊ **အာဇာနာမိ** = သိသနည်းဟူမူ) **သမာဟိတဿ** = တစ်ခုတည်းသောအာရုံ၌ စိတ်ကိုကောင်းမွန်တည်တံ့စွာ ထားသော သူမှာသာလျှင်၊ ဝါ = သမာဓိရှိသူမှာသာလျှင်၊ **ဉာဏံ** = ဉာဏ်သည်၊ (**ဟောတိ** = ဖြစ်၏) **အသမာဟိတဿ** = တစ်ခုတည်းသောအာရုံ၌ စိတ်ကိုကောင်းမွန် တည်တံ့စွာ မထားသောသူမှာ၊ ဝါ = သမာဓိမရှိသောသူမှာ၊ **ဉာဏံ** = ဉာဏ်သည်၊ **နော ဟောတိ** = မဖြစ်၊ **ဣတိ** = ဤသို့၊ (**အာဇာနာမိ** = သိပါ၏)

**ဘန္တေ** = အရှင်ဘုရား၊ **သမာဓိ** = သမာဓိသည်၊ **ပုဗ္ဗေ** = ဉာဏ်၏ရှေ့၌၊ ဝါ = ဉာဏ်၏ရှေးဦးစွာ၊ **ဟောတိ นุ ခေါ** = ဖြစ်ပါသလော၊ **ဉာဏံ** = ဉာဏ်သည်၊ **ပစ္ဆာ** = သမာဓိ၏နောက်၌၊ **ဟောတိ นุ ခေါ** = ဖြစ်ပါသလော၊ **ဥဒါဟု** = ထိုသို့မဟုတ်၊ **ဉာဏံ** = ဉာဏ်သည်၊ **ပုဗ္ဗေ** = သမာဓိ၏ရှေ့၌၊ ဝါ = စွာ၊ **ဟောတိ นุ ခေါ** = ဖြစ်ပါသလော၊ **သမာဓိ** = သမာဓိသည်၊ **ပစ္ဆာ** = ဉာဏ်၏နောက်၌၊ **ဟောတိ นุ ခေါ** = ဖြစ်ပါသလော၊ **ဣတိ** = ဤသို့၊ (အဝေါစ = မေးလျှောက်ပြီ)

**အထခေါ** = ထိုအခါ၌၊ **အာယသ္မတော အာနန္ဒဿ** = အရှင်အာနန္ဒာမှာ၊ **ဧတံ** = ဤအကြံအစည်သည်၊ **အဟောသိ** = ဖြစ်ပြီ၊ (**ကိန္တိ** = အဘယ်သို့၊ **အဟောသိ** = ဖြစ်သနည်းဟူမူ) **ဘဂဝါ** = သည်၊ **ဂိလာနဝုဋ္ဌိကော** = သည်၊ **ဂေလညာ** = မှ၊ **အစိရဝုဋ္ဌိတော** = သည်၊ (**ဟောတိ** = ၏) **မဟာနာမော** = မဟာနာမ်မည်သော၊

ထို့ကြောင့် **ဂိလာန**ပုဒ်အရ မကျန်းမာသော ပုဂ္ဂိုလ်မျှကိုသာ မယူဘဲ ထိုမကျန်းမာသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာ ဖျားနာခြင်းစသော (ယခုဖြစ်ဆဲ) ရောဂါတစ်မျိုးမျိုးကိုယူရ၏။ အဋ္ဌကထာ၌ "**ဂိလာနဝုဋ္ဌိတောတိ ဂိလာနော ဟုတွာ ဝုဋ္ဌိတော**" ဟုဖွင့်၏။ ထိုအလို "**ဂိလာနဝုဋ္ဌိတော** = မကျန်းမာတော်မူပြီး၍ နာလန်ထတော်မူပြီးသည်" ဟု ကမ္မဓာရယသမာသ်ကြံ၍ အနက်ဆိုသင့်၏။ ဆက္ကနိပါတ် စာပိုဒ် ၁၆-နကုလပိတုသုတ် အင်္ဂုတ္တိုရ်ဋီကာ (တ၊ နှာ-၉၇) ၌ကား ထိုအဋ္ဌကထာ အဖွင့်ကို အဓိပ္ပာယ်အနက်ဖွင့်မျှသာဟု မိန့်ဆို၏။
## PAGE 495

**အယမ္ပိ သက္ကော**=ဤသာကီဝင်မင်းသည်လည်း၊ **ဘဂဝန္တံ**=မြတ်စွာဘုရားကို၊ **အတိဂမ္ဘီရံ**=အလွန်လေးနက်သော၊ **ပဥှံ**=ပြဿနာကို၊ **ပုစ္ဆတိ**=မေးနေလေ၏၊ **အဟံ**=ငါသည်၊ **မဟာနာမံ**=မဟာနာမ်မည်သော၊ **သက္က**=ကို၊ **ဧကမန္တံ**=တခုသောနေရာ၌၊ **အပနေတွာ**=ခေါ်ဆောင်၍၊ **ဓမ္မံ**=တရားကို၊ **ယံန ဒေသေယျ**=ဟောရပါမူ ကောင်းလေစွ၊ **ဣတိ**=ဤသို့သော အကြံသည်၊ (အဟောသိ-ပြီ)

**ဗာဟာယံ**=လက်မောင်း၌၊ **ဂဟေတွာ**=လက်မဖြင့်တို့၍၊ (လက်တို၍) **ဧကမန္တံ**=၌၊ **အပနေတွာ**=ခေါ်ဆောင်၍။ပ။

**မဟာနာမ**=မဟာနာမ်၊ **သေခံ**=သေက္خပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော၊ **သီလမ္ပိ**=သီလကိုလည်း၊ **ဘဂဝတာ**=မြတ်စွာဘုရားသည်၊ **ဝုတ္တံ**=ဟောတော်မူအပ်ပြီ၊ **အသေခံ**=ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော၊ **သီလမ္ပိ**=လည်း။ပ။

**သေခေါ**=သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော။ **သမာဓိပိ**=သမာဓိကိုလည်း၊ **ဘဂဝတာ**=သည်၊ **ဝုတ္တော**=ဟောတော်မူအပ်ပြီ။ပ။

**အသေခါ**=ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော၊ **ပညာပိ**=ပညာကိုလည်း။ပ။

**မဟာနာမ**=မဟာနာမ်၊ **သေခံ**=သော၊ **သီလံ**=သီလဟူသည်၊ **ကတမဉ္စ**=အဘယ်နည်းဟူမူ၊ **မဟာနာမ**=မဟာနာမ်၊ **ဣဓ**=ဤသာသနာတော်၌၊ [ထို့နောက် ဒုက စာပိုဒ်-၃၇-ကြည့်]။ပ။

**မဟာနာမ**=မဟာနာမ်၊ **ဣဒံ**=ဤပါတိမောက္ခသံဝရသီလကို၊ **သေခံ**=သော၊ **သီလံ**=သီလဟူ၍၊ **ဝုစ္စတိ**=ခေါ်ဆိုအပ်၏။ပ။

**သေခေါ**=သော၊ **သမာဓိ**=သမာဓိဟူသည်၊ **ကတမော စ**=အဘယ်နည်းဟူမူ [ဒုက စာပိုဒ်(၁၃) ကြည့်]

**အယံ**=ဤလေးပါးသော ဈာန်သမာဓိကို။ပ။ [ဣဒံ ဒုက္ခံ စသည်ကို တိက စာပိုဒ်(၁၂)ကြည့်]

**အယံ**=ဤသစ္စာလေးပါးကို သိတတ်သော ဝိပဿနာပညာ, မဂ်ပညာကို၊ **သေခါ**=သော၊ **ပညာ**=ပညာဟူ၍၊ **ဝုစ္စတိ**=၏၊ **မဟာနာမ**=မဟာနာမ်၊ **သ သော အရိယသာဝကော**=ထိုအရိယာတပည့်သည်၊ **ဧဝံ သီလသမ္ပန္နော**=ဤသို့သော ပါတိမောက္ခသံဝရသီလနှင့်ပြည့်စုံသည်၊ **ဧဝံ သမာဓိသမ္ပန္နော**=ဤသို့သော ဈာန်သမာဓိနှင့် ပြည့်စုံသည်၊ **ဧဝံ ပညာသမ္ပန္နော**=ဤသို့သော ဝိပဿနာပညာ, မဂ်ပညာနှင့်ပြည့်စုံသည်၊ (ဟုတွာ =ဖြစ်၍)။ပ။ [တိကစာပိုဒ် ၁၂-ပင်ကြည့်]

**မဟာနာမ**=မဟာနာမ်၊ **ဧဝံ ခေါ**=ဤသို့ပင်။ပ။ သမာဓိနှင့်

**၁။ မဟာနာမ်၏အမေးနှင့် အရှင်အာနန္ဒာ၏အဖြေ**
ဉာဏ်တို့တွင် အဘယ်တရားက ရှေးဦးစွာဖြစ်၍ အဘယ်တရားက နောက်မှဖြစ်ပါသနည်းဟု မဟာနာမ်က မေး၏ [ပါဠိတော်၌ တိုက်ရိုက်ပါပြီးတည်း] ထိုအမေးကို အရှင်အာနန္ဒာက ဖြေဆိုဟောကြားတော်မူရာ၌ “သီလဝါ ဟောတိ” စသည်ဖြင့် သေခပုဂ္ဂိုလ်(၇)ဦးတို့၏သီလကိုလည်းကောင်း, “ဝိဝိစ္စေဝ ကာမေဟိ” စသည်ဖြင့် ထို(၇)ဦးတို့၏သမာဓိကို

