## PAGE 496

#### ၄-နိဂဏ္ဌသုတ်

**၇၅။ ဧကံ**=တပါးသော၊ **သမယံ**=အခါ၌၊ **အာယသ္မာ အာနန္ဒော**=အရှင်အာနန္ဒာသည်၊ **ဝေသာလိယံ**=ဝေသာလီမြို့ အနီး၌၊ **မဟာဝနေ**=မဟာဝုန်လည်းကောင်း “ဣဒံ ဒုက္ခ” စသည်ဖြင့် ထို(၇)ဦးတို့၏ ပညာကိုလည်းကောင်း ဟောတော်မူပြီးနောက် “အာသဝါနံ ခယာ” စသည်ဖြင့် အရဟတ္တဖိုလ်အဆင့်ဖြစ်သော အသေခသီလ, သမာဓိ, ပညာတို့ကို ဟောတော်မူ၏၊ ယင်းသို့ ဟောတော်မူခြင်းအားဖြင့် သေခသမာဓိ ဖြစ်ပြီးနောက်မှ သေခဝိပဿနာဉာဏ်, အသေခဖိုလ်ဉာဏ်ဖြစ်သည်၊ သေခ ဝိပဿနာဉာဏ်ဖြစ်ပြီးနောက်မှ အသေခဖိုလ်သမာဓိဖြစ်သည်ဟူသော ဆိုလိုရင်းအနက်အဓိပ္ပါယ်ကို အရှင်အာနန္ဒာပြတော်မူသည်ဟူ၍ အဋ္ဌကထာဖွင့်ပြထား၏။

**ရှေ့နောက်ဖြစ်ပုံထပ်မံစဉ်းစား** ။ ။ ထိုအဋ္ဌကထာအဖွင့်ကို တဖန်ပြန်စဉ်းစားကြည့်လျှင် (၁) အစ၌ သေခသမာဓိ။ (၂) အလယ်၌ သေခဝိပဿနာဉာဏ်နှင့် အသေခဖိုလ်ဉာဏ်၊ (၃) အဆုံး၌ အသေခဖိုလ်သမာဓိဟူ၍ အစ, အလယ်, အဆုံး သုံးမျိုးစဉ်တန်းလျက်ပြထားသောကြောင့် အစပိုင်း သေခသမာဓိနှင့် အလယ်ပိုင်း ဉာဏ်နှစ်မျိုးဖြစ်ပုံကို ထောက်ရှုလျှင် သမာဓိကရှေးဦးစွာဖြစ်၍ ဉာဏ်ကနောက်မှ ဖြစ်သည်ဟုဆိုလို၏၊ ထို့နောက်တဖန် အလယ်ပိုင်း သေခဝိပဿနာဉာဏ်နှင့် အဆုံးပိုင်း အသေခဖိုလ်သမာဓိဖြစ်ပုံကို ထောက်ရှုလိုက်လျှင် ဉာဏ်ကရှေးဦးစွာ ဖြစ်၍ သမာဓိကနောက်မှဖြစ်သည်ဟုဆိုလို၏။

**ပြိုင်တူလည်းဖြစ်** ။ ။ ယင်းသို့ ရှေ့နောက်ခွဲခြားခြင်းမှာ စိတ္တုပ္ပါဒ်မတူရာ၌သာဖြစ်နိုင်၏၊ စိတ္တုပ္ပါဒ်တူရာ၌ကား “ယာနိ ပန သမ္ပယုတ္တာနိ သမာဓိဉာဏာနိ၊ တေသံ အပစ္ဆာ အပုရေ ဥပ္ပတ္တိ ဝေဒိတဗ္ဗာ” ဟူသော အဋ္ဌကထာနှင့်အညီ သေခသမာဓိဖြစ်ခိုက်၌ ထိုသမာဓိနှင့် ယှဉ်ဖော်ယှဉ်ဖက်ဖြစ်သော သေခဉာဏ်လည်း အတူပါလာသေး၏၊ ထို့အတူ သေခဝိပဿနာဉာဏ်ဖြစ်ခိုက်၌လည်း ထိုဉာဏ်နှင့်ယှဉ်ဖက် သေခဝိပဿနာသမာဓိလည်း အတူပါလာသေး၏၊ ထိုသမာဓိနှင့်ဉာဏ်တို့ကား အဘယ်တရားကရှေ့၊ အဘယ်တရားကနောက်ဟု ခွဲခြားမရစကောင်းသောတရား၊ တပြိုင်နက်အတူဖြစ်သောတရားများဖြစ်၏၊ ထို့အပြင် “**အာသဝါနံ ခယာ အနာသဝံ စေတောဝိမုတ္တိ၊ ပညာဝိမုတ္တိ**” စသောပါဠိတော်၌ **စေတောဝိမုတ္တိ** ဟူသည် အသေခဖိုလ်သမာဓိပင်ဖြစ်၍ **ပညာဝိမုတ္တိ** ဟူသည် အသေခဖိုလ်ဉာဏ်ပင်ဖြစ်၏။ ထိုအသေခဖိုလ်သမာဓိနှင့် အသေခဖိုလ်ဉာဏ်တို့လည်း ဘယ်ဟာကရှေ့ ဘယ်ဟာကနောက်ဟု ခွဲခြားမရ၊ တပြိုင်နက်ဖြစ်ကြသော တရားများသာတည်း။

## PAGE 497

တော၌၊ ဝါကြီးစွာသောတော၌၊ **ကူဋာဂါရသာလာယံ**=အထွတ်တပ်ဆင်ထားအပ်သော ပြာသာဒ်ကျောင်းတော်၌၊ ဝါ=ကူဋာဂါရသာလာ ကျောင်းတိုက်၌၊ **ဝိဟရတိ**=၏၊ **အထခေါ**=၌၊ **အဘယော**=အဘယမည်သော၊ **လိစ္ဆဝိ စ**=လိစ္ဆဝိသည်လည်းကောင်း၊ **ပဏ္ဍိတကုမာရကော**=ပဏ္ဍိတကုမာရကမည်သော၊ **လိစ္ဆဝိ စ**=သည်လည်းကောင်း။ပ။ **ဥပသင်္ကမိသု**=ရောက်လာကြကုန်ပြီ။ပ။

**ဘန္တေ**=အရှင်ဘုရား၊ **နာဋပုတ္တော**=နာဋပုတ္တမည်သော၊ **နိဂဏ္ဌော**=တက္ကတွန်းသည်၊ **သဗ္ဗညူ**=အားလုံးစုံအကုန်အစင်သိ၏၊ **သဗ္ဗဒဿာဝီ**=အလုံးစုံအကုန်အစင်မြင်၏၊ [အပရိသေသံ=အကြွင်းအကျန် မရှိအောင်၊ နတ္ထိ ဧတဿ ဉာဏဒဿနဿ ပရိသေသန္တိ အပရိသေသံ] **ဉာဏဒဿနံ**=သိနိုင်ခြင်းမြင်နိုင်ခြင်းကို၊ **ပဋိဇာနာတိ**=ဝန်ခံ၏၊ တနည်း-“**အပရိသေသံ**=အကြွင်းအကျန်မရှိ တရားအားလုံးကိုသိနိုင်သော၊ **ဉာဏဒဿနံ**=ဉာဏ်အမြင်ကို၊ **ပဋိဇာနာတိ**=၏”ဟု အနက်ဆို။ [နတ္ထိ ပရိသေသော ဧတဿ ဓမ္မဿာတိ အပရိသေသော၊ အပရိသေသံ ဇာနာတီတိ အပရိသေသံ] {**ကိန္တိ**=သို့ **ပဋိဇာနာတိ**=ဟူမူ **မေ**=ငါသည်၊ **စရတော စ**=သွားနေစဉ်လည်းကောင်း၊ **တိဋ္ဌတော စ**=ရပ်နေစဉ်လည်းကောင်း၊ **သုတ္တဿ စ**=အိပ်ပျော်နေစဉ်လည်းကောင်း၊ **ဇာဂရဿ စ**=နိုးနေစဉ်လည်းကောင်း၊ **သတတံ**=အမြဲ၊ **သမိတံ**=မပြတ်၊ **ဉာဏဒဿနံ**=ဉာဏ်အမြင်သည်၊ **ပစ္စုပဋ္ဌိတံ**=ရှေ့ရှုစဉ်ကာ ထင်ပေါ်လာ၏၊ **ဣတိ**=ဤသို့၊ (**ပဋိဇာနာတိ**=၏)}

**သော**=ထိုနာဋပုတ္တသည်၊ **ပုရာဏာနံ**=အဟောင်းဖြစ်ကုန်သော၊ ဝါ=ရှေးကပြုလုပ်အပ်ခဲ့ကုန်သော၊ **ကမ္မာနံ**=ကံတို့၏၊ **တပသာ**=ဆင်းရဲစွာ ကျင့်အပ်သောအကျင့်ဖြင့်၊ **ဗျန္တီဘာဝံ**=ကင်းသော အပိုင်းအခြားရှိကုန်သည် အဖြစ်ကို၊ ဝါ=ကုန်ခန်းခြင်းကို၊ **ပညာပေတိ**=ဟောကြားမြွက်ခြွေ သိစေ၏၊ **နဝါနံ**=အသစ်ဖြစ်ကုန်သော၊ ဝါ=အသစ်ယခု ပြုလုပ်ရမည်ဖြစ်ကုန်သော၊ **ကမ္မာနံ**=ကံတို့ကို၊ **အကရဏာ**=မပြုလုပ်ခြင်းကြောင့်၊ **သေတုဃာတော**=အကြောင်းကံကို- ပယ်သတ်ခြင်းကို၊ (**ပညာပေတိ**=၏) **ဣတိ**=ဤနည်းအားဖြင့်၊ (ကံအဟောင်းကိုကုန်စေခြင်း, ကံအသစ် မပြုလုပ်ခြင်းဟူသော ဤနည်းအားဖြင့်) **ကမ္မက္ခယာ**=ကမ္မဝဋ်၏ကုန်ခြင်းကြောင့်၊ **ဒုက္ခက္ခယော**=ဒုက္ခဝဋ်၏ကုန်ခြင်းသည်၊ (**ဟောတိ**=ဖြစ်၏) **ဒုက္ခက္ခယာ**=ဒုက္ခဝဋ်၏ ကုန်ခြင်းကြောင့်၊ **ဝေဒနာက္ခယော**=ဝေဒနာဝဋ်၏ကုန်ခြင်းသည်၊ (ဟောတိ) **ဝေဒနာက္ခယာ**=ခြင်းကြောင့်၊ **သဗ္ဗ**-အားလုံးစုံသော၊ **ဒုက္ခ**=ဝဋ်ဆင်းရဲသည်၊ **နိဇ္ဇိဏ္ဏံ**=ဆွေးမြေ့ပျက်စီးသည်၊ **ဘဝိဿတိ**=ဖြစ်လတ္တံ့၊ **ဧဝံ**=ဤသို့၊ ဝါ=ဤဝဋ်ဒုက္ခအားလုံး ဆွေးမြေ့ ပျက်စီးခြင်းဖြင့် **သန္ဒိဋ္ဌိကာယ**=ကိုယ်တိုင်တွေ့မြင်အပ်သော၊ **နိဇ္ဇရာယ**=ကိလေသာတို့ ဆွေးမြေ့A
## PAGE 498

#### ၄၉၈။

**ပဋိပဒါ**=ပျက်စီးစေတတ်သော၊ **ဝိသုဒ္ဓိယာ**=စင်ကြယ်သော၊ ဝါ=သတ္တဝါတို့၏ စင်ကြယ်ကြောင်းဖြစ်သော၊ **ဧတိဿာ**(ပဋိပဒါယ)=ဤအကျင့်ဖြင့်၊ [နာသာသို့ **ဣန္ဒြိယာနိ သဗ္ဗသော** သဒ္ဒနီတိ (၃၆၆)သုတ်ဖြင့် ဧတိဿာကို နာဝိဘတ်ဖြင့် ရုပ်စီရင်လေ] **သမတိက္ကမော**=ဝဋ်ဆင်းရဲအားလုံးကို ကျော်လွန်ခြင်းသည်၊ **ဟောတိ**-ဖြစ်၏၊ **ဘန္တေ** =အရှင်ဘုရား၊ **ဘဂဝါ**=မြတ်စွာဘုရားသည်၊ **ဣဓ**=ဤနိဂဏ္ဌအကျင့်၌၊ **ကိံ**=အဘယ်ကို၊ **အာဟ**=ဟောတော်မူပါသနည်း၊ **ဣတိ**(အဝေါစ=လျှောက်ပြီ)

**အဘယ**=အဘယ၊ **ဇာနတာ**=အနာဝရဏဉာဏ်ဖြင့် သိတော်မူသော၊ **ပဿတာ**=သမန္တစက္ခုဖြင့် မြင်တော်မူသော၊ **အရဟတာ**=ပူဇော်အထူးကို ခံယူတော်မူထိုက်သော၊ **သမ္မာသမ္ဗုဒ္ဓေန**=အမှားမပါ, မှန်စွာပိုင်နိုင်, ကိုယ်တိုင်စထွင်, ကုန်စင်ခပင်း, ကျန်ကြွင်းမရှိ သိမြင်တော်မူသော၊ **တေန ဘဂဝတာ**=ဘုန်းတော်ကြီးမား ထိုမြတ်စွာဘုရားသည်၊ **သတ္တာနံ**=သတ္တဝါတို့ကို၊ **ဝိသုဒ္ဓိယာ**=ရာဂအစရှိသော အညစ်အကြေးတို့မှ စင်ကြယ်စေခြင်းငှာလည်းကောင်း၊ **သောကပရိဒေဝါနံ**=ဝမ်းနည်းခြင်း, ငိုကြွေးခြင်းတို့ကို၊ **သမတိက္ကမာယ**=ပယ်ရှားကျော်လွှားခြင်းငှာလည်းကောင်း၊ **ဒုက္ခဒေါမနဿာနံ**=ကိုယ်ဆင်းရဲခြင်း, စိတ်ဆင်းရဲခြင်းတို့၏။ **အတ္ထင်္ဂမာယ**-ချုပ်ငြိမ်းခြင်းသို့ ရောက်ခြင်းငှာလည်းကောင်း၊ **ဉာယဿ**=ဝိပဿနာ, အရိယမဂ်ကို၊ **ဉာယတိ** နိစ္ဆယေန ကမတိ နိဗ္ဗာနံ, **တံ ဝါ ဉာယတိ ပဋိဝိဇ္ဈတိ ဧတေနာတိ ဉာယော**=ဆုံးဖြတ်ချက်ချခြင်းဖြင့် နိဗ္ဗာန်သို့ သွားတတ်သော ဝိပဿနာ, အရိယမဂ်၊ ဝါ=နိဗ္ဗာန်ကို ထိုးထွင်းသိကြောင်း ဝိပဿနာ, အရိယမဂ်။ [ဋီကာဝိဂြိုဟ်] **အဓိဂမာယ**=ရခြင်းငှာလည်းကောင်း၊ **နိဗ္ဗာနဿ**=နိဗ္ဗာန်ကို၊ (နောက်ထပ် ပဋိသန္ဓေနေခြင်း၏ အကြောင်းဖြစ်သော တဏှာစသည်ကင်းသော အသင်္ခတနိဗ္ဗာန်ကို) **သစ္ဆိကိရိယာယ**=မျက်မှောက်ပြုခြင်းငှာလည်းကောင်း၊ **သမ္မာ**=ကောင်းစွာ၊ **အက္ခာတာ**=ဟောကြားတော်မူအပ်ကုန်သော၊ **နိဇ္ဇရာ**=ကိလေသာတို့ကို ဆွေးမြေ့ ပျက်စီးစေတတ်ကုန်သော၊ **ဝိသုဒ္ဓိယော**=စင်ကြယ်ကုန်သော၊ ဝါ=သတ္တဝါတို့၏ စင်ကြယ်ကြောင်းဖြစ်ကုန်သော၊ (ပဋိပဒါအကျင့်တို့သည်) **ဣမာ တိသော**=ဤသုံးမျိုးတို့တည်း)

**တိသော**=သုံးမျိုးတို့ဟူသည်၊ **ကတမာ**=အဘယ်တို့နည်းဟူမူ၊ **အဘယ**=အဘယ၊ **ဣဓ**=ဤသာသနာတော်၌။ပ။ **သော**=ထိုရဟန်းသည်၊ **နဝံ**=အသစ်ဖြစ်သော၊ ဝါ=အသစ်ယခုပြုလုပ်ရမည်ဖြစ်သော၊ **ကမ္မမ္ပိ**=ကံကိုလည်း၊ **န ကရောတိ**= မပြုလုပ်၊ **ပုရာဏံ**=အဟောင်းဖြစ်သော၊ ဝါ=ရှေးကပြုလုပ်အပ်ခဲ့သော၊ **ကမ္မံ**=ကံကိုလည်း၊ **ဖုဿ ဖုဿ**=ဝိပါက်ဖဿသို့ ထိရောက်၍ ထိရောက်

