## PAGE 499

၍၊ ကံ၏အကျိုးကို ခံစားတွေ့ရောက်၍ တွေ့ရောက်၍ဟူလို] **ဗျန္တကရောတိ**=ကင်းသော အဆုံးအပိုင်းအခြားရှိအောင်ပြု၏။ ဝါ=ကုန်ခန်းစေ၏၊ [စာပိုဒ် ၃၆-သုတ်မှ **ဗျန္တိဟောတိ**နှင့် ရုပ်ပြီးပုံတူ၏] (**တဿ**=ထိုရဟန်းမှာ) **သန္ဒိဋ္ဌိကာ**=မိမိကိုယ်တိုင်သိမြင်နိုင်သော၊ **အကာလိကာ**=ကာလကွာဝေးမှ မိမိကိစ္စကို ပြုတတ်သည်မဟုတ်သော၊ ဝါ=ယခုချက်ချင်း, မယွင်းတိကျ မိမိကိစ္စကို ပြုတတ်သော၊ **ဧဟိပဿိကာ**=လိုက်ခဲ့စမ်းပါ, ကြည့်ရှုလှည့်စမ်းပါဟု ဖိတ်ခေါ်ပြထိုက်သော၊ **ဩပနေယျိကာ**=မိမိစိတ်မှာ, မကွာစွဲအောင်, ဆွဲကပ်ဆောင်လင့်, ဖြစ်စေသင့်သော၊ **ဝိညူဟိ**=အရိယာပညာရှိတို့သည်၊ **ပစ္စတ္တံ**=မိမိ မိမိသန္တာန်၌သာလျှင်၊ ဝါ=ကိုယ်စီကိုယ်ငအသီးအသီးသာလျှင်၊ **ဝေဒိတဗ္ဗာ**-သိမြင်ခံစားထိုက်သော၊ **နိဇ္ဇရာ**=ကိလေသာတို့ကို ဆွေးမြေ့ပျက်စီးစေတတ်သော၊ **ပဋိပဒါ**=သီလအကျင့်သည်၊ (သီလနှင့်စပ် နှစ်ရပ်စီသော အောက်မဂ်ဖိုလ်အကျင့်သည်) **ဟောတိ**=ဖြစ်၏၊ (ဣတိ မပါသင့်)

**အဘယ**=အဘယ၊ **ဧဝံ သီလသမ္ပန္နော**=ဤသို့သော ပါတိမောက္ခသံဝရသီလနှင့်ပြည့်စုံသော၊ **သ သော ဘိက္ခု**=ထိုရဟန်းသည်။ပ။ **ဗျန္တီကရောတိ**=၏၊ (**တဿ**=ထိုရဟန်းမှာ) **သန္ဒိဋ္ဌိကာ**=သော။ပ။ **ဝေဒိတဗ္ဗာ**=သော၊ **နိဇ္ဇရာ**=သော၊ **ပဋိပဒါ**=သမာဓိအကျင့်သည်၊ (သုံးရပ်သော အောက်မဂ်ဖိုလ် သမာဓိအကျင့်သည်) **ဟောတိ**=၏၊ **အဘယ**=အဘယ၊ **ဧဝံ သမာဓိသမ္ပန္နော**=ဤသို့သော ဈာန်သမာဓိနှင့် ပြည့်စုံသော၊ **သ သော ဘိက္ခု**=ထိုရဟန်းသည်။ပ။ **နိဇ္ဇရာ**=သော **ပဋိပဒါ**=အရဟတ္တဖိုလ် သမာဓိပညာအကျင့်သည်၊ **ဟောတိ**=၏၊ **အဘယ**=အဘယ၊ **ဇာနတာ**=သော၊ **ပဿတာ**=သော။ပ။ **သစ္ဆိကိရိယာယ**=ငှါ၊ **တိဿာ**=ကုန်သော၊ **နိဇ္ဇရာ**=ကုန်သော၊ **ဝိသုဒ္ဓိယော**= ကုန်သော၊ **ဣမာ (ပဋိပဒါ)**=ဤအကျင့်တို့ကို၊ **သမ္မာ**=စွာ၊ **အက္ခာတာ**=ကုန်ပြီ၊ **ဣတိ**=ဤသို့၊ (အဝေါစ-မိန့်ဆိုပြီ)

**ဧဝံ**-ဤသို့၊ **ဝုတ္တေ**=အရှင်အာနန္ဒာက မိန့်ဆိုအပ်လသော်၊ **ပဏ္ဍိတ ကုမာရကော**=သော၊ **လိစ္ဆဝိ**=လိစ္ဆဝိသည်၊ **အဘယံ**=အဘယမည်သော လိစ္ဆဝိကို၊ “**သမ္မ အဘယ**-မိတ်ဆွေ အဘယ၊ **ကိံ**=အဘယ့်ကြောင့်၊ **တွံ**=သင်သည်၊ **အာယသ္မတော အာနန္ဒ**-အရှင်အာနန္ဒ၏၊ ဝါ-သည်၊ **သုဘာသိတံ**=ကောင်းစွာဟောကြားအပ်သော တရားစကားကို၊ **သုဘာသိတတော**=ကောင်းစွာဟောကြားအပ်သော တရားစကား၏ အဖြစ်အားဖြင့်၊ **အဗ္ဘနုမောဒသိ**=ဝမ်းမမြောက်သနည်း၊ ဝါ=ဝမ်းမြောက်နုမော် သာဓုမခေါ်သနည်း၊ **ဣတိ**-ဤသို့သော၊ **ဧတံ**=ဤစကားကို၊ **အဝေါစ**=ဆိုပြီ၊ **သမ္မ ပဏ္ဍိတကုမာရက**=မိတ်ဆွေ ပဏ္ဍိတကုမာရက၊ **ကိံ**=အဘယ့်ကြောင့်၊ **အဟံ**=

## PAGE 500

ငါသည်။ပ။ **န အဗ္ဘနုမောဒိဿာမိ**-ဝမ်းမမြောက်ဘဲ နေနိုင်ပါမည်နည်း၊ **ယော**=အကြင်သူသည်၊ **အာယသ္မတော အာနန္ဒဿ**=၏၊ **သုဘာသိတံ**=ကို၊ **သုဘာသိတတော**=ဖြင့်၊ **န အဗ္ဘနုမောဒေယျ**=ဝမ်းမမြောက်ငြားအံ့၊ ဝါ=ဝမ်းမြောက်ကြောင်း ထုတ်ဖော်မပြောကြားငြားအံ့၊ **တဿ**=ထိုသူ၏၊ **မုဒ္ဓါပိ**=ဦးခေါင်းသည်သော်လည်း၊ **ဝိပတေယျ**=မြေ၌ပြတ်ကျွေ ကျလေရာ၏၊ **ဣတိ**-ဤသို့၊ (အဝေါစ=ဆိုပြီ)

စတုတ္ထ=လေးခုမြောက်သုတ်တည်း။

#### ၅-နိဝေသကသုတ်

**၇၆။** **အာနန္ဒ**=အာနန္ဒာ၊ (တုမှေ=သင်တို့သည်) **ယေ (မိတ္တေ ဝါ)**-အကြင်မိတ်ဆွေတို့ကိုလည်းကောင်း၊ **ယေ (အမစ္စာ ဝါ)**-အကြင်သူငယ်ချင်းတို့ကို လည်းကောင်း၊ **ယေ (ဉာတီ ဝါ)**=အကြင်ဆွေမျိုးတို့ကိုလည်းကောင်း၊ (အကြင်ယောက္ခမယောက်ျား, ယောက္ခမမိန်းမဘက်က ဆွေမျိုးတို့ကိုလည်းကောင်း) **ယေ (သာလောဟိတာ ဝါ)**= (ညီအစ်ကို, အစ်မ နှမစသော) အကြင်သွေးသားတော်စပ်သူတို့ကိုလည်းကောင်း၊ ဝါ=အကြင်သားချင်းတို့ကိုလည်းကောင်း၊ [**မိတ္တာ** စသော ပဌမာဝိဘတျန္တပုဒ်တို့ကို ဒုတိယာဝိဘတ္န္တပုဒ် ပြင်၍ ဤ၌ ဆောင်ယူပေးသည်] **အနုကမ္မေယျာထ**=ငဲ့ညှာထောက်ထားသနားကုန်ငြားအံ့၊ **စ**=ထို့အပြင်၊ ဝါ=ပြီးတော့၊ **ယေ မိတ္တာ ဝါ**=အကြင်မိတ်ဆွေတို့သည်လည်းကောင်း၊ **ယေ အမစ္စာ ဝါ**=တို့သည် လည်းကောင်း၊ **ယေ ဉာတီ ဝါ**=လည်းကောင်း၊ **ယေ သာလောဟိတာ ဝါ**=လည်းကောင်း၊ (**တုမှာကံ**=သင်တို့၏၊ **ဝစနံ**=စကားကို) **သောတဗ္ဗ**=နာယူထိုက်၏ဟူ၍၊ **မညေယျုံ**=ထင်မြင်မှတ်သား သဘောထား ကုန်ငြားအံ့၊ **အာနန္ဒ**=အာနန္ဒာ၊ **ဝေါ**=သင်တို့သည်၊ **တေ**=ထိုမိတ်ဆွေ, သူငယ်ချင်း, ဆွေမျိုးသားချင်းတို့ကို၊ [တနည်း- “**ဝေါ**=သင်တို့သည်၊ **တေ မိတ္တာ ဝါ**=တို့ကိုလည်းကောင်း၊ **တေ အမစ္စာ ဝါ**=လည်းကောင်း၊ **တေ ဉာတီ ဝါ**=လည်းကောင်း၊ **တေ သာလောဟိတာ ဝါ**=တို့ကိုလည်းကောင်း”ဟု သော်လည်း တပုဒ်စီတွဲစပ်၍ အနက်ဆိုနိုင်၏] **တီသု**-သုံးမျိုးကုန်သော၊ **ဌာနေသု**=အရာဌာနတို့၌၊ **သမာဒပေတဗ္ဗာ**=ကောင်းစွာနာယူစေထိုက်ကုန်၏။ **နိဝေသေတဗ္ဗာ**=စွဲမြဲသက်ဝင်စေထိုက်ကုန်၏၊ **ပတိဋ္ဌာပေတဗ္ဗာ**=တည်မြဲ စေထိုက်ကုန်၏။

**ကတမေသု တီသု**=အဘယ်သုံးမျိုးကုန်သော ဌာနတို့၌ (**သမာဒပေတဗ္ဗာ**=ထိုက်ကုန်သနည်း၊ **နိဝေသေတဗ္ဗာ**=သနည်း၊ **ပတိဋ္ဌာပေတဗ္ဗာ**=သနည်း) **ဗုဒ္ဓ**=မြတ်စွာဘုရား၌၊ **အဝေစ္စပ္ပသာဒေ**=ဂုဏ်တော်တို့ကို ဟုတ်မှန်စွာ သိ၍ ခိုင်မြဲစွာ ကြည်ညိုခြင်း၌၊ [**အဝေစ္စ**(**အဝ+ဣ+တွာ**)=သိ၍+**ပသာဒ**=ကြည်ညိုခြင်း]
## PAGE 501

**သမာဒပေတဗ္ဗာ**=ကုန်၏၊ **နိဝေသေတဗ္ဗာ**=ကုန်၏၊ **ပတိဋ္ဌာပေတဗ္ဗာ**=ကုန်၏၊

(**ကိန္တိ**=အဘယ်သို့၊ **သမာဒပေတဗ္ဗာ**=ကုန်သနည်း။ **နိဝေသေတဗ္ဗာ**=နည်း၊ **ပတိဋ္ဌာပေတဗ္ဗာ**=နည်း) **သော ဘဂဝါ**-သည်၊ **ဣတိပိ**=လည်း၊ [စာပိုဒ်.(၆၄) ဝေနာဂပုရ သုတ်ကြည့်] ။ပ။ **သော ဘဂဝါ**=သည်၊ **ဣတိပိ**=လည်း၊ **ဘဂဝါ**= **ဘဂဝန္တု** မည်တော်မူ၏၊ **ဣတိ**-ဤသို့၊ (**သမာဒပေတဗ္ဗာ**=ကုန်၏၊ **နိဝေသေတဗ္ဗာ**=၏၊ **ပတိဋ္ဌာပေတဗ္ဗာ**=၏) **ဓမ္မ**=တရားတော်၌၊ **အဝေစ္စပ္ပသာဒေ**=၌၊ **သမာဒပေတဗ္ဗာ**=ကုန်၏။ ပ။ (**ကိန္တိ**=သို့၊ **သမာဒပေတဗ္ဗာ**=သနည်း။ ပ။) **ဘဂဝတာ**=သည်။ **ဓမ္မော**=ကို၊ **သွာက္ခာတော**=၏၊ [စာပိုဒ်(၄၀) အာဓိပတေယျသုတ်ကြည့်] ။ပ။ **ဝိညူဟိ**=တို့သည်၊ **ပစ္စတ္တံ**=၌၊ **ဝေဒိတဗ္ဗော**-တည်း၊ **ဣတိ**-သို့၊ (**သမာဒပေတဗ္ဗာ**=ကုန်၏။ ပ။) **သံဃေ**=အရိယာသံဃာတော်မြတ်၌။ ပ။ [“သုပ္ပဋိပန္နော” စသည်ကို စာပိုဒ်(၇၁) ဥပေါသထသုတ်ကြည့်

**အာနန္ဒ**=အာနန္ဒာ၊ **စတုန္နံ**=လေးပါးကုန်သော၊ **မဟာဘူတာနံ**= မဟာဘုတ်တို့၏၊ ဝါ-ကြီးကြီးမားမား ထင်ရှားသော ရုပ်တို့၏၊ **အညထတ္တံ**-(ဓာတ်သဘော၏) တမျိုးတဖုံ ဖောက်ပြန်ပြောင်းလဲသည်အဖြစ်သည်၊ **ပထဝီဓာတုယာ**=ပထဝီဓာတ်၏လည်းကောင်း၊ [အကျယ်တဝင့် အနက်ကို စာပိုဒ်(၆၂) တိတ္ထာယတနသုတ်ကြည့်] **အပေါဓာတုယာ**=အာပေါဓာတ်၏လည်းကောင်း၊ **တေဇောဓာတုယာ**=တေဇောဓာတ်၏လည်းကောင်း၊ **ဝါယောဓာတုယာ**=၏ လည်းကောင်း၊ **အညထတ္တံ**-သည်၊ **သိယာ**=ဖြစ်လေရာသေး၏၊ **ဗုဒ္ဓ**= မြတ်စွာဘုရား၌၊ **အဝေစ္စပ္ပသာဒေန**=နှင့်၊ **သမန္နာဂတဿ**=ပြည့်စုံသော၊ **အရိယသာဝကဿ**=အရိယာတပည့်၏။ **အညထတ္တံ** (ကြည်ညိုမှုနှင့် လားရာဂတိ၏) တမျိုးတဖုံ ဖောက်ပြန် ပြောင်းလဲသည်၏အဖြစ်သည်၊ **နတွေဝ သိယာ**=မဖြစ်နိုင်တော့သည်သာ။

**တတြ**=ထို“နတွေဝ” စသော ငါ့စကား၌၊ **ဣဒံ**-ဤသည်ကား၊ **အညထတ္တံ**=(လားရာဂတိ၏) တမျိုးတဖုံ ဖောက်ပြန်ပြောင်းလဲသည်အဖြစ်တည်း၊ **အာနန္ဒ**=အာနန္ဒာ၊ **ဝတ**=အမှန်တကယ်ပင်း **ဗုဒ္ဓ**=၌၊ **အဝေစ္စပ္ပသာဒေန**=နှင့်၊ **သမန္နာဂတော**=ပြည့်စုံသော၊ **သော အရိယသာဝကော**=ထိုအရိယာတပည့်သည်၊ **နိရယံ ဝါ**=ငရဲသို့သော်လည်းကောင်း၊ **တိရစ္ဆာနယောနိ ဝါ**=တိရစ္ဆာန်တို့၏ဘဝ, ဘုံဌာနသို့သော်လည်းကောင်း၊ **ပေတ္တိဝိသယံ ဝါ**=ပြိတ္တာတို့၏ ဖြစ်ရာဘဝ, ဘုံဌာနသို့သော်လည်းကောင်း၊ **ယံ ဥပပဇ္ဇိဿတိ**=အကြင်လားရောက်လတ္တံ့၊ **ဣတိ**=ဤသို့သော၊ **ဧတံ ဌာနံ**=ဤလားရောက်ခြင်းဟူသော အကြောင်းသည်၊ **နဝိဇ္ဇတိ**=မရှိနိုင်ပါ။

