## PAGE 502

#### ၆-ပဌမဘဝသုတ်

**၇၇။** **ဘန္တေ**=မြတ်စွာဘုရား၊ **ဘဝေါ ဘဝေါ**တိ = ဘဝ, ဘဝဟူ၍၊ **ဝုစ္စတိ**=ခေါ်ဆိုအပ်၏၊ **ဘန္တေ**=ဘုရား၊ **ကိတ္တာဝတာ**=အဘယ်မျှလောက်အတိုင်းအရှည်ရှိသော အကြောင်းတရားဖြင့်၊ **ဘဝေါ**=ဘဝသည်၊ **ဟောတိ နု ခေါ**=ဖြစ်ပါသနည်း၊ **ဣတိ**=ဤသို့ (**အဝေါစ**-လျှောက်ပြီ) **အာနန္ဒ**=အာနန္ဒာ၊ **ကာမဓာတုဝေပတ္တံ**=ကာမဓာတ်၌ အကျိုးကိုဖြစ်စေသော၊ **ကမ္မ**=ကံစေတနာသည်၊ **နု အဘဝိဿ**=မဖြစ်လေရာငြားအံ့၊ **ကာမဘဝေါ**= ကာမဥပပတ္တိဘဝသည်၊ **ပညာယေထ နု**=ထင်ရှားပါဦးမည်လော၊ **ဣတိ**=ဤသို့ (**အဝေါစ**=မေးတော်မူပြီ)

**ဘန္တေ**=ဘုရား၊ **ဧတံ**=ဤကာမဥပပတ္တိဘဝ၏ ထင်ရှားဖြစ်ခြင်းသည်၊ **နော ဟိ**=မဖြစ်နိုင်ပါ၊ **ဣတိ**=ဤသို့၊ (**အဝေါစ**-လျှောက်ပြီ) **အာနန္ဒ**=န္ဒာ၊ **ဣတိ**=ထို့ကြောင့်၊ ဝါ-ထိုသို့ ကာမဓာတ်၌ အကျိုးကိုဖြစ်စေသော ကံမဖြစ်လျှင် ကာမဥပပတ္တိဘဝ မထင်ရှားသည်အဖြစ်ကြောင့်၊ **ကမ္မံ**=ကုသိုလ်, အကုသိုလ်ကံသည်၊ **ခေတ္တံ**=ဝိညာဏ်မျိုးစေ့၏ စည်ပင်ပေါက်ပွားရာ လယ်မြေတည်း၊ **ဝိညာဏံ**=ကံနှင့်တကွဖြစ်ဖက် အဘိသင်္ခါရဝိညာဏ်သည်၊ **ဗီဇံ**=စည်ပင်ပေါက်ပွားသော မျိုးစေ့တည်း၊ [**အဘိသင်္ခါရ**=ဘဝအသစ်ဖြစ်အောင် စီမံပြုလုပ်တတ်သော+**ဝိညာဏ**=စိတ်ဝိညာဏ်] **တဏှာ**=တပ်မက်တွယ်တာသော တဏှာသည်၊ **သ္နေဟော**=ရေအစိုအစေးမည်၏၊ **အဝိဇ္ဇာနီဝရဏာနံ**=အဝိဇ္ဇာသည် တားဆီးအပ်ကုန်သော၊ ဝါ-အဝိဇ္ဇာဟူသောအဆီးအတားရှိကုန်သော၊ **တဏှာသံယောဇနာနံ**=တဏှာသည် ဖွဲ့တုပ် ချည်နှောင်အပ်ကုန်သော၊ ဝါ-တဏှာဟူသောနှောင်ကြိုးရှိကုန်သော၊ **သတ္တာနံ**=သတ္တဝါတို့၏၊ **ဝိညာဏံ**=အဘိသင်္ခါရဝိညာဏ်သည်၊ **ဟီနာယ**=ယုတ်နိမ့်သော၊ **ဓာတုယာ**=ကာမဘဝ၌၊ **ပတိဋ္ဌိတံ**=တည်၏၊ **ဧဝံ** ဤသို့ တည်လတ်သော်၊ **အာယတိံ**=နောင်အခါ၌၊ **ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ**=နောက်ထပ်ဘဝသစ် ဖြစ်ခြင်းသည်၊ **ဟောတိ**=၏၊

**အာနန္ဒ**=ာ၊ **ရူပဓာတုဝေပုက္ကံ**=ရူပဓာတ်၌ အကျိုးကိုဖြစ်စေသော၊ **ကမ္မံ**=ရူပကုသိုလ်ကံစေတနာသည်။ ပ။ **ရူပဘဝေါ**=ရူပဥပပတ္တိဘဝသည်၊ **ပညာယေထ နု**=လော၊ **ဣတိ** (**အဝေါစ**) **ဘန္တေ**=ဘုရား၊ **ဧတံ** ဤရူပဥပပတ္တိဘဝ၏ထင်ရှားဖြစ်ခြင်းသည်၊ **နော ဟိ**=မဖြစ်နိုင်ပါ၊ **ဣတိ** (**အဝေါစ**) **အာနန္ဒ**-န္ဒာ၊ **ဣတိ**=ထို့ကြောင့်၊ ဝါ-ထိုသို့ရူပဓာတ်၌ အကျိုးကိုဖြစ်စေတတ်သော ကံမရှိလျှင် ရူပဥပပတ္တိဘဝ မထင်ရှားသည်အဖြစ်ကြောင့်၊ **ကမ္မ**=ရူပကုသိုလ်ကံသည်၊ **ခေတ္တံ**=တည်း။ ပ။ **မဇ္ဈိမာယ** =အလယ်အလတ်ဖြစ်သော၊ **ဓာတုယာ**=ရူပဘဝ၌။ ပ။ **အရူပဓာတုဝေပတ္တံ**=အရူပဓာတ်၌ အကျိုးကိုဖြစ်စေတတ်သော၊

## PAGE 503

**ကမ္မံ**=အရူပကုသိုလ်ကံစေတနာသည်။ ပ။ **အရူပဘဝေါ**=အရူပဥပပတ္တိဘဝသည်။ ပ။ **ကမ္မံ**=အရူပကုသိုလ်ကံသည်။ **ခေတ္တံ**-တည်း။ ပ။ **ပဏီတာယ**=မြတ်သော၊ **ဓာတုယာ**=အရူပဘဝ၌။ ပ။ **ပတိဋ္ဌိတံ**=တည်၏၊ **ဧဝံ**=ဤသို့ တည်လတ်သော်၊ **အာယတိံ**။ ပ။ **အာနန္ဒ**=န္ဒာ၊ **ဧဝံ**=ဤအဝိဇ္ဇာ, တဏှာ, ကံ, ဝိညာဏ်ဟူသော တရားအပေါင်းဖြင့်၊ **ဘဝေါ**=ဘဝသည်၊ **ဟောတိ**=ဖြစ်၏၊ **ဣတိ**-ဤသို့၊ (**အဝေါစ**=မိန့်တော်မူပြီ)

#### ၇-ဒုတိယဘဝသုတ်

**၇၈။** **စေတနာ**=ကံဟူသော စေတနာသည်၊ **ပတိဋ္ဌိတာ**=တည်၏၊ **ပတ္ထနာ**=ကံဟူသော တောင့်တတတ်သောတရားသည်၊ **ပတိဋ္ဌိတာ**=တည်၏၊ **ဧဝံ**=ဤသို့ တည်လတ်သော်။ ပ။

#### ၈-သီလဗ္ဗတသုတ်

**၇၉။** **အာနန္ဒ**=အာနန္ဒာ၊ **သဗ္ဗေ**=အားလုံးစုံသော၊ **ဇီဝိတံ**=အသက်ကို မငဲ့ကွက်ဘဲ ခက်ခဲဆင်းရဲစွာ ကျင့်ကြံအားထုတ်ခြင်းတည်းဟူသော၊ **သီလဗ္ဗတံ**=အလေ့အကျင့်သည်လည်းကောင်း၊ [**ဇီဝိတ**ပုဒ်၏ “အသက်” ဟူသော အနက်ထက် ပိုလွန်၍ ဌာနပစာရ, ကာရဏူပစာရအားဖြင့် ဆွဲယူပြန်ဆိုရသော အနက်တည်း] **ဗြဟ္မစရိယံ**=မြတ်သောအကျင့်ကို ကျင့်ခြင်းသည်လည်းကောင်း၊ **ဥပဋ္ဌာနသာရံ**=စိတ်အထင်အားဖြင့် ကောင်းမြတ်သော တရားသည် လည်းကောင်း၊ ဝါ-ကောင်းမြတ်၏ဟု စိတ်၌ထင်ပေါ်လာသော တရားသည်လည်းကောင်း၊ **သဖလံ**=အကျိုးရှိသည်၊ ဝါ-တိုးတက်ကြီးပွား အကျိုးများသည်၊ **ဟောတိ နု ခေါ**=ဖြစ်ပါသလော၊ **ဣတိ**=ဤသို့၊ (**အဝေါစ**=မိန့်တော်မူပြီ)

**ဘန္တေ**=အရှင်ဘုရား၊ **ဧတ္ထ**=ဤအမေးပုစ္ဆာ ပြဿနာ၌၊ **ဧကံသေန**=တခုသော အဖို့အားဖြင့်၊ ဝါ-တဖက်သတ်အားဖြင့်၊ **န ခေါ** (ဗျာကာတဗ္ဗံ)=မဖြေဆိုသင့်ပါ၊ **ဣတိ**-ဤသို့၊ (**အဝေါစ**=လျှောက်ပြီ) **အာနန္ဒ**=န္ဒာ၊ **တေန** ဟိ=ထိုသို့ တဖက်သတ် မဖြေဆိုသင့်လျှင်၊ **ဝိဘဇဿု**=ခွဲခြားဝေဖန်ဖြေဆိုပါလော၊ **ဣတိ**=ဤသို့၊ (**အဝေါစ**=မိန့်တော်မူပြီ)

**ဘန္တေ**=အရှင်ဘုရား၊ **ဇီဝိတံ**=သော၊ **ယံ သီလဗ္ဗတံ**=အကြင်အလေ့ အကျင့်ကို လည်းကောင်း၊ **ယံ ဗြဟ္မစရိယံ**=အကြင် မြတ်သော အကျင့်ကို ကျင့်ခြင်းကိုလည်းကောင်း၊ **ယံ ဥပဌာနသာရံ**=ကိုလည်းကောင်း၊ **သေဝတော**=မှီဝဲသော၊ **အဿ**=ထိုပုဂ္ဂိုလ်မှာ၊ **အကုသလာ**=အကုသိုလ် ဖြစ်ကုန်သော၊ **ဓမ္မာ**=တရားတို့သည်၊ **အဘိဝဍ္ဎန္တိ**=တိုးပွားကုန်အံ့၊ **ကုသလာ**=ကုသိုလ် ဖြစ်ကုန်သော၊ **ဓမ္မာ**=တရားတို့သည်၊ **ပရိဟာယန္တိ**=ဆုတ်ယုတ်ကုန်အံ့၊ **ဧဝရူပံ**=ဤသို့သဘောရှိသော၊ **ဇီဝိတံ**=သော၊ **သီလဗ္ဗတံ**=သည်လည်းကောင်း၊
## PAGE 504

**ဗြဟ္မစရိယံ** = သည်လည်းကောင်း၊ **ဥပဋ္ဌာနသာရံ** - သည်လည်းကောင်း၊ **အဖလံ**၊ ကောင်းသောအကျိုးမရှိပါ၊ **ဘန္တေ** = အရှင်ဘုရား၊ **စ** = ထိုသို့မဟုတ်မူ၍၊ **ဇီဝိတံ** = သော၊ **ယံ သီလဗ္ဗတံ** = ကိုလည်းကောင်း၊ **ယံ ဗြဟ္မစရိယံ** = ကိုလည်းကောင်း၊ **ယံ ဥပဋ္ဌာနသာရံ** = အကြင် စိတ်အထင်အားဖြင့် ကောင်းမြတ်သော တရားကိုလည်းကောင်း၊ **ဝါ** = ကိုလည်းကောင်း၊ **သေဝတော** = သော၊ **အဿ** = ထိုပုဂ္ဂိုလ်မှာ ။ပ။ **သဖလံ** = ကောင်းသောအကျိုးရှိပါ၏၊ **ဣတိ** - ဤသို့၊ (အဝေါစ = လျှောက်ပြီ)

**အာယသ္မာ အာနန္ဒော** = အရှင်အာနန္ဒာသည်၊ **ဣဒံ** = ဤစကားကို၊ **အဝေါစ** = လျှောက်ထားပြီ၊ **သတ္ထာ** = မြတ်စွာဘုရားသည်၊ **သမနညော** = ကောင်းစွာခွင့်ပြုတော်မူခြင်းရှိသည်၊ **ဝါ** - သဘောတူတော်မူသည်၊ **အဟောသိ** = ဖြစ်ပြီ၊ [အနုဇာနနံ အနညာ၊ သမ္မာ အနညာ ယဿာတိ သမညော]။ပ။

**မေ** = ငါ့အား၊ **သတ္တာ** - သည်၊ **သမနညော** = မူ၏၊ **ဣတိ** = ဤသို့စဉ်းစား၍၊ **အာသနာ** = ထိုင်နေရာမှ၊ **ဥဋ္ဌာယ** = ထ၍၊ **ဘဂဝန္တံ** = မြတ်စွာဘုရားကို၊ **အဘိဝါဒေတွာ** = အလွန်ရိုသေစွာ ရှိခိုးပြီး၍၊ **ပဒက္ခိဏံ** = အရိုအသေကို၊ **ကတွာ** = ပြု၍၊ **ပက္ကာမိ** = ဖဲသွားပြီ၊ **အထ ခေါ** = ထိုအခါ၌၊ **ဘဂဝါ** = မြတ်စွာဘုရားသည်၊ **အာယသ္မန္တေ အာနန္ဒေ** = အရှင်အာနန္ဒာသည်၊ **အစိရပက္ကန္တေ** = ဖဲခွာသွား၍ မကြာမြင့်မီ၊ “**ဘိက္ခဝေ** = ရဟန်းတို့၊ **အာနန္ဒော** = အာနန္ဒာသည်၊ **သေခေါ** = သေက္ခပုဂ္ဂိုလ်မျှသာတည်း၊ **ဝါ** = သိက္ခာသုံးပါးကို ဖြည့်ကျင့်ဆဲ ပုဂ္ဂိုလ်မျှသာတည်း၊ **ပန** = သို့သော်လည်း၊ **အဿ** = ထိုအာနန္ဒာ၏၊ **ပညာယ** = ပညာအားဖြင့်၊ **သမသမော** = ထပ်တူညီမျှပုဂ္ဂိုလ်သည်၊ **န စ သုလဘရူပေါ** = လွယ်ကူစွာ ရနိုင်ခြင်းသဘော မရှိပါ၊ [ရဘို့မလွယ်ပါဟူလို] **ဣတိ** (အဝေါစ-မိန့်)။

#### ၉-ဂန္ဓဇာတသုတ်

**၈၀။** **ဘန္တေ** = မြတ်စွာဘုရား၊ **ယေသံ (ဂန္ဓဇာတာနံ)** = အကြင်နံ့သာမျိုးတို့၏၊ **ဝါ** = အကြင်မွှေးကြိုင်သော အနံ့ရှိသော အရာဝတ္ထုတို့၏၊ **ဂန္ဓော** = အနံ့သည်၊ **အနုဝါတံယေဝ** = လေစုန်သို့သာလျှင်၊ **ဝါ** = လေအောက်သို့သာလျှင်၊ **ဂစ္ဆတိ** = သွား၏၊ **ပဋိဝါတံ** = လေညာသို့၊ **နော (ဂစ္ဆတိ)** = မသွား၊ **(တာနိ) ဂန္ဓဇာတာနိ** = ထိုနံ့သာမျိုးတို့သည်၊ **ဝါ** = ထိုမွှေးကြိုင်သော အနံ့ရှိသော အရာဝတ္ထုတို့သည်၊ **ဣမာနိ တီဏိ** = ဤသုံးမျိုးတို့တည်း၊ **တီဏိ** = သုံးမျိုးတို့ဟူသည်၊ **ကတမာနိ** = အဘယ်တို့နည်းဟူမူ၊ **မူလဂန္ဓော** = အမြစ်၏အနံ့လည်းကောင်း၊ **ဝါ** = အမြစ်၌ရှိသော အနံ့လည်းကောင်း၊ **ဝါ** = အနံ့နှင့်ပြည့်စုံသော အမြစ်လည်းကောင်း၊ **သာရဂန္ဓော** = အနှစ်၏ အနံ့လည်းကောင်း၊ **ဝါ** = အနံ့နှင့် ပြည့်စုံသော အနှစ်လည်းကောင်း၊ **ပုပ္ဖဂန္ဓော** = အပွင့်၏ အနံ့လည်းကောင်း၊ **ဝါ** = အနံ့နှင့်ပြည့်စုံသော အပွင့်လည်းကောင်းတည်း။

