## PAGE 505

**ဘန္တေ** = အရှင်ဘုရား၊ **ယေသံ (ဂန္ဓဇာတာနံ)** = တို့၏၊ **ဂန္ဓော** = သည်၊ **အနုဝါတံယေဝ** = လျှင်၊ **ဂစ္ဆတိ** = သွား၏၊ **ပဋိဝါတံ** = သို့၊ **နော (ဂစ္ဆတိ)** = မသွား၊ **တာနိ ဂန္ဓဇာတာနိ** = တို့သည်၊ **ဣမာနိ တီဏိ** = တည်း၊ **ဘန္တေ** = အရှင်ဘုရား၊ **ယဿ (ဂန္ဓဇာတဿ)** = ၏၊ **ဂန္ဓော** = သည်၊ **အနုဝါတမ္ပိ** = သို့လည်း၊ **ဂစ္ဆတိ** = ၏၊ **ဂန္ဓော** - သည်၊ **ပဋိဝါတမ္ပိ** = လည်း၊ **ဂစ္ဆတိ** = ၏၊ **ဂန္ဓော** = သည်၊ **အနုဝါတပဋိဝါတမ္ပိ** = လေအောက်, လေညာ နှစ်နေရာသို့လည်း၊ **ဂစ္ဆတိ** = ၏၊ **ကိဉ္စိ** = တစုံတခုသော၊ **တံ ဂန္ဓဇာတံ** = ထိုနံ့သာမျိုးသည်၊ (ထိုလေအောက်, လေညာ နှစ်နေရာလုံးသို့ သွားသော နံ့သာမျိုးသည်) **အတ္ထိ နောခေါ** = ရှိပါသလော၊ **ဣတိ** = ဤသို့၊ (အဝေါစ-မေးလျှောက်ပြီ)

**အာနန္ဒ** = အာနန္ဒာ၊ **ယဿ (ဂန္ဓဇာတဿ)** = ၏၊ **ဂန္ဓော** - သည်၊ **အနုဝါတမ္ပိ** = သို့လည်း၊ **ဂစ္ဆတိ** = ၏။ပ။ **အနုဝါတပဋိဝါတမ္ပိ** = လည်း၊ **ဂစ္ဆတိ** = ၏၊ **ကိဉ္စိ** = သော၊ **တံ ဂန္ဓဇာတံ** = သည်၊ **အတ္ထိ** = ရှိပါ၏၊ **ဣတိ** = သို့ (အဝေါစ = မိန့်ပြ)

**ဘန္တေ** = အရှင်ဘုရား၊ **ယဿ (ဂန္ဓဇာတဿ)** = ၏၊ **ဂန္ဓော** - သည်၊ **အနုဝါတမ္ပိ** ။ပ။ **တံ ဂန္ဓဇာတံ** = သည်၊ **ကတမဉ္စ ပန** = အဘယ်ပါနည်း၊၊ ဣတိ (အဝေါစ)

**အာနန္ဒ** = အာနန္ဒာ၊ **ဣဓ** = ဤလောက၌၊ **ယသ္မိံ ဂါမေ ဝါ** = အကြင်ရွာ၌လည်းကောင်း၊ **ယသ္မိံ နိဂမေ ဝါ** = အကြင်နိဂုံး၌လည်းကောင်း၊ **ဣတ္ထီ ဝါ** = မိန်းမသည်လည်းကောင်း၊ **ပုရိသော ဝါ** = ယောက်ျားသည်လည်းကောင်း၊ **ဗုဒ္ဓံ** = မြတ်စွာဘုရားကို၊ **သရဏံ** = ကိုးကွယ်အားထားရာဟူ၍၊ **ဂတော** = ဆည်းကပ်သည်၊ **ဝါ** = သဘောပေါက်သိမြင်သည်၊ **ဟောတိ** = ဖြစ်၏၊ **ဓမ္မံ** = တရားတော်ကို။ **သံဃံ** = အရိယာသံဃာတော်ကို။ပ။ **ပါဏာတိပါတာ** = ခြင်းမှ၊ [ဥပေါသထသုတ်ကြည့်] **ပဋိဝိရတော** = ရှောင်ကြဉ်သည်၊ **ဟောတိ** = ၏။ပ။ **ကာမေသု မိစ္ဆာစာရာ** = ကာမဂုဏ်မေထုန်အကျင့်တို့၌ ယုတ်မာစွာကျင့်ခြင်းမှ။ပ။ **သီလဝါ** = သီလရှိသည်၊ **ကလျာဏဓမ္မော** = ကောင်းသောအကျင့်တရားရှိသည်၊ **ဟောတိ** = ၏၊ [ထို့နောက်စာပိုဒ် (၄၂) တိဌာနသုတ်ကြည့်]။ပ။ **ဒိသာသု** = အရပ်မျက်နှာတို့၌၊ **သမဏဗြာဟ္မဏာ** = ရဟန်း, သူတော်ကောင်း တို့သည်၊ **တဿ** = ထိုယောက်ျားမိန်းမ၏၊ **ဝဏ္ဏံ** = ဂုဏ်ကို၊ **ဘာသန္တိ** = ချီးမွမ်းပြောဆိုကြကုန်၏။ (ကိန္တိ = အဘယ်သို့၊ ဘာသန္တိ = ချီးမွမ်းပြောဆိုကြကုန်သနည်းဟူမူ) **အမူကသ္မိံ နာမ** = ထိုမည်သော၊ **ဂါမေ ဝါ** = ရွာ၌လည်းကောင်း၊ **နိဂမေ ဝါ** = နိဂုံး၌လည်းကောင်း။ပ။ **ဒါနသံဝိဘာဂရတော** = ၏၊ **ဣတိ** (ဘာသန္တိ = ကုန်၏)

**ဒေဝတာပိ** = နတ်တို့သည်လည်း၊ **အဿ** = ထိုယောက်ျားမိန်းမ၏။ပ။ **အာနန္ဒ** = အာနန္ဒာ၊ **ယဿ (ဂန္ဓဇာတဿ)** = ၏၊ **ဂန္ဓော** = သည်၊ **အနုဝါတမ္ပိ** = လည်း၊ **ဂစ္ဆတိ** - သွား၏၊ (ဂုဏ်ကိုချီးကျူးခြင်း၏အစွမ်းဖြင့်သွား၏)။ပ။ **အနုဝါတပဋိဝါတမ္ပိ** = လည်း၊

## PAGE 506

**ဂစ္ဆတိ** = ၏၊ **တံ ဂန္ဓဇာတံ** = ထိုနံ့သာမျိုးသည်၊ (ထိုလေအောက်လေညာ နှစ်နေရာလုံးသို့သွားသော နံ့သာမျိုးသည်) **ဣဒံ ခေါ** = ဤသရဏဂုံ, သီလ, ဒါနပင်တည်း၊ **ဣတိ** (အဝေါစ = မိန့်)

**န ပုပ္ဖဂန္ဓော** = ပန်းအနံ့သည်၊ **ပဋိဝါတံ** = လေညာသို့၊ **ဝေတိ** = မသွား၊ **န စန္ဒနံ ဝါ** = စန္ဒကူးအနံ့သည်လည်းကောင်း၊ **တဂရမလ္လိကာ ဝါ** = တောင်ဇလပ်ပန်း, စပယ်ပန်းတို့၏ အနံ့သည်လည်းကောင်း၊ (**ပဋိဝါတံ** = သို့၊ **န ဝေတိ** = မသွား) **သတဉ္စ** = (ဘုရား, ပစ္စေကဗုဒ္ဓါ အစရှိသော) သူတော်ကောင်းတို့၏၊ **ဂန္ဓော** = သီလစသော ဂုဏ်ရနံ့သည်ကား၊ **ပဋိဝါတံ** = သို့၊ **ဧတိ** = သွား၏၊ **သပ္ပုရိသော** = သူတော်ကောင်းသည်၊ **သဗ္ဗာ** = အားလုံးစုံကုန်သော၊ **ဒိသာ** = အရပ်မျက်နှာတို့သို့၊ **ပဝါယတိ** = သီလစသောဂုဏ်ရနံ့ဖြင့် ပျံ့နှံ့ကြိုင်လှိုင်၏၊ **ဣတိ** = သို့၊ (အဝေါစ = မိန့်) **နာမံ**။

#### ၁၀-စူဠနိကာသုတ်

**၈၁။** **ဘန္တေ** = အရှင်ဘုရား၊ **မေ** = တပည့်တော်သည်၊ **ဧတံ** = ဤစကားတော်ကို၊ **ဘဂဝတော** = မြတ်စွာဘုရား၏၊ **သမ္မုခါ** … အထံတော်မှောက်၌၊ **သုတံ** ကြားနာအပ်ဖူးပါပြီ၊ **သမ္မုခါ** ၌၊ **ပဋိဂ္ဂဟိတံ** = နာယူအပ်ဖူးပါပြီ၊ (ကိန္တိ = သို့၊ သုတံ = နည်းဟူမူ၊ ပဋိဂ္ဂဟိတံ = နည်းဟူမူ)

**အာနန္ဒ** = အာနန္ဒာ၊ **သိခိဿ** = သိခိမည်တော်မူသော၊ **ဘဂဝတော** = မြတ်စွာဘုရား၏၊ **အဘိဘူ နာမ** = အဘိဘူမည်သော၊ **သာဝကော** = တပည့်ရဟန်းသည်၊ **ဗြဟ္မလောကေ** = ဗြဟ္မာ့ပြည်၌၊ **ဌိတော** = တည်နေလျက်၊ **သဟဿီလောကဓာတုံ** = တထောင်သော စကြဝဠာကို၊ **သရေန** = အသံဖြင့်၊ **ဝိညာပေသိ** = ကြားသိစေဖူးပြီ၊ **ဣတိ** = ဤသို့၊ (သုတံ = ပြီ၊ ပဋိဂ္ဂဟိတံ = ပြီ)

**ဘန္တေ** = အရှင်ဘုရား၊ **အရဟံ** = ပူဇော်အထူးကို ခံယူတော်မူထိုက်သော၊ **သမ္မာသမ္ဗုဒ္ဓေါ** = အမှားမပါ, မှန်စွာပိုင်နိုင်, ကိုယ်တိုင်စထွင်, ကုန်စင်ခပင်း, ကျန်ကြွင်းမရှိ, သိမြင်တော်မူသော၊ **ဘဂဝါ ပန** = မြတ်စွာဘုရားသည်ကား၊ **ကီဝတကံ** = အဘယ်မျှလောက်သော လောကဓာတ်တိုင်အောင်၊ **သရေန** = ဖြင့်၊ **ဝိညာပေတုံ** = ကြားသိစေခြင်းငှa၊ **ပဟောတိ** = စွမ်းနိုင်တော်မူပါသနည်း၊ **ဣတိ** (အဝေါစ)

**အာနန္ဒ** = အာနန္ဒာ၊ **သော** = ထိုအဘိဘူမည်သော ရဟန်းသည်၊ **သာဝကော** = မြတ်စွာဘုရား၏ တပည့်မျှသာတည်း၊ **တထာဂတာ** = မြတ်စွာဘုရားတို့သည်ကား၊ **အပ္ပမေယျာ** = (ကြားသိစေခြင်းငှာ) မရေတွက် မမှန်းဆနိုင်သော စွမ်းအားရှိတော်မူကြကုန်၏၊ **ဣတိ** (အဝေါစ) **ဒုတိယမ္ပိ** = နှစ်ကြိမ်မြောက်လည်း ။ပ။ **တတိယမ္ပိ** = သုံးကြိမ်မြောက်လည်း ။ပ။

**အာနန္ဒ** = အာနန္ဒာ၊ **တေ** = သင်သည်၊ **သဟဿိ** = တထောင်အုပ်စုဖြစ်သော၊ **စူဠနိကာ** = ကျဉ်းမြောင်းသေးသွယ် အငယ်စားမည်သော၊ **လောကဓာတု** =
## PAGE 507

စကြဝဠာကို၊ **သုတာ** = ကြားအပ်ဖူးပါ၏၊ **ဣတိ(အဝေါစ)** **ဘဂဝါ** = မြတ်စွာဘုရားသည်၊ [ယံ ဘဂဝါသို့ သွားသည်] **ယံ ဘာသေယျ** = အကြင်ဟောတော်မူလိုငြားအံ့၊ **ဘဂဝါ** = ဘုန်းတော်ကြီးမား, ရှင်တော်မြတ်ဘုရား၊ **ဧတဿ** = ထိုဟောတော်မူခြင်း၏၊ **ကာလော** = အချိန်အခါပါတည်း၊ **သုဂတ** = ကောင်းသော စကားကိုဆိုတော်မူသော မြတ်စွာဘုရား၊ **ဧတ** = ထိုဟောတော်မူခြင်း၏၊ **ကာလော** = တည်း၊ **ဘဂဝတော** = မြတ်စွာဘုရား၏၊ (**ဓမ္မံ** = တရားတော်ကို) **သုတွာ** = ကြားနာကြ၍၊ **ဘိက္ခု** = ရဟန်းတို့သည်၊ **ဓာရေဿန္တိ** = နှုတ်တက်ဆောင်ထားမှတ်သားကြပါကုန်လတ္တံ့။ **ဣတိ(အဝေါစ)** **အာနန္ဒ** = န္ဒာ၊ ထိုသို့အသင်တောင်းပန်ခြင်းကြောင့်၊ [တနည်း - **တေန ဟိ** = ငါတိုက်တွန်း၏၊] (**တွံ** = သင်သည်) **သာဓုကံ** = ကောင်းစွာ၊ **သုဏာဟိ** = နာယူလော့၊ **မနသိ** = စိတ်နှလုံး၌၊ **ကရောဟိ** = သွင်းပိုက်ထားလော့၊ (**အဟံ** = ငါသည်) **ဘာသိဿာမိ** - ဟောတော်မူအံ့။ **ဣတိ** - ဤသို့၊ (**အဝေါစ** = မိန့်တော်မူပြီ)။ ပ။

**ဟိ**
**တေန ဟိ** = **အာနန္ဒ** = အာနန္ဒာ၊ **ယာဝတာ** = အကြင်မျှလောက်သော လောကဓာတ်အရပ် တစ်ခုလုံးတိုင်အောင်၊ **စန္ဒိမသူရိယာ** = လနေတို့သည်၊ **ပရိဟရန္တိ** = (မြင့်မိုရ်တောင်ကို) လက်ျာရစ်လှည့်ပတ်သွားလာကြကုန်၏၊ **ဝိရောစနာ** = မိမိတို့အရောင်ဖြင့် တောက်ပတင့်တယ်ကုန်သည်။ (**ဟုတွာ** = ဖြစ်ကြကုန်၍ **ဒိသာ** = အရပ်မျက်နှာအားလုံးတို့ကို၊ **ဘန္တိ** = ထိန်ထိန်လင်းစေကုန်၏။” **တာဝ** = ထိုလနေတို့ ထွန်းတောက်လှည့်လည်အပ်သော လောကဓာတ် အရေအတွက်အားဖြင့်၊ **သဟဿဓာ** = တစ်ထောင်အရေအတွက်များပြားသော၊ **ယော လောကော** = အကြင်လောကဓာတ်စကြဝဠာသည်၊ **ဟောတိ** = ဖြစ်၏၊ **သဟဿဓာ** = တစ်ထောင်အရေအတွက်များပြားသော၊ **တသ္မိံ** လောကေ = ထို

၁။ **ဒိသာ ဘန္တိ ဝိရောစနာ**။ ။**ဘန္တိ**၌ ကာရိတ်ပစ္စည်း အကျေကြံပါ။ (တစ်နည်း) “**ဝိရောစနာ** = ထိုလနေတို့ဖြင့် တောက်ပတင့်တယ်နေ့ကုန်သော၊ **ဒိသာ** = အရပ်မျက်နှာတို့သည်၊ **ဘန္တိ** = အရောင်ဖြင့် ထိန်ထိန်လင်းနေကုန်၏" ဟု အနက်ဆိုပါ၊ ဤနည်း၌ကား ကာရိတ်ပစ္စည်း အကျေကြံဖွယ်မလို၊ သုဒ္ဓကတ္တုရုပ်သာတည်း။ စာပိုဒ် (၇၁) ဥပေါသထသုတ် တတိယဂါထာမှ “**ပဘာသန္တိ**” လည်းကြည့်။

ဤတစ်နည်း၌ မူလပဏ္ဏာသ (ဒု၊ ၃၀၄) အဖွင့်အတိုင်း အနက်ပေးသည်၊ ထို၌ **ဒိသာ**ပုဒ်မှ ပဌမာဝိဘတ်ကို သတ္တမီအနက်လည်း ဖွင့်သေး၏၊ ဤအဖွင့်များနှင့် အနည်းငယ်မျှ ထူးခြားသော သာရတ္ထဋီကာ (ပ-၂၄၂) ဝိမတိဋီကာ (ပ-၅၂) အဖွင့်များလည်း ရှိသေး၏။

