## PAGE 508

လောကဓာတ် စကြဝဠာ၌၊ **စန္ဒာနံ** = လတို့၏၊ **သဟဿံ** = တစ်ထောင်သည်လည်းကောင်း၊ **သူရိယာနံ** = နေတို့၏၊ **သဟဿံ** = တစ်ထောင်သည်လည်းကောင်း၊ **သိနေရုပဗ္ဗတရာဇာနံ** = မြင့်မိုရ်တောင်မင်းတို့၏၊ **သဟဿံ** - လည်းကောင်း၊ **ဇမ္ဗူဒီပါနံ** = သပြေကျွန်းတို့၏၊ **သဟဿံ** - လည်းကောင်း။ **အပရဂေါယာနာနံ** = အနောက်ကျွန်းတို့၏၊ **သဟဿံ** - လည်းကောင်း၊ **ဥတ္တရကုရူနံ** = မြောက်ကျွန်းတို့၏၊ **သဟဿံ** - လည်းကောင်း၊ **ပုဗ္ဗဝိဒေဟာနံ** = အရှေ့ကျွန်းတို့၏၊ **သဟဿံ** - လည်းကောင်း၊ **စတ္တာရိ မဟာသမုဒ္ဒသဟဿာနိ** = သမုဒ္ဒရာကြီး လေးထောင်တို့သည်လည်းကောင်း၊ **စတ္တာရိ မဟာရာဇသဟဿာနိ** = နတ်မင်းကြီးလေးထောင်တို့သည်လည်းကောင်း၊ **စာတုမဟာရာဇိကာနံ** = စာတုမဟာရာဇ်နတ်ပြည်တို့၏၊ **သဟဿံ** = တစ်ထောင်သည် လည်းကောင်း၊ **တာဝတိံသာနံ** = တာဝတိံသာနတ်ပြည်တို့၏၊ **သဟဿံ** - လည်းကောင်း၊ **ယာမာနံ** = ယာမာနတ်ပြည်တို့၏ ပ။ **တုသိတာနံ** = တုသိတာ နတ်ပြည်တို့၏။

**နိမ္မာနရတီနံ** = နိမ္မာနရတိ နတ်ပြည်တို့၏။ ပ။ **ပရနိမ္မိတ ဝသဝတ္တီနံ** = ပရနိမ္မိတ ဝသဝတ္တီနတ်ပြည်တို့၏။ ပ။ **ဗြဟ္မလောကာနံ** = ဗြဟ္မပြည် တို့၏၊ **သဟဿံ** = တစ်ထောင်သည်လည်းကောင်း၊ (**ဟောန္တိ** = ရှိကုန်၏) အာနန္ဒာ၊ **အယံ** = (လနေစသည် … တစ်ထောင်စီ စသည်ရှိသော) . ဤတစ်ထောင်သော လောကဓာတ်ကို၊ **သဟဿီ** = တစ်ထောင်အုပ်စု ဖြစ်သော၊ **စူဠနိကာ** = ကျဉ်းမြောင်းသေးသွယ် အငယ်စားမည်သော၊ **လောကဓာတု** = စကြဝဠာဟူ၍၊ **ဝုစ္စတိ** = ဆိုအပ်၏။

အာနန္ဒာ၊
= **အာနန္ဒ** = န္ဒာ၊ **သဟဿီ** = သော၊ **စူဠနိကာ** = သော၊ **လောကဓာတု** = စကြဝဠာသည်၊ **ယာဝတာ** = အကြင်မျှလောက် အရေအတွက်ရှိ၏၊ (စကြဝဠာပေါင်းတစ်ထောင် အရေအတွက်ရှိ၏) **တာဝ** = ထို**သဟဿီ စူဠနိကာ** စကြဝဠာ အရေအတွက်ရှိသလောက်၊ **သဟဿဓာ** = တစ်ထောင်မြှောက်ပွားခွဲဝေသောအားဖြင့်၊ **ယော လောကော** = အကြင်တစ်သန်းသော စကြဝဠာလောကဓာတ်သည်၊ (**ဟောတိ** = ဖြစ်၏) အာနန္ဒာ၊ **အယံ** - ဤတစ်သန်းသော စကြဝဠာလောကဓာတ်ကို [**စူဠနိကာ** မည်သော စကြဝဠာလောကဓာတ်အုပ်စုတစ်ခု၌ စကြဝဠာအရေအတွက် တစ်ထောင်ရှိရကား ထိုတစ်ထောင်ကို နောက်ထပ် စကြဝဠာတစ်ထောင်ဖြင့် မြှောက်လျှင် စကြဝဠာပေါင်း တစ်သန်းဖြစ်၏၊ ထိုတစ်သန်းသော စကြဝဠာလောကဓာတ်တည်း] **ဒွိသဟဿီ** = ၁။ **ဒွိသဟဿီ မဇ္ဈိမိကာ လောကဓာတု**။ ။**သဟဿီ စူဠနိကာ**မည်သော စကြဝဠာလောကဓာတ် အုပ်စုတစ်ခု၌ စကြဝဠာပေါင်း တစ်ထောင်ရှိကြောင်းကို ဟောတော်မူခဲ့ပြီ၊ ထို**သဟဿီ စူဠနိကာ**၏ **သဟဿ** (စကြဝဠာတစ်ထောင်) ကို ဒုတိယဖြစ်သော **သဟဿ** (စကြဝဠာတစ်ထောင်) ဖြင့် မြှောက်လျှင်

## PAGE 509

**ဒွိသဟဿီ** မည်သော၊ ဝါ = ထောင်ကိုထောင်ဖြင့်, မြှောက်လျှင် ကိန်းခန်း, တစ်သန်း အရေအတွက်ရှိသော၊ **မဇ္ဈိမိကာ** = အလတ်စားမည်သော၊ **လောကဓာတု** = စကြဝဠာဟူ၍၊ **ဝုစ္စတိ** = ၏။

**အာနန္ဒ** = န္ဒာ၊ **ဒွိသဟဿီ** = မည်သော၊ **မဇ္ဈိမိကာ** = သော၊ **လောကဓာတု** = စကြဝဠာသည်၊ **ယာဝတာ** = အကြင်မျှလောက် အရေအတွက်ရှိ၏၊ (စကြဝဠာ တစ်သန်း အရေအတွက်ရှိ၏) **တာဝ** = ထို**ဒွိသဟဿီ မဇ္ဈိမိကာ** လောကဓာတ် အရေအတွက်ရှိသလောက်၊ **သဟဿဓာ** = **စူဠနိကာ** စကြဝဠာ အုပ်စု, တစ်ထောင် ပြုဆင့်ငြား, မြှောက်ပွားသောအားဖြင့်၊ ဝါ = တစ်ထောင်နှစ်ကြိမ်ဖြင့် ထပ်ဆင့်မြှောက်ပွား ခွဲဝေသောအားဖြင့်၊ **ယော လောကော** = အကြင်ကုဋေတစ်သိန်းသော စကြဝဠာ လောကဓာတ်သည်၊ (**ဟောတိ** = ၏) **အာနန္ဒ** = န္ဒာ၊ **အဟံ** = ဤကုဋေတစ်သိန်းသော စကြဝဠာ လောကဓာတ်ကို၊ [**မဇ္ဈိမိကာ** မည်သော စကြဝဠာ အုပ်စုတစ်ခု၌ **စူဠနိကာ** စကြဝဠာ အုပ်စုပေါင်း တစ်ထောင် (ဝါ = စကြဝဠာပေါင်းတစ်သန်း) ရှိ၏၊ ၎င်းကို နောက်ထပ် **စူဠနိကာ** စကြဝဠာ အုပ်စုပေါင်း တစ်ထောင်ဖြင့် မြှောက်လျှင် (ဝါ = နောက်ထပ် စကြဝဠာပေါင်းတစ်သန်းဖြင့် မြှောက်လျှင်) သန်းပေါင်း တစ်သန်း (ဝါ - ကုဋေတစ်သိန်း) ဖြစ်၏၊ ထိုကုဋေတစ်သိန်းသော စကြဝဠာလောကဓာတ်ကို ဆိုလို၏၊ တစ်သန်းကို တစ်ထောင်ဖြင့် နှစ်ကြိမ်မြှောက်လျှင်လည်း ဤနည်းတူပင်တည်း] **တိသဟဿီ** = **တိသဟဿီ** မည်သော၊ ဝါ = သန်းနှစ်လီ မြှောက်ပွား, ရငြားတွက်ကိန်း ကုဋေတစ်သိန်းသော၊ ဝါ = တစ်ထောင်ကိုတည်, ထောင်သုံးလီဖြင့်, ဆင့်၍မြှောက်အပ်, ရလဒ်တွက်ကိန်း, ကုဋေတစ်သိန်းသော၊ **မဟာသဟဿီ** = တစ်သန်းဖြစ်၏၊ ထိုတစ်သန်းသော စကြဝဠာအုပ်စုတစ်ခုသည် **ဒွိသဟဿီ မဇ္ဈိမိကာ**မည်သော လောကဓာတ်တစ်ခု ဖြစ်၏။

ထို**ဒွိသဟဿီ**ပုဒ်၌ **သဟဿိယ** ဂုဏိတာ **သဟဿီ** **သဟဿ** **သဟဿ** (တစ်ထောင်ဖြင့် မြှောက်အပ်သော တစ်ထောင်၊ ဝါ = တစ်သန်း) ဟု ဝစနတ္ထပြု၍ “**သဟဿ သဟဿီ**” ဟု ဆိုလိုလျက် ရှေ့သဟဿီကိုချေသဖြင့် **သဟဿီ**တစ်ပုဒ်သာ ရှိသည်ဟု ကြံပါ ။ ဤသို့ ကြံခြင်းကြောင့် ထို**သဟဿီ**ပုဒ်က တစ်သန်းဟူသော အနက်ဟောကြောင်းကိုလည်း သိလေ၊ ထို**သဟဿီ**သည်လည်း **စူဠနိကာ**၏ **သဟဿီ**ကိုထောက်လျှင် နှစ်ခုမြောက်ဖြစ်၏။ ထို့ကြောင့် **ဒုတိယာ သဟဿီ ဒွိသဟဿီ** (နှစ်ခုမြောက် စကြဝဠာတစ်သန်းအုပ်စု) ဟု ဝစနတ္ထကြံပါ၊ နိရုတ္တိနည်းဖြင့် ဒုတိယကို ဒွိပြု၏။

၂။ **တိသဟဿီ မဟာသဟဿီလောကဓာတု**။ ။ပြခဲ့သော “**စူဠနိကာ**”
## PAGE 510

**မဟာသဟဿီ**မည်သော၊ ဝါ=ထောင်ပေါင်းများစွာတို့ဖြင့် ရေတွက်အပ်သော ကုဋေတသိန်းအုပ်စုဖြစ်သော၊ **လောကဓာတု**=ဟူ၍၊ **ဝုစ္စတိ**=၏။

**အာနန္ဒာ**၊ **တထာဂတော**=မြတ်စွာဘုရားသည်၊ **အာကင်္ခမာနော**=(အသံဖြင့် ကြားသိစေခြင်းငှာ) အလိုရှိတော်မူလတ်သော်၊ **တိသဟဿီ မဟာသဟဿီ လောကဓာတုံ**=တိသဟဿိ မဟာသဟဿီမည်သော လောကဓာတ်ကို၊ ဤ၌ **သဟဿီ** (တသန်း)ကို ဒုတိယဖြစ်သော **သဟဿီ** (တသန်း) ဖြင့် မြှောက်လျှင် သန်းပေါင်းတသန်း (သို့မဟုတ် ကုဋေတသိန်း) ဖြစ်၏။

[နိဿယခန်း၌လည်း ရေးခဲ့ပြီ] တနည်းအားဖြင့် တထောင်ကို တထောင်ဖြင့် မြှောက်လျှင် တသန်းဖြစ်၏။ ထိုတသန်းကို ဒုတိယ တထောင်ဖြင့် မြှောက်လျှင် သန်းပေါင်းတထောင် (သို့မဟုတ် ကုဋေတရာ) ဖြစ်၏၊ ၎င်းကို တတိယ တထောင်ဖြင့် မြှောက်လျှင် ကုဋေတသိန်း ဖြစ်၏၊ ဤသို့အားဖြင့် တထောင်ကိုတည်၍ တထောင်ဖြင့် သုံးကြိမ်ဆင့်၍ သော်လည်း မြှောက်ပါ။

ထိုကုဋေတသိန်းကို ဂဏန်းဖြင့်ရေးလျှင် တစ်ဂဏန်း၏နောက်၌ သုည (၁၂)လုံးရေးရမည်၊ ထိုကုဋေတသိန်းသော စကြဝဠာအုပ်စုတခုသည် **တိသဟဿီ မဟာသဟဿီ**မည်သော လောကဓာတ်တခုဖြစ်၏၊ ဤ၌လည်း **သဟဿိယာ ဂုဏိတာ သဟဿီ သဟဿိသဟဿီ** (တသန်းဖြင့် မြှောက်အပ်သော တသန်း၊ ဝါ=သန်းပေါင်းတသန်း၊ ဝါ=ကုဋေတသိန်း) ဟု ဝစနတ္ထပြု၍ တပုဒ်ကိုချေသဖြင့် **သဟဿီ** တပုဒ်သာ ရှိသည်ဟု ကြံပါ၊ ထိုသို့ကြံခြင်းကြောင့် ထိုကြွင်းကျန်သော **သဟဿီ**ပုဒ်က ကုဋေတသိန်းဟူသော အနက်ကို ဟောကြောင်းကိုလည်း သိပါလေ။

ထိုနောက် “**သဟဿိတော ပဋ္ဌာယ** (စူဠနိကာသဟဿီမှစ၍) **တတိယာတိ တိသဟဿီ**”ဟူသော အဋ္ဌကထာ အဖွင့်အတိုင်း ဤ“**တိသဟဿီ**”သည် ရှေးစူဠနိကာနှင့် မဇ္ဈိမိကာတို့၏ သဟဿီကို ထောက်လျှင် သုံးခုမြောက်ဖြစ်၏။ ထို့ကြောင့် **တတိယာ သဟဿီ တိသဟဿီ** (သုံးခုမြောက် စကြဝဠာ ကုဋေတသိန်းအုပ်စု)ဟု ဝစနတ္ထပြု၊ နိရုတ္တိနည်းဖြင့် **တတိယာ**ကို **တိ**ပြု၊ **မဟန္တေဟိ သဟဿေဟိ ဂဏိတာ သဟဿီ မဟာသဟဿီ** (ထောင်ပေါင်းများစွာတို့ဖြင့် ရေတွက်အပ်သော စကြဝဠာ ကုဋေတသိန်းအုပ်စု)၊ ထို့နောက် သမာသ် ဖြစ်လျှင် **တိသဟဿီ စ သာ မဟာသဟဿီ စာတိ တိသဟဿီ မဟာသဟဿီ** ဟုပြု။ သမာသ်ပြီးသောအခါ “**တိသဟဿီ**”ဟူ၍ သမာသမဇ္ဈ **ဟြဿ**ဖြင့် ရှိရ၏၊ အကယ်၍ **လောကဓာတု**ပုဒ်ဖြင့် ဆက်လက်၍ သမာသ်တွဲလျှင် **မဟာသဟဿီ**ဟုလည်း **ဟြဿ**ဖြင့်ပင် ရှိစေရ၏။

