## PAGE 511

ဝါ=ကုဋေတသိန်းအုပ်စုဖြစ်သော **မဟာသဟဿီ**မည်သော လောကဓာတ်ကို၊ ဝါ=သန်းနှစ်လီမြှောက်ပွား၊ ရငြားတွက်ရေ၊ ကုဋေတသိန်း ကိန်းနှင့်လျော်ညီ၊ **မဟာသဟဿီ**မည်မှတ်၊ လောကဓာတ်ကို၊ ဝါ=တထောင်ကို တည်၊ ထောင်သုံးလီဖြင့်၊ မြှောက်ဆင့်ပွားရေ၊ ကုဋေတသိန်း၊ တွက်ကိန်း လျော်ညီ၊ **မဟာသဟဿီ**မည်မှတ်၊ လောကဓာတ်ကို၊ **သရေန**=အသံဖြင့်၊ **ဝိညာပေယျ**=ကြားသိစေတော်မူနိုင်၏၊ **ပန**=ထို့ထက်ပိုလွန်၍လည်း၊ **ယာဝတာ**=အကြင်မျှလောက် ပမာဏရှိသော လောကဓာတ်တိုင်အောင်၊ **အာကင်္ချေယျ**=(အသံဖြင့်ကြားသိစေခြင်းငှာ) အလိုရှိတော်မူငြားအံ့၊ (**တာဝတာ**=ထိုအလိုရှိသမျှ ပမာဏရှိသော လောကဓာတ်တိုင်အောင်၊ **သရေန**=ဖြင့်၊ **ဝိညာပေယျ**=ကြားသိစေတော်မူနိုင်၏) **ဣတိ**=သို့၊ (**အဝေါစ**)

**ဘန္တေ**=အရှင်ဘုရား၊ **ကထံ**=အဘယ်သို့သောနည်းဖြင့် ယထာအနက်မရှိ **ဘဂဝါ**=မြတ်စွာဘုရားသည်။ ပ။ **ဝိညာပေယျ**=ကြားသိစေတော်မူပါမည်နည်း၊ **ပန**=ထို့ထက်ပိုလွန်၍လည်း၊ **ယာဝတာ**=တိုင်အောင်၊ **အာကင်္ခေယျ**=အံ့၊ (**တာဝတာ**=အောင်၊ **သရေန**=ဖြင့်၊ **ဝိညာပေယျ**=မည်နည်း) **ဣတိ** (**အဝေါစ**)

**အာနန္ဒာ**၊ **ဣဓ**=ဤလောက၌၊ **တထာဂတော**=သည်။ ပ။ **ဩဘာသေန**=အရောင်အလင်းဖြင့်၊ **ဖရေယျ**=ဖြန့်တော်မူရမည်၊ **ယဒါ**=အကြင်အခါ၌၊ **တေ သတ္တာ**=ထိုသတ္တဝါတို့သည်၊ **တံ အာလောကံ**=ထိုအရောင်အလင်းကို၊ **သဉ္ဇာနေယျုံ**=ကောင်းစွာသိနိုင်ကြကုန်၏၊ **အထ**=ထိုအခါ၌၊ **တထာဂတော**=သည်၊ **ဃောသံ**=တရားနာရန်ကြွေးကြော်သံကို၊ **ကရေယျ**=ပြုတော်မူရမည်၊ **သဒ္ဒံ**=တရားသံကို၊ **အနုဿာဝေယျ**=ကြားသိစေတော်မူရမည်၊ **အာနန္ဒာ**၊ **ဧဝံ**=ဤသို့သောနည်းအားဖြင့်၊ (ဤသို့ ကုဋေတသိန်းသော လောကဓာတ်ကို အရောင်အလင်းဖြန့်ခြင်း၊ သတ္တဝါတို့ ထိုအရောင်အလင်းကို သိကြရာအခါ၌ တရားဟောခြင်းဟူသောနည်းအားဖြင့်) **တထာဂတော**=သည်။ ပ။ **ဝိညာပေယျ**=ကြားသိစေတော်မူရမည်၊ **ပန**=လည်း၊ **ယာဝတာ**=အောင်။ ပ။

**ဧဝံ**=ဤသို့၊ **ဝုတ္တေ**=မြတ်စွာဘုရား မိန့်ဆိုတော်မူအပ်လသော်၊ **အာယသ္မာ အာနန္ဒော**=အရှင်အာနန္ဒာသည်၊ **အာယသ္မန္တံ ဥဒါယိံ**=အရှင်လာဠုဒါယီကို၊ **ဧတံ**=ဤစကားကို၊ **အဝေါစ**=ဆိုပြီ၊ (**ကိန္တိ**=သို့၊ **အဝေါစ**=ဟူမူ) **ယဿ မေ**=အကြင်ငါ၏၊ **သတ္ထာ**=ဆရာမြတ်စွာဘုရားသည်၊ **ဧဝံမဟိဒ္ဓိကော**=ဤ၍ ဤမျှ ကြီးမားလှသော တန်ခိုးရှိတော်မူ၏၊ **ဧဝံ မဟာနုဘာဝေါ**=ဤ၍ ဤမျှ ကြီးမားလှသော အစွမ်းအာနဘော် ရှိတော်မူ၏၊ **တဿ မေ**=ထိုငါ့မှာ၊ **လာဘာ**=လာဘ်ကောင်း လာဘ်မြတ်ကို ရခြင်းတို့သည်၊ ဝါ=အရတော်ခြင်းတို့သည်၊ **ဟောန္တု ဝတ**=ဖြစ်ပါပေကုန်စွတကား၊ **တဿ မေ**=ထိုငါသည်၊

## PAGE 512

**သုလက္ခံ ဝတ**=(လာဘ်ကောင်းလာဘ်မြတ်ကို) ကောင်းစွာရအပ်ပါပေစွတကား၊ ဝါ=အရတော်ပါပေစွာတကား၊ **ဣတိ**=ဤသို့၊ (**အဝေါစ**=ဆိုပြီ)

**ဧဝံ**=ဤသို့၊ **ဝုတ္တေ**=အရှင်အာနန္ဒာက ပြောဆိုအပ်လသော်၊ **အာယသ္မာ ဥဒါယီ**=အရှင်ဥဒါယီသည်၊ **အာယသ္မန္တံ အာနန္ဒံ**=အရှင်အာနန္ဒာကို။ ပ။ **အာဝုသော အာနန္ဒ**=ငါ့ရှင်အာနန္ဒာ၊ **တေ**=သင်၏၊ **သတ္ထာ**=ဆရာမြတ်စွာဘုရားသည်၊ **ဧဝံ မဟိဒ္ဓိကော**=ရှိသည်၊ **ဧဝံ မဟာနုဘာဝေါ**=ရှိသည်၊ **ယဒိ (သိယာ)**=အကယ်၍ ဖြစ်ငြားအံ့၊ **ဧတ္ထ**=ဤသို့ဖြစ်ရာ၌၊ ဝါ=ဤသို့ဖြစ်ခြင်းကြောင့်၊ (ဤသို့ မဟိဒ္ဓိက, မဟာနုဘာဝဖြစ်ခြင်းကြောင့်) **တုယှံ**=သင့်အား၊ **ကိ**=အဘယ်မည်သောကောင်းကျိုးချမ်းသာသည်၊ (**သိယာ**=ဖြစ်နိုင်ပါသနည်း) **ဣတိ** (**အဝေါစ**=ဆိုပြီ)

**ဧဝံ**=ဤသို့၊ **ဝုတ္တေ**=အရှင်လာဠုဒါယိက ပြောဆိုအပ်လသော်။ ပ။

**ဥဒါယိ**=ဥဒါယီ၊ (**တွံ**=သင်သည်) **ဧဝံ**=ဤသို့၊ **မာ အဝစ**=မပြောဆိုပါလင့်၊ **ဥဒါယိ**=ဥဒါယီ၊ (**တွံ**) **ဧဝံ**=သို့၊ **မာ အဝစ**=လင့်၊ **ဥဒါယိ**=ဥဒါယီ၊ **အာနန္ဒော**=အာနန္ဒာသည်၊ **အဝီတရာဂေါ**=မကင်းရှင်းသေးသော ရာဂရှိလျက်၊ **ကာလံ**=ကွယ်လွန်ခြင်းကို၊ **သစေ ကရေယျ**=အကယ်၍ပြုငြားအံ့၊ (**ဧဝံ သတိ**=ဤသို့ပြုသည်ရှိသော်) **တေန စိတ္တပ္ပသာဒေန**=ထို(သီဟနာဒ ဒေသနာတော်၌) စိတ်၏ ကြည်ညိုခြင်းကြောင့်၊ **သတ္တက္ခတ္တု**=ခုနစ်ကြိမ်၊ **ဒေဝေသု**=နတ်တို့၌၊ **ဒေဝရဇ္ဇံ**=နတ်မင်းအဖြစ်ကို၊ **ကာရေယျ**=ပြစေရာ၏၊ **သတ္တက္ခတ္တု**=ကြိမ်၊ **ဣမသ္မိံ ယေဝ ဇမ္ဗူဒီပေ**=ဤဇမ္ဗူကျွန်း၌ပင်၊ **မဟာရဇံ**=ကြီးစွာသော စကြဝတေးမင်း၏အဖြစ်ကို၊ **ကာရေယျ**=၏၊ **ဥဒါယိ**=ယီ၊ **အပိ စ**=သို့သော်လည်း၊ **အာနန္ဒော**=သည်၊ **ဒိဋ္ဌေဝ ဓမ္မေ**=ယခုမျက်မှောက် အတ္တဘော၌သာလျှင်၊ **ပရိနိဗ္ဗာယိဿတိ**=ပရိနိဗ္ဗာန်ပြုလတ္တံ့၊ ဝါ=နောက်ထပ် ပဋိသန္ဓေနေခြင်း၏ အကြောင်းဖြစ်သော တဏှာစသည်ကင်းသော ခန္ဓာ ဇာတ်သိမ်း ချုပ်ငြိမ်းခြင်းဖြင့်

**၁။ လာဘာ ဝတ မေ သုလက္ခံ ဝတ မေ**။-။ **တဿ မေ**=ထိုငါ့မှာ၊ **လာဘာ**=ဤသို့ မဟိဒ္ဓိက, မဟာနုဘာဝဖြစ်သော ဆရာမြတ်စွာဘုရားဟူသော လာဘ်ကောင်း လာဘ်မြတ်ကို ရခြင်းတို့သည်၊ ဝါ=ဤသို့ မဟိဒ္ဓိက, မဟာနုဘာဝ ဖြစ်တော်မူသော ဆရာမြတ်စွာဘုရား၏ ဝတ်ကြီးဝတ်ငယ် ပြုစု၍ တရားဓမ္မ ကြားနာရခြင်းတည်းဟူသော လာဘ်ကောင်းလာဘ်မြတ်ကို ရခြင်းတို့သည်၊ **ဟောန္တိ ဝတ**=တကား၊ ဤသို့ အကျယ်တဝင့် အနက်ဆိုနိုင်၏၊ “**သုလက္ခံ ဝတ**”၌လည်း ဤနည်းမှီး၍ဆိုပါ။
## PAGE 513

ချုပ်ငြိမ်းလတ္တံ့၊ ဣတိ-ဤသို့၊ (အဝေါစ=မိန့်တော်မူပြီ) ဒသမံ။

#### ၄-သမဏဝဂ်

တတိယော = သုံးခုမြောက်သော၊ အာနန္ဒဝဂ္ဂေါ = အာနန္ဒဝဂ်တည်း။

**၈၂။** **ဘိက္ခဝေ** = ရဟန်းတို့၊ **သမဏဿ** = ရဟန်း၏၊ **သမဏိယာနိ** = ရဟန်း၏ကိုယ်ပိုင်ဥစ္စာဖြစ်ကုန်သော၊ **သမဏကရဏီယာနိ** = ရဟန်းသည် ပြုကျင့်ထိုက်သော ကိစ္စတို့သည်၊ **ဣမာနိ တီဏိ** = ဤသုံးမျိုးတို့တည်း၊ **တီဏိ** = သုံးမျိုးတို့ဟူသည်၊ **ကတမာနိ** = အဘယ်တို့နည်းဟူမူ၊ **အဓိသီလသိက္ခာသမာဒါနံ** = အဓိသီလသိက္ခာကို ကောင်းစွာခံယူဖြည့်ကျင့်ခြင်းလည်းကောင်း၊ ဝါ = အဆင့်ဆင့်သာလွန်ထူးကဲသော လောကီလောကုတ္တရာသီလအကျင့်ကို ကောင်းစွာ ခံယူဖြည့်ကျင့်ခြင်းလည်းကောင်း၊ **အဓိစိတ္တ သိက္ခာသမာဒါနံ** = အဓိစိတ္တသိက္ခာကို ကောင်းစွာခံယူဖြည့်ကျင့်ခြင်းလည်းကောင်း၊ ဝါ = အဆင့်ဆင့်သာလွန်ထူးကဲသော လောကီလောကုတ္တရာစိတ်အကျင့်ကို ကောင်းစွာခံယူဖြည့်ကျင့်ခြင်းလည်းကောင်း၊ **အဓိပညာသိက္ခာသမာဒါနံ** = အဓိပညာသိက္ခာကို ကောင်းစွာခံယူ ဖြည့်ကျင့်ခြင်းလည်းကောင်း၊ ဝါ = အဆင့်ဆင့် သာလွန်ထူးကဲသော လောကီလောကုတ္တရာပညာ အကျင့်ကို ကောင်းစွာ ခံယူဖြည့်ကျင့်ခြင်းလည်းကောင်းတည်း၊ **ဘိက္ခဝေ** = ရဟန်းတို့၊ **သမဏဿ** = ရဟန်း၏၊ **သမဏိယာနိ** = ရဟန်း၏ကိုယ်ပိုင်ဥစ္စာဖြစ်ကုန်သော၊ **သမဏကရဏီယာနိ** = ရဟန်းသည် ပြုကျင့်ထိုက်သော ကိစ္စတို့သည်၊ **ဣမာနိ တီဏိ** = ဤသုံးမျိုးတို့တည်း။

**ဘိက္ခဝေ** = ရဟန်းတို့၊ **တသ္မာ** = ထို့ကြောင့်၊ ဝါ = ထိုသုံးမျိုးတို့မှာ ရဟန်းတို့ပြုကျင့်ထိုက်သောကိစ္စတို့ ဖြစ်ခြင်းကြောင့်၊ **ဣဟ** = ဤသာသနာတော်၌၊ (ဝေါ = သင်တို့သည်) **ဧဝံ** = ဤသို့နှလုံးသွင်း၍၊ **သိက္ခိတဗ္ဗံ** = ကျင့်ကြံ အားထုတ်ရမည်၊ (ကိန္တိ = အဘယ်သို့နှလုံးသွင်း၍၊ သိက္ခိတဗ္ဗံ = ကျင့်ကြံအားထုတ်ရမည်နည်းဟူမူ) **အဓိသီလသိက္ခာသမာဒါနေ** = အဓိသီလသိက္ခာကို ဆောက်တည်ခြင်း၌၊ **နော** = ငါတို့၏၊ **တိဗ္ဗော** = အားကောင်းသော၊ **ဆန္ဒော** = ဖြည့်ကျင့်လိုသော ကုသိုလ်ဆန္ဒသည်၊ **ဘဝိဿတိ** = ဖြစ်လတ္တံ့၊ **အဓိစိတ္တ သိက္ခာသမာဒါနေ** = ၌၊ **နော** = ငါတို့၏။ပ။ **အဓိပညာသိက္ခာသမာဒါနေ** = ၌၊ **နော** = ငါတို့၏၊ **တိဗ္ဗော** = အားကောင်းသော၊ **ဆန္ဒော** = ဖြည့်ကျင့်လိုသော ကုသိုလ်ဆန္ဒသည်၊ **ဘဝိဿတိ** = ဖြစ်လတ္တံ့၊ **ဣတိ** = ဤသို့နှလုံးသွင်း၍၊ (သိက္ခိတဗ္ဗံ = ကျင့်ကြံအားထုတ်ရမည်) **ဘိက္ခဝေ** = ရဟန်းတို့၊ **ဧဝံ** = ဤသို့နှလုံးသွင်း၍၊ **ဝေါ** = သင်တို့သည်၊ **သိက္ခိတဗ္ဗံ** = ကျင့်ကြံအားထုတ်ရမည်၊ **ဣတိ** (အဝေါစ = မိန့်တော်မူပြီ) ပဌမံ။

**၈၃။** **ဘိက္ခဝေ** = ရဟန်းတို့၊ **သေယျထာပိ** = ဥပမာပြရလျှင်ကား၊ **ဂဒြဘော** = မြည်းသည်၊ “**အဟမ္ပိ** = ငါလည်းဘဲ၊ **ဒမ္မော** = နွားပျိုနွားပေါက်ပါတည်း၊ ဝါ = ဆုံးမ

