## PAGE 514

လောက်သော နွားပါတည်း၊ **အဟမ္ပိ** = ငါလည်းဘဲ၊ **ဒမ္မော** = နွားပျိုနွားပေါက်ပါတည်း” ဣတိ = ဤသို့အော်မြည်၍၊ **ဂေါဂဏံ** = နွားအုပ်စုသို့၊ [အနုဗန္ဓော၌ စပ်၊ သာမျတ္ထ ကြံဖွယ်မလို၊ အနုကိုလည်း ကမ္မပ္ပဝစနီယ မကြံသင့်] **ပိဋ္ဌိတော ပိဋ္ဌိတော** = နောက်က, နောက်က၊ **အနုဗန္ဓော** = အစဉ်တစိုက် လိုက်သွားသည်၊ **ဟောတိ** = ဖြစ်၏၊ **ဂုန္နံ** = နွားတို့၏၊ **ဝဏ္ဏော** = အသွေးအရောင်သည်၊ **သေယျထာပိ** = ရှိသကဲ့သို့၊ (တထာ = ထို့အတူ) **တဿ** = ထိုမြည်း၏၊ **တာဒိသော** = ထိုနည်းတူပင် တွေ့မြင်အပ်သော၊ **ဝဏ္ဏော** = အသွေးအရောင်သည်၊ **န ဟောတိ** = မဖြစ်၊ **ဂုန္နံ** = နွားတို့၏၊ **သရော** = အသံသည်၊ **သေယျထာပိ** = ရှိသကဲ့သို့၊ (တထာ = ထို့အတူ) **တာဒိသော** = ထိုနည်းတူပင် တွေ့မြင်အပ်သော၊ **သရော** = အသံသည်၊ **န ဟောတိ** = မဖြစ်၊ **ဂုန္နံ** = နွားတို့၏၊ **ပဒံ** = ခြေသည်၊ **သေယျထာပိ** = ရှိသကဲ့သို့၊ (တထာ = ထို့အတူ) **တာဒိသံ** = ထိုနည်းတူပင် တွေ့မြင်အပ်သော၊ **ပဒံ** = ခြေသည်၊ **န ဟောတိ**။ **သော** = ထိုမြည်းသည်၊ “**အဟမ္ပိ** = ငါလည်းဘဲ၊ **ဒမ္မော** = နွားပျိုနွားပေါက်ပါတည်း။ပ။ **ဂေါဂဏံယေဝ** = နွားအုပ်စုသို့သာလျှင်၊ **ပိဋ္ဌိတော ပိဋ္ဌိတော**။ပ။

**ဘိက္ခဝေ** = ရဟန်းတို့၊ **ဧဝမေဝံ** = ဤအတူပင်၊ **ဣဓ** = ဤသာသနာတော်၌၊ **ဧကစ္စော** = အချို့သော၊ **ဘိက္ခု** = ရဟန်းသည်၊ “**အဟမ္ပိ** = ငါလည်းဘဲ၊ **ဘိက္ခု** = ရဟန်းကောင်းပါတည်း၊ **အဟမ္ပိ** = ငါလည်းဘဲ၊ **ဘိက္ခု** = ရဟန်းကောင်းပါတည်း” **ဣတိ** = ဤသို့ ပြောဆို၍၊ **ဘိက္ခုသံဃံ** = ရဟန်းအပေါင်းသို့၊ **ပိဋ္ဌိတော ပိဋ္ဌိတော** = နောက်က, နောက်က၊ **အနုဗန္ဓော** = အစဉ်တစိုက် လိုက်သွားသည်၊ **ဟောတိ** = ဖြစ်၏၊ **အညေသံ** = အခြားကုန်သော၊ **ဘိက္ခုနံ** = ရဟန်းကောင်းတို့မှာ၊ (**အဓိသီလ သိက္ခာသမာဒါနေ** = အဓိသီလသိက္ခာကို ဆောက်တည်ခြင်း၌၊ **ဆန္ဒော** = ဖြည့်ကျင့်လိုသော ကုသိုလ်ဆန္ဒသည်) **ဟောတိ သေယျထာပိ** = ရှိသကဲ့သို့၊ (တထာ = ထို့အတူ) **တဿ** = ထိုရဟန်းမှာ၊ **အဓိသီလ သိက္ခာသမာဒါနေ** = အဓိသီလသိက္ခာကို ဆောက်တည်ခြင်း၌၊ **တာဒိသော** = ထိုနည်းတူပင် တွေ့မြင်အပ်သော၊ (ထိုရဟန်းကောင်းတို့ ဆန္ဒအသွင် တွေ့မြင်အပ်သော) **ဆန္ဒော** = ဖြည့်ကျင့်လိုသော ကုသိုလ်ဆန္ဒသည်၊ **န ဟောတိ** = မရှိ၊ **အညေသံ** = အခြားကုန်သော၊ **ဘိက္ခူနံ** = ရဟန်းကောင်းတို့မှာ၊ (**အဓိစိတ္တ သိက္ခာသမာဒါနေ** = ၌၊ **ဆန္ဒော** = သည်) **ဟောတိ သေယျထာပိ** = ရှိသကဲ့သို့၊ (တထာ = ထို့အတူ၊ **တဿ** = ထိုရဟန်းမှာ) **အဓိစိတ္တသိက္ခာသမာဒါနေ** = ၌၊ **တာဒိသော** = ထိုနည်းတူပင် တွေ့မြင်အပ်သော၊ **ဆန္ဒော** = ဖြည့်ကျင့်လိုသော ကုသိုလ်ဆန္ဒသည်၊ **န ဟောတိ** = မရှိ။ပ။ **သော** = ထိုရဟန်းသည်၊ “**အဟမ္ပိ** = ငါလည်းဘဲ၊ **ဘိက္ခု** = ရဟန်းကောင်းပါတည်း၊ **အဟမ္ပိ** = ငါလည်းဘဲ၊ **ဘိက္ခု** = ရဟန်းကောင်းပါတည်း” **ဣတိ** = ဤသို့ပြောဆို၍၊ **ဘိက္ခုသံဃံယေဝ** = ရဟန်းအပေါင်းသို့သာလျှင်။ပ။ **တသ္မာ** = ထို့ကြောင့်၊ ဝါ = ထိုသို့ရဟန်းကောင်းတို့နောက်မှ လိုက်နေသော ရဟန်းမှာ သိက္ခာသုံးဖြာ ဖြည့်ကျင့်လိုသော ကုသိုလ်ဆန္ဒ မရှိသည်အဖြစ်ကြောင့်။ပ။

## PAGE 515

**၃-ခေတ္တသုတ်**

**၈၄။** **ဘိက္ခဝေ** = ရဟန်းတို့၊ **ကဿကဿ** = လယ်သမားဖြစ်သော၊ **ဂဟပတိဿ** = အိမ်ပိုင်ရှင်ယောက်ျား၏၊ **ပုဗ္ဗေ** = ရှေးဦးအစ၌၊ **ကရဏီယာနိ** = ဧကန်ပြုသင့်သော ကิစ္စတို့သည်၊ **ဣမာနိ တီဏိ** = ဤသုံးမျိုးတို့တည်း။ပ။

**ဘိက္ခဝေ** = ရဟန်းတို့၊ **ဣဓ** = ဤလောက၌၊ **ကဿကော** = လယ်သမားဖြစ်သော၊ **ဂဟပတိ** = အိမ်ပိုင်ရှင်ယောက်ျားသည်၊ **ပဋိကစ္စေဝ** = ရှေးဦးအစကသာလျှင်၊ **ခေတ္တံ** = လယ်ကို၊ **သုကန္တံ** = ကောင်းစွာထွန်အပ်သည်ကို၊ **သုမတီကတံ** = မြေညှိထွန်တုံးဖြင့် ကောင်းစွာအညီ ညှိအပ်သည်ကို၊ **ကရောတိ** = ပြု၏၊ **ပဋိကစ္စေဝ** = ရှေးဦးအစကသာလျှင်၊ **ခေတ္တံ** = လယ်ကို၊ **သုကဋ္ဌံ** = ကောင်းစွာထွန်အပ်သည်ကို၊ **သုမတီကတံ** = မြေညှိထွန်တုံးဖြင့် ကောင်းစွာအညီ ညှိအပ်သည်ကို၊ **ကရိတွာ** = ပြုပြီး၍၊ **ကာလေန** = စိုက်ပျိုးသင့်ရာအခါ၌၊ **ဗီဇာနိ** = မျိုးစေ့တို့ကို၊ **ပတိဋ္ဌာပေတိ** = မြေ၌တည်နေစေ၏၊ ဝါ = စိုက်ပျိုး၏။ပ။ **ပတိဋ္ဌာပေတွာ** = မြေ၌တည်နေစေပြီး၍၊ ဝါ = စိုက်ပျိုးပြီး၍၊ **သမယေန** = သင့်လျော်သောအခါ၌၊ **ဥဒကံ** = ရေကို၊ **အဘိနေတိပိ** = သွင်းလည်းသွင်းယူ၏၊ **အပနေတိပိ** = ထုတ်လည်းထုတ်၏။ပ။ **ဘိက္ခဝေ** = ရဟန်းတို့၊ **ကဿကဿ** = လယ်သမားဖြစ်သော။ပ။ **ကရဏီယာနိ** = တို့သည်၊ **ဣမာနိ တီဏိ** = တည်း။ပ။ **ဘိက္ခုဿ** = ရဟန်း၏၊ **ပုဗ္ဗေ** = ရှေးဦးအစ၌၊ **ကရဏီယာနိ** = တို့သည်၊ **ဣမာနိ တီဏိ** = တည်း။ပ။ **ဘိက္ခဝေ** = ရဟန်းတို့၊ **တသ္မာ** = ထို့ကြောင့်၊ ဝါ = ထိုသုံးမျိုးတို့မှာ ရဟန်းတို့ ရှေးဦးအစ ပြုကျင့်ထိုက်သောကိစ္စတို့ဖြစ်ခြင်းကြောင့်။ပ။

၁။ **သုမတီကတံ**။ ။မတီ (မတျ) = မြေညှိထွန်တုံးဖြင့်+သု = ကောင်းစွာ+ကတ = အညီညှိအပ်သည်။ **မတိယာ သုဋ္ဌု သမီကတံ** (ဌ)။ P.T.S နှင့် မောနီယာဝီလျမ်စသော အဘိဓာန်တို့၌ ထွန်အနက်ဟောသော နပုံလိင် “မတျ” သဒ္ဒါဖြင့် သမာသ်တွဲသောအခါ အလယ်၌ ဤဒီဃဖြင့် “**မတီကရောတိ, မတီကတံ**”ဟု သက္ကတပြယုဂ်ထုတ်ပြ၏။ ထို့ကြောင့် အဋ္ဌကထာဝယ် “**မတိယာ**”ဟူသော ပါဌ်နေရာ၌ (နာဝိဘတ်ကို အာပြု၍) “**မတျာ**”ဟု ရှိသင့်သည်ဟု ယူဆ၏။

“ဆဋ္ဌသင်္ဂါယနာမူ အောက်ခြေ မှတ်ချက်၌ကား “သက္ကတ အဘိဓာန်ကျမ်းများ၌ မတိသဒ္ဒါ ဒါရုဘဏ္ဍ အနက်ဟောပါရှိ၏”ဟု ဆို၏။ သို့သော် ဣတ္ထိလိင် ဣကာရန္တ ဖြစ်သော မတိသဒ္ဒါ၏ ဒါရုဘဏ္ဍ (ထွန်) အနက်ဟောကြောင်းကို ကျယ်ဝန်းလှစွာသော ထိုပါဠိသက္ကတ အင်္ဂလိပ်အဘိဓာန်ကျမ်းကြီးများ၌ပင် မတွေ့ရပါ။
## PAGE 516

#### ၄-ဝဇ္ဇီပုတ္တသုတ်

**၈၅။** [စာပိုဒ်(၇၅)ကြည့်] **အထခေါ**=ထိုအခါ၌၊ **အညတရော**=အမည်မထင်ရှား တပါးသော၊ **ဝဇ္ဇီပုတ္တကော**=ဝဇ္ဇီမင်းမျိုး၏ သားဖြစ်သော၊ **ဘိက္ခု**=ရဟန်းသည်။ ပ။ **နိသိန္နော**=ထိုင်နေပြီးသော၊ **ဝဇ္ဇီပုတ္တကော**=သော၊ **သော ဘိက္ခု**=ထိုရဟန်းသည်။ ပ။ **ဘန္တေ**-အရှင်ဘုရား၊ **သာဓိကံ**=အပိုအလွန်နှင့် တကွဖြစ်သော၊ **ဣဒံ ဒိယဍ္ဎသိက္ခာပဒသတံ**=ဤထက်ဝက်နှင့်ပါ, နှစ်ရာသော သိက္ခာပုဒ်သည်၊ **ဝါ**=ဤတရာ့ငါးဆယ်သော သိက္ခာပုဒ်သည်၊ **အဒ္ဓမာသံ**=လခွဲတိုင်း, လခွဲတိုင်း၊ **ဥဒ္ဒေသံ**=ရွတ်ပြအပ်သည် အဖြစ်သို့၊ **အာဂစ္ဆတိ**=ရောက်ပါ၏။

ထိုအချိန်က ပညတ်ထားပြီးသော သိက္ခာပုဒ်မှာ (၁၅၀)ကျော်မျှသာ ရှိသေး၏၊ **ဘန္တေ**=ရား၊ **အဟံ**=တပည့်တော်သည်၊ **ဧတ္ထ** ဤ(၁၅၀)ကျော်သော သိက္ခာပုဒ်တို့၌၊ **သိက္ခိတုံ**=ဖြည့်ကျင့်ခြင်းငှာ၊ **န သက္ကောမိ**=မစွမ်းနိုင်ပါ၊ **ဣတိ**-ဤသို့၊ (**အဝေါစ**=လျှောက်ထားပြီ)

**ဘိက္ခု**=ရဟန်း၊ **တွံ**=သင်သည်၊ **တီသု**=သုံးပါးကုန်သော၊ **သိက္ခာသု**=သိက္ခာတို့၌၊ **ဝါ**=အကျင့်တို့၌၊ **အဓိသီလသိက္ခာယ**=အဓိသီလသိက္ခာ၌ လည်းကောင်း၊ **ဝါ**=အဆင့်ဆင့်သာလွန်ထူးကဲသော လောကီလောကုတ္တရာ သီlအကျင့်၌ လည်းကောင်း၊ **အဓိစိတ္တသိက္ခာယ**=၌လည်းကောင်း၊ **ဝါ**=အဆင့်ဆင့် သာလွန် ထူးကဲသော လောကီလောကုတ္တရာစိတ် အကျင့်၌လည်းကောင်း၊ **အဓိပညာသိက္ခာယ**=လည်းကောင်း၊ **ဝါ**=အဆင့်ဆင့် သာလွန်ထူးကဲသော လောကီလောကုတ္တရာပညာ အကျင့်၌လည်းကောင်း၊ **သိက္ခိတုံ**=ငှာ၊ **သက္ခိဿသိ ပန**=စွမ်းနိုင်ပါမည်လော၊ **ဣတိ**=ဤသို့၊ (**အဝေါစ**=မိန့်တော်မူပြီ)

**ဘန္တေ**=ရား၊ **အဟံ**=တပည့်တော်သည်၊ **တီသု**။ ပ။ **အဓိပညာသိက္ခာယ**=၌လည်းကောင်း၊ **သိက္ခိတုံ**=ငှာ၊ **သက္ကောမိ**=စွမ်းနိုင်ပါ၏၊ **ဣတိ**=(**အဝေါစ**=လျှောက်)

**ဘိက္ခု**=ရဟန်း၊ **တသ္မာ**=ထို့ကြောင့်၊ **ဝါ**=ထိုသို့ သိက္ခာသုံးဖြာ ဖြည့်ကျင့်ခြင်းငှာ အသင်စွမ်းနိုင်သည်အဖြစ်ကြောင့်၊ **တွံ**=သင်သည်၊ **တီသု**။ ပ။ **အဓိပညာသိက္ခာယ**-၌လည်းကောင်း၊ **သိက္ခ**=ဖြည့်ကျင့်လော။

**ဘိက္ခု**=ရဟန်း၊ **တွံ**=သင်သည်၊ **ယတော**=အကြင်အခါ၌၊ **အဓိသီလမ္ပိ**=အဓိသီလသိက္ခာကိုလည်း၊ **ဝါ**=အဆင့်ဆင့် သာလွန်ထူးကဲသော လောကီလောကုတ္တရာသီလကိုလည်း၊ **သိက္ခိဿသိ**=ဖြည့်ကျင့်လတ္တံ့၊ **အဓိစိတ္တမ္ပိ**-အဓိစိတ္တသိက္ခာကိုလည်း၊ **ဝါ**=အဆင့်ဆင့် သာလွန်ထူးကဲသော လောကီလောကုတ္တရာစိတ်ကိုလည်း။ ပ။ **အဓိပညမ္ပိ**=အဓိပညာသိက္ခာကိုလည်း၊ **ဝါ**=အဆင့်ဆင့် သာလွန်ထူးကဲသော လောကီလောကုတ္တရာ ပညာကိုလည်း၊ **သိက္ခိဿသိ**=တ္တံ့၊ **ဘိက္ခု**=ရဟန်း၊ (**တတော**=ထိုအခါ၌) **တဿ တုယှံ**=ထို

