## PAGE 520

စေတတ်သော သဘောမရှိသူသည်၊ **ဝါ**=အပါယ်လေးပါးတို့၌ ဖြစ်ခြင်း သဘောမရှိသူသည်၊ **နိယတော**=သောတာပတ္တိမဂ်တည်းဟူသော ဓမ္မနိယာမဖြင့် ကိန်းသေမြဲသောသူသည် (သောတာပတ္တိမဂ်ဟူသော နိယာမတရားဖြင့် အထက်မဂ်ရရန် ကိန်းသေမုချ မြဲသောသူသည်) **ဝါ**=အောက်ထစ်ဆုံး ခုနစ်ဘဝမှနောက်၌ မဖြစ်ခြင်းသဘောအားဖြင့် မြဲသောသူသည်၊ **သမ္ဗောဓိပရာယဏော**=အထက်မဂ်သုံးပါးဟူသော နောက်ထပ် လားရောက်အပ်သော တရားထူးရှိသူသည်၊ **ဟောတိ**=ဖြစ်၏။

**ဝိနိပါတေတိ ဝိရူပံ သဒုက္ခံ သဥပါယာသံ နိပါတေတီတိ ဝိနိပါတော**၊ (တနည်း) **ဝိနိပါတံ ဝိနိပါတော**=ဖောက်ပြန်စွာ ကျရောက်ခြင်း၊ **ဝါ**=ဖြစ်ခြင်း။ **ဝိနိပါတော ဓမ္မော ဝိနိပါတဓမ္မော**၊ **နာဿ ဝိနိပါတဓမ္မောတိ အဝိနိပါတဓမ္မော** - ဖောက်ပြန်စွာကျရောက်စေတတ်သော သဘော (ဝါ= ဖောက်ပြန်စွာ ကျရောက်ခြင်း သဘော) မရှိသော ပုဂ္ဂိုလ် (သောတာပန်ပုဂ္ဂိုလ်)

၁။ **သမ္ဗောဓိပရာယဏော**။ ။ **သမ္ဗောဓိ** - အထက်မဂ်သုံးပါးတည်းဟူသော + **ပရ**=နောက်ထပ် တမျိုးသော + **အယန (ဂတိ)**=လားရောက်အပ်သော တရားထူး၊ **သမ္ဗုဇ္ဈတီတိ သမ္ဗောဓိ**=သစ္စာလေးပါးကို သိတတ်သော အရိယမဂ်။ ဤ၌ကား မဂ်လေးပါးလုံးကို မယူရ၊ သောတာပန်ပုဂ္ဂိုလ်အတွက် နောက်ထပ် ရလတ္တံ့သော အထက်မဂ်သုံးပါးကိုသာ **သမ္ဗောဓိ**ပုဒ်အရ ယူရ၏။ **ဥပရိမဂ္ဂတ္တယသင်္ခါတာ သမ္ဗောဓိ ပရံ အယနံ ပရာ ဂတိ အဿာတိ သမ္ဗောဓိပရာယဏော**=အထက်မဂ်သုံးပါးတည်းဟူသော နောက်ထပ် အခြားသော လားရောက်အပ်သော တရားထူးရှိသော သောတာပန်ပုဂ္ဂိုလ်။

ဤ၌ ဋီကာတို့ထက်ကျော်လွန်၍ "**သမ္ဗောဓီတိ သမ္ဗောဓိ**"ဟု **အနာဂတဝိဂ္ဂဟ်** ဆိုကြသေး၏၊ သောတာပန်ပုဂ္ဂိုလ်ဘဝမှ ထောက်လျှင် အထက်မဂ်သုံးပါးတို့သည် သစ္စာလေးပါးကို သိလတ္တံ့ ဖြစ်သည်ဟု အကြံလွန်ကြဟန်တူ၏။ **သမ္ဗောဓိ**ပုဒ်အရ သောတာပန်ပုဂ္ဂိုလ်ကို ယူခဲ့သော် **အနာဂတဝိဂ္ဂဟ်** ဖြစ်နိုင်စရာရှိသော်လည်း အရိယမဂ်တည်းဟူသော ဓမ္မကို အရကောက်ယူရာ၌ကား ထို **အနာဂတဝိဂ္ဂဟ်** မဖြစ်နိုင်ပါ။ မဂ်လေးပါးလုံးပင် သူတို့ဖြစ်ဆဲ အခိုက်အတန့်နှင့် လျော်ညီစွာ သစ္စာလေးပါးကို သိဆဲ ပစ္စုပ္ပန်ချည်းသာ ဖြစ်ပါသည်။

**ပုဂ္ဂလပညတ် ဋ္ဌ** (၄၆) **မူလဋီ** (၃၇) တို့၌ **သမ္ဗောဓိ**အရ သောတာပတ္တိမဂ်ကို ယူ၍ လည်းကောင်း၊ **အယနသဒ္ဒါ**အတွက် **ဂတိ**အနက်ကိုသာမက

## PAGE 521

**ဘိက္ခဝေ**=တို့၊ **ပန**=ထို့အပြင်၊ **ဣဓ**=၌။ပ။ **ပရိက္ခယာ**=ကြောင့်၊ **ရာဂဒေါသမောဟာနံ**=ရာဂ၊ ဒေါသ၊ မောဟတို့၏၊ **တနုတ္တာ**=နည်းပါးကုန်သည် အဖြစ်ကြောင့်၊ **သကဒါဂါမီ**=သကဒါဂါမ်ပုဂ္ဂိုလ်သည်၊ **ဝါ**=တကြိမ်တခါသာ **ပဋိသန္ဓေ** တည်နေလာရောက်တတ်သော ပုဂ္ဂိုလ်သည်၊ **ဟောတိ**=ဖြစ်၏၊ **သကဒေဝ**=တကြိမ်သာလျှင်၊ **ဣမံ လောကံ**=ဤလူ့ပြည်သို့၊ **အာဂမ္မ**=**ပဋိသန္ဓေ** တည်နေလာ၍၊ **ဒုက္ခဿ**=ဝဋ်ဒုက္ခ၏၊ **အန္တ**=အဆုံးအပိုင်းအခြားကို၊ **ကရောတိ**=ပြု၏။ပ။ **သော**=ထိုရဟန်းသည်၊ **ပဉ္စန္န**=ငါးမျိုးကုန်သော၊ **ဩရမ္ဘာဂိယာနံ**=အောက်ကာမဓာတ်သို့ ချဉ်းကပ်တတ်ကုန်သော၊ **ဝါ**=အောက်ကာမဓာတ်အဖို့၏ စီးပွားဖြစ်ကုန်သော၊ **ဝါ**=အောက်ကာမဘဝ၌ **ပဋိသန္ဓေ** တည်နေစေတတ်ကုန်သော။ [ဒုကနိပါတ် စာပိုဒ် ၃၇-သုတ်လည်းကြည့်] **သံယောဇနာနံ**=တို့၏၊ **ပရိက္ခယာ**=ကြောင့်၊ **အနာဂါမီ**= (သုဒ္ဓါဝါသ ဗြဟ္မာ့ပြည်၌) **ဥပပတ် ပဋိသန္ဓေ** တည်နေသော ပုဂ္ဂိုလ်သည်၊ **တတ္ထ** - ထိုသုဒ္ဓါဝါသဗြဟ္မာပြည်၌၊ **ပရိနိဗ္ဗာယီ**=ပရိနိဗ္ဗာန်စံသည်၊ **ဝါ**=ခန္ဓာဇာတ်သိမ်းချုပ်ငြိမ်းသည်၊ **တတ္ထ ပရိနိဗ္ဗာယိတိ တတ္ထ သုဒ္ဓါဝါသလောကေ ပရိနိဗ္ဗာယိတာ**။ **ပုဂ္ဂလပညတ် ဋ္ဌ**၊ ၄၈] **တသ္မာ လောကာ**=ထိုသုဒ္ဓါဝါသဗြဟ္မာ့ပြည်မှ၊ **အနာဝတ္တိဓမ္မော**=ဤကာမဘုံသို့ **ပဋိသန္ဓေ** ပြန်နေလာခြင်းသဘော မရှိသည်၊ **ဟောတိ**=၏၊

[**အာသဝါနံ ခယာ** စသည်ကို စာပိုဒ် (၁၂) သာရဏီယသုတ်ကြည့်]။ပ။

**ဘိက္ခဝေ**=တို့၊ **ဣတိ ခေါ**=ဤသို့ဟောတော်မူခဲ့သည့်အတိုင်းပင်၊ **ပဒေသကာရီ**=(**သီလက္ခန္ဓ** စသည် ပြည့်စုံလုံလောက်ရန်) အချို့အဝက်တရား အောက်မဂ်သုံးပါးကို ဖြည့်ကျင့်မှုပြုသော အောက်ဖိုလ်၊ ပုဂ္ဂိုလ်သုံးဦးသည်၊ **ပဒေသံ**=အချို့အဝက်တရား အောက်ဖိုလ် သုံးပါးကို၊ **အာရာဓေတိ**=ပြီးစီးစေ၏၊ **ပရိပူရကာရီ**=(**သီလက္ခန္ဓ သဒ္ဓိန္ဒြေ** စသည်တို့ဖြင့်) ဝန်းကျင်ဥဿုံ ပြည့်စုံသော အရဟတ္တမဂ်ကို ဖြည့်ကျင့်မှုပြုသော ရဟန္တာပုဂ္ဂိုလ်သည်၊ **ပရိပူရံ**=ဝန်းကျင်ဥဿုံပြည့်စုံသော အရဟတ္တဖိုလ်ကို၊ **အာရာဓေတိ**=၏၊ **ဘိက္ခဝေ**=တို့၊ **အဟံ**=ငါသည်၊ **သိက္ခာပဒါနိ**=သိက္ခာပုဒ်တို့ကို၊ **အဝဉ္စာနိ ဣတိ ဧဝ**=အကျိုးမပြီး **နိဿယ** (ဖြစ်ရာမှီရာ) အနက်ကို ယူ၍လည်းကောင်း ဖွင့်သေး၏၊ ထိုအလို "**သမ္ဗောဓိပရာယဏော**=သောတာပတ္တိမဂ်တည်းဟူသော မြတ်သော ဖြစ်ရာမှီရာရှိသော သူသည်"ဟု အနက်ဆိုပါ၊ **ပရသဒ္ဒါ**ကို ဥတ္တမအနက်ဟောကြသည်။
## PAGE 522

အချည်းနှီး မဟုတ်ကုန်ဟူ၍သာလျှင်၊ ဝါ=အစဉ်တိုးပွား များသောအကျိုး ရှိကုန်၏ဟူ၍သာလျှင်၊ **ဝဒါမိ**=ဟောတော်မူ၏၊ **ဣတိ**=ဤသို့၊ (အဝေါစ-မိန့်တော်မူပြီ) ဆဋ္ဌ။

#### ၇-ဒုတိယသိက္ခာသုတ်

**၈၈။** ။ပ။ **ပရိက္ခယာ**=ကြောင့်၊ **သတ္တက္ခတ္တုပရမော**။ သတ္တက္ခတ္တုပရမသောတာပန်ပုဂ္ဂိုလ်သည်၊ ဝါ=ခုနှစ်ကြိမ်သာ အလွန်ဆုံး ဘဝအသစ် ဖြစ်ရခြင်းရှိသော သောတာပန်ပုဂ္ဂိုလ်သည်၊ ဟောတိ=၏၊ **သတ္တက္ခတ္တုပရမံ**= ခုနစ်ကြိမ်ဟူသော အလွန်ဆုံးသော ဘဝပတ်လုံးသာလျှင်၊ ဝါ=အလွန်ဆုံးဘဝခုနစ်ကြိမ်သာလျှင်၊ . [ပါဠိ ရှိသည့်အတိုင်းသာ အနက်ပေးခြင်းတည်း၊ ပုဂ္ဂလပညတ် ပါဠိတော် (၁၁၈)၌ “သတ္တက္ခတ္တု ဒေဝေ စ မနုဿ စ”ဟု ရှိ၏။ ၎င်းအဋ္ဌကထာ၌လည်း သတ္တက္ခတ္တုန္တ သတ္တဝါရေ ဟု ဖွင့်၏၊] **ဒေဝေ စ**=နတ်ဘဝတို့သို့လည်းကောင်း၊ **မနုဿေစ**=လူ့ဘဝတို့သို့လည်းကောင်း၊ **သန္ဓာဝိတွာ**=(ပဋိသန္ဓေနေခြင်းဖြင့်) ထပ်ကာ ထပ်ကာ ပြေးသွားပြီး၍၊ **သံသရိတွာ**=(ပဋိသန္ဓေနေခြင်းအားဖြင့်) ထပ်ကာ ထပ်ကာ ကျင်လည်ပြီး၍။ပ။

**သော** ထိုရဟန်းသည်။ပ။ **ကောလံကောလော**=ကောလံကောလ သောတာပန်ပုဂ္ဂိုလ်သည်၊ ဝါ-မြင့်မြတ်သော ဘဝတခုမှ မြင့်မြတ်သော ဘဝတခုသို့ ပြောင်းသွားတတ်သော သောတာပန်ပုဂ္ဂိုလ်သည်။ ဝါ=မြင့်မြတ်သော အမျိုးတခုမှ မြင့်မြတ်သော အမျိုးတခုသို့ ပြောင်းသွားတတ်သော သောတာပန် ပုဂ္ဂိုလ်သည်၊ ဟောတိ=၏၊ **ဒွေ**=နှစ်ခုကုန်သော၊ **ကုလာနိ ဝါ**-ဘဝတို့သို့ သော်လည်းကောင်း၊ ဝါ အမြင့်မြတ်သော အမျိုးတို့သို့သော်လည်းကောင်း၊ **တီဏိ**=သုံးခုကုန်သော၊ **ကုလာနိ ဝါ**=လည်းကောင်း၊ [ဤ၌ ဝါသဒ္ဒါ ဝိကပ်အနက်ဟောတည်း၊ “စတ္တာရိ=လေးခုကုန်သော၊ ကုလာနိ ဝါ= လည်းကောင်း၊ ပဉ္စ=ငါးခုကုန်သော၊ ကုလာနိ ဝါလည်းကောင်း၊ ဆခြောက်ခုကုန်သော၊ ကုလာနိ ဝါ=လည်းကောင်း”ဟု ထည့်ဆိုနိုင်၏။ ၆-ဘဝသည် ကောလံကောလသောတာပန်၏ အလွန်ဆုံး သတ်မှတ်ချက်တည်း] **သန္ဓာဝိတွာ**။ပ။

**သော**=ထိုရဟန်းသည်။ပ။ **ပရိက္ခယာ**ကြောင့်၊ **ဧကဗီဇီ**=ဧကဗီဇီသောတာပန်သည်၊ ဝါ=တဘဝအတွက်သာ ခန္ဓာမျိုးစေ့ရှိသော သောတာပန်ပုဂ္ဂိုလ်သည်၊ (တဘဝအတွက်သာ ပဋိသန္ဓေဝိညာဏ်ဟူသော ခန္ဓာမျိုးစေ့ရှိသော သောတာပန်ပုဂ္ဂိုလ်သည်) ဟောတိ=၏။ **ဧကံယေဝ**=တခုသာဖြစ်သော၊ **မာနုသကံ**=လူ၌ဖြစ်သော၊ **ဘဝံ**=ဘဝကို၊ **နိဗ္ဗတ္တေတွာ**=ဖြစ်စေပြီး၍။ပ။

**ပရိက္ခယာ**=ကြောင့်၊ **ဥဒ္ဓံ သောတော**=အထက် သုဒ္ဓါဝါသဘုံသို့ ပို့ဆောင်တတ်သော တဏှာအယဉ်, ဝဋ်ဒုက္ခအယဉ်ရှိသော၊ ဝါ=အထက်သုဒ္ဓါဝါသဘုံသို့

