## PAGE 523

သွားရောက်၍ ရအပ်လတ္တံ့သော အရဟတ္တမဂ် အယဉ်ရှိသော၊ **အကနိဋ္ဌဂါမီ**=အကနိဋ္ဌဘုံသို့ ပဋိသန္ဓေ တည်နေ သွားရောက်တတ်သော အနာဂါမ်ပုဂ္ဂိုလ်သည်၊ (ဟောတိ=၏)။

**သော**=ထိုရဟန်းသည်။ပ။ **သသင်္ခါရ ပရိနိဗ္ဗာယီ**=ဝိပဿနာအကျင့်ကို ခက်ခဲလွန်ကဲစွာ အားထုတ်ရခြင်းနှင့်တကွအားဖြင့် ကိလေသာခပ်သိမ်း ချုပ်ငြိမ်းမည်ဖြစ်သော အနာဂါမ်ပုဂ္ဂိုလ်သည်၊ ဟောတိ=၏။ပ။ **အသင်္ခါရ ပရိနိဗ္ဗာယီ**=ဝိပဿနာအကျင့်ကို ခက်ခဲ လွန်ကဲစွာ အားထုတ်ရခြင်း မရှိဘဲ ကိလေသာခပ်သိမ်း ချုပ်ငြိမ်းမည်ဖြစ်သော အနာဂါမ်ပုဂ္ဂိုလ်သည်၊ ဟောတိ-၏။ပ။ **ဥပဟစ္စပရိနိဗ္ဗာယီ**=သက်တမ်း ထက်ဝက်ကို ကျော်လွန်ပြီး၍ ကိလေသာခပ်သိမ်း ချုပ်ငြိမ်းမည်ဖြစ်သော အနာဂါမ်ပုဂ္ဂိုလ်သည်၊ ဝါ=သေခါနီးသို့ရောက်၍ ကိလေသာခပ်သိမ်း ချုပ်ငြိမ်းမည်ဖြစ်သော အနာဂါမ် ပုဂ္ဂိုလ်သည်။ ဟောတိ=၏။ပ။

**အန္တရာပရိနိဗ္ဗာယီ**=သက်တမ်းထက်ဝက်ကို မကျော်လွန်မီအကြား၌ ကိလေသာခပ်သိမ်း ချုပ်ငြိမ်းမည်ဖြစ်သော အနာဂါမ် ပုဂ္ဂိုလ်သည်၊ ဟောတိ-၏၊

**၁။ ဥဒ္ဓံသောတအကနိဋ္ဌဂါမီ**-စသည်။ ။**ဥဒ္ဓံ**=(မိမိဖြစ်ရာသုဒ္ဓါဝါသဘုံမှ) အထက်သုဒ္ဓါဝါသဘုံ၌၊ ဝါ=ထိုအထက် သုဒ္ဓါဝါသဘုံသို့ ပို့ဆောင်တတ်သော၊ ဝါ=ထိုအထက်သုဒ္ဓါဝါသဘုံသို့ သွားရောက်၍ ရအပ်လတ္တံ့သော+**သောတ**=အယဉ်(ရှိသော)။ **သသင်္ခါရေန**=(ဝိပဿနာဉာဏ် ရင့်သန်အောင် ခက်ခဲလွန်ကဲစွာ) အားထုတ်ရခြင်းနှင့်တကွ၊ ဝါ=ခက်ခဲလွန်ကဲစွာ အားထုတ်ရခြင်းရှိသော ဝိပဿနာအကျင့်ဖြင့်၊ **ပရိနိဗ္ဗာယီ**=ကိလေသာခပ်သိမ်း ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်းလတ္တံ့ဖြစ်သော အနာဂါမ်ပုဂ္ဂိုလ်။

**ဥပဟစ္စ** (အတိက္ကမိတွာ)-သက်တမ်းထက်ဝက်ကို ကျော်လွန်ပြီးမှ၊ (တနည်း) **ဥပဟစ္စ** (ဥပဂန္တွာ)=သေခါနီးရောက်တော့မှ၊ **ပရိနိဗ္ဗာယီ**=ပုဂ္ဂိုလ်၊ **အန္တရာ**=(သက်တမ်းထက်ဝက်ကို မကျော်လွန်သေးမီ) အကြား၌၊ **ပရိနိဗ္ဗာယီ**=ပုဂ္ဂိုလ်၊

**၂။ အန္တရာပရိနိဗ္ဗာယိ**။ ။(၁) သုဒ္ဓါဝါသဘုံသို့ရောက်ပြီးကာစ၌လည်းကောင်း၊ (၂) ရောက်ပြီးနောက် ထိုဘုံ၏ သက်တမ်းထက်ဝက်သို့ မရောက်သေးမီ၌ လည်းကောင်း၊ (၃) သက်တမ်းထက်ဝက်ရောက်ဆဲ အချိန်၌ လည်းကောင်း၊ ကိလေသာချုပ်ငြိမ်း၍ ရဟန္တာဖြစ်မည့် အနာဂါမ်ပုဂ္ဂိုလ်ဟူ၍ **အန္တရာပရိနိဗ္ဗာယီ** သုံးယောက်ဖြစ်၏။ သတ္တကနိပါတ်စာပိုဒ် (၁၆) အနိစ္စာနပဿီသုတ်လည်းကြည့်။

## PAGE 524

**၈၉ (စာပိုဒ်)။**

#### ၈-တတိယသိက္ခာသုတ်

[ “တံ ဝါ ပန”စသည်မျှသာ ထူး၏။] **ဝါ ပန**=ထိုမှတပါး၊ **တံ**=ထိုအရဟတ္တဖိုလ်ကို **အနဘိသမ္ဘဝံ** (အနဘိသမ္ဘဝန္တော)=မရောက်မမီနိုင်သေးလသော်၊ **အပ္ပဋိဝိဒံ** (အပ္ပဋိဝိဇ္ဈန္တော)=ထွင်းဖောက်မသိနိုင်သေးလသော်။ပ။ **ဥဒ္ဓံသောတော**=သော၊ **အကနိဋ္ဌဂါမီ**=သည်၊ ဟောတိ=၏။

#### ၉-ပဌမသိက္ခတ္တယသုတ်

**၉၀။** **ဘိက္ခဝေ**=ရဟန်းတို့၊ **သိက္ခာ သိက္ခာ**တို့သည်၊ ဝါ=အကျင့် တရားတို့သည်၊ **ဣမာ တိသော**=ဤသုံးမျိုးတို့တည်း၊ **တိဿော**=သုံးမျိုးတို့ဟူသည်၊ **ကတမာ**=အဘယ်တို့နည်းဟူမူ၊ **အဓိသီလသိက္ခာ**=အဓိသီလသိက္ခာလည်းကောင်း၊ ဝါ=သာလွန်ထူးကဲသော သီလအကျင့် လည်းကောင်း၊ **အဓိစိတ္တသိက္ခာ** **အဓိစိတ္တသိက္ခာ**လည်းကောင်း၊ ဝါ=သာလွန် ထူးကဲသော စိတ်အကျင့်လည်းကောင်း၊ **အဓိပညာသိက္ခာ**=အဓိပညာ သိက္ခာလည်းကောင်း၊ ဝါ=သာလွန်ထူးကဲသော ပညာအကျင့်လည်းကောင်းတည်း၊ **ဘိက္ခဝေ**=တို့၊ **အဓိသီလသိက္ခာ** **အဓိသီလသိက္ခာ**ဟူသည်၊ **ကတမာ စ**=အဘယ်နည်း။ပ။ **ဘိက္ခဝေ**=တို့၊ **အယံ**=ဤပါတိမောက္ခ သံဝရသီလကို၊ **အဓိသီလသိက္ခာ** **အဓိသီလသိက္ခာ**ဟူ၍၊ **ဝုစ္စတိ**=ခေါ်ဆိုအပ်၏။ပ။

**အယံ**=ဤလေးပါးသော ဈာန်သမာဓိစိတ်ကို၊ **အဓိစိတ္တသိက္ခာ**=သိက္ခာဟူ၍၊ **ဝုစ္စတိ**=၏။ **အယံ**=ဤသစ္စာလေးပါးကို သိတတ်သော ဝိပဿနာဉာဏ်, အရိယမဂ်ဉာဏ်ကို၊ **အဓိပညာသိက္ခာ**=သိက္ခာဟူ၍၊ **ဝုစ္စတိ**=၏။ပ။

#### ၁၀-ဒုတိယသိက္ခတ္တယသုတ်

**၉၁။** **အယံ**=ဤအရဟတ္တမဂ်ဉာဏ်ကို၊ **အဓိပညာသိက္ခာ**=သိက္ခာဟူ၍၊ **ဝုစ္စတိ**=၏။

[ဂါထာ] (ဘိက္ခု=ရဟန်းသည်) **ဝီရိယဝါ**=လုံ့လဝီရိယရှိသည်၊ **ထာမဝါ**=ဉာဏ်စွမ်းသတ္တိရှိသည်၊ **ဓိတိမာ**=တည်ကြည်သော သမာဓိရှိသည်၊ **ဈာယီ**=ဆန့်ကျင်ဘက် ကิလေသာတို့ကို လောင်မြိုက်တတ်သည်၊ ဝါ=ဈာန်ဝင်စားလေ့ရှိသည်၊ **သတော**=ကမ္မဋ္ဌာန်းအာရုံကို မြဲစွာ စွဲကပ်အမှတ်ရ နေသည်၊ ဝါ=အမြဲသတိရှိသည်။ **ဂုတ္တိန္ဒြိယော**=လုံခြုံစွာ ပိတ်ဆီး စောင့်ရှောက် အပ်သော စက္ခုစသော ဣန္ဒြေရှိသည် (ဟုတွာ-ဖြစ်၍) **အဓိသီလံ**=အဆင့်ဆင့် =သာလွန်ထူးကဲသော လောကီလောကုတ္တရာသီလကိုလည်းကောင်း၊ **အဓိစိတ္တံ**=အဆင့်ဆင့် သာလွန်ထူးကဲသော လောကီလောကုတ္တရာစိတ်ကိုလည်းကောင်း၊ **အဓိပညာ**=အဆင့်ဆင့် သာလွန်ထူးကဲသော လောကီလောကုတ္တရာ ပညာကို
## PAGE 525

လည်းကောင်း၊ **စရေ** = ဖြည့်ကျင့်၏။ (**သော** = ထိုရဟန်းသည်) **ပုရေ** = ရှေးဦးအစ၌၊ **တီသု သိက္ခာသု** = သုံးပါးကုန်သော သိက္ခာတို့၌၊ **သိက္ခတိ ယထာ** = ဖြည့်ကျင့်သကဲ့သို့၊ **တထာ** = ထို့အတူ၊ **ပစ္ဆာ** = နောက်၌၊ **တီသု သိက္ခာသု** = တို့၌၊ **သိက္ခတိ** = ဖြည့်ကျင့်၏၊

[အဋ္ဌကထာအတိုင်း ပါဠိအသစ် ထည့်စွက်ပေးထားသည်]

**ပစ္ဆာ** = နောက်၌၊ **တီသု သိက္ခာသု** = တို့၌၊ **သိက္ခတိ ယထာ** = ကဲ့သို့၊ **တထာ** = တူ၊ **ပုရေ** = ရှေး၌၊ **တီသု သိက္ခာသု** = တို့၌၊ **သိက္ခတိ** = ၏၊

**အဓော** = အောက်ပိုင်းခန္ဓာကိုယ်ကို၊ **ပဿတိ ယထာ** = အသုဘဟု ရှုသကဲ့သို့၊ **တထာ** = တူ၊ **ဥဒ္ဓံ** = အထက်ပိုင်းခန္ဓာကိုယ်ကို၊ **ပဿတိ** = အသုဘဟုရှု၏၊

**ဥဒ္ဓံ** = ကို၊ **ပဿတိ ယထာ** = သို့၊ **တထာ** = တူ၊ **အဓော** = ကို၊ **ပဿတိ** = ၏၊

**ဒိဝါ** = နေ့၌၊ **တဿော သိက္ခာ** = သုံးပါးသော သိက္ခာတို့ကို၊ **သိက္ခတိ ယထာ** = သို့၊ **တထာ** = တူ၊ **ရတ္တိ** = ညဉ့်၌၊ **တဿော သိက္ခာ** = တို့ကို၊ **သိက္ခတိ** = ၏၊

**ရတ္တိ** = ၌၊ **တဿော သိက္ခာ** = တို့ကို၊ **သိက္ခတိ ယထာ** = သို့၊ **တထာ** = တူ၊ **ဒိဝါ** = ၌၊ **တဿော သိက္ခာ** = တို့ကို၊ **သိက္ခတိ** = ၏၊

(**သော ဘိက္ခု** = ထိုရဟန်းသည်) **သဗ္ဗာ** - အားလုံးကုန်သော၊ **ဒိသာ** = အရပ်မျက်နှาတို့ကို၊ **အဘိဘုယျ** = (အာရုံပြုသောအားဖြင့်)လွှမ်းမိုးပြီး၍၊ **အပ္ပမာဏသမာဓိနာ** = အပ္ပမာဏတရားဖြစ်သော အရဟတ္တမဂ်သမာဓိဖြင့်၊ ဝါ = သတ္တဝါတို့၏ အကျင့်ဂုဏ်သိက္ခာ ပမာဏကို ဖေါ်ပြပြုလုပ်တတ်သော ကိလေသာမရှိသော အရဟတ္တမဂ်သမာဓိဖြင့်၊ (**ဝိဟရတိ** = နေ၏)

[ရတ္တိ ဒိဝါပုဒ်တို့ကြောင့် အပ္ပမာဏသမာဓိနာပုဒ်ကို သိက္ခတိ၌ မစပ်သင့်၍ ဝိဟရတိပုဒ် ထည့်စပ်သည်၊ စိတ္တက္ခဏတချက်မျှသာရှိသော အရဟတ္တမဂ်သမာဓိသည် နေ့ရောညပါ မဖြစ်နိုင်]

**သိက္ခံ** = သိက္ခာသုံးပါးကို ဖြည့်ကျင့်ဆဲဖြစ်သော၊ **တံ** = ထိုရဟန်းကို၊ **ပဋိပဒံ** = သိက္ခာသုံးရပ် အကျင့်မြတ် ရှိသူဟူ၍လည်းကောင်း၊ **အထော** = ထိုမှတပါး၊ **သံသုဒ္ဓစာရိယံ** = စင်ကြယ်သော အကျင့်သီလရှိသူဟူ၍လည်းကောင်း၊ **အာဟု** = ပညာရှိတို့ ဆိုကြကုန်၏။

**တံ** = ထိုရဟန်းကို၊ **လောကေ** = သတ္တလောက၌၊ **သမ္ဗုဒ္ဓံ** = သစ္စာလေးပါးကိုသိသောသူဟူ၍လည်းကောင်း၊ **ဓီရံ** = ခန္ဓာ, အာယတနအရာ ဉာဏ်ပညာရှိသူဟူ၍လည်းကောင်း၊ **ပဋိပဒန္တဂူ** = သိက္ခာသုံးရပ် အကျင့်မြတ်၏ အဆုံးစွန်သို့ရောက်သောသူဟူ၍လည်းကောင်း၊ [ပဋိပဒါ+အန္တ+ဝ] **အာဟု** = ကုန်၏၊

[မဟာနိဒ္ဒေသပါဠိတော်၊ နှာ ၃၄-၌ ဓီရ, မိတိမာ, ဓိတိသမ္ပန္နပုဒ်အားလုံးသည်ပဏ္ဍိတ၏ ပရိယာယ်ချည်းတည်း]

**တဏှာက္ခယဝိမုတ္တိနော** = တဏှာကုန်ရာနိဗ္ဗာန်၌ဖြစ်သော အရဟတ္တဖိုလ် ဝိမုတ္တိရှိသော ရဟန်း၏၊ **ဝိညာဏဿ** =

