## PAGE 526

နောက်ဆုံးစုတိ ဝိညာဏ်၏၊ **နိရောဓေန** = ချုပ်ခြင်းကြောင့်၊ **ပဇ္ဇောတဿ** = ဆီမီး၏၊ **နိဗ္ဗာနံ ဣဝ** = ငြိမ်းခြင်းကဲ့သို့၊ (**တထာ** = ထို့အတူ) **စေတသော** = စိတ်၏၊ **ဝိမောက္ခော** = လွတ်မြောက်ချုပ်ကင်း မဖြစ်ခြင်းသည်၊ **ဟောတိ** - ဖြစ်၏၊ **ဣတိ** = ဤသို့၊ (**အဝေါစ** = မိန့်ပြီ)

**ပဇ္ဇောတဿေဝ** = ပဇ္ဇောတဿ + ဣဝ၊ ဒသမံ။

### ၁၁-သင်္ကဝါသုတ်

**၉၂။** စာပိုဒ် (၆၄)ဝေနာဂပုရသုတ်လည်းကြည့် **ယေန (ပဒေသေန)** = ၌၊ **သင်္ကဝါနာမ** = သင်္ကဝါမည်သော၊ **ကောသလာနံ** = ကောသလမင်းသားတို့၏၊ **နိဂမော** = နိဂုံးသည်၊ (**အတ္ထိ** = ရှိ၏)။ပ။

**ဘဂဝါ** = မြတ်စွာဘုရားသည်၊ **တတြ သင်္ကဝါယံ** = ထိုသင်္ကဝါမည်သောနိဂုံး၌၊ [သုဒံ အနက်မရှိ] **ဝိဟရတိ** = ၏၊

**တေန ပန သမယေန** = (သင်္ကဝါနိဂုံး၌ မြတ်စွာဘုရား သီတင်းသုံးနေတော်မူရာ)ထိုအခါ၌၊ **ကဿပဂေါတ္တော နာမ** = ကဿပဂေါတ္တမည်သော၊ **ဘိက္ခု** = ရဟန်းသည်၊ **သင်္ကဝါယံ** = သင်္ကဝါနိဂုံး၌၊ **အာဝါသိကော** = ကျောင်းထိုင်ဘုန်းကြီးသည် (ကျောင်းအသစ်ဆောက်ခြင်း, ကျောင်းအဟောင်းပြင်ခြင်းစသောကျောင်း တာဝန်ဆောင်ဘုန်းကြီးသည်) **ဟောတိ** = ၏။

**တတြ** = ထိုသင်္ကဝါနိဂုံး၌၊ **ဘဂဝါ** = သည်၊ **သိက္ခာပဒပဋိသံယုတ္တာယ** = သိက္ခာသုံးပါး အကျင့်တရားတည်းဟူသော ရသင့်ရကြောင်း ကုသိုလ်အပေါင်းနှင့် စပ်ဆိုင်သော၊ ဝါ = သိက္ခာသုံးပါးနှင့် ပြည့်စုံသော၊ **ဓမ္မိယာ** = တရားရှိသော၊ **ကထာယ** = စကားဖြင့်၊ **ဘိက္ခု** = ရဟန်းတို့ကို၊ **သန္ဒဿတိ** = (နိဗ္ဗာန်တိုင်အောင်သော အကျိုးတို့ကို)မျက်မှောက်ထင်ထင် ကောင်းစွာမြင်စေတော်မူ၏၊ **သမာဒပေတိ** = (သိက္ခာသုံးပါးတရားတို့ကို)ကောင်းစွာလက်ခံ နာယူစေတော်မူ၏၊ **သမုတ္တေဇေတိ** = (နာယူစေအပ်ပြီးသော တရားတို့၌) ကောင်းစွာ အားတက် ထက်မြက်စေတော်မူ၏။ [ဋီကာ၌မူ သမာဓိမှိ ဟု အာဓာရတွေ့ရ၏]

**သမ္ပဟံသေတိ** = (ရပြီးဂုဏ်ထူးချီးကျူးပြောလျက်) စိတ်ဓာတ်အစဉ် ကြည်လင်ရွှင်လန်းစေတော်မူ၏၊

"၁။ သိက္ခာပဒသဒ္ဒါ၏ ဝစနတ္ထ။ ။ သိက္ခာပဒပဋိသံယုတ္တာယကိုနိဿယခန်း၌ ဖေါ်ပြထားသည့်အတိုင်း အနက်ပေးခြင်းကြောင့် ဤနေရာ၌“သိက္ခာပဒ”အရ သိက္ခာပုဒ်သီလကိုချည်း မဆိုလိုကြောင်း သိပါလေ။

**သိက္ခိတဗ္ဗာတိ သိက္ခာ** = ဖြည့်ကျင့်သင့်သော အကျင့်တရား၊ **ပဇ္ဇိတဗ္ဗာနိတိ ပဒါနိ** = ရောက်သင့်, ရသင့်သောကုသိုလ်များ၊ (တနည်း) **ပစ္စန္တိ ဧတေဟီတိ ပဒါနိ** = အရဟတ္တဖိုလ်တိုင်အောင် တရားတို့ကို ရကြောင်း ရောက်ကြောင်းကုသိုလ်များ၊ **သိက္ခာ ဧဝ ပဒါနိ သိက္ခာပဒါနိ**။ **သိက္ခာပဒေဟိ ပဋိသံယုတ္တာ**

## PAGE 527

**အထ ခေါ** = ထိုအခါ၌၊ **ကဿပဂေါတ္တဿ** = ကဿပဂေါတ္တမည်သော၊ **ဘိက္ခုနော** = ရဟန်းမှာ၊ [အဟုဒေဝ အန္တိ စသည်၌စပ်] **ဘဂဝတိ** = မြတ်စွာဘုရားသည်။ပ။

**သန္ဒသေန္တေ** = (နိဗ္ဗာန်တိုင်အောင်သော အကျိုးတို့ကို)မျက်မှောက်ထင်ထင် မြင်စေတော်မူလသော်။ပ။ **သမ္ပဟံသေန္တေ** = သော်၊

“**အဟံ သမဏော** = ဤရဟန်းသည်၊ **အဓိသလ္လေခေဝ** = လွန်ကဲလှစွာ, ပါးလွှာလှီးရိတ်, အသေးစိတ်ပြောဟောနေလေဘိ၏” [“ကတ်ကတ်သတ်သတ် ရှာရှာဖွေဖွေ ပြောနေပေတယ်”ဟု ဆိုလိုဟန်တူ၏]

**ဣတိ** = ဤသို့၊ **အက္ခန္တိ** = သည်းမခံနိုင်ခြင်းသည်၊ **အဟု ဧဝ** = မဖြစ်မနေ ဖြစ်ချေလေပြီ၊ **အပ္ပစ္စယော** = မနှစ်မြို့ခြင်းသည်၊ ဝါ = ပီတိသောမနဿ မဖြစ်ကြောင်း ဒေါမနဿသည်၊ **အဟု ဧဝ** = ပြီ။ပ။

**ယထာဘိရန္တံ** = အလိုဆန္ဒအားလျော်စွာ၊ ဝါ = အလိုတော်ရှိသလောက်၊ **ဝိဟရိတွာ** = သီတင်းသုံးနေတော်မူပြီး၍၊ **ယေန** = အကြင်အရပ်၌၊ **ရာဇဂဟံ** = ရာဇဂြိုဟ်မြို့သည်၊ (**အတ္ထိ** = ရှိ၏) **တေန** = ထိုရာဇဂြိုဟ်မြို့ ရှိရာအရပ်၌၊ **စာရိကံ** = ဒေသစာရီ လှည့်လည်ကြွသွားတော်မူခြင်းကို၊ **ပက္ကာမိ** = ကြွသွားတော်မူပြီ၊

**အနုပုဗ္ဗေန** = အစဉ်အားဖြင့်၊ **စာရိကံ** = ကို၊ **စရမာနော** = ကြွသွားတော်မူလသော်၊ **ယေန** = အကြင်အရပ်၌၊ **ရာဇဂဟံ**။ပ။

**ဘဂဝါ** = သည်၊ **တတြ ရာဇဂဟေ** = ထိုရာဇဂြိုဟ်မြို့၌၊ **ဝိဟရတိ** = ၏။ပ။

**ဘိက္ခုနော** = မှာ၊ **ဘဂဝတော** = မြတ်စွာဘုရားသည်၊ **အစိရပက္ကန္တဿ** = ကြွသွားတော်မူ၍ မကြာမြင့်သေးမီ၊ **ကုက္ကုစ္စံ** = နောင်တရမှု စက်ဆုပ်ဖွယ်အပြုအမူသည်၊ **အဟု ဧဝ** = မဖြစ်မနေ ဖြစ်ချေလေပြီ၊ [ကရဏံ ကတံ၊ ကုစ္ဆိတံ ကတံ ကုကတံ၊ ကုကတမေဝ ကုက္ကုစ္စံ]

**ဝိပ္ပဋိသာရော** = မိမိပြစ်မှအစွဲပြုကာ ဖောက်ပြန်စွာ တွေးတောပူပန်ခြင်းသည်၊ ဝါ = စိတ်မချမ်းသာခြင်းသည်၊ **အဟု ဧဝ** = ပြီ၊

**သရဏံ စိန္တနံ သာရော**၊ **အတ္တနာ ကတံ အဇ္ဈာစာရံ ပဋိစ္စ သာရော ပဋိသာရော**၊ **ဝိရူပံ ပဋိသာရော ဝိပ္ပဋိသာရော**]

(**ကိန္တိ** = အဘယ်သို့၊ **အာဟု** = ဖြစ်သနည်းဟူမူ) “အလာဘာ ဝတ”စသည်ကို နောက်မှဆိုရမည်

**ယဿ မေ** = အကြင်ငါ့မှာ၊ **ဘဂဝတိ** = သည်။ပ။ **အပ္ပစ္စယော** = သည်၊ **အဟု ဧဝ** = ပြီ၊ **တဿ မေ** = ထိုငါ၏၊ ဝါ = ထိုငါ့မှာ၊ **အလာဘာ** = (ဓမ္မဿဝနကုသိုလ်ဟူသော)လာဘ်ကောင်း လာဘ်မြတ်တို့ကို မရခြင်းတို့သည်၊ ဝါ = အရမတော်ခြင်းတို့သည်၊ **ဟောန္တိ ဝတ** = ဖြစ်ပါပေကုန်စွတကား၊

**တဿ မေ** = ၏၊ ဝါ = မှာ၊ **လာဘာ** = (ဓမ္မဿဝနကုသိုလ်ဟူသော) လာဘ်ကောင်း လာဘ်မြတ်တို့ကို ရခြင်းတို့သည်၊ ဝါ = အရတော်ခြင်းတို့သည်၊ **န ဟောန္တိ ဝတ** = မဖြစ်ပါပေကုန်စွတကား၊

**တဿ မေ** = ထိုငါသည်၊ **ဒုက္ခံ ဝတ** = (မြတ်စွာဘုရားဖူးခွင့်ကို) မကောင်းသဖြင့် ရအပ်ပါပေစွတကား၊
## PAGE 528

**ဝါ**=မထိုက်မတန် ရအပ်ပါပေစွတကား။

**တဿ မေ**=သည်၊ **န သုလက္ခံ ဝတ**=(မြတ်စွာဘုရားဖူးခွင့်ကို) ကောင်းမွန်ထိုက်တန်စွာ ရအပ်သည် မမည်ပါပေစွတကား၊ **ဣတိ**-ဤသို့၊ (**ကုက္ကုစ္စံ**=သည်၊ **အဟု ဧဝ**=ပြီ၊ **ဝိပ္ပဋိသာရော**=သည်၊ **အဟု ဧဝ**=ပြီ)။

**အဟံ**=ငါသည်၊ **ယေန**=အကြင်အရပ်၌၊ **ဘဂဝါ**=သည်၊ (**အတ္ထိ)တေန**=ထိုအရပ်၌၊ **ဝါ**=သို့၊ **ယံနူန ဥပသင်္ကမေယျံ**=သွားရပါမှ ကောင်းလေစွ၊ **ဥပသင်္ကမိတွာ**=သွားပြီး၍၊ **ဘဂဝတော**=မြတ်စွာဘုရား၏၊ **သန္တိကေ**=အထံတော်၌၊ **အစ္စယံ**=မိမိအပြစ်ကို၊ **အစ္စယတော**=အပြစ်အနေအားဖြင့်၊ **ဝါ**=အပြစ်ဟူ၍၊ **ယံနူန ဒေသေယျ**=ဝန်ခံလျှောက်ထားရပါမူ ကောင်းလေစွ၊ **ဝါ**=ဖွင့်ဟ ဝန်ခံ တောင်းပန်ကန်တော့ရပါမူ ကောင်းလေစွ၊ **ဣတိ**=ဤသို့ စဉ်းစားမိခြင်းသည်၊ (**အဟောသိ**=ဖြစ်ပြီ)။

**အထ ခေါ**=၌၊ **ကဿပဂေါတ္တော**=မည်သော၊ **ဘိက္ခု**=သည်၊ **သေနာသနံ**=အိပ်ရာနေရာကို၊ **သံသာမေတွာ**=သိုမှီးသိမ်းဆည်း၍၊ **ပတ္တစီဝရံ**=သပိတ်သင်္ကန်းကို **အာဒါယ**=ယူ၍။ ပ။

**အနုပုဗ္ဗေန**=ဖြင့်၊ **ယေန**=အကြင်အရပ်၌၊ **ရာဇဂဟံ**=သည်၊ (**အတ္ထိ**) **ယေန**=၌၊ **ဂိဇ္ဈကုဋော**=ဂိဇ္ဈကုဋ်မည်သော၊ **ပဗ္ဗတော**=တောင်သည်၊ (**အတ္ထိ**) **ယေန**=၌၊ **ဘဂဝါ**=သည်၊ (**အတ္ထိ**) **တေန**=ထိုအရပ်၌၊ **ဝါ**=ထိုရာဇဂြိုဟ်မြို့, ဂိဇ္ဈကုဋ်တောင်, မြတ်စွာဘုရား ရှိတော်မူရာအရပ်၌၊ **ဥပသင်္ကမိ**=သွားပြီ၊ **ဥပသင်္ကမိတွာ**=သွားပြီး၍။ ပ။

[တနည်း-“**အနုပုဗ္ဗေန**=ဖြင့်၊ **ယေန**=၌၊ **ရာဇဂဟံ**=သည်၊ (**အတ္ထိ**) **တေန**=ထိုရာဇဂြိုဟ်မြို့ရှိရာအရပ်၌၊ **ဥပသင်္ကမိ**=သွားပြီ၊ **ဥပသင်္ကမိတွာ**=၍၊ **ယေန**=၌၊ **ဂိဇ္ဈကုဋော**=သော၊ **ပဗ္ဗတော**=သည်၊ (**အတ္ထိ**) **တေန**=ထိုဂိဇ္ဈကုဋ်တောင်ရှိရာအရပ်၌၊ **ဥပသင်္ကမိ**=ပြီး **ဥပသင်္ကမိတွာ**-၍၊ **ယေန**=၌၊ **ဘဂဝါ**=သည်၊ (**အတ္ထိ**) **တေန**=ထိုမြတ်စွာဘုရား ရှိတော်မူရာ အရပ်၌၊ **ဥပသင်္ကမိ**=ပြီး **ဥပသင်္ကမိတွာ**၍”ဟုသော်လည်းဆို]

**ဘန္တေ**=မြတ်စွာဘုရား၊ **ဧကံ သမယံ**=တပါးသော အခါ၌၊ **ဘဂဝါ**=သည်၊ **သင်္ကဝါယံ**=သင်္ကဝါနိဂုံး၌၊ **သင်္ကဝါ နာမ**=သင်္ကဝါမည်သော၊ **ကောသလာနံ**=တို့၏၊ **ယော နိဂမော**=အကြင်နိဂုံးသည်၊ (**အတ္ထိ**-ရှိ၏၊ **တတ္ထ**=ထိုနိဂုံး၌) **ဝိဟရတိ**=၏၊ **ဘန္တေ**=ရား၊ **တတြ**=ထိုသင်္ကဝါနိဂုံး၌။ ပ။

**တဿ မေ**=ထိုတပည့်တော်မှာ၊ **ဘဂဝတိ**=သည်။ ပ။ **ဘန္တေ**=ရား၊ **တဿ မေ**=မှာ။ ပ။ [“**အစ္စယော မံ ဘန္တေ**”စသော ဝါကျများကို အနက်ပေးမည်၊ ထို၌လည်း “**ယဿ မေ**”ကစ၍ အနက်ပေးရမည်] **ဘန္တေ**=ရား၊ **ယဿ မေ**=အကြင်တပည့်တော်မှာ၊ **ဘဂဝတိ**=သည်၊ **သိက္ခာပဒပဋိသံယုတ္တာယ**။

