## PAGE 529

။ ပ။ **အပ္ပစ္စယော**=သည်၊ **အဟု ဧဝ**=ပြီ၊ **ယထာဗာလံ**=မိုက်သည့်အလျောက်၊ **ယထာမူဠှံ**=တွေဝေသည့်အလျောက်၊ **ဝါ**=မသိနားမလည်သည့်အလျောက်၊ **ယထာအကုသလံ**= မလိမ္မာသည့်အလျောက်၊ **တံ မံ**=ထိုတပည့်တော်ကို၊ **အစ္စယော**= အပြစ်သည်၊ **အစ္စဂမာ**=လွှမ်းမိုးဖိစီး၍ ဖြစ်လာပါပြီ၊ **ဘန္တေ**=ရား၊ **အာယတိ**=နောင်အခါ၌၊ **သံဝရာယ**=စောင့်စည်းခြင်းငှာ၊ **ဘဂဝါ**=သည်၊ **တဿ မေ**-ထိုတပည့်တော်၏၊ **အစ္စယံ**=အပြစ်ကို၊ **အစ္စယတော**=ဖြင့်၊ **ဝါ**=၍၊ **ပဋိဂ္ဂဏှာတု**=ခံယူတော်မူပါ၊ **ဝါ**=သည်းခံ ခွင့်လွှတ်တော်မူပါ၊ **ဣတိ**=ဤသို့၊ (**အဝေါစ**=လျှောက်ပြီ)။

**ကဿပ**=ကဿပ၊ **ယဿ တေ**=အကြင်သင့်မှာ၊ **မယိ**=ငါဘုရားသည်၊ **သိက္ခာပဒပဋိသံယုတ္တာယ**။ ပ။ **အပ္ပစ္စယော**=သည်၊ **အဟု ဧဝ**=ပြီ၊ **တတ္ထ**=အမှန်စင်စစ်အားဖြင့်၊ **ယထာဗာလံ**=လျောက်။ ပ။ **ယထာအကုသလံ**= လျောက်၊ **တံ တွံ**-ထိုသင့်ကို၊ **အစ္စယော**=သည်၊ **အစ္စဂမာ**=ပြီ၊ **ကဿပ**=ကဿပ၊ **စ**=သို့သော်လည်း၊ **ယတော**=အကြင့်ကြောင့်၊ **တွံ**=သင်သည်၊ **အစ္စယံ**=ကို၊ **အစ္စယတော**=ဖြင့်၊ **ဒိသွာ**-မြင်၍၊ **ယထာဓမ္မံ**=တရားနည်းလမ်းအတိုင်း၊ **ပဋိကရောသိ**=ကုစား၏၊ **ဝါ**=ဝန်ချ၍ကန်တော့တောင်းပန်၏။ (**တတော**=ထို့ကြောင့်) **မယံ**=ငါတို့သည်၊ **တေ**-သင်၏၊ **တံ**-ထိုအပြစ်ကို၊ **ပဋိဂ္ဂဏှာမ**-ခံယူပါကုန်၏၊ **ဝါ**=သည်းခံ ခွင့်လွှတ်ပါကုန်၏၊ **ကဿပ**=ကဿပ၊ **ယော**=အကြင်သူသည်၊ **အစ္စယံ**=ကို၊ **အစ္စယတော**။ ပ။ **အာယတိ**=၌၊ **သံဝရံ**=စောင့်စည်းခြင်းသို့၊ **အာပဇ္ဇတိ**-ရောက်၏၊ (**တဿ**=ထိုသူ၏) **ဧသာ**=ဤတရားနည်းလမ်းအတိုင်း ကုစားခြင်း နောင်အခါ၌ စောင့်စည်းခြင်းသည်၊ **အရိယဿ**-ဗုဒ္ဓမြတ်စွာ အရိယာ သူတော်ကောင်း၏၊ **ဝါ**-နတ်နှင့်တကွသော လောကသည် ကိုးကွယ်ရာဟူ၍ ဆည်းကပ်အပ်သော မြတ်စွာဘုရား၏၊

[**သဒေဝကေန လောကေန သရဏန္တိ အရီယတေ ဥပဂ္ဂတေတိ အရိယော**]

**ဝိနယေ**-အဆုံးအမ တရားဟူသော သာသနာတော်၌၊ **ဝုဒ္ဓိ**=ကြီးပွားကြောင်းပေတည်း။ **ဝုဒ္ဓိဟေသာ**=ဝုဒ္ဓိ+ဧသာ၊ ဟ-အာဂုမ်၊ (တနည်း) **ဝုဒ္ဓိ**+**ဟိ**+**ဧသာ**။ **ဟိ**-နိပါတ်မျှသာ]

**ကဿပ**=ကဿပ၊ **ထေရော**=ထေရ်ဖြစ်သော (ဆယ်ဝါပြည့်မှီ ထေရ်ဖြစ်သော) **ဘိက္ခု**သည်၊ **န သိက္ခာကာမော**=သိက္ခာသုံးပါးတို့ကို အလိုမရှိသူသည်၊ **သိက္ခာသမာဒါနဿ**-သိက္ခာသုံးပါးတို့ကို ကောင်းစွာခံယူဖြည့်ကျင့်ခြင်း၏၊ **န ဝဏ္ဏဝါဒီ**=ဂုဏ်ကိုချီးကျူးပြောဆိုလေ့မရှိသူသည်၊ **စေ ဟောတိ**= အကယ်၍မူလည်း ဖြစ်ငြားအံ့၊ **စ**=ထိုမှတပါး၊ **အညေ**=မိမိမှတပါးတခြား ကုန်သော၊ **ယေ ဘိက္ခု**=အကြင်ရဟန်းတို့သည်၊ **န သိက္ခာကာမာ**=သိက္ခာသုံးပါးကို အလိုမရှိကုန်၊ **တေ စ (ဘိက္ခု)**=ထိုရဟန်း

## PAGE 530

**သမာဒပေတိ**= အကယ်၍ တို့ကိုလည်း၊ **သိက္ခာယ**=သိက္ခာသုံးပါး၌၊ **စေ န** ကောင်းစွာခံယူ မဖြည့်ကျင့် စေငြားအံ့၊ **စ**=ထိုမှတပါး၊ **အညေ**=အခြားကုန်သော၊ **ယေ ဘိက္ခူ**=တို့သည်၊ **သိက္ခာကာမာ**= သိက္ခာသုံးပါးကို အလိုရှိကုန်၏။

**တေသံ (ဘိက္ခူနံ)**=ထိုရဟန်းတို့၏၊ **ဝဏ္ဏဉ္စ**=ဂုဏ်ကိုလည်း၊ **ဘူတံ**=ထင်ရှားရှိသည်ကို၊ **တစ္ေ**=ဟုတ်မှန်သည်ကို၊ **ကာလေန**=ချီးကျူး ပြောဆိုသင့်ရာအခါ၌၊ **စေ န ဘဏတိ**=အကယ်၍ ချီးကျူး မပြောဆိုအံ့၊ **ကဿပ**=ကဿပ၊ (**ဧဝံ သတိ**=ဤအတိုင်း ဖြစ်နေလသော်) **အဟံ**=ငါသည်၊ **ဧဝရူပဿ**=ဤသို့ သဘောရှိသော၊ **ထေရဿ**=ထေရ်ဖြစ်သော၊ **ဘိက္ခုနော**=ရဟန်း၏၊ **ဝဏ္ဏ**=ဂုဏ်ကို၊ **န ဘဏာမိ**=ချီးကျူးမပြောဆို။

**ကိဿ ဟေတု**=အဘယ်အကြောင်းကြောင့်၊ **တံ**=ထိုသို့ချီးကျူးမပြောဆိုခြင်းသည်၊ **ဟောတိ**=ဖြစ်သနည်းဟူမူ၊ **ဟိ (ယသ္မာ)**=အကြင့်ကြောင့်၊ **သတ္ထာ**=ဆရာမြတ်စွာဘုရားသည်၊ **အဿ**=ထိုထေရ်ဖြစ်သော ရဟန်း၏၊ **ဝဏ္ဏ**=ဂုဏ်ကို၊ **ဘဏတိ**=ချီးကျူးပြောဆို၏၊ **ဣတိ**=ဤသို့ အောက်မေ့၍၊ **အညေ ဘိက္ခူ**=အခြားသော ရဟန်းတို့သည်၊ **နံ**=ထိုထေရ်ဖြစ်သော ရဟန်းကို၊ **ဘဇေယျုံ**=ဆည်းကပ်ကြကုန်ရာ၏။

**ယေ**=အကြင်ရဟန်းတို့သည်၊ **နံ**=ထိုထေရ်ဖြစ်သော ရဟန်းကို၊ **ဘဇေယျုံ** ၏ [**တျာဿ**=**တေ**+**အဿ**] **တေ**=ထိုဆည်းကပ်သော ရဟန်းတို့သည်၊ **အဿ**=ထိုထေရ်ဖြစ်သော ရဟန်း၏၊ **ဒိဋ္ဌာနုဂတိ**=မိမိတို့တွေ့ မြင်အပ်သော အမှုအကျင့်ကို အတုလိုက်ခြင်းသို့၊ **အာပဇ္ဇေယျ**=ရောက်ကုန်ရာ၏၊ **ယေ**=အကြင်ရဟန်းတို့သည်၊ **အဿ**=ထိုထေရ်ဖြစ်သော ရဟန်း၏၊ **ဒိဋ္ဌာနုဂတိ**=သို့၊ **အာပဇ္ဇေယျ**=၏၊ **တေသံ**=ထိုရဟန်းတို့၏၊ **တံ**=ထိုဒိဋ္ဌာနုဂတိသို့ ရောက်ခြင်းသည်၊ **ဒီဃရတ္တံ**=ရှည်စွာသော နေ့ညဉ့်ပတ်လုံး၊ **အဟိတာယ**=စီးပွားမဲ့အလို့ငှာ၊ **ဒုက္ခာယ**=ဆင်းရဲခြင်းငှာ၊ **အဿ**=ဖြစ်ရာ၏၊ **ဣတိ**=ထိုကြောင့်၊ (**တံ**=ထိုသို့ထေရ်ရဟန်း၏ ဂုဏ်ကို မချီးကျူးခြင်းသည်၊ **ဟောတိ**=၏)။

**ကဿပ**=ကဿပ၊ **တသ္မာ**=ထို့ကြောင့်၊ **အဟံ**=ငါသည်။ ပ။ **ကဿပ**=ကဿပ၊ **မဇ္ဈိမော**-သီတင်းလတ်ဖြစ်သော (ငါးဝါစပျိုး, ကိုးဝါတိုင်မှတ်, သီတင်းလတ်ဖြစ်သော) **ဘိက္ခု**=သည်။ ပ။ **နဝေါ**=သီတင်းငယ်ဖြစ်သော (ငါးဝါမကြွယ်, သီတင်းငယ်ဖြစ်သော)။ ပ။ **အဟံ**=သည်၊ **ဧဝရူပဿ**=သော **နဝဿ**=သီတင်းငယ်ဖြစ်သော၊ **ဘိက္ခုနော**၏။ ပ။ **ဟိ (ယသ္မာ)**-ကြောင့်၊ **သတ္ထာ**-သည်၊ **အဿ**=ထိုသီတင်းငယ်ရဟန်း၏၊ **ဝဏ္ဏ**။ ပ။ **နံ**=ထိုသီတင်းငယ်ရဟန်းကို၊ **ဘဇေယျုံ**။ ပ။ **ဒုက္ခာယ**=ငှာ၊ **အဿ**-၏၊ **ဣတိ**=ထို့ကြောင့်၊ (**တံ**=ထိုသို့သီတင်းငယ်ရဟန်း၏ ဂုဏ်ကို မချီးကျူးခြင်းသည်၊ **ဟောတိ**)။ ပ။ **ဒီဃရတ္တံ**=လုံး။
## PAGE 531

သီတင်းငယ်ရဟန်း၏ ဂုဏ်ကို မချီးကျူးခြင်းသည်၊ **ဟောတိ**)။ပ။ **ဒီဃရတ္တံ**=လုံး။

**ဟိတာယ**=စီးပွားအလို့ငှါ၊ **သုခါယ**=ချမ်းသာခြင်းငှါ၊ **အဿ**=ဖြစ်ရာ၏၊ **ဣတိ**=ထို့ကြောင့်(တံ-ထိုသို့ ထေရ်ရဟန်း၏ဂုဏ်ကို ချီးကျူးခြင်းသည်၊ **ဟောတိ**=၏) **ကဿပ**=ကဿပ၊ **တသ္မာ**=ထို့ကြောင့်၊ **အဟံ**=သည်၊ **ဧဝရူပဿ**=သော၊ **ထေရဿ**=သော၊ **ဘိက္ခုနော**=၏၊ **ဝဏ္ဏံ**=ကို၊ **ဘဏာမိ**=ချီးကျူးပြောဆို၏။ပ။ **ဘဏာမိ**=၏၊ **ဣတိ**(**အဝေါစ**=မိန့်တော်မူပြီ)။ ဧကာဒသမံ-၁၁-ခုမြောက်သုတ်တည်း၊ စတုတ္တော=လေးခုမြောက်သော၊ သမဏဝဂ္ဂေါ=သမဏဝဂ်တည်း။

(၁၀) #### ၅-လောဏကပလ္လဝဂ်

#### ၁-အစ္စာယိကသုတ်

**၉၃။** **ဘိက္ခဝေ**=တို့၊ **ကဿကဿ**=လယ်သမားဖြစ်သော၊ **ဂဟပတိဿ**=အိမ်ပိုင်ရှင်ယောက်ျား၏၊ **အစ္စာယိကာနိ**=အလျင်အမြန် ဖြစ်စေသင့်ကုန်သော၊ **ကရဏီယာနိ**=ဧကန်ပြုသင့်သော ကိစ္စတို့သည်၊ **ဣမာနိ တီဏိ**=ဤသုံးမျိုးတို့တည်း။ပ။ [စာပိုဒ်(၈၄)ခေတ္တသုတ်လည်းကြည့်] **သီဃံ သီဃံ**=လျင်မြန်စွာ လျင်မြန်စွာ။ပ။ **ဘိက္ခဝေ**=တို့၊ **ကဿကဿ**=သော၊ **တဿ ဂဟပတိဿ**=ထိုအိမ်ပိုင်ရှင်ယောက်ျားမှာ၊ [တံ အနက်မရှိ] **အဇ္ဇ ဧဝ**=ယနေ့ ယခုပင်လျှင်၊ **မေ**=ငါ၏၊ **ဓညာနိ**=စပါးတို့သည်၊ **ဇာယန္တု**=အပင်ပေါက်စေကုန်သတည်း၊ **သွေ ဧဝ**=နက်ဖြန်၌ပင်၊ **ဂဗ္ဘိနိ**=အဖုံးအလုံးရှိကုန်သည်၊ **ဟောန္တု**=ဖြစ်စေကုန်သတည်း၊ **ဥတ္တရသေ ဧဝ**=နောက်တတိယနေ့၌ပင်၊ **ဝါ**=သန်ဘက်ခါ၌ပင်၊ **ပစ္စန္တု**=မှည့်ရင့်ပါစေကုန်သတည်း” **ဣတိ**=ဤသို့ မိမိလိုရာ ပြီးစီးစေနိုင်သော၊ **သာ ဣဒ္ဓိ ဝါ**=ထိုတန်ခိုးသည်လည်းကောင်း၊ **သော အာနုဘာဝေါ ဝါ**=ထိုအစွမ်းသတ္တိသည်လည်းကောင်း။ **နတ္ထိ**=မရှိ၊ **ဘိက္ခဝေ**=တို့၊ **အထ ခေါ**=စင်စစ်သော်ကား၊ **ယံ(သမယံ)**=အကြင်အခါ၌၊ **ကဿကဿ**=သော၊ **တဿ ဂဟပတိဿ**၏။ **တာနိ ဓညာနိ**=ထိုစပါးတို့သည်၊ **ဥတုပရိဏာမီနိ**=အအေး အပူ ဥတု၏ ပြောင်းလဲမှု ရရှိကုန်သည်၊ (**ဟုတွာ**=ဖြစ်ကုန်၍) **ဇာယန္တိပိ**=အပင်လည်း ပေါက်ကုန်၏။ **ဂဗ္ဘိနိ**=ကုန်သည်၊ **ဟောန္တိပိ**=ဖြစ်လည်းဖြစ်ကုန်၏။ **ပစ္စန္တပိ**=မှည့်ရင့်လည်း မှည့်ရင့်ကုန်၏၊ **သော သမယော**=ထိုအချိန်အခါသည်၊ (ထိုအပင်ပေါက်သင့်ရာ, အဖုံးအလုံးရှိသင့်ရာ, မှည့်ရင့်သင့်ရာ ရက်လ အချိန်အခါသည်) **ဟောတိ**=ရှိရသေး၏။

**ဘိက္ခဝေ**=တို့၊ **ဧဝမေဝံ**=ဤအတူပင်၊ **ဘိက္ခုဿ**=ရဟန်း၏၊ **အစ္စာယိကာနိ**=ကုန်သော၊ **ကရဏီယာနိ**=တို့သည်၊ **ဣမာနိ တီဏိ**=တည်း။ပ။

