## PAGE 532

**ဘိက္ခဝေ**=တို့၊ **တဿ ဘိက္ခုနော**=ထိုရဟန်းမှာ၊ “**အဇ္ဇ ဧဝ**=ပင်၊ **မေ**=ငါ၏၊ **စိတ္တံ**=စိတ်သည်၊ **အနုပါဒါယ**=တဏှာဒိဋ္ဌိတို့၏ အလိုအားဖြင့် တစုံတခုသောသင်္ခတတရားကို မယူမူ၍၊ **ဝါ**-လွတ်မြောက်ခွဲခွာရာ ကိလေသာတို့ကို တစွန်းတစ အနည်းငယ်ကိုမျှ မယူမူ၍၊ **အာသဝေဟိ**=အာသဝတရားတို့မှ၊ **ဝိမုစ္စတု**=လွတ်မြောက်ပါစေသတည်း၊ **သွေ ဝါ**=နက်ဖြန်၌သော်လည်း(**ဝိမုစ္စတု**=သတည်း) **ဥတ္တရသေ ဝါ**=နောက် တတိယနေ့၌သော်လည်း(**ဝိမုစ္စတု**) တနည်း-**အဇ္ဇ ဧဝ**=ပင်၊ **မေ**=ငါ၏၊ **စိတ္တံ**=စိတ်ကို၊ **အာသဝေဟိ**=အာသဝတရားတို့သည်၊ **အပါဒါယ**=အာရုံပြုသောအားဖြင့် မယူမူ၍၊ **ဝိမုစ္စတု**=လွှတ်အပ်ပါစေသတည်း၊ **သွေ ဝါ**=လည်း၊ (**ဝိမုစ္စတု**) **ဥတ္တရသေ ဝါ**=လည်း(**ဝိမုစ္စတု**)၊ [စာပိုဒ်(၁၃၁)ဒုတိယ အနုရုဒ္ဓသုတ်လည်းကြည့်] **ဣတိ**=ဤသို့ မိမိလိုရာပြီးစီးစေနိုင်သော၊ **သာ ဣဒ္ဓိ ဝါ**=သည်လည်းကောင်း၊ **သော အာနုဘာဝေါ ဝါ**=လည်းကောင်း၊ **နတ္ထိ**=မရှိ။

**ဘိက္ခဝေ**=တို့၊ **အထ ခေါ**=ကား၊ **ယံ(သမယံ)**=၌၊ **တဿ ဘိက္ခုနော**=ထိုရဟန်းသည်၊ **အဓိသီလမ္ပိ**=အဓိသီลသိက္ခာကိုလည်း၊ **သိက္ခတော**=ဖြည့်ကျင့်လတ်သော်။ပ။ **အဓိပညမ္ပိ**=အဓိပညာသိက္ခာကိုလည်း၊ **သိက္ခတော**=သော်၊ **စိတ္တံ**=စိတ်သည်၊ **အနုပါဒါယ**=၍၊ **အာသဝေဟိ**=တို့မှ၊ **ဝိမုစ္စတိ**=လွတ်မြောက်၏၊ **သော သမယော**=ထိုအချိန်အခါသည်၊ (ထိုသိက္ခာသုံးပါးကို ဖြည့်ကျင့်ရာအခါသည်) **ဟောတိ**=ရှိရသေး၏၊ **ဘိက္ခဝေ**=တို့၊ **တသ္မာ**=ထို့ကြောင့်၊ (ထိုသို့ သိက္ခာ သုံးပါး ဖြည့်ကျင့်မှု၏ ရဟန်းအတွက် အလျင်အမြန် ဧကန်ပြုသင့်သော ကိစ္စဖြစ်ခြင်းကြောင့်)။ပ။

#### ၂- ပဝိဝေကသုတ်

**၉၄။** **ဘိက္ခဝေ**=တို့၊ **အညတိတ္ထိယာ**=ဗုဒ္ဓသာသနာပ အယူဝါဒရှိကုန်သော၊ (မြတ်စွာဘုရား အဆုံးအမအယူဝါဒမှ တပါးသော အယူရှိကုန်သော) **ပရိဗ္ဗာဇကာ**=ပရိဗိုဇ်တို့သည်၊ **တီဏိ**=သုံးမျိုးကုန်သော၊ **ဣမာနိ ပဝိဝေကာနိ**=ဤကိလေသာတို့မှ ကင်းကွာ ဆိတ်သုန်းခြင်းတို့ကို၊ **ပညာပေန္တိ**=ခွဲခြားသိစေကုန်၏။ **ဝါ**=ဟောပြောသတ်မှတ် ပညတ်ကုန်၏။ပ။ **စီဝရပဝိဝေကံ**=သင်္ကန်းကိုမှီ၍ ဖြစ်တတ်သော ကိလေသာတို့မှ ကင်းကွာဆိတ်သုန်းခြင်းလည်းကောင်း၊ **ပိဏ္ဍပါတပဝိဝေကံ**=ဆွမ်းကိုမှီ၍ ဖြစ်တတ်သော ကิလေသာတို့မှ ကင်းကွာဆိတ်သုန်းခြင်းလည်းကောင်း၊ **သေနာသန ပဝိဝေကံ**=အိပ်ရာ နေရာကျောင်းကိုမှီ၍ ဖြစ်တတ်သော ကိလေသာတို့မှ ကင်းကွာဆိတ်သုန်းခြင်းလည်းကောင်းတည်း။

## PAGE 533

**ဘိက္ခဝေ**=တို့၊ **တာ**=ထိုသုံးမျိုးသော ပဝိဝေကတို့တွင်၊ **အညတိတ္ထိယာ**=ကုန်သော၊ **ပရိဗ္ဗာဇကာ**=တို့သည်၊ **ဣဒံ စီဝရပဝိဝေကသ္မိံ**=ဤသင်္ကန်းကိုမှီ၍ ဖြစ်တတ်သော ကိလေသာတို့မှ ကင်းကွာဆိတ်သုန်းခြင်းကို၊ **ပညာပေန္တိ**=ကုန်၏။ [**စီဝရပဝိဝေကသ္မိံ**၌ သို့ဝိဘတ်ကို ဒုတိယာ အနက်၌သက်၊ သို့မဟုတ် ဝိဘတ္တိဝိပလ္လာသသော်လည်း ကြံပါ] (**အညတိတ္ထိယာ**=ကုန်သော၊ **ပရိဗ္ဗာဇကာ**=တို့သည်) **သာဏာနိပိ**=ပိုက်ဆံလျှော်ချည် အဝတ်တို့ကိုလည်း၊ **ဓာရေန္တိ**=ဆောင်ကုန်၏၊ **ဝါ**=ဝတ်ရုံကုန်၏၊ **အမသာဏာနိပိ**=အခြားချည်တို့ဖြင့် ရောနှောသောပိုက်ဆံလျှော်ချည်အဝတ်တို့ကိုလည်း၊ **ဓာရေန္တိ**=ကုန်၏။ [“မိဿကသာဏ” ဟုဆိုလိုလျက် နိရုတ္တိနည်းဖြင့် ဿကကိုချေ၊ ဣကို အပြု၍ “မသာဏ” ဟုရုပ်ပြီး၏] **ဆဝဒုဿာနိပိ**=သူသေကောင်မှ ခွါပစ်အပ်သော အဝတ်တို့ကိုလည်း [**ဆဝ**=သူသေကောင်] **ဝါ**=ပြိန်းမြက် စသည်တို့ဖြင့် သီကုံးပြုလုပ်အပ်သော ယုတ်ညံ့သော အဝတ်တို့ကိုလည်း၊ **ဆဝ**(**လာမက**)=ယုတ်ညံ့သော+**ဒုဿ**=အဝ]။ပ။

**ပံသုကူလာနိပိ**=ပံသုကူအဝတ်တို့ကိုလည်း၊ **ဝါ**=မြေကြီးပေါ်၌ စွန့်ပစ်ထားအပ်သော အဝတ်စ အဝတ်ပိုင်းတို့ကိုလည်း။ပ။ **တိရိစ္ဆာနိပိ**=သစ်ခေါက်အဝတ်တို့ကိုလည်း။ပ။ **အဇိနမ္ပိ**=သားရေကိုလည်း၊ [စာပိုဒ်(၆၄)ဝေနာဂပုရသုတ်လည်း ကြည့်]။ပ။ **အဇိနက္ခိပမ္ပိ**=အလယ်၌ ခွဲအပ်သော သားရေကိုလည်း၊ **ဝါ**=ခွါပါ ရှိ၍ အလယ်၌ ခွဲအပ်သော သားရေကိုလည်း၊ **ခိပ**(**ဖာလိတ**)=အလယ်၌ ခွဲအပ်သော+**အဇိန**=သားကောင်အရေ] **ကုသစီရမ္ပိ**=သမန်းမြက် သင်္ကန်းကိုလည်း။ပ။ **စီရ**=သင်္ကန်း]။ပ။ **ဝါကစီရမ္ပိ**=လျှော်တေသင်္ကန်းကိုလည်း။ပ။ **ဖလကစီရမ္ပိ**=ပျဉ်ချပ် သင်္ကန်းကိုလည်း။ပ။ **ကေသကမ္ဗလမ္ပိ**=လူဆံပင်တို့ဖြင့် ရက်လုပ်အပ်သော ကမ္ဗလာ(သကလပ်)ကိုလည်း။ပ။ **ဝါလကမ္ဗလမ္ပိ**=မြင်းမြီးစသည်တို့ဖြင့် ရက်လုပ်အပ်သော ကမ္ဗလာကိုလည်း။ပ။ **ဥလူကပက္ခိကမ္ပိ**=ခင်ပုပ်ငှက်တောင် အဝတ်ကိုလည်း၊ **ဓာရေန္တိ**=ကုန်၏၊ [**ဥလူကပက္ခေဟိ ကတံ ဥလူကပက္ခိကံ**] **ဘိက္ခဝေ**=တို့၊ **အညတိတ္ထိယာ**=ကုန်သော၊ **ပရိဗ္ဗာဇကာ**=တို့သည်၊ **ဣဒံ စီဝရပဝိဝေကသ္မိံ**=ကို၊ **ပညာပေန္တိ**=ကုန်၏။

**ဘိက္ခဝေ**=တို့၊ **တတြ**=ထိုသုံးမျိုးသော ပဝိဝေကတို့တွင်။ပ။ **ဣဒံ ပိဏ္ဍပါတပဝိဝေကသ္မိံ**=ကို၊ **ပညာပေန္တိ**=ကုန်၏၊ **သာကဘက္ခာပိ**=ဟင်းရွက်စိမ်းကိုစားကုန်သည်လည်း၊ [**ဝါ**=ဟင်းရွက်စိမ်းဟူသော အစာရှိကုန်သည်လည်း] **ဟောန္တိ**=ဖြစ်ကုန်၏၊ **သာမာကဘက္ခာပိ**=လမန်းမြက်သီးဆန်ကို စားကုန်သည်လည်း၊ **ဟောန္တိ**=ဖြစ်ကုန်၏၊ **နီဝါရဘက္ခာပိ**=ကျိတ်စပါးကို စားကုန်သည်လည်း။ပ။ **ဒဒ္ဒူလဘက္ခာပိ**=သားရေဖတ် အစအနကို စားကုန်သည်လည်း။ပ။
## PAGE 534

**ဟဋဘက္ခာပိ** = မှော်သစ်စေးကို စားကုန်သည်လည်း။ **ပကဏဘက္ခာပိ** = ဆန်ကွဲကို စားကုန်သည်လည်း။ ပ။ **အာစာမဘက္ခာပိ** = ထမင်းချိုးကို စားကုန်သည်လည်း၊ ဝါ = ထမင်းရည်ကို သောက်ကုန်သည်လည်း၊ ပ။ **ဝိညာကဘက္ခာပိ** = နှမ်းမှုန့်ညက် (နှမ်းထောင်း)ကို စားကုန်သည်လည်း။ ပ။

**တိဏဘက္ခာပိ** = မြက်ကို စားကုန်သည်လည်း။ **ပဂေါမယဘက္ခာပိ** = နွားချေးကို စားကုန်သည်လည်း။ ပ။ **ဝနမူလဖလာဟာရာ** = တောသစ်မြစ် သစ်သီးဟူသော အစာအာဟာရရှိကုန်သည်၊ (ဟုတွာ = ဖြစ်ကြ၍) **ပဝတ္တဖလဘောဇီ** = အလိုလိုကြွေကျသော သစ်သီးကို စားကုန်လျက်၊ **ယာပေန္တိ** = မျှတတည်နေနိုင်ကြကုန်၏။ ပ။

**အရညံ** = (မြို့ရွာမှ ကုပ်လုပ်လေးတာ အပြန်ငါးရာဝေးကွာသော) တောကိုလည်းကောင်း၊ ဝါ = တောကိုမှီ၍ဖြစ်သော ကိလေသာကင်းကွာ ဆိတ်သုန်းခြင်းကိုလည်းကောင်း၊ [ဤလိုပုဒ်မျိုးကို ဌာနပစာရဟုသော်လည်းကောင်း၊ “အရညပဝိဝေက”ဟု ဆိုလိုလျက် ပဝိဝေကပုဒ်ကျေသည်ဟုသော်လည်းကောင်း ကြံရသည်]

**ရုက္ခမူလံ** = သစ်ပင်အနီးကိုလည်းကောင်း၊ ဝါ = သစ်ပင်အနီးကို မှီ၍ဖြစ်သော ကိလေသာကင်းကွာ ဆိတ်သုန်းခြင်းကိုလည်းကောင်း၊ **သုသာနံ** = သုသာန် သင်္ချိုင်းကိုလည်းကောင်း၊ ဝါ = လည်းကောင်း၊ **ဝနပတ္ထံ** = လူသူအရောက်နည်းသော တောကြီးကိုလည်းကောင်း၊ ဝါ = လည်းကောင်း၊ [ဒုကစာပိုဒ် ၃၁-ကြည့်]

**အမ္ဘောကာသံ** = ဟင်းလင်းပြင်အရပ်ကိုလည်းကောင်း၊ ဝါ = လည်းကောင်း၊ **ပလာလပုဉ္စ** = ကောက်ရိုးပုံ လိုင်ခေါင်းကိုလည်းကောင်း၊ ဝါ = လည်းကောင်း၊ **ဘုသာဂါရံ** = ကောက်ရိုးအိမ် (ကောက်ရိုးတဲ)ကိုလည်းကောင်း၊ [ဒီ၊ မဟာဝဂ်၊ မဟာပရိနိဗ္ဗာနသုတ် ဋီကာ။ ၁၇၁] **ပညာပေန္တိ** = ကုန်၏။ ပ။

**ဘိက္ခဝေ** = တို့၊ **ဣမသ္မိံ ဓမ္မဝိနယေ** = ဤတရားဖြင့် ဆုံးမရာ မြတ်စွာဘုရားသာသနာတော်၌။ **ဘိက္ခုနော** = ရဟန်း၏၊ **ပဝိဝေကာနိ** = ကိလေသာတို့မှ ကင်းကွာဆိတ်သုန်းခြင်းတို့သည်၊ **ဣမာနိ တီဏိ** = ဤသုံးမျိုးတို့တည်း။ ပ။

**ဘိက္ခဝေ** = တို့၊ **ဣဓ** = ဤသာသနာတော်၌၊ **ဘိက္ခု** = ရဟန်းသည်၊ **သီလဝါ စ** = စတုပါရိသုဒ္ဓိသီလရှိသည်လည်း၊ **ဟောတိ** = ၏၊ **အဿ** = ထိုရဟန်းသည်၊ **ဒုဿီလျံ** = သီလမရှိသူ၏ ဖြစ်ကြောင်း အကုသိုလ်သည်၊ ဝါ = ကို (သီလမရှိသူ၏ ဖြစ်ကြောင်း ပါဏာတိပါတ စသော ငါးမျိုးသော အကုသိုလ်စေတနာသည်၊ ဝါ = ကို) **ပဟီနဉ္စ** = ပယ်အပ်ပြီးသည်လည်း၊ **ဟောတိ** = ၏၊ **တေန** = ထိုဒုဿီလျအကုသိုလ်မှ။ **ဝိဝိတ္တော စ** = ကင်းကွာဆိတ်သုန်းသည်လည်း၊ **ဟောတိ** = ၏၊ **သမ္မာဒိဋ္ဌိကော စ** = မှန်ကန်သော ဉာဏ်ပညာရှိသည်လည်း၊ **ဟောတိ** = ၏၊ **အဿ** = ထိုရဟန်းသည်၊ **မိစ္ဆာဒိဋ္ဌိ** = မှားယွင်းသော အမြင်သည်၊ ဝါ = ကို။ **ပဟီနာ စ** = ပယ်အပ်ပြီးသည်လည်း၊ **ဟောတိ** = ၏။ **တာယ** = ထိုမိစ္ဆာဒိဋ္ဌိမှ၊ **ဝိဝိတ္တော စ** = လည်း၊ **ဟောတိ** = ၏။

