## PAGE 535

**ခီဏာသဝေါ စ** = ကုန်ခန်းပြီးသော အာသဝရှိသည်လည်း၊ **ဟောတိ** = ၏၊ **အဿ** = ထိုရဟန်းသည်။ **အာသဝါ** = အာသဝလေးပါးတို့သည်၊ ဝါ = တို့ကို၊ **ပဟီနာ စ** = ပယ်အပ်ကုန်ပြီးသည်လည်း၊ **ဟောန္တိ** = ဖြစ်ကုန်၏၊ **တေဟိ** = ထိုအာသဝတို့မှ၊ **ဝိဝိတ္တော စ** = သည်လည်း၊ **ဟောတိ** = ၏၊ **ဘိက္ခဝေ** = တို့၊ **ယတော** = အကြင်ကြောင့်၊ **ဘိက္ခု** = သည်၊ **သီလဝါ စ** = သည်လည်းကောင်း။ ပ။

**ဘိက္ခဝေ** = တို့၊ (**တတော** = ထို့ကြောင့်) **အယံ .. ဘိက္ခု** = ဤရဟန်းကို၊ **အဂ္ဂပ္ပတ္တော** = သီလအားဖြင့် မြင့်မြတ်သည်အဖြစ်သို့ ရောက်သူဟူ၍၊ ဝါ = သီလ၏အထွတ်အထိပ် အဆင့်သို့ ရောက်သူဟူ၍၊ **သာရပ္ပတ္တော** = သီလအဆီအနှစ်သို့ ရောက်သူဟူ၍၊ **သုဒ္ဓေါ** = သန့်ရှင်းစင်ကြယ်သူဟူ၍၊ **သာရေ** = သီလ၊ သမာဓိ၊ ပညာဂုဏ်ရည် အဆီအနှစ်၌၊ **ပတိဋ္ဌိတော** = တည်သောသူဟူ၍၊ **ဝုစ္စတိ** = ခေါ်ဆိုအပ်၏။

**ဘိက္ခဝေ** = ရဟန်းတို့၊ **သေယျထာပိ** = ဥပမာပြရလျှင်ကား၊ **ကဿကဿ** = သော၊ **ဂဟပတိဿ** = ၏၊ **သမ္ပန္နံ** = မှည့်ရင့်သော သလေးစပါးတို့နှင့် ပြည့်စုံသော၊ **သာလိက္ခေတ္တံ** = သလေးစပါးခင်းသည်၊ (**အဿ** = ရှိရာ၏) **တံ ဧတံ** = ထိုသလေးစပါးခင်းကို၊ **ကဿကော** = သော၊ **ဂဟပတိ** = သည်၊ **သီဃံ သီဃံ** = လျင်မြန်စွာ လျင်မြန်စွာ၊ **လဝါပေယျ** = ရိတ်စေရာ၏။ ပ။

**လဝါပေတွာ** = ရိတ်စေပြီး၍။ ပ။ **သင်္ဃရာပေယျ** = စုစည်းစေရာ၏။ ပ။ **သင်္ဃရာပေတွာ** = စုစည်းစေပြီး၍ [“စေ”ဟူသော ကာရိတ်သံ ပါစေရမည်]။ ပ။ **ဥဗ္ဗာဟာပေယျ** = ကောက်နယ်တလင်းသို့ သယ်ယူပို့ဆောင်စေရာ၏။ ပ။ **ပုဉ္ဇံ** = အစုအပုံကို၊ **ကာရာပေယျ** = ပြုလုပ်စေရာ၏။ ပ။ **မဒ္ဒါပေယျ** = နယ်စေရာ၏။ ပ။ **ပလာလာနိ** = ကောက်ရိုးတို့ကို၊ **ဥဒ္ဓရာပေယျ** = ဖယ်ထုတ်စေရာ၏။ ပ။

**ဘုသိကံ** = စပါးဖျင်း အချုပ်အဖွဲကို။ ပ။ **ဩပုနာပေယျ** = စင်ကြယ်အောင် ပြုလုပ်စေရာ၏။ ပ။ **အတိဟရာပေယျ** = စပါးကျီအတွင်း ဆောင်သွင်းစေရာ၏။ ပ။ **ကောဋာပေယျ** = ထောင်းထုစေရာ၏။ ပ။ **ထုသာနိ** = စပါးအခွံတို့ကို၊ ဝါ = ဖွဲတို့ကို၊ **ဥဒ္ဓရာပေယျ** = ဖယ်ထုတ်စေရာ၏။

**ဘိက္ခဝေ** = တို့၊ **ဧဝံ** = ဤသို့ ပြုလုပ်ခြင်းဖြင့်၊ **ကဿကဿ** = သော၊ **ဂဟပတိဿ** = ၏၊ **တာနိ ဓညာနိ** = ထိုစပါးတို့သည်၊ **အဂ္ဂပ္ပတ္တာနိ** = ကောင်းမြတ် ဖြူစင်သော ဆန်အဖြစ်သို့ ရောက်ကုန်သည်၊ **သာရပ္ပတ္တာနိ** = အနှစ်အဆန်၏ အဖြစ်သို့ ရောက်ကုန်သည်၊ **သုဒ္ဓါနိ** = သန့်ရှင်းကုန်သည်၊ **သာရေ** = အနှစ်အဆန်၏ အဖြစ်၌၊ **ပတိဋ္ဌိတာနိ** = တည်ကုန်သည်၊ **အဿု** = ဖြစ်ကုန်၏။ ပ။ ဒုတိယံ။

#### ၃-သရဒသုတ်

**၉၅။** **ဘိက္ခဝေ** = တို့၊ **သေယျထာပိ** = ကား၊ **သရဒသမယေ** = တန်ဆောင်မုန်းလ သရဒရာသီအခါ၌၊ **ဒေဝေ** = ကောင်းကင်သည်၊ **ဝိဒ္ဓေ** = မိုးတိမ်ကင်းကွာ ဟာလာဟင်းလင်း ထုတ်ချင်းထွင်းလသော်၊ ဝါ = မိုးတိမ်ကင်းပြတ် ဝေးရပ်အသွင် ထင်လာလသော်။

## PAGE 536

**ဝိဂတဝလာဟကေ** = ကင်းရှင်းပြီးသော တိမ်တိုက်ရှိလသော်၊ **အာဒိစ္စော** = ထွက်သစ်စ နေလုလင်သည်၊ **နဘံ** = ကောင်းကင်သို့၊ **အဘျုဿက္ကမာနော** = ရှေ့ရှုပေါ်ထွက် ခုံတက်လာလျက်၊ **သဗ္ဗံ** = အားလုံးစုံသော၊ **အာကာသဂတံ** = ကောင်းကင်ပြင်၌ ရောက်ရှိနေသော၊ **တမဂတံ** = အမိုက်မှောက်ထုကို [တမော ဧဝ တမာတံ] **အဘိဝိဟစ္စ** = လွှမ်းမိုးဖြိုขွင်း ရှင်းလင်း၍၊ **ဘာသတေ စ** = ထွန်းလည်း ထွန်းလင်း၏၊ **တပတေ စ** = တောက်လည်း တောက်ပ၏၊ **ဝိရောစတိ စ** = တင့်တယ်ဝင်းလက် အဆင်းထွက်လည်းထွက်၏။

**ဘိက္ခဝေ** = တို့၊ **ဧဝမေဝံ** = ဤအတူပင်၊ **ယတော** = အကြင်အခါ၌၊ **အရိယသာဝကဿ** = အရိယာတပည့်၏၊ (သန္တာနေ = စိတ်အစဉ်၌) **ဝိရဇံ** = ရာဂအစရှိသော မြူကင်းသော၊ **ဝီတမလံ** = ရာဂအစရှိသော အညစ်အကြေးကင်းသော၊ **ဓမ္မစက္ခုံ** = သစ္စာလေးပါး မြတ်တရားကို ခွဲခြားယူငင် သိမြင်တတ်သော သောတာပတ္တိ ဉာဏ်မျက်စိသည်၊ **ဥပ္ပဇ္ဇတိ** = ဖြစ်လာ၏။

**ဘိက္ခဝေ** = တို့၊ (**တတော** = ထိုအခါ၌) **ဒဿနပ္ပါဒါ** = သောတာပတ္တိမဂ်ဉာဏ်အမြင် ဖြစ်ပေါ်လာသည်နှင့်၊ **သဟ** = တပြိုင်နက်၊ **အရိယသာဝကဿ** = သည် [ပဟီယန္တိ၌စပ်] **သက္ကာယဒိဋ္ဌိ** = သက္ကာယဒိဋ္ဌိလည်းကောင်း၊ ဝါ = အစစ်အမှန်ရှိသော ဥပါဒါနက္ခန္ဓာ ငါးပါးအပေါင်း၌ အတ္တကောင်ဟု မှားယွင်းစွာယူဆမှုလည်းကောင်း၊ [သ = သန္တ = ပရမတ္ထအားဖြင့် ထင်ရှားရှိသော + ကာယ = ခန္ဓာငါးဝ ကိုယ်ကာယ၌ + ဒိဋ္ဌိ = အတ္တကောင်၊ သတ္တဝါကောင်ဟု ယူဆသော သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိနှစ်မျိုး]

**ဝိစိကိစ္ဆာ** = ဝိစိကိစ္ဆာလည်းကောင်း၊ ဝါ = ရတနာသုံးဖြာ အကျင့်သိက္ခာ စသည်တို့၌ ယုံမှားတွေးတောခြင်း သဘောလည်းကောင်း၊ **သီလဗ္ဗတပရာမာသော** = နွားခွေးစသည်တို့၏ အလေ့အကျင့်ကို ကိလေသာမှ စင်ကြယ်ကြောင်း အကျင့်ဟု မှားယွင်းစွာ သုံးသပ်ယူဆခြင်း သဘောသည်လည်းကောင်း၊ [သီလ၊ ဝတ = အလေ့၊ အကျင့်ကို + ပရာမာသ = မှားယွင်းစွာ သုံးသပ်ယူဆခြင်း၊ ကိလေသာမှစင်ကြယ်ကြောင်း၊ ဒုက္ခခပ်သိမ်း ကင်းငြိမ်းကြောင်း အလေ့အကျင့်ဟု ယူဆခြင်း] **ဣတိ** = ဤသို့၊ **တီဏိ** = သုံးမျိုးကုန်သော၊ **သံယောဇနာနိ** = သံယောဇဉ်တို့ကို၊ **ပဟီယန္တိ** = ပယ်သတ်အပ်ကုန်၏။

အထ = ထိုမှတပါး၊ **အပရံ** = နောက်ထပ်တဖန်၊ **အဘိဇ္ဈာယ စ** = အဘိဇ္ဈာလောဘမှလည်းကောင်း၊ ဝါ = အလွန်လိုချင် မက်မောတတ်သော ဝိသမလောဘမှလည်းကောင်း၊ **ဗျာပါဒေန စ** = ဒေါသဗျာပါဒမှလည်းကောင်း၊ **ဒွိဟိ** = နှစ်မျိုးကုန်သော၊ **ဓမ္မေဟိ** = တရားတို့မှ **နိယျာတိ** = ထွက်မြောက်၏၊
## PAGE 537

သော = ထိုအရိယသာဝကသည်။ ။ ပ။ [ဒုကစာပိုဒ် ၁၃-ကြည့်]

**ဘိက္ခဝေ** = တို့၊ **တသ္မိံ သမယေ** = (ပဌမဈာန်သို့ ရောက်၍နေရာ) ထိုအခါ၌၊ **အရိယသာဝကော** = သည်၊ **ကာလံ** = ကွယ်လွန်ခြင်းကို၊ **သစေ ကရေယျ** = အကယ်၍ ပြုငြားအံ့။ (ဧဝံ သတိ = ဤသို့ ပြုသည်ရှိသော်) **ယေန သံယောဇနေန** = အကြင် သံယောဇဉ်နှင့်၊ **သံုယုတ္တော** = ယှဉ်တွဲနေသော၊ **အရိယသာဝကော** = သည်၊ **ပုန** = နောက်ထပ် တဖန်၊ **ဣမံ လောကံ** = ဤကာမဘုံသို့၊ **အာဂစ္ဆေယျ** = ပဋိသန္ဓေ တည်နေလာရာ၏။

**တံ သံယောဇနံ** = ထိုသံယောဇဉ်သည် (ဤကာမဘုံသို့ ပဋိသန္ဓေ တည်နေလာကြောင်း ဖြစ်သော ထိုဩရမ္ဘာဂိယ သံယောဇဉ်နှင့်တကွ ဥဒ္ဓမ္ဘာဂိယ သံယောဇဉ်သည်) **နတ္ထိ** = မရှိ၊ **ဣတိ** = ဤသို့ (အဝေါစ = မိန့်တော်မူပြီ)။ တတိယံ။

#### ၄-ပရိသာသုတ်

**၉၆။** [ဒုကနိပါတ် ပရိသဝဂ် စာပိုဒ် ၄၄၊ ၄၅ တို့၌ မပါသော ဝါကျတို့ကိုသာ အနက်ရေးမည်]

**ဘိက္ခဝေ** = တို့၊ **ယသ္မိံ သမယေ** = အကြင်အခါ၌၊ **ဘိက္ခု** = တို့သည်။ ။ ပ။ **ဝိဟရန္တိ** = ၏။

**ဘိက္ခဝေ** = တို့၊ **တသ္မိံ သမယေ** = (ညီညီညွတ်ညွတ် နေထိုင်ကြရာ) ထိုအခါ၌၊ **ဘိက္ခု** = တို့သည်၊ **ဗဟုံ** = များစွာသော၊ **ပုညံ** = ကုသိုလ်ကို၊ **ပသန္တိ** = ဖြစ်ပွားစေကုန်၏။

**ဘိက္ခဝေ** = တို့၊ **တသ္မိံ သမယေ** = ထိုအခါ၌၊ **ဘိက္ခု** = တို့သည်၊ **စေတောဝိမုတ္တိယာ** = ဆန့်ကျင်ဘက် အကုသိုလ်တို့မှ စိတ်၏ လွတ်ကင်းကြောင်း ဖြစ်သော၊ **မုဒိတာယ** = (အပ္ပနာသို့ ရောက်သော) မုဒိတာဖြင့်၊ **ဗြဟ္မ** = မြတ်သော၊ **ဝိဟာရံ** = နေထိုင်ခြင်းကို၊ ဝါ = နေထိုင်ခြင်းဖြင့်၊ **ဝိဟရန္တိ** = နေထိုင်ကြကုန်၏။

ဤနည်း၌ **ယဒိဒံ** အနက်မရှိ။

တနည်း - **ဘိက္ခဝေ** = တို့၊ **တသ္မိံ သမယေ** = ၌၊ **စေတောဝိမုတ္တိ** = သော၊ **ယဒိဒံ** (**ယာ အယံ**) **မုဒိတာ** = အကြင်အပ္ပနာသို့ ရောက်သော မုဒိတာသည်။ (အတ္ထိ = ရှိ၏) **စေတောဝိမုတ္တိယာ** = သော၊ **တာယ မုဒိတာယ** = ထိုအပ္ပနာသို့ ရောက်သော မုဒိတာဖြင့်၊ **ဘိက္ခု** = ရဟန်းတို့သည်၊ **ဗြဟ္မ** = မြတ်သော၊ **ဝိဟာရံ** = နေထိုင်ခြင်းကို၊ ဝါ = နေထိုင်ခြင်းဖြင့်၊ **ဝိဟရန္တိ** = နေထိုင်ကြကုန်၏]။

**ပမုဒိတဿ** = ရွှင်လန်း ဝမ်းမြောက်သော သူမှာ၊ **ပီတိ** = (ငါးမျိုးသော) ပီတိသည်၊ **ဇာယတိ** = ဖြစ်၏။

**ပီတိမန္တဿ** = ပီတိဖြင့် ရွှင်လန်း နှစ်သက်သော စိတ်ရှိသော သူ၏ **ကာယော** = ရူပကာယ, နာမကာယသည်၊ **ပဿမ္ဘတိ** = ငြိမ်းအေး၏။

**ပဿဒ္ဓကာယော** = ငြိမ်းအေးသော ရူပကာယ, နာမကာယ ရှိသော သူသည်၊ **သုခံ** = ကာယိက စေတသိက သုخ နှစ်မျိုးကို၊ **ဝေဒိယတိ** = ခံစား၏။

**သုခိနော** = သုခရှိသူသည်၊ **စိတ္တံ** = စိတ်ကို၊ **သမာဓိယတိ** = အာရုံ၌ ကောင်းမွန် တည်တံ့စွာ ထားအပ် ထားနိုင်၏။

