## PAGE 538

**ဘိက္ခဝေ** = တို့၊ **သေယျထာပိ** = ကား၊ **ဥပရိပဗ္ဗတေ** = တောင်၏ အထက်၌၊ ဝါ = တောင်ပေါ်၌၊ **ထုလ္လဖုသိတကေ** = ကြီးသော မိုးပေါက်ရှိသော [**ထူလ** = **ထုလ္လ** = ကြီးသော] **ဒေဝေ** = မိုးသည်၊ **ဝဿန္တေ** = ရွာလသော်၊ **တံ ဥဒကံ** = ထိုမိုးရေသည်၊ **ယထာနိန္နံ** = အကြင်အကြင် အနိမ့်ပိုင်း အရပ်သို့၊ ဝါ = နိမ့်ရာနိမ့်ရာ အရပ်တိုင်းသို့၊ **ပဝတ္တမာနံ** = စီးဆင်းလျက်၊ **ပဗ္ဗတကန္ဒရပဒရသာခါ** = တောင်ပေါ်နှင့်+ရေအယဉ် တိုက်စား ထွင်းဖောက်ထားအပ်သော တောင်ဝှမ်းမြစ်ကွေ့+ကွဲအက်သော မြေကြီး+မြောင်းငယ် လက်တက်တို့ကို၊ **ပရိပူရေတိ** = ပြည့်စေ၏။

[**ကေန ဥဒကေန ဒရော ဒါရိတောတိ ကန္ဒရော** = ရေတိုက်စား ထွင်းဖောက်အပ်သော တောင်ဝှမ်းမြစ်ကွေ့။ "ပဒရ = ရေဝဲမြစ်" ဟုသော်လည်း ဋီကာအတိုင်း အနက်ဆိုနိုင်သေး၏။]

**ပဗ္ဗတကန္ဒရပဒရသာခါ** = တို့သည်၊ **ပရိပူရာ** = ပြည့်ကုန်သည် (ဟုတွာ = ဖြစ်ကြ၍) **ကုသုဗ္ဘေ** = တွင်းငယ် ကျင်းငယ်တို့ကို၊ **ပရိပူရေန္တိ** = ပြည့်စေကုန်၏။

**ကုသုဗ္ဘော** = တွင်းငယ် ကျင်းငယ်တို့သည်၊ **ပရိပူရာ** = ပြည့်ကုန်သည် (ဟုတွာ = ၍) **မဟာသောဗ္ဘေ** = တွင်းကြီး ကျင်းကြီးတို့ကို။ ။ ပ။ **ကုန္နဒိယော** = မြစ်ငယ်တို့ကို။ ။ ပ။ **ကုန္နဒိယော** = မြစ်ငယ်တို့သည်၊ **ပရိပူရာ** (ဟုတွာ) **မဟာနဒိယော** = မြစ်ကြီးတို့ကို။ ။ ပ။ **သမုဒ္ဒံ** = သမုဒ္ဒရာကို၊ **ပရိပူရေန္တိ** = ၏။

**ဘိက္ခဝေ** = တို့၊ **ဧဝမေဝံ** = ဤအတူပင်။ ။ ပ။ စတုတ္ထ။

#### ၅-ပဌမအာဇာနီယသုတ်

**၉၇။** **ဘိက္ခဝေ** = တို့၊ **တီဟိ** = သုံးပါးကုန်သော၊ **အင်္ဂေဟိ** = ဂုဏ်အင်္ဂါတို့နှင့် **သမန္နာဂတော** = ပြည့်စုံသော၊ **ရညော** = မင်း၏၊ **ဘဒြော** = ကောင်းသော၊ **အဿာဇာနီယော** = မြင်းအာဇာနည်သည်။ ဝါ = အကြောင်းဟုတ်သည်, အကြောင်းမဟုတ်သည်ကို သိသော မြင်းလိမ္မာသည် [**ကာရဏာ ကာရဏံ အာဇာနာတီတိ အာဇာနီယော**] **ရာဇာရဟော** = မင်းအား ထိုက်တန်သည်၊ **ရာဇဘောဂေါ** = မင်း၏ အသုံးအဆောင်သည်၊ ဝါ = မင်း၏ အသုံးတော်ခံသည်၊ **ဟောတိ** = ၏။

**ရညော** = မင်း၏၊ **အင်္ဂန္တေဝ** (**အင်္ဂ + ဣတိ + ဧဝ**) = ခြေလက်အင်္ဂါ အစိတ်အပိုင်းနှင့် တူ၏ဟူ၍သာလျှင်၊ ဝါ = စစ်မက်အင်္ဂါ ဟူ၍သာလျှင်၊ **သင်္ချံ** = ထည့်သွင်း ရေတွက်အပ်သည် အဖြစ်သို့၊ ဝါ = ခေါ်ဆိုအပ်သည် အဖြစ်သို့၊ **ဂစ္ဆတိ** = ရောက်၏။

**ကတမေဟိ** = အဘယ်မည်ကုန်သော၊ **တီဟိ** = သုံးပါးကုန်သော (**အင်္ဂေဟိ** = တို့နှင့် **သမန္နာဂတော** = သော၊ **ရညော** = ၏၊ **ဘဒြော**။ ။ ပ။ **သင်္ချံ** = သို့၊ **ဂစ္ဆတိ** = ရောက်သနည်းဟူမူ)

**ဘိက္ခဝေ** = တို့၊ **ဣဓ** = ဤလောက၌၊ **ရညော** = ၏၊ **ဘဒြော** = ကောင်းသော၊ **အဿာဇာနီယော** = သည်၊ **ဝဏ္ဏသမ္ပန္နော စ** = ကိုယ်ခန္ဓာ အရောင်အဆင်းနှင့် ပြည့်စုံသည်လည်းကောင်း၊

## PAGE 539

**ဗလသမ္ပန္နော စ** = ကိုယ်ခန္ဓာ ခွန်အားနှင့် ပြည့်စုံသည်လည်းကောင်း၊ **ဇဝသမ္ပန္နော စ** = ကိုယ်၏ အရှိန်အဟုန်နှင့် ပြည့်စုံသည်လည်းကောင်း၊ **ဟောတိ** = ၏။

**ဘိက္ခဝေ** = တို့၊ **တီဟိ** = ကုန်သော၊ **ဣမေဟိ အင်္ဂေဟိ** = ဤဂုဏ်အင်္ဂါတို့နှင့်။ ။ ပ။ **ဂစ္ဆတိ** = ၏။

**ဘိက္ခဝေ** = တို့၊ **ဧဝမေဝံ** = ဤအတူပင်၊ **တီဟိ** = ကုန်သော၊ **ဓမ္မေဟိ** = တရားတို့နှင့် **သမန္နာဂတော** = သော၊ **ဘိက္ခု** = သည်၊ **အာဟုနေယျော** = လေးစားပူဇော်မှု ထိုက်သည်လည်းကောင်း [စာပိုဒ် (၇၁) ဥပေါသထသုတ်ကြည့်]၊ **ပါဟုနေယျော** = ဝေးလံသော အရပ်မှ လာသော ဧည့်သည်တို့အတွက် အလှူကို ခံယူခြင်းငှာ သင့်လျော်သည်လည်းကောင်း။ ။ ပ။ **ပုညက္ခေတ္တံ** = အတုမရှိမြတ်သော ကုသိုလ်မျိုးကို စိုက်ပျိုးရာ လယ်ယာမြေနှင့် တူတော်မူသည်လည်းကောင်း၊ **ဟောတိ** = ၏။

**ကတမေဟိ** = ကုန်သော၊ **တီဟိ** = ကုန်သော (**ဓမ္မေဟိ** = တို့ và **သမန္နာဂတော** = သော၊ **ဘိက္ခု**။ ။ ပ။ **ပုညက္ခေတ္တံ** = သည်လည်းကောင်း၊ **ဟောတိ** = ဖြစ်သနည်းဟူမူ)

**ဘိက္ခဝေ** = တို့၊ **ဣဓ** = ဤသာသနာတော်၌၊ **ဘိက္ခု** = သည်၊ **ဝဏ္ဏသမ္ပန္နော စ** = ဂုဏ်အဆင်းနှင့် ပြည့်စုံသည်လည်းကောင်း၊ **ဗလသမ္ပန္နော စ** = ဝီရိယခွန်အားနှင့် ပြည့်စုံသည်လည်းကောင်း၊ **ဇဝသမ္ပန္နော စ** = ဉာဏ်အရှိန်အဟုန်နှင့် ပြည့်စုံသည်လည်းကောင်း၊ **ဟောတိ** = ၏။

**ဘိက္ခဝေ** = တို့၊ **ကထဉ္စ** = အဘယ်သို့လျှင်၊ **ဘိက္ခု** = သည်၊ **ဝဏ္ဏသမ္ပန္နော** = ဂုဏ်အဆင်းနှင့် ပြည့်စုံသည်၊ **ဟောတိ** = နည်း [ထို့နောက် ဒုက စာပိုဒ် ၃၇-နှင့် ဤတိက စာပိုဒ် ၁၂၊ ၂၀-ကြည့်]။ ။ **ဧဝံ ခေါ** = ဤသို့လျှင်။

#### ၈-ပေါတ္ထကသုတ်

**၁ဝဝ။** **ဘိက္ခဝေ** = ရဟန်းတို့၊ **နဝေါ** = ရက်သစ်စ ဖြစ်သော၊ **ပေါတ္ထကောပိ** = လျှော်ချည် အဝတ်သည်လည်း၊ **ဒုဗ္ဗဏ္ဏော စ** = ဖောက်ပြန် ချွတ်ယွင်းသော အဆင်းရှိသည်လည်းကောင်း၊ ဝါ = အဆင်းမလှသည်လည်းကောင်း၊ **ဒုက္ခသမ္ဖဿော** = အခံခက်သော အတွေ့ရှိသည်လည်းကောင်း၊ ဝါ = ကြမ်းတမ်းသော အတွေ့ရှိသည်လည်းကောင်း [**ဒုက္ခေန ခမိတဗ္ဗောတိ ဒုက္ခော။ ဒု + ခမု + တိ**] **အပ္ပဂ္ဃော စ** = အဘိုးအနည်းငယ်သာ ထိုက်တန်သည်လည်းကောင်း၊ **ဟောတိ** = ၏။

**ဘိက္ခဝေ** = တို့၊ **မဇ္ဈိမော** = မဟောင်းမသစ် အလယ်အလတ် ဖြစ်သော၊ ဝါ = အသုံးပြုခဲ့ရာ အလယ်ပိုင်း အချိန်အခါ၌ ဖြစ်သော [**မဇ္ဈေ ပရိဘောဂကာလေ ပဝတ္တော မဇ္ဈိမော**] **ပေါတ္ထကောပိ** = သည်လည်း။ ။ ပ။ **ဇိဏ္ဏော** = အသုံးပြု၍ ဟောင်းနွမ်းသော။ ။ ပ။

**ဘိက္ခဝေ** = တို့၊ **ဇိဏ္ဏံ** = ဟောင်းနွမ်းသော၊ **ပေါတ္ထကမ္ပိ** = ကိုလည်း၊ **ဥက္ခလိပရိမဇ္ဇနံ** = ဝါ = ထမင်းအိုး ပွတ်သုတ်, လက်နှီးစုတ်ကိုလည်း၊ **ကရောန္တိ** = ပြုကြကုန်၏။

**သင်္ကာရကူဋေ ဝါ** = အမှိုက်ပုံ၌သော်လည်း၊ **ဆဍ္ဍေန္တိ** = စွန့်ပစ်ကုန်၏။
## PAGE 540

**ဘိက္ခဝေ**=တို့၊ **ဧဝမေဝံ**=ပင်၊ **နဝေါ**=ငါးဝါမကြွယ် သီတင်းငယ်ဖြစ်သော **ဘိက္ခု**=သည်၊ **ဒုဿီလော**=သီလမရှိသည်၊ **ပါပဓမ္မော**=ယုတ်မာသောအကျင့်တရားရှိသည်၊ **စေပိ ဟောတိ**=အကယ်၍မူလည်းဖြစ်အံ့၊ (**ဧဝံ သတိ**-ဤသို့ဖြစ်လသော်) **ဣဒံ**-ဤသီလမရှိသည်အဖြစ်ကို၊ **အဿ**=ထိုသီတင်းငယ် ရဟန်း၏၊ **ဒုဗ္ဗဏ္ဏတာယ**=ဖေါက်ပြန် ချွတ်ယွင်းသောကိုယ်အဆင်း, ဂုဏ်အဆင်းရှိသည် အဖြစ်ဖြင့်၊ (**အဟံ**=ငါဘုရားသည်) **ဝဒါမိ**=ဟောတော်မူ၏၊ **ဘိက္ခဝေ**=တို့၊ **သော ပေါတ္ထကော**=ထိုလျှော်ချည်အဝတ်သည်၊ **ဒုဗ္ဗဏ္ဏော သေယျထာပိ**=အဆင်းမလှသကဲ့သို့၊ **ဘိက္ခဝေ**=တို့၊ **ဣမံ ပုဂ္ဂလံ**=ဤဒုဿီလပုဂ္ဂိုလ်ကို၊ **တထူပမံ**=ထိုအဆင်းမလှသော လျှော်ချည်အဝတ်, မချွတ်တူစွာ, ဥပမာရှိ၏ဟူ၍၊ **အဟံ**=ငါသည်၊ **ဝဒါမိ**-ဟောတော်မူ၏။

**ပန**=ဒုက္ခသမ္ဖဿဖြစ်ပုံကား၊ **အဿ**=ထိုဒုဿီလပုဂ္ဂိုလ်၏၊ **ယေ**-အကြင်အလုပ်အကျွေး ဆွေမျိုးမိတ်ဆွေ စသူတို့သည်၊ (**ဧတံ**-ထိုဒုဿီလပုဂ္ဂိုလ်ကို) **သေဝန္တိ**=မှီခိုကုန်၏၊ **ဘဇန္တိ**=ဆည်းကပ်ကုန်၏၊ **ပယိရုပါသန္တိ**-သွားလာချဉ်းကပ်ကုန်၏။ **ဒိဋ္ဌာနုဂတိ**=မိမိတို့တွေ့မြင်အပ်သော ဆရာ့အမူအကျင့်ကို အတုလိုက်ခြင်းသို့၊ **အာပတ္တိ**=ရောက်ကုန်၏၊ **တေသံ**=ထိုအလုပ်အကျွေးဆွေမျိုး မိတ်ဆွေစသူတို့၏၊ **တံ**-ထိုမှီခိုဆည်းကပ်ခြင်းသည်၊ **ဒီဃရတ္တံ**=လုံး၊ **အဟိတာယ**=ငှါ၊ **ဒုက္ခာယ**=ငှါ၊ **ဟောတိ**-ဖြစ်၏၊ **ဣဒံ**=ဤအဟိတ, ဒုက္ခဖြစ်ခြင်းကို၊ **အဿ**=ထိုဒုဿီလရဟန်း၏၊ **ဒုက္ခသမ္ဖဿတာယ**=ကြမ်းတမ်းသော အတွေ့ရှိသည်အဖြစ်ဖြင့်၊ (**အဟံ**-သည်) **ဝဒါမိ**=၏၊ **ဘိက္ခဝေ**=တို့၊ **သော ပေါတ္ထကော**=သည်၊ **ဒုက္ခသမ္ဖဿော သေယျထာပိ**=ကြမ်းတမ်းသောအတွေ့ရှိသကဲ့သို့၊ **ဣမံ ပုဂ္ဂလံ**=ဤဒုဿီလပုဂ္ဂိုလ်ကို၊ **တထူပမံ**=ထိုအတွေ့ကြမ်းသော လျှော်ချည်အဝတ်, မချွတ်တူစွာ ဥပမာရှိ၏ဟူ၍၊ **အဟံ**=ငါသည်။ **ဝဒါမိ**=၏။

**ပန**=အပ္ပဖြစ်ပုံကား၊ **သော**=ထိုဒုဿီလပုဂ္ဂိုလ်သည်၊ **ယေသံ**=အကြင်ဒါယကာတို့၏၊ **စီဝရ+ပိဏ္ဍပါတ+သေနာသန+ ဂိလာနပ္ပစ္စယ ဘေသဇ္ဇပရိက္ခာရံ**=သင်္ကန်း+ဆွမ်း+အိပ်ရာ နေရာ ကျောင်း+လူမမာရောဂါ၏ ဆန့်ကျင်ဘက် ဖြစ်၍ အသက်၏ အကာအကွယ်နှင့် အကြောင်းအဆောက်အဦ ဖြစ်သောဆေးကို၊ [ဒုကစာပိုဒ် ၂-သုတ်ကြည့်] **ပဋိဂ္ဂဏှာတိ**=ခံယူ၏။ **တေသံ**=ထိုဒါယကာတို့၏၊ **တံ**=ထိုအလှူဒါနသည်၊ **မဟပ္ဖလံ**=များသော တမလွန်အကျိုးရှိသည်၊ **န ဟောတိ**=မဖြစ်၊ **မဟာနိသံသံ**=များသော တမလွန်အကျိုးဆက်အာနိသင်ရှိသည်။ **န ဟောတိ**=မဖြစ်၊ **ဣဒံ**=ဤများသော တမလွန်အကျိုးအာနိသင် မရှိသည်အဖြစ်ကို၊ **အဿ**-ထိုဒုဿီလပုဂ္ဂိုလ်၏၊

