## PAGE 541

**အပ္ပဂ္ဃတာယ** အဘိုးအနည်းငယ်သာ ထိုက်တန်သည်အဖြစ်ဖြင့်၊ **ဝဒါမိ**=၏။ပ။ **အပ္ပဂ္ဂေါ သေယျထာပိ**-အဘိုးအနည်းငယ်သာ ထိုက်တန်သကဲ့သို့။ပ။ **တထူပမံ**=ထိုတန်ဘိုးနည်းသော လျှော်ချည်အဝတ်, မချွတ်တူစွာ ဥပမာရှိ၏ ဟူ၍၊ **အဟံ**=သည်၊ **ဝဒါမိ**=၏၊ **ဘိက္ခဝေ**=တို့၊ **မဇ္ဈိမော**=(ငါးဝါစပျိုး, ကိုးဝါတိုင်မှတ်) သီတင်းလတ်ဖြစ်သော၊ **ဘိက္ခု**=ရဟန်းသည်။ **ဒုဿီလော**=သည်၊ **ပါပဓမ္မော**=သည်၊ **စေပိ ဟောတိ**=အံ့။ပ။ **ထေရော**=(ဆယ်ဝါပြည့်မှီ) ထေရ်ဖြစ်သော။ပ။ (**ဧဝံ သတိ**-သော်) **ဣဒံ**-ဤသီလမရှိသည်အဖြစ်ကို။ **အဿ**= ထိုထေရ်ဖြစ်သောရဟန်း၏။ **ဒုဗ္ဗဏ္ဏတာယ**။ပ။

**ဘိက္ခဝေ**=တို့၊ **စ**=ဤမျှမကသေး၊ **ဧဝရူပေါ**=ဤသီလမရှိခြင်းသဘောရှိသော၊ **ထေရော**=ထေရ်ဖြစ်သော၊ **အယံ ဘိက္ခု**=ဤရဟန်းသည်၊ **သံဃမဇ္ဈေ**=သံဃအလယ်၌၊ **ဘဏတိ**=စကားပြော့ငြားအံ့၊ **တံ ဧနံ**=ထိုထေရ်ရဟန်းကို၊ **ဘိက္ခု**=အခြားရဟန်းတို့သည်၊ **ဧဝံ**=ဤသို့၊ **အာဟံသု**=ပြောဆိုကြကုန်၏၊ (**ကိန္တိ**-အဘယ်သို့၊ **အာဟံသု**-ပြောဆိုကြကုန်သနည်းဟူမူ) **ဗာလဿ**=နားမလည်သူဖြစ်သော၊ **အဗျတ္တဿ**=မလိမ္မာ မနှံ့စပ် မပါးနပ်သော၊ **တုယှံ**=သင့်အား၊ [**ကိံ နု ခေါ** ၌စပ်] ဝါ=သင်၏၊ ဝါ=သင်သည်၊ [**ဘဏိတေန** ၌စပ်] **ဘဏိတေန**=ပြောဆိုအပ်သောစကားဖြင့်၊ ဝါ=စကားပြောဆိုနေခြင်းဖြင့်၊ **ကိံ နု ခေါ**=အဘယ်အကျိုးရှိမည်နည်း၊ **တွမ္ပိ**=သင်လိုလူကပင်လျက်လည်း၊ **ဘဏိတဗ္ဗ**=စကားပြောဆိုသင့်၏ဟူ၍။ **မညသိ နာမ**=မှတ်ထင်နေလေဘိ၏၊ **ဣတိ**=ဤသို့၊ (**အာဟံသု**=ပြောဆိုကြကုန်၏)။ **သော**=ထိုရဟန်းသည်၊ **ကုဒ္ဓေါ**=စိတ်ဆိုးသည်၊ **အနတ္တမနော**=မိမိပင်ကိုယ်စိတ်ကောင်းမရှိသည်၊ ဝါ=စိတ်မချမ်းသာသည်၊ (**ဟုတွာ**=ဖြစ်၍) **သင်္ကာရကူဋေ**၌၊ **နံ ပေါတ္ထကံ**=ထိုလျှော်ချည်အဝတ်ကို၊ **ဥက္ခိပတိ ဣဝ**=စွန့်ပစ်သကဲ့သို့ **သင်္ကာရကူဋေ + ဣဝါ တထာ**=ထို့အတူ၊ **ယထာရူပါယ**=အကြင်သို့သဘောရှိသော၊ **ဝါစာယ**=စကားကြောင့်၊ **သံဃော**=သံဃာသည်၊ **တံ**=ထိုရဟန်းကို၊ **ဥက္ခိပတိ**=(ဥက္ခေပနီယကံဖြင့်) စွန့်ပစ်ကြဉ်ဖယ်၏၊ **တထာရူပိ**=ထိုသို့သဘောရှိသော(ထိုသို့ ဥက္ခေပနီယကံဖြင့် စွန့်ပစ်ကြဉ်ဖယ် ခံရကြောင်းဖြစ်သော) **ဝါစံ**=စကားကို၊ **နိစ္ဆာရေတိ**=ပြောဆို၏။

**ဘိက္ခဝေ**=တို့၊ **နဝံ**=ရက်သစ်စဖြစ်သော၊ **ကာသိကံ**=ကာသိတိုင်း၌ဖြစ်သော၊ **ဝတ္ထံပိ**=အဝတ်သည်လည်း၊ **ဝဏ္ဏဝန္တစ္စေဝ**=တင့်တယ်လှပသောအဆင်းရှိသည်လည်းကောင်း၊ **သုခသမ္ဖဿဉ္စ**-ကောင်းသော အတွေ့ရှိသည်လည်းကောင်း၊ **မဟာ**-အဘိုးများစွာ ထိုက်တန်သည်လည်းကောင်း၊ **ဟောတိ**=၏၊ **ဘိက္ခဝေ**=တို့၊ **မဇ္ဈိမံ**=မဟောင်း မသစ် အလယ်အလတ်ဖြစ်သော။ပ။ **ဘိက္ခဝေ**=တို့၊ **ဇိဏ္ဏံ**=ဟောင်းနွမ်းသော၊ **ကာသိကံ**=သော၊ **ဝတ္ထုပိ**=သည်လည်း၊

## PAGE 542

**ဝဏ္ဏဝန္တေဝ**။ပ။ **ဝတ္ထုပိ**=အဝတ်ကိုလည်း၊ **ရတနပလိဝေဌနံ ဝါ**=ရွှေ ငွေစသော ရတနာ့ကို ထုပ်ချည်ရစ်ပတ်ကြောင်း ပုဝါ(ရတနာထုပ်ပုဝါ) ကိုသော်လည်း၊ **ကရောန္တိ**=ပြုကြကုန်၏၊ **ဂန္ဓကရဏ္ဍကေ ဝါ**-နံ့သာကြုတ်၌သော်လည်း၊ **နံ**=ထိုကာသိတိုင်းဖြစ် အဝတ်ကို၊ **ပက္ခိပန္တိ**=ထည့်ကြကုန်၏။ပ။

**သီလဝါ**=သီလရှိသည်၊ **ကလျာဏဓမ္မော**=ကောင်းသော အကျင့်တရားရှိသည်၊ **စေပိ ဟောတိ**=အံ့၊ (**ဧဝံ သတိ**=သော်) **ဣဒံ**=ဤသီလ ရှိသည်အဖြစ်ကို၊ **အဿ**=ထိုသီတင်းငယ်ရဟန်း၏၊ **သုဝဏ္ဏတာယ**-တင့်တယ်လှပသောကိုယ်အဆင်း, ဂုဏ်အဆင်းရှိသည် အဖြစ်ဖြင့်၊ **ဝဒါမိ**=၏၊ **ဘိက္ခဝေ**=တို့၊ **ကာသိကံ**=သော၊ **တံ ဝတ္ထု**=ထိုအဝတ်သည်၊ **ဝဏ္ဏဝန္တံ သေယျထာပိ**=တင့်တယ်လှပသော အဆင်းရှိသကဲ့သို့၊ **ဘိက္ခဝေ**=တို့၊ **ဣမံ ပုဂ္ဂလံ**=ဤသီလရှိသောပုဂ္ဂိုလ်ကို၊ **တထူပမံ**=ထိုအဆင်းလှသော ကာသိတိုင်းအဝတ်, မချွတ်တူစွာ ဥပမာရှိ၏ဟူ၍၊ **အဟံ**-သည်၊ **ဝဒါမိ**=၏၊ **ပန**=သုခသမ္ဖဿဖြစ်ပုံကား၊ **အဿ** ထိုသီလရှိသော ပုဂ္ဂိုလ်၏၊ **ယေ** တို့သည် (**ဧတံ**=ထိုသီလရှိသောပုဂ္ဂိုလ်ကို) **သေဝန္တိ**။ပ။ **တေသံ**=တို့၏၊ **တံ**=ထိုမှီခိုဆည်းကပ်ခြင်းသည်၊ **ဒီဃရတ္တံ**-လုံး၊ **ဟိတာယ**=စီးပွားအလို့ငှါလည်းကောင်း၊ **သုခါယ**-ချမ်းသာခြင်းငှါလည်းကောင်း၊ **ဟောတိ**=၏၊ **ဣဒံ**-ဤဟိတသုခဖြစ်ခြင်းကို၊ **အဿ**-ထိုသီလရှိသော ရဟန်း၏၊ **သုခသမ္ဖဿတာယ**=ကောင်းသောအတွေ့ရှိသည်အဖြစ်ဖြင့်၊ **ဝဒါမိ**=၏။ပ။ **သုခသမ္ဖဿံ သေယျထာပိ**=ကောင်းသောအတွေ့ရှိသကဲ့သို့။ပ။ **တထူပမံ**=ထိုကောင်းသော အတွေ့ရှိသောကာသိတိုင်းအဝတ်, မချွတ်တူစွာ ဥပမာရှိ၏ဟူ၍။ပ။

**ပန မဟဂ္ဃ** ဖြစ်ပုံကား၊ **သော**=ထိုသီလရှိသောပုဂ္ဂိုလ်သည်၊ **ယေသံ**=အကြင်ဒါယကာတို့၏။ပ။ **တံ မဟပ္ဖလံ** သည်၊ **မဟာနိသံသံ**=သည်၊ **ဟောတိ**=၏၊ **ဣဒံ**=ဤများသော တမလွန်အကျိုး အာနိသင်ရှိသည်အဖြစ်ကို၊ **အဿ**=ထိုသီလရှိသော ပုဂ္ဂိုလ်၏၊ **မဟဂ္ဃတာယ**=အဘိုးများစွာထိုက်တန်သည် အဖြစ်ဖြင့်၊ **ဝဒါမိ**-၏။ပ။ **မဟဂ္ဃံ သေယျထာပိ**=ထိုအဘိုးများစွာထိုက်တန်သကဲ့သို့၊ **ဘိက္ခဝေ**=တို့၊ **ဣမံ ပုဂ္ဂလံ**=ဤသီလရှိသောပုဂ္ဂိုလ်ကို၊ **တထူပမံ**=အဘိုးများစွာထိုက်တန် သော ကာသိတိုင်းအဝတ် မချွတ်တူစွာ ဥပမာရှိ၏ ဟူ၍။ပ။ **ဧဝရူပေါ**=ဤသို့သီလနှင့် ပြည့်စုံခြင်းသဘောရှိသော။ပ။ **တမေနံ**=(သီလရှိသော) ထိုထေရ်ရဟန်းကို။ **ဘိက္ခူ** - အခြားရဟန်းတို့သည်၊ **ဧဝံ**-ဤသို့၊ **အာဟံသု** ပြောဆိုကြကုန်၏။ (**ကိန္တိ**=အဘယ်သို့၊ **အာဟံသု**=ပြောဆိုကြ ကုန်သနည်းဟူမူ) **အာယသ္မန္တော**=အရှင်ဘုရားတို့၊ (**တုမှေ**=အရှင်တို့သည်) **အပ္ပသဒ္ဒါ**-ကျယ်လောင်သောအသံမရှိကုန်သည်၊ **ဟောထ**=ဖြစ်ပါကုန်လော၊ **ထေရော**=
## PAGE 543

ထေရ်ဖြစ်သော၊ **ဘိက္ခု**=သည်၊ **ဓမ္မဉ္စ**=သုတ်အဘိဓမ္မာတရားကိုလည်းကောင်း၊ **ဝိနယဉ္စ**=ဝိနည်းကိုလည်းကောင်း၊ **ဘဏတိ**=ရွတ်ဆို ဟောပြောနေပါ၏။
**ဣတိ**=ဤသို့၊ (အာဟံသု-၏)**ဘိက္ခဝေ**=တို့၊ **တသ္မာ**=ထို့ကြောင့်၊ ဝါ=ထိုသို့လျှော်ချည်အဝတ်, ကာသိတိုင်းအဝတ်, မချွတ်တူငြား, ပုဂ္ဂိုလ်နှစ်ပါးရှိသည်အဖြစ်ကြောင့်ပ။ (မယံ=ငါတို့သည်)**ကာသိကဝတ္ထုပမာ**=ကာသိတိုင်းအဝတ်,မချွတ်တူစွာ ဥပမာရှိကုန်သည်၊ **ဘဝိဿာမ**=ဖြစ်ကုန်အံ့၊ **ပေါတ္ထကူပမာ**=လျှော်ချည်အဝတ်, မချွတ်တူစွာ ဥပမာရှိကုန့်သည်၊ **န ဘဝိဿာမ**=မဖြစ်ကုန်အံ့။ပ။အဋ္ဌမံ၊
၉- **လောဏကပလ္လသုတ်**
၁ဝ၁။ **ဘိက္ခဝေ**=တို့၊ **ယော**=အကြင်ပုဂ္ဂိုလ်သည်၊ **ဧဝံ**=ဤသို့၊ **ဝဒေယျ**-ပြောဆိုရာငြားအံ့၊(**ကိန္တိ**=သို့၊ **ဝဒေယျ**-ပြောဆိုရာသနည်းဟူမူ)**ယထာ ယထာ**=အကြင်အကြင် အခြင်းအရာအားဖြင့်၊ **အယံ ပုရိသော**=ဤယောက်ျားသည်၊ဝါ=ဤသတ္တဝါသည်၊ **ကမ္မံ**=(ပါဏာတိပါတစသော)အကုသိုလ်ကံကို၊**ကရောတိ**=ပြု၏။ **တထာ တထာ**=ထိုထို ပြုလုပ်အပ်သမျှတိုင်းသော အခြင်းအရာအားဖြင့်၊ ဝါ=ထိုထိုပြုလုပ်အပ်သမျှ လုံးဝဥဿုံ အကုန်အစင်အားဖြင့်၊ **တံ**=ထိုအကုသိုလ်ကံကို၊ ဝါ=ထိုအကုသိုလ်ကံ၏အကျိုးကို။ **ပဋိသံဝေဒိယတိ**=မလွဲဧကန် ခံစားအပ်သည်သာ၊ မိမိပြုလုပ်ခဲ့သမျှ အကုသိုလ်ကံကို မည်သည့်နည်းနဲ့မျှ ရှောင်လွှဲ၍မရနိုင်၊ ပြုလုပ်ခဲ့သမျှ အကုသိုလ်ကံ၏ အကျိုးကိုအကုန်အစင် ဧကန်မုချ ခံစားရတော့သည်ဟူလို]**ဣတိ**=ဤသို့၊ (**ဝဒေယျ**ပြောဆိုရာငြားအံ့)။ **ဘိက္ခဝေ**=တို့၊ **ဧဝံ သန္တိ**(**ဧဝံ သန္ဓေ**)=ဤသို့ဖြစ်လသော်၊ဝါ=ဤသို့ပြုလုပ်ခဲ့သမျှ အကုသိုလ်ကံအကျိုးကို အကုန်အစင် ခံစားရမည်ဧကန်ဖြစ်ချေ လသော်၊(**တဿ**=ထိုပုဂ္ဂိုလ်မှာ)**ဗြဟ္မစရိယဝါသော**-(ကုသိုလ်အကုသိုလ်ကံကို ကုန်စေနိုင်သော)မြတ်သောအရိယမဂ်အကျင့်ကိုကျင့်သုံးနိုင်ခြင်းမည်သည်။ ဝါ=မြတ်သော အရိယမဂ်အကျင့်ကိုကျင့်သုံးသော်လည်း ကျင့်သုံးရာ ရောက်သည်မည်သည်၊ **န ဟောတိ**-မဖြစ်တော့ပေ။ **သမ္မာ**=အကြောင်းမှန် နည်းလမ်းမှန်အားဖြင့်။ **ဒုက္ခဿ**=ဝဋ်ဒုက္ခ၏၊ **အန္တကိရိယာယ**=အဆုံးကို ပြုခြင်းငှါ၊ **ဩကာသော**=အခွင့်အလမ်းသည်၊ **နု ပညာယတိ**=မထင်ပေါ် လာနိုင်တော့ပေ။
**ဘိက္ခဝေ**=တို့၊ **စ**=ထိုမှတပါး၊ **ယော**=အကြင်ပုဂ္ဂိုလ်သည်၊ **ဧဝံ**=သို့၊**ဝဒေယျ**=အံ့။(**ကိန္တိ**=သို့၊ **ဝဒေယျ**=မူ)**ယထာ ယထာ**-အကြင်အကြင်အခြင်းအရာအားဖြင့်၊ ဝါမျက်မှောက်ဘဝ, ဒုတိယဘဝစသော ဆိုင်ရာဆိုင်ရာဘဝ၌ အကျိုးပေးခြင်းဟူသော အကြင်အကြင် အခြင်းအရာအားဖြင့်၊

