## PAGE 544

**ဝေဒနီယံ**=ခံစားအပ်သော အကျိုးရှိသော၊ ဝါ=ခံစားဘို့ရာ အကျိုးပေးခွင့်ရရှိသော၊**ကမ္မံ**=ကံကို၊(**ပဌမဇောစေတနာ, သတ္တမဇောစေတနာ** စသောကံကို)**အယံ ပုရိသော**=သည်၊ **ကရောတိ**=ပြုလုပ်၏။ **တထာ တထာ**=ထိုထို ကံပြုလုပ်ခဲ့တိုင်းသော အခြင်းအရာအားဖြင့်သာလျှင်၊ ဝါ=ထိုထိုကံပြုလုပ်ခဲ့သည့်အတိုင်းမျက်မှောက်ဘဝစသည်တို့၌ အကျိုးပေးခြင်းဟူသော အခြင်းအရာအားဖြင့်သာလျှင်၊ကံပြုလုပ်ခဲ့သည့်အတိုင်း အကျိုးပေးခွင့်ရမှသာလျှင်ဟူလို]**အဿ**=ထိုကံ၏၊ **ဝိပါကံ**=အကျိုးကို၊ **ပဋိသံဝေဒီယတိ**=ခံစားအပ်၏၊ဝါ=ခံစားနိုင်၏၊
[**ပဌမဇောစေတနာ, သတ္တမဇောစေတနာ** စသော ကံများကို ပြုလုပ်ခဲ့စဉ်ကအောင်မြင်စွာ ပြုလုပ်ခဲ့သော်လည်း(အကျိုးပေးချိန်ဖြစ်သော မှက်မှောက်ဘဝ,ဒုတိယဘဝ စသော ဆိုင်ရာဆိုင်ရာဘဝ၌) ထိုကံများ အကျိုးပေးခွင့်ရမှသာလျှင်အကျိုးခံစားရသည်၊ အကျိုးပေးခွင့်မရလျှင် ထိုကံများသည် အချည်းနှီးအဟောသိကံ ဖြစ်သွားကြသည်ဟူလို]**ဣတိ**-ဤသို့၊ (**ဝဒေယျ**=အံ့)**ဘိက္ခဝေ**=တို့၊ **ဧဝံ သန္တိ**=ဤသို့ဖြစ်လသော်၊ ဝါ=ဤသို့ **ပဌမဇောစေတနာ** စသောကံပြုလုပ်ခဲ့သမျှ အကျိုးပေးခွင့်ရမှသာ အကျိုးခံစားရသည် ဖြစ်လသော်(**တဿ**=ထိုပုဂ္ဂိုလ်မှာ)။ပ။**ပညာယတိ**=ထင်ပေါ်လာနိုင်၏။
**ဘိက္ခဝေ**=ရဟန်းတို့၊ **ဣဓ**=ဤလောက၌၊ **ဧကစ္စဿ**=အချို့သော၊**ပုဂ္ဂလဿ**-ပုဂ္ဂိုလ်သည်၊ **အပ္ပမတ္တကမ္ပိ**=အနည်းငယ်မျှသော်လည်းဖြစ်သော၊**ယံ ပါပကမ္မံ**=အကြင်မကောင်းမှု အကုသိုလ်ကံကို၊ **ကတံ**=ပြုလုပ်အပ်ခဲ့ပြီ၊(**တံ ပါပကမ္မံ**=ထိုမကောင်းမှု အကုသိုလ်ကံသည်) **တမေနံ**=ထိုပုဂ္ဂိုလ်ကို(မကောင်းမှု ပြုလုပ်သော ထိုပုဂ္ဂိုလ်ကို)**နိရယံ**=ငရဲသို့၊ **ဥပနေတိ**=ဆောင်ပို့၏၊ **ဘိက္ခဝေ**=တို့၊**ပန**=ထိုမှတပါး၊ **ဣဓ**=၌၊ **ဧကစ္စဿ**=သော၊ **ပုဂ္ဂလဿ**=သည်းကတံ,**ဝေဒနီယံ**တို့၌စပ်ပါ]ဝါ=ပုဂ္ဂိုလ်အား၊ [**ခါယတိ**၌စပ်]**တာဒိသံယေဝ**=ထိုနှယ်မခြားအလားတူပင် တွေ့မြင်အပ်သည်သာဖြစ်သော၊ **အပ္ပမတ္တကံ**=အနည်းငယ်မျှလောက်ပင်၊ **ကတံ**=ပြုလုပ်အပ်သော၊ **ပါပကမ္မံ**=မကောင်းမှု အကုသိုလ်ကံသည်၊**ဒိဋ္ဌဓမ္မဝေဒနီယံ**=ယခုမျက်မှောက်ဘဝ၌ ခံစားအပ်သည်၊ ဝါ=ယခုမျက်မှောက်ဘဝ၌ အကျိုးပေးခွင့်ရသည်၊ **ဟောတိ**=၏ (**ဒုတိယေ**=ဒုတိယဘဝ အတ္တဘော၌)**အဏုပိ**=အဏုမြူပမာဏ အနည်းငယ်မျှပင်လည်း၊ **န ခါယတိ**=အကျိုးမထင်ပေါ်လာ၊ ဝါ=အကျိုးမပေး၊ **ဗဟုဒေဝ**=မြောက်မြားလှစွာကား၊ **ကိ**=အဘယ့်ကြောင့်(**ခါယတိ**=အကျိုးထင်တော့အံ့နည်း၊ ဝါ=အကျိုးပေးတော့အံ့နည်း။)**ဘိက္ခဝေ**=တို့၊ **ကထံရူပဿ**=အဘယ်သို့ သဘောရှိသော၊ **ပုဂ္ဂလဿ**=ပုဂ္ဂိုလ်သည်။ **အပ္ပမတ္တကမ္ပိ**=သော၊ **ယံ ပါပကမ္မ**ကို၊ **ကတံ**=ပြီ၊ (**တံ ပါပကမ္မံ**= သည်)**တမေနံ**=ကို၊ **နိရယံ**=သို့။**ဥပနေတိ**=သနည်း၊ **ဘိက္ခဝေ**=တို့၊

## PAGE 545

**ပန**=ထိုမေးခွန်း၏အဖြေကား ဤ“**ပန**”ကဲ့သို့သော နိပါတ်ပုဒ်တို့ကို သင့်သလိုအနက်ပေးရ၏။ အနက်မပေးဘဲလည်း ချန်ထားနိုင်၏] **ဣဓ**=ဤလောက၌၊**ဧကစ္စော**-အချို့သော၊ **ပုဂ္ဂလော**=ပုဂ္ဂိုလ်သည် **အဘာဝိတကာယော**=ဖြစ်ပွားစေအပ်သော ကာယာနပဿနာ ဘာဝနာမရှိသည်၊ **အဘာဝိတသီလော**=ဖြစ်ပွားစေအပ်သော ဘာဝနာအလေ့အလာမရှိသည်၊ **အဘာဝိတစိတ္တော**=ဖြစ်ပွားစေအပ်သော ဘာဝနာစိတ်မရှိသည်၊ **အဘာဝိတပညာ**=ဖြစ်ပွားစေအပ်သောဘာဝနာပညာ မရှိသည်၊ **ပရိတ္တော**=နည်းပါးသေးသိမ်သော အကျင့်ဂုဏ်ရှိသည်၊**အပ္ပါတုမော**=အကျင့်ဂုဏ်အားဖြင့် သေးငယ်သော အတ္တဘောရှိသည်၊ **အပ္ပ+အာတုမ**]**အပ္ပဒုက္ခဝိဟာရီ**=အနည်းငယ်မျှသော အကုသိုလ်ကြောင့်ပင်လျှင်ဆင်းရဲစွာ နေထိုင်ရသည်၊ **ဟောတိ**=ဖြစ်၏၊ **ဘိက္ခဝေ**=တို့၊ **ဧဝရူပဿ**-ဤသို့သဘောရှိသော၊ **ပုဂ္ဂလဿ**-သည်။ပ။**ဥပနေတိ**=ဆောင်ပို့၏။
**ဘိက္ခဝေ**တို့၊ **ကထံရူပဿ**=သော၊ **ပုဂ္ဂလဿ**-သည်၊ ဝါ=အားပ။
**ဒိဋ္ဌဓမ္မဝေဒနီယံ**=သည်၊ **ဟောတိ**=ဖြစ်သနည်း၊(**ဒုတိယေ**=၌)**အဏုပိ**=လည်း၊**န ခါယတိ**=သနည်း၊ **ဗဟုဒေဝ**=ကား၊ **ကိ**=အဘယ်ကြောင့်၊ **ခါယတိ**=အကျိုးထင်ပေါ်လာတော့အံ့နည်း၊ ဝါ=အကျိုးပေးတော့အံ့နည်း။ပ။
**ဘာဝိတကာယော**=ဖြစ်ပွားစေအပ်သော ကာယာနပဿနာ ဘာဝနာရှိသည်၊**ဘာဝိတသီလော**=ဖြစ်ပွားစေအပ်သော ဘာဝနာ အလေ့အလာရှိသည်၊
[တနည်း-**ဘာဝိတကာယော**=ဖြစ်ပွားစေအပ်သော စက္ခု စသား ဒွါရငါးပါးအပေါင်း၌ဖြစ်သော ဘာဝနာရှိသည်၊ ဝါ=ဖြစ်ပွားစေအပ်သော **ဣန္ဒြိယသံဝရသီလ**ရှိသည်၊ **ဘာဝိတသီလော**ဖြစ်ပွားစေအပ်သော **ပါတိမောက္ခ သံဝရသီလ, အာဇီဝပါရိသုဒ္ဓိသီလ, ပစ္စယသန္နိဿိတ သီလ**ရှိသည်]
**ဘာဝိတစိတ္တော**=ဖြစ်ပွားစေအပ်သော ဘာဝနာစိတ်ရှိသည်၊**ဘာဝိတပညော**=ဖြစ်ပွားစေအပ်သော ဘာဝနာပညာရှိသည်၊ **အပရိတ္တော**=နည်းပါးသေးသိမ်သော အကျင့်ဂုဏ်ရှိသူ မဟုတ်သည်၊ **မဟတ္တော**=ဂုဏ်အားဖြင့်ကြီးမားသော အတ္တဘောရှိသည်၊**မဟန္တော အတ္တာ အတ္တဘာဝေါ ယဿာတိ မဟတ္တော အပ္ပမာဏဝိဟာရီ** =သတ္တဝါတို့၏ အကျင့်ဂုဏ်ပမာဏကို ဖေါ်ပြ
၁။ **အပ္ပမာဏဝိဟာရီ**။ ။**ပမာဏ**(**ပမာဏကရ**)=အတိုင်းအတာ**ပမာဏ**ကို ပြုလုပ်တတ်သော ကိလေသာ(သူတို့၏ဖြစ်ရာ, တည်ရာ သတ္တဝါတို့၏ အကျင့်ဂုဏ်သိက္ခာ အတိမ်အနက် အရည်အချင်းပမာဏကို ဖေါ်ပြပြုလုပ်သကဲ့သို့ဖြစ်သော ရာဂစသော ကိလေသာ)။**ပမာဏံ ကရောန္တိတိ ပမာဏာ**၊ **နတ္ထိ ပမာဏာ ကိလေသာ ယဿ ခီဏာသဝဿာတိ အပ္ပမာဏော**၊**အပ္ပမာဏော ဟုတွာ ဝိဟာရီ အပ္ပမာဏဝิဟာရီ**။

## PAGE 546

ပြုလုပ်သကဲ့သို့ဖြစ်သော ကိလေသာမရှိဘဲ နေလေ့ရှိသည်၊ **ဟောတိ**= ဖြစ်၏။

**ဘိက္ခဝေ**=တို့၊ **ဧဝရူပဿ**=သော၊ **ပုဂ္ဂလဿ**-သည်၊ **ဝါ**=အား။ ပ။

**ဟောတိ**=၏ (ဒုတိယေ-၌) **အဏုပိ**=လည်း၊ **န ခါယတိ**=အကျိုးမထင်ပေါ်လား **ဗဟုဒေဝ**=ကား၊ **ကိ**=အဘယ်ကြောင့်၊ **ခါယတိ**=အကျိုးထင်ပေါ်လာတော့အံ့နည်း။

**ဘိက္ခဝေ**=တို့၊ **သေယျထာပိ**=ဥပမာပြရလျှင်ကား၊ **ပုရိသော**=ယောက်ျားတယောက်သည်၊ **လောဏကပလ္လ**=ဆားခွက်ကို၊ **ပရိတ္တေ**=သေးငယ်သော၊ **ဥဒကမလ္လကေ**=ရေသောက်ခွက်၌၊ **ပက္ခိပေယျ**=ထည့်ငြားအံ့၊ **ဘိက္ခဝေ**=တို့၊ **တံ**=ထိုငါပြောဆိုအပ်သော အကြောင်းအရာကို (တုမှေ=သင်တို့သည်) **ကိမညထ**=အဘယ်သို့ထင်မြင်ကြကုန်သနည်း၊ **ပရိတ္တံ**=အနည်းငယ်သော၊ **တံ**=ဥဒကံ-ထိုရေသည်၊ **အမုနာ လောဏကပလ္လေန**=ထိုဆားခွက်ကြောင့်၊ **အပေယျံ**=မသောက်နိုင်လောက်သော၊ .. **လောဏံ**=ဆားငံရည်သည်၊ **အဿာပိ**=ဖြစ်နိုင်ရာပါသလော၊ **ဣတိ**=ဤသို့၊ (အဝေါစ=မေးတော်မူပြီ)

**ဧဝံ ဘန္တေ** =ဆားငံရည်ဖြစ်နိုင်ပါသည် အရှင်ဘုရား၊ တံ-ထိုသို့ မသောက်နိုင်သော ဆားငံရည်ဖြစ်သွားခြင်းသည်၊ **ကိဿ ဟေတု**-အဘယ်အကြောင်းကြောင့်နည်းဟူမူ၊ **ဘန္တေ**=ရား၊ **ဟိ**=အကြင်ကြောင့်၊ **ဥဒကမလ္လကေ**=ရေသောက်ခွက်၌၊ **ဝါ**=ရေသောက်ခွက်ထဲက၊ **အဒုံ ဥဒကံ**-ထိုရေသည်၊ **ပရိတ္တံ**=နည်းပါးလှ၏။ (ဣတိ=ထို့ကြောင့်) **တံ**=ထိုအနည်းငယ်သောရေသည်၊ **အမုနာ လောဏကပလ္လေန**=ကြောင့်၊ **အပေယျ**=သော၊ **လောဏံ**=သည်၊ **အဿ**=ဖြစ်နိုင်ပါ၏။ **ဣတိ**-ဤသို့၊ (အဝေါစုံ=လျှောက်ကြကုန်ပြီ)

**ဘိက္ခဝေ**=တို့၊ **သေယျထာပိ**=ကား၊ **ပုရိသော**=သည်၊ **လောဏကပလ္လ**=ကို၊ **ဂင်္ဂါယ**=ဂင်္ဂါမည်သော၊ **နဒိယာ**=မြစ်၌၊ **ပက္ခိပေယျ**=ထည့်ရာ၏။ **ဂင်္ဂါ**=ဂင်္ဂါမည်သော၊ **သာ န**=ထိုမြစ်သည်၊ **အမုနာ လောဏကပလ္လေန**=ကြောင့်၊ **အပေယျာ**=မသောက်နိုင်သော၊ **လောဏာ**=ဆားငံရည်သည်၊ **အဿာပိ**=လော၊ **ဣတိ** (အဝေါစ=မေး) **ဘန္တေ**=ရား၊ **ဧတံ**=ဤ ဂင်္ဂါမြစ်၏ ဆားငံရည်ဖြစ်ခြင်းသည်၊ **နော ဟိ**=မသင့်ပါ၊ **တံ**=ထိုသို့ ဆားငံရည်မဖြစ်နိုင်ခြင်းသည်၊ **ကိဿ ဟေတု**=ဟူမူ၊ **ဘန္တေ**=ရား၊ **ဟိ**=ကြောင့်၊ **ဂင်္ဂါယ**=သော၊ **နဒိယာ**=မြစ်၌၊ **အသု ဥဒကက္ခန္ဓာ**=ထိုရေထုထယ်သည်၊ **မဟာ**=ကြီးမားများပြားလှပါ၏၊ (ဣတိ=ထို့ကြောင့်) **သော**=ထိုရေထုထယ်ကြီးသည်၊ **အမုနာ လောဏကပလ္လေန**=ကြောင့်၊ **အပေယျော**=မသောက်နိုင်သော၊ **လောဏော**= ဆားငံရည်သည်၊ **နအဿ**-မဖြစ်နိုင်ပါ၊ **ဣတိ**-ဤသို့၊ (အဝေါစုံ=လျှောက်ကြကုန်ပြီ) [**ဣဓေကစ္စဿ**=ဣဓ+ဧကစ္စဿ။ ပ။]

