## PAGE 547

**ဘိက္ခဝေ**=တို့၊ **ဣဓ**=၌၊ **ဧကစ္စော**-အချို့သောသူသည်၊ **အဍ္ဎကဟာပဏေနပိ**=တကျပ်ထက်ဝက် ငါးမူးကို ခိုးယူခြင်းကြောင့်လည်း၊ **ဗန္ဓနံ**=ချုပ်နှောင်ခံရသူအဖြစ်သို့၊ **နိဂစ္ဆတိ**=ရောက်၏၊ **ကဟာပဏေနပိ**=တကျပ်ကိုခိုးယူခြင်းကြောင့်လည်း။ ပ။ **ကဟာပဏသတေနပိ**=ကျပ်တရာကိုခိုးယူခြင်းကြောင့်လည်း၊ **ဗန္ဓနံ**=သို့၊ **နိဂစ္ဆတိ**=၏။ ပ။ **ဗန္ဓနံ**=သို့၊ **န နိဂစ္ဆတိ**=မရောက်။ ပ။

**ဘိက္ခဝေ**=တို့၊ **ကထံရူပေါ**= အဘယ်သို့သဘောရှိသောသူသည် ။ ပ။ **နိဂစ္ဆတိ**=ရောက်သနည်း၊ **ဧကစ္စော**-သည်၊ **ဒလိဒ္ဓေါ**=လူဆင်းရဲသည်၊ **အပ္ပဿကော**-နည်းသော ကိုယ်ပိုင်ဥစ္စာရှိသည်။ [**သက**=ကိုယ်ပိုင်ဥစ္စာ] **အပ္ပဘောဂေါ**=နည်းသော စည်းစိမ် အသုံးအဆောင်ရှိသည်၊ **ဟောတိ**=၏၊ **ဘိက္ခဝေ**=တို့၊ **ဧဝရူပေါ**=ဤသို့သဘောရှိသော လူဆင်းရဲသည်။ ပ။

**ဧကစ္စော**=သည်၊ **အဍ္ဎော**=ဥစ္စာကြွယ်ဝ အစိုးရသည်၊ **မဟဒ္ဓနော**=များစွာသောဥစ္စာရှိသည်၊ **မဟာဘောဂေါ**=များသော စည်းစိမ်အသုံးအဆောင်ရှိသည်၊ **ဟောတိ**-၏။ ပ။

**ဘိက္ခဝေ**=တို့၊ **သေယျထာပိ**=ကား၊ **ဩဋ္ဌိကော ဝါ**=သိုးပိုင်ရှင်သည်လည်းကောင်း၊ **ဥရဗ္ဘဃာတကော ဝါ**=သိုးသတ်သမားသည်လည်းကောင်း၊ **ဥရဗ္ဘံ**=သိုးကို၊ **အဒိန္နံ**=မိမိကမပေးအပ်ဘဲ၊ **အာဒိယမာနံ**=ခိုးယူသော၊ **အစ္စေကစ္စံ**-အချို့သောသူခိုးကို၊ **ဟန္တုံ ဝါ**=သတ်ခြင်းငှါသော်လည်းကောင်း၊ **ဗဇ္ဇိတုံ ဝါ**=ချုပ်နှောင်ခြင်းငှါသော်လည်းကောင်း၊ **ဇာပေတုံ ဝါ**=ဥစ္စာပစ္စည်း ဆုံးရှုံးစေခြင်းငှါသော်လည်းကောင်း၊ **ယထာပစ္စယံ**=မိမိပြုလုပ်လိုသော အကြောင်းအားလျော်စွာ၊ **ကာတုံ ဝါ**=ပြုခြင်းငှါသော်လည်းကောင်း၊ **ပဟောတိ**=စွမ်းနိုင်၏၊ **ဥရဗ္ဘံ**=ကို၊ **အဒိန္နံ**=ဘဲ၊ **အာဒိယမာနံ**=သော၊ **အပ္ပေကစ္စံ** = အချို့သောသူခိုးကို၊ **ဟန္တုံ ဝါ**-လည်းကောင်း။ ပ။ **ကာတုံ ဝါ**=လည်းကောင်း၊ **နပ္ပဟောတိ**=မစွမ်းနိုင်၊

**ဘိက္ခဝေ**=တို့၊ **ဩရဗ္ဘိကော ဝါ**=သည်လည်းကောင်း၊ **ဥရဗ္ဘဃာတကော ဝါ**-လည်းကောင်း၊ **ဥရဗ္ဘံ**=ကို၊ **အဒိန္နံ**=ဘဲ၊ **အာဒိယမာနံ**=ခိုးယူသော၊ **ကထံရူပံ**=အဘယ်သို့သဘောရှိသော သူခိုးကို၊ **ဟန္တုံ ဝါ**=သော်လည်းကောင်း၊ **ဗဇ္ဇိတုံ ဝါ**=လည်းကောင်း။ ပ။ **ကာတုံ ဝါ** လည်းကောင်း၊ **ပဟောတိ**=စွမ်းနိုင်သနည်း။ ပ။

**ဘိက္ခဝေ**=တို့၊ **ဩရဗ္ဘိကော ဝါ**-သည်လည်းကောင်း။ ပ။ **အဒိန္နံ**=ဘဲ၊ **အာဒိယမာနံ**=သော၊ **ဧဝရူပံ**=ဤသို့သဘောရှိသော လူဆင်းရဲ သူခိုးကို၊ **ဟန္တုံ ဝါ**=ငှာသော်လည်းကောင်း။ ပ။ **ယထာပစ္စယံ**=စွာ၊ **ကာတုံ ဝါ**-သော်လည်းကောင်း၊ **ပဟောတိ**=စွမ်းနိုင်၏၊

**ဘိက္ခဝေ**=တို့၊ **ဣဓ**=၌၊ **ဧကစ္စော**=သည်၊ **အဍ္ဎော**=သည်၊ **မဟဒ္ဓနော**=သည်၊ **မဟာဘောဂေါ**=သည်၊ **ရာဇာ ဝါ**=ဘုရင်မင်းသည်လည်းကောင်း၊ **ရာဇမဟာမတ္တော ဝါ**=မင်း၏အမတ်ကြီးသည်လည်းကောင်း၊ **ဟောတိ**-၏၊ **ဘိက္ခဝေ**= တို့၊ **ဩရဗ္ဘိကော**

## PAGE 548

**ဝါ**=သည်လည်းကောင်း။ ပ။ **အာဒိယမာနံ**=ခိုးယူသော၊ **ဧဝရူပံ**= ဤသို့သဘောရှိသောမင်းနှင့် အမတ်ကြီးကို၊ **ဟန္တုံ ဝါ**။ ပ။ **ကာတုံ ဝါ**=လည်းကောင်း၊ **နပ္ပဟောတိ**=မစွမ်းနိုင်၊ **အညဒတ္ထု**=စင်စစ်၊ **ပဉ္ဇလိကောဝ** ချီမြှောက်အပ်သောလက်အုပ်ရှိလျက်သာလျှင်၊ **ဝါ**=လက်အုပ်ချီ၍သာလျှင်၊ “**မာရိသ**=အိုအရှင်သခင်၊ **မေ**=ကျွန်တော်မျိုး၏၊ **ဝါ**=အား၊ **ဥရဗ္ဘံ ဝါ**=သိုးကိုသော်လည်းကောင်း၊ **ဥရဗ္ဘဓနံ ဝါ**= သိုး၏တန်ဖိုးဥစ္စာကိုသော်လည်းကောင်း၊ **ဒေဟိ**=ပြန်ပေးတော်မူပါ” **ဣတိ**-ဤသို့၊ **နံ**=ထိုသူခိုးကို (မိမိ၏သိုးကို ခိုးယူသော မင်းနှင့် အမတ်ကြီးကို) **ယာစတိ**=တောင်းပန်နေရ၏။ ပ။ နာမံ။

### ၁၀။ ပံသုဓောဝကသုတ်

**၁၀၂။** **ဘိက္ခဝေ**=တို့၊ **ဇာတရူပဿ**=ရွှေ၏၊ **ဩဠာရိကာ**=အကြမ်းစားအကြီးစားဖြစ်ကုန်သော၊ **ဥပက္ကိလေသာ**=မည်းညစ်ကြောင်း အညစ်အကြေးဖြစ်ကုန်သော၊ **ပံသု**၊ **ဝါလုကာ**=မြူမှုန့် သဲမှုန့်တို့သည်လည်းကောင်း၊ **သက္ခရကဌလာ**=ကျောက်စရစ်၊ အိုးခြမ်းကွဲတို့သည်လည်းကောင်း၊ **သန္တိ**=ရှိကုန်၏၊ **တံ ဧနံ**=ထိုမြူမှုန့် သဲမှုန့်စသော အကြမ်းစား အညစ်အကြေးကို၊ **ပံသုဓောဝကော ဝါ**=မြူမှုန့်အညစ်အကြေး ဆေးသောဆရာသည်သော်လည်းကောင်း၊ **သုဓောဝကန္တေဝါသီ ဝါ**=မြူမှုန့် အညစ်အကြေးဆေးသော ဆရာ၏ တပည့်သည်သော်လည်းကောင်း၊ **ဒေါဏိယံ**=ရေလှောင်စည်ပုံး၌၊ **အာကိရိတွာ**= လောင်းထည့်၍၊ **ဓောဝတိ**=ဆေးကြော၏၊ **သန္ဓောဝတိ**=အထပ်ထပ်အခါခါ … ကောင်းစွာဆေးကြော၏၊ **နိဒ္ဓေါဝတိ**=ပွတ်တိုက်ဆေးကြော၏။

**တသ္မိံ**=ထိုမြူမှုန့်စသော အကြမ်းစား အညစ်အကြေးကို၊ **ပဟီနေ**='ပယ်ရှားသုတ်သင်အပ်ပြီးလသော်၊ **တသ္မိံ**=ထိုမြူမှုန့်စသော အကြမ်းစားအညစ်အကြေးကို၊ **ဗျန္တီကတေ**=ကင်းရှင်းသော အဆုံးသတ် ကိစ္စရှိအောင်ပြုအပ်ပြီးလသော်၊ **ဝါ**-အပြီးအပြတ် အဆုံးသတ်ပြုအပ်ပြီးလသော်၊ **ဇာတရူပဿ**=ရွှေ၏၊ **မဇ္ဈိမသဟဂတာ**-အလယ်အလတ်စား၏ အဖြစ်နှင့်တကွဖြစ်ကုန်သော၊ [**မဇ္ဈိမဘာဝသဟဂတာ**” ပုဒ်မှ ဘာဝပုဒ် အကျေကြံ၊ အလတ်စားအဖြစ်၊ အလတ်စားသဘော] **ဝါ** အလတ်စား ဖြစ်ကုန်သော၊ **ဥပက္ကလေသာ**=ကုန်သော၊ **သုခုမသက္ခရာ**=အနုစား ကျောက်စရစ်တို့သည်လည်းကောင်း၊ **ထူလဝါလုကာ**=ကြီးသော သဲမှုန့်တို့သည်လည်းကောင်း၊ **သန္တိ**=ရှိကုန်၏၊ **တမေနံ**=ထို ကျောက်စရစ် အနုစသော အလတ်စားအညစ်အကြေးကို ပ။

**တသ္မိံ** =ထိုကျောက်စရစ် အနုစသော အလတ်စားအညစ်အကြေးကို၊
## PAGE 549

**ပဟီနေ**=သော်၊ **တသ္မိံ**=ထိုကျောက်စရစ်အနုစသော အလတ်စားအညစ်အကြေးကို၊ **ဗျန္တီကတေ**=သော်၊ **ဇာတရူပဿ**=၏၊ **သုခုမသဟဂတာ**=အနုစားအသေးစား၏ အဖြစ်နှင့်တကွဖြစ်ကုန်သော၊ ဝါ=အနုစားအသေးစားဖြစ်ကုန်သော၊ **ဥပက္ကိလေသာ**=ကုန်သော၊ **သုခုမဝါလုကာ**=အချစား သဲမှုန့်တို့သည်လည်းကောင်း၊ **ကာဠဇလ္လိကာ**=မည်းနက်သော မြူအညစ်အကြေးတို့သည်လည်းကောင်း၊ **သန္တိ**=ရှိကုန်၏၊ **တမေနံ**=ထိုသဲမှုန့်အနုစသော အသေးစား အညစ်အကြေးကို။ ပ။ **တသ္မိံ** =ထိုသဲမှုန့် အနုစသော အသေးစားအညစ်အကြေးကို၊ **ပဟီနေ**။ ပ။ **အထာပရံ**=အညစ်အကြေး ကင်းစင်ပြီးသည်မှနောက်၌၊ **သုဝဏ္ဏသိကတာ**= ရွှေမှုန့်တို့သည်၊ **အဝသိဿန္တိ**=ကြွင်းကျန်ကုန်၏။

**တမေနံ ဇာတရူပံ**=ထိုရွှေကို၊ (အညစ်အကြေး ကင်းစင်ပြီးသော ထိုရွှေကို) **သုဝဏ္ဏကာရော ဝါ**=ရွှေပန်းထိမ်ဆရာသည်သော်လည်းကောင်း၊ **သုဝဏ္ဏကာရန္တေ ဝါသီ ဝါ**=ရွှေပန်းထိမ်ဆရာ၏ တပည့်သည်သော်လည်းကောင်း၊ **မူသာယံ ဝိ**= မိုက်ခွက်၌၊ **ပက္ခိပ်တွာ**=ထည့်၍၊ **ဓမတိ**-(မီးမှုတ်ပြောင်းဖြင့်)မှုတ်၏၊ **သန္ဓမတိ**=အထပ်ထပ် အခါခါ ကောင်းစွာမှုတ်၏၊ **နိက္ခမတိ**=အားစိုက် ဖိနှိပ်၍ နှုတ်၏၊ **ဓန္တ**- မှုတ်အပ်ပြီးသော၊ **သဃံ**=အထပ်ထပ်အခါခါ ကောင်းစွာ မှုတ်အပ်ပြီးသော၊ **နိဒ္ဓန္တံ**=အားစိုက်ဖိနှိပ်၍ မှုတ်အပ်ပြီးသော၊ **တံ ဇာတရူပံ**=ထိုရွှေသည်၊ **အနိဒ္ဓန္တ ကသာဝံ**-မမှုတ်ထုတ်အပ်သေးသော အညစ်အကြေးရှိသည်၊ **ဟောတိ**=ဖြစ်၏။ **မုဒုစေ၀**=နူးညံ့ပျော့ပြောင်းသည်လည်း၊ **န ဟောတိ**=မဖြစ်သေး၊ **ကမ္မနိယံ စ**=ထုနှက်ခြင်းအမှု၌ သင့်လျော်ခိုင်ခံ့ သည်လည်း၊ မဖြစ်သေး၊ **ပဘဿရံ စ**=တလက်လက်ထွက်သော အရောင်ရှိသည်လည်း၊ **န ဟောတိ**=သေး၊ **ပဘင်္ဂု စ**=ကျိုးပဲ့ပျက်စီးတတ်သည်လည်း၊ **ဟောတိ**=ဖြစ်၏၊ **ကမ္မာယ စ**=အဆင်တန်ဆာ ပြုလုပ်ခြင်းအမှုသို့လည်း၊ ကောင်းစွာ၊ **န ဥပေတိ**- မရောက်၊ [အာပေါ သဂ္ဂါယ ဂစ္ဆတိ၌ကဲ့သို့- **ဟောတိ**- **သမ္မာ**=]

#### ၁။ မူသာဟူသော ဝေါဟာရ။
မီးအရှိန်ဖြင့် ပူ၍ ရွှေကိုပျော့ပြောင်းလာစေရာ၌ အသုံးပြုသော ရွှေလှော်“မိုက်ခွက်, လုံ"ကို မူသာဟု ခေါ်၏၊ သက္ကတ အင်္ဂလိပ် အဘိဓါန်တို့၌လည်း မူသာကို Crucible (သံရည်ကြိုခွက်)ဟုဆို၏။ မြန်မာတို့ ရေထဲ၌ ရွှေကျင်သောအခါ အသုံးပြုသော ခွက်ကိုလည်း မိုက်ခွက်ဟု ခေါ်သေးသတတ်၊ သို့သော် ပါဠိ၌ **သုဝဏ္ဏကာရာနံ မူသာ** (ရွှေပန်းထိမ်သည်တို့၏ မိုက်ခွက်)ဟုသာ အသုံးတွေ့ရ၍ ရေထဲရွှေကျင်သူတို့၏ မိုက်ခွက်ဟု မတွေ့ရ၊ မူသာ ဟူသော ပါဠိအတိုင်း“မိုသ်”ဟုရေးသင့်၏။ နောက်သုတ်၌လည်း တွေ့ဦးလတ္တံ့။

