## PAGE 550

“ဂတျတ္ထကမ္မနိ”ဟူသော ကစ္စည်းကျမ်းနှင့်အညီ ဂတိအနက်ရှိသော ဓါတ်တို့၏ယှဉ်ရာဝယ် ကံအနက်၌ သမ္ပဒါန်ဝိဘတ်သက်၊ အာယပြု၍ **“ကမ္မာယ”** ဟုဖြစ်၏]

**ဘိက္ခဝေ**=ရဟန်းတို့၊ **ယံ(သမယံ)**-အကြင်အခါ၌၊ **သုဝဏ္ဏကာရော ဝါ**=သည်လည်းကောင်း၊ **သုဝဏ္ဏကာရန္တေဝါသီ ဝါ**=လည်းကောင်း၊ **တံ ဇာတရူပံ**=ထိုရွှေကို။ ပ။ **သန္တ**=သော၊ **နိဒ္ဓန္တ**=သော၊ **တံ ဇာတရူပံ**=သည်၊ **နိဒ္ဓန္တ ကသာဝံ**=မှုတ်ထုတ် အပ်ပြီးသော အညစ်အကြေးရှိသည်၊ **ဟောတိ**=၏၊ **မုဒုစ**=နူးညံ့ပျော့ပြောင်းသည်လည်းကောင်း၊ **ကမ္မနိယဉ္စ**=သည်လည်းကောင်း၊ **ပဘဿရဉ္စ**=လည်းကောင်း၊ **ဟောတိ**=၏၊ **ပဘင်္ဂု စ**=သည်လည်း၊ **န ဟောတိ**=မဖြစ်၊ **ကမ္မာယ**သို့၊ **သမ္မာ**=စွာ၊ **ဥပေတိ**-ရောက်၏။

**စ**=ထို့အပြင်၊ **ယဿာ ယဿာ ပိလန္ဒနဝိကတိယာ**=အကြင် အကြင် တန်ဆာအထူးအကျိုးငှါ၊ **ဝိကတိ**=အထူးတလည် ပြုလုပ်အပ်သော+**ပိလန္ဓနု**=တန်ဆာ **အာကင်္ခတိ**=အလိုရှိအံ့၊ **ယဒိ ပဋိကာယ**=(သင်းကျစ်ပြားစသော)ရွှေပြားတန်ဆာအကျိုးငှါသော်လည်းကောင်း၊ **ယဒိ ကုဏ္ဍလာယ**=နားချောင်းအကျိုးငှါသော်လည်းကောင်း၊ **ယဒိ ဂီဝေယျကာယ**=လည်ဆွဲတန်ဆာအကျိုးငှါသော်လည်းကောင်း၊ [ဥပရိပဏ်၊ ၂၈၇ ၌ ဂီဝေယျကာယ ဟု ရှိ၏] **ယဒိ သုဝဏ္ဏမာလာယ**=ရွှေပန်းကုံး အကျိုးငှါသော်လည်းကောင်း၊ **အာကင်္ခတိ**=အံ့၊ **အဿ**=ထိုရွှေပန်းထိမ်ဆရာ၏၊ **တဉ္စ အတ္ထံ**-ထိုတန်ဆာ အထူးဟူသော အကျိုးကိုလည်း၊ **အဘိဘောတိ**=ပြီးစီးစေ၏ တနည်း- **အဿ**=ထိုရွှေ၏၊ **တဉ္စ အတ္ထိ**-ထိုတန်ဆာအထူးဟူသော အကျိုးသို့လည်း၊ (**သုဝဏ္ဏကာရော**- ရွှေပန်းထိမ်ဆရာသည်) **အဘိဘောတိ**=ရောက်၏။ ဝိဘင်းမူလဋီကာ(၁၅၁)စသည်သော **သမယော**=ထိုအခါသည်၊ **ဟောတိ**=ရှိ၏။

**ဘိက္ခဝေ**=ရဟန်းတို့၊ **ဧဝမေဝံ**=ဤအတူပင်၊ **အဓိစိတ္တံ** = ထူးချွန်လွန်ကဲသော သမထ, ဝိပဿနာစိတ်ကို၊ **အနုယုတ္တဿ**=ထပ်တလဲလဲ ကြိုးစားအားထုတ်သော၊ (မဖြစ်သေးသည်ကို ဖြစ်စေခြင်း, ဖြစ်ပြီးသည်ကို ထပ်၍ဖြစ်ပွားစေခြင်း အားဖြင့် ထပ်တလဲလဲ ကြိုးစားအားထုတ်သော) ဝါ ဖြစ်ပွားစေသော **ဘိက္ခုနော**=ရဟန်း၏၊ **သြဠာရိကာ**=ကုန်သော၊ **ဥပက္ကိလေသာ**=ကုန်သော၊

#### ၁။ အဓိစိတ္တ။
**အဓိ(အဓိကံ)**-(ရိုးရိုးစိတ်ထက်)ထူးချွန်လွန်ကဲ သော၊ **စိတ္တံ**=စိတ်။ ဝိပဿနာ၏အခြေခံဖြစ်သော ရှစ်ပါးသော သမာပတ်စိတ်နှင့် ဝိပဿနာစိတ်ကို အဓိစိတ္တဟု ခေါ်၏၊ ကုသိုလ်ကမ္မပထတရား ဆယ်ပါးအနေဖြင့်ဖြစ်သော စိတ်ကား အဓိစိတ္တမဟုတ်၊ ရိုးရိုးစိတ်သာတည်း။

## PAGE 551

**ကာယဒုစ္စရိတံ**=ကာယဒုစ္စရိတ် အကုသိုလ်သည်လည်းကောင်း၊ **ဝစီဒုစ္စရိတံ**=ဝစီဒုစ္စရိတ် အကုသိုလ်သည်လည်းကောင်း၊ **မနောဒုစ္စရိတံ**=မနောဒုစ္စရိတ်အကုသိုလ်သည် လည်းကောင်း၊ **သန္တိ**=ရှိကုန်၏၊ **တမေနံ**=ထိုအကြမ်းစားဒုစ္စရိတ်အညစ်အကြေးကို၊ **သစေတသော**=သမထ ဝိပဿနာစိတ်နှင့်တကွဖြစ်သော၊ ဝါ=သမထ ဝိပဿနာစိတ်နှင့်ပြည့်စုံသော၊ **ဒဗ္ဗဇာติကော**=ပညာရှိ၏သဘောတရားရှိသော၊ **ဘိက္ခု**=ရဟန်းသည်၊ **ပဇဟတိ**=ပယ်စွန့်၏၊ **ဝိနောဒေတိ**=ထုတ်ပစ်၏၊ **ဗျန္တီကရောတိ**=ကင်းသော အဆုံးအပိုင်းအခြားရှိအောင်ပြု၏၊ ဝါ=ဘင်ခဏမျှပင် မကျန်ရအောင် အပြီးအပြတ် အဆုံးသတ်ပယ်ရှား၏၊ **အနုပ္ပါဒ(အနု+ အပ္ပါဒံ)**=ထပ်တလဲလဲ မဖြစ်ခြင်းသို့၊ ဝါ=မတိုးပွားခြင်းသို့၊ **ဂမေတိ**-- ရောက်စေ၏။

**တသ္မိံ**=ထိုအကြမ်းစား ဒုစ္စရိတ် အညစ်အကြေးကို၊ **ပဟီနေ**=သော်၊ **တသ္မိံ**=ထိုအကြမ်းစား ဒုစ္စရိတ် အညစ်အကြေးကို၊ **ဗျန္တီကတေ**=ကင်းသော အဆုံးအပိုင်းအခြားရှိအောင်ပြုအပ်ပြီးလသော်၊ **အဓိစိတ္တံ**=ကို၊ **အနုယုတ္တဿ**=သော၊ **ဘိက္ခုနော**=ရဟန်း၏၊ **မဇ္ဈိမ သဟဂတာ**-ကုန်သော၊ **ဥပက္ကိလေသာ**=ကုန်သော၊ **ကာမဝိတက္ကော**=ကာမဝိတက်သည်လည်းကောင်း၊ ဝါ-ဝတ္ထုကာမတို့ကို အာရုံပြု၍ဖြစ်သော ကြံစည်တွေးတောခြင်းသည်လည်းကောင်း၊ ဝါ=ကာမရာဂနှင့်ယှဉ်သော ကြံစည်တွေးတောခြင်းသည်လည်းကောင်း၊ **ဗျာပါဒဝိတက္ကော**=ဗျာပါဒဝိတက်သည်လည်းကောင်း၊ ဝါ=ဒေါသနှင့်ယှဉ်သော ကြံစည်တွေးတောခြင်းသည်လည်းကောင်း၊ **ဝိဟိံသာ ဝိတက္ကော**= သည်လည်းကောင်း၊ ဝါ=သတ္တဝါ တို့ကို ညှဉ်းဆဲနှိပ်စက်ကြောင်း ဒေါသစသော အကုသိုလ်နှင့်ယှဉ်သော ကြံစည်တွေးတောခြင်းသည်လည်းကောင်း၊ **သန္တိ**=ရှိကုန်၏၊ **တမေနံ**=ထိုအလတ်စားဝိတက် အညစ်အကြေးကို။ ပ။ **ဂမေတိ**=၏။

**တသ္မိံ**=ထိုအလတ်စား ဝိတက်အညစ်အကြေးကို၊ **ပဟီနေ**=သော်။ ပ။ **ဥပက္ကလေသာ**=ကုန်သော၊ **ဉာတိဝိတက္ကော**-ဆွေမျိုးတို့ကို အကြောင်းပြု၍ဖြစ်သော ကြံစည်တွေးတောခြင်းသည်လည်းကောင်း၊ **ဇနပဒဝိတက္ကော**=နယ်ပယ်ဇနပုဒ်ကို အကြောင်းပြု၍ဖြစ်သော ကြံစည်တွေးတောခြင်းသည်လည်းကောင်း၊ **အနုပညတ္တိ ပဋိသံယုတ္တော**-သူတပါးတို့၏ အထင်မသေးလေးစားခံလိုခြင်းနှင့် ဆက်စပ်သော၊ **ဝိတက္ကော**=ကြံစည်တွေးတောခြင်းသည်လည်းကောင်း၊ **သန္တိ**=ရှိကုန်၏၊ [**အဝဇာနနံ အဝညတ္တိ**=အောက်တန်းချ၍ အသိအမှတ်ပြုခြင်း၊ အထင်သေးခြင်း၊ မလေးစားခြင်း၊ **အဝညတ္တိ အနုပညတ္တိ**- အထင်မသေးခြင်း၊ လေးစားခြင်း] **တမေနံ**=ထိုအသေးစားဝိတက် အညစ်အကြေးကို **သစေတသော**။ ပ။ **တသ္မိံ**=ထိုအသေးစားဝိတက်အညစ်အကြေးကို **အထာပရံ**= ထိုမှနောက်၌၊
## PAGE 552

**၅၅။**
**ဓမ္မဝိတက္က**=ဓမ္မဝိတက်တို့သည်၊ ဝါ-**ဩဘာသ**စသော ဝိပဿနာညစ်ညူးကြောင်း တရားတို့ကို အကြောင်းပြု၍ ဖြစ်သော ကြံစည်တွေးတောခြင်းတို့သည်၊ **အဝသိဿန္တိ**=ကြွင်းကျန်ကုန်၏။

**သော သမာဓိ**-ထိုဝိပဿနာသမာဓိသည် (ဓမ္မဝိတက် အကြွင်းအကျန်ရှိသေးသော ထိုဝိပဿနာသမာဓိသည်) **နု စေဝ သန္တော**=(ကိလေသာမကင်းဝေး) မငြိမ်းအေးသည်လည်းကောင်း၊ **န စ ပဏီတော**=မွန်မြတ်ထူးကဲ မရောင့်ရဲစေနိုင်သည် မဟုတ်သည်လည်းကောင်း၊ **ဟောတိ**=ဖြစ်၏၊ **နပ္ပဋိပ္ပဿဒ္ဓလဒ္ဓေါ**=ကိလေသာ အပူငြိမ်းခြင်းကြောင့် ရအပ်သည် မဟုတ်သည်၊ **ဧကောဒိဘာဝါဓိဂတော**=မွန်မြတ်လျက် မြင့်တက်လာသောစိတ်၏ဖြစ်ကြောင်း ဧကဂ္ဂတာ အဆင့်အတန်းသို့ မရောက်သေးသည်၊ ဝါ=တည်ကြည်သောစိတ်၏ ဖြစ်ကြောင်း ဧကဂ္ဂတာ အဆင့်အတန်းသို့ မရောက်သေးသည်၊ [**ဧက**=မြတ်သည်ဖြစ်၍+**ဥဒိ**=မြင့်တက်လာသောစိတ်၏ (**ဧကောဒိ**=တည်ကြည်သောစိတ်၏)+**ဘာဝ**=ဖြစ်ကြောင်း ဧကဂ္ဂတာအဆင့်အတန်းသို့+**အဓိဂတ**=ရောက်သောဝိပဿနာသမာဓိ] **သသင်္خါရနိဂ္ဂယှဝါရိတဂတော**=လုံ့လစိုက်ထုတ်ရခြင်းနှင့်တကွ ကိလေသာတို့ကို နှိပ်ကွပ်တားဆီး၍ဖြစ်ပေါ်လာရသည်၊ ဝါ=ကိလေသာတို့ကို လုံ့လစိုက်ထုတ် နှိပ်ကွပ်တားဆီး၍ဖြစ်ပေါ်လာရသည်၊ **ဟောတိ**=ဖြစ်၏။

[**သသင်္ခါရ**=လုံ့လစိုက်ထုတ်ရခြင်းနှင့်တကွ၊ ဝါ=လုံ့လ စိုက်ထုတ်ရခြင်းနှင့်တကွဖြစ်သော ဝိပဿနာစိတ်ဖြင့်+**နိဂ္ဂယှ**=နှိပ်ကွပ်၍+**ဝါရိတ**=တားဆီးလျက်+**ဂတ**=ဖြစ်ပေါ်လာသော ဝိပဿနာသမာဓိ။ အဋ္ဌကထာ၌ ဝါရေတွာ ဝါရိတော ဟု စာရှိ၏၊ ဝါရှိတောနေရာ၌ ဋ္ဌပိတော ဟုသော်လည်းကောင်း၊ အဓိဂတော ဟု သော်လည်းကောင်း၊ ဌိတော ဟုသော်လည်းကောင်း ရှိသင့်၏]

**ဘိက္ခဝေ**=တို့၊ **ယံ** (**သမယံ**)=အကြင်အခါ၌၊ (ဥတုသပ္ပါယစသောသပ္ပါယငါးမျိုးကို ရရှိရာ အကြင်အခါ၌) **တံ စိတ္တံ**=ထိုဝိပဿနာ စိတ်သည်၊ **အဇ္ဈတ္တံယေဝ**=မိမိရုပ်နာမ်ခန္ဓာအစဉ်၌သာလျှင်၊ [**နိယကဇ္ဈတ္တ**ကိုဆိုလိုသည်] ဝါ=နိဗ္ဗာန် အာရုံဟူသော **ဂေါစရဇ္ဈတ္တ**၌သာလျှင်၊ **သန္တိဋ္ဌတိ**=ကောင်းစွာတည်၏၊ **သန္နိသီဒတိ**= ကောင်းစွာနေ၏။ (သမာဓိ၏ဆန့်ကျင်ဘက် ကိလေသာတို့ကို ငြိမ်ဝပ်စေကာ ကောင်းစွာနေ၏) **ဧကောဒိ**=မွန်မြတ်လျက် မြင့်တက်လာသည်၊ ဝါ=တည်ကြည် ငြိမ်သက်သည်၊ **ဟောတိ**=၏၊ **သမာဓိယတိ**= (တစ်ခုတည်းသောအာရုံ၌) ကောင်းစွာ တိမတ်ရပ်တည်နေ၏၊ **သော သမယော**= ထိုအခါသည်၊ ဝါ=သပ္ပါယငါးမျိုး ရရှိသဖြင့် ဝိပဿနာစိတ်၏ အဇ္ဈတ္တတရား၌သာ

