## PAGE 553

ကောင်းစွာတည်လျက် ငြိမ်သက်နေရာ ထိုအခါသည်၊ **ဟောတိ**=ဖြစ်၏။

(**တသ္မိံ သမယေ**=ထိုအခါ၌) **သော သမာဓိ**-ထိုသမာဓိသည်၊ **သန္တော**=ကိလေသာကင်းဝေး ငြိမ်းအေးသည်၊ **ပဏီတော**=မွန်မြတ်ထူးကဲ မရောင့်ရဲစေနိုင်သည်၊ **ပဋိပ္ပဿဒ္ဓိလဒ္ဓေါ**-ကိလေသာ အပူငြိမ်းခြင်းကြောင့် ရအပ်သည်၊ **ဧကောဒိဘာဝါဓိဂတော**=မွန်မြတ်လျက် မြင့်တက်လာသော စိတ်၏ဖြစ်ကြောင်း ဧကဂ္ဂတာအဆင့်သို့ရောက်သည်၊ ဝါ=တည်ကြည်သော စိတ်၏ဖြစ်ကြောင်း ဧကဂ္ဂတာအဆင့်သို့ရောက်သည်၊ **နု သသင်္خါရနိဂ္ဂယှဝါရိတဂတော**=လုံ့လစိုက်ထုတ်ရခြင်းနှင့်တကွ ကိလေသာတို့ကို နှိပ်ကွပ်တားဆီး၍ ဖြစ်ပေါ်လာရသည် မဟုတ်သည်၊ ဝါ=ကိလေသာတို့ကို လုံ့လစိုက်ထုတ်နှိပ်ကွပ်တားဆီးမှု မပြုရဘဲ ကိလေသာပယ်ဖြတ် အရဟတ္တမဂ်အဆုံး၌ လွယ်ကူစွာဖြစ်ပေါ်လာရသော အရဟတ္တဖိုလ်သမာဓိသည်၊ **ဟောတိ**=ဖြစ်၏။

**စ**=ထိုမှတစ်ပါး၊ [**အဘိညာ သစ္ဆိကိရိယာယ**-ဟူသော တဒတ္ထ သမ္ပဒါန်ပုဒ်ကို ရှေးဦးစွာ အနက်ပေးမည်] **အဘိညာ** (**အဘိညာယ**)=ထူးကဲစွာ သိ၍၊ ဝါ=ဣဒ္ဓိဝိဓ စသော ထူးကဲသော ဉαဏ်ဖြင့်၊ **သစ္ဆိကိရိယာယ**=မျက်မှောက်ပြုခြင်းငှာ၊ **အဘိညာ** (**အဘိညာယ**)=ထူးကဲစွာသိ၍၊ ဝါ=ဣဒ္ဓိဝိဓ အစရှိသော ထူးကဲသောဉαဏ်ဖြင့်၊ **သစ္ဆိကရဏီယဿ**=မျက်မှောက်ပြုထိုက်သော၊ **ယဿ ယဿ ဓမ္မဿ**=အကြင်အကြင်တရားသို့၊ (အကြင်အကြင် တန်ခိုးအမျိုးမျိုးဖန်ဆင်းခြင်း အစရှိသော တရားသဘောသို့) **စိတ္တံ**=စိတ်ကို၊ **အဘိနိန္နာမေတိ**=ရှေ့ရှုညွတ်စေ၏၊ **အာယတနေ**=အကြောင်းတရားသည်၊ (ရှေးဘဝက အဘိညာဉ်ရခြင်းငှာ အလွန်အကဲ အားထုတ်ခဲ့ဘူးခြင်းဟူသော အကြောင်းနှင့် ယခုဘဝ၌ ရရှိသင့်သော အဘိညာဉ်နှင့် အဘိညာဉ်၏ အခြေခံ ပါဒကဈာန်အစရှိသော အကြောင်းတရားသည်) **သတိ သတိ**=ရှိလသော် ရှိလသော်။

ဝါ=ရှိတိုင်း ရှိတိုင်း၊ **တတြ တတြ ဧဝ**= ထိုထို မျက်မှောက် ပြုထိုက်သောသဘောတရား၌ပင် (ထိုထို မျက်မှောက်ပြုထိုက်သော တန်ခိုးအမျိုးမျိုးဖန်ဆင်းခြင်းစသော သဘော၌ပင်) (**သက္ခိဘဗ္ဗတံ** =ကိုယ်တိုင်ကိုယ်တွေ့ **သက္ခိဘဗ္ဗတံ**။ **သက္ခိ**=ကိုယ်တိုင်ကိုယ်တွေ့ပုဂ္ဂိုလ်+**ဘဗ္ဗတာ**=ဖြစ်ထိုက်သူ၏ အဖြစ်၊ **သက္ခိနော ဘဗ္ဗတာ သက္ခိဘဗ္ဗတာ**=ကိုယ်တိုင်ကိုယ်တွေ့ဖြစ်ခြင်း၊ ကိုယ်တိုင်ကိုယ်တွေ့ တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်းစသည်။ (တစ်နည်း)**ဘဗ္ဗ**=တန်ခိုးအမျိုးမျိုးစသည်ကို ထိုက်တန်၍+**သက္ခိ**=ထိုတန်ခိုး အမျိုးမျိုးစသည်တို့၌ ကိုယ်တိုင်ကိုယ်တွေ့ဖြစ်သူ၊ ကိုယ်တိုင်တန်ခိုးဖန်ဆင်း ခြင်းစသည်ကို ပြုသောသူ၊ **သက္ခိ စ သော ဘဗ္ဗော စာတိ**-

## PAGE 554

ဖြစ်ထိုက်သူ၏ အဖြစ်သို့၊ ဝါ=ကိုယ်တိုင်ကိုယ်တွေ့ ဖန်ဆင်းခြင်း စသည်သို့၊ **ပါပုဏာတိ**=ရောက်၏။

တန်ခိုးအမျိုးမျိုးသော=ထိုရဟန်းသည်၊ **သစေ အာကင်္ခတိ**=အကယ်၍ အလိုရှိအံ့၊ (**ကိန္တိ**=**သက္ခိဘဗ္ဗော**။ ဤနည်းအလို“**သက္ခိဘဗ္ဗတံ**=တန်ခိုးအမျိုးမျိုး စသည်ကိုထိုက်တန်၍ ကိုယ်တိုင်ကိုယ်တွေ့ ပုဂ္ဂိုလ်အဖြစ်သို့”ဟု အနက်ဆို။

**သတိ သတိ အာယတနေ**။ ။ဤနေရာ၌“**သတိ သတိ အာယတနေ**”ဟူသော ပါဠိသည် ဋ္ဌ သို့ မြောက်မြားစွာတို့မှ အာယတနသဒ္ဒါ၏အတ္ထုဒ္ဓါရတိုင်း၌ပင် ပါရှိ၍ ထိုပါဠိအနက်ကို ရှေးမြန်မာ ဆရာတော်တို့အမျိုးမျိုး ဆုံးဖြတ်တော်မူကြ၏။ ဤ၌ နောက်ဆုံး မဟာစည်ဆရာတော်၏ဝိသုဒ္ဓိမဂ် မဟာဋီကာနိသျ(ဒု၊ ၁၉၅)အဆုံးအဖြတ်သည် ပါဠိတော်အလိုကျ၍ဋီကာအဖွင့်နှင့် ကိုက်ညီသည်ဟု ယူဆသဖြင့် ထိုအတိုင်း အနက်ပြန်ဆိုထား၏ထိုဝါကျမှာ“ဂစ္ဆန္တေ ဂစ္ဆန္တေ ကာလေ(ကာလရွေ့လျောလသော်ရွေ့လျောလသော်)”နှင့်တူ၏။

**သတိ သတိ အာယတနေ**တိ တသ္မိံ တသ္မိံ ပုဗ္ဗဟေတုအာဒိကေကာရဏေ **သတိ**။ ဝိသုဒ္ဓိမဂ်မဟာဋီကာ(ပ-၃၀၄)။ ပါဠိတော်၌လက္ခဏကြိယာကို “**သတိ သတိ**”ဟု ဝိစ္ဆာထား၍ မဟာဋီကာ၌ အာယတဟူသော လက္ခဏဝန္တ ကတ္တားကို တသ္မိံ' တသ္မိံ ဟု'ဝိစ္ဆာထားခြင်းမျှသာထူး၏။

ရှေးဆရာတော်တချို့ကား“**သတိ သတိ အာယတနေ**=ထိုထိုအကြောင်းသည် ၊ **သတိ**=ရှိသော်”ဟု မဟာဋီကာ၏ “တသ္မိံ တသ္မိံ”ပါဠိသို့သံယောင်လိုက်၍ အနက်ပြန်ဆိုတော်မူကြ၏၊' တချို့လည်း ဝိသုဒ္ဓိမဂ်, အဋ္ဌသာလိနီ ပြည်နိဿယနှင့် အလားတူပင်“**သတိ**=ရှေးဘဝ၌ ထင်ရှားရှိသော၊ **အာယတနေ**=အဘိညာဉ်ရခြင်း၏ အကြောင်းသည်၊ **သတိ**=ရှိသော်”ဟု အနက်ပေးကြ၏။

**သတိ သတိ အာယတနေ**တိ ပုရိမဘဝသိဒ္ဓိ အဘိညာဓိဂမဿကာရဏေ **ဝိဇ္ဇမာနေ** (၎င်း ဋီ၊ ၄၆၀)။ ဤ၌ ပုရိမဘဝသိဒ္ဓသည် နောက်“**သတိ**”၏ အဖွင့်၊ **ဝိဇ္ဇမာနေ**သည် ရှေ့“**သတိ**”၏ အဖွင့်ဟု ပြည်နိသျ၌ဆို၏၊ သို့သော် ပုရိမဘဝသိဒ္ဓသည် ဤသုတ်အဋ္ဌကထာမှ ပုဗ္ဗဟေတုသင်္ခါတေနှင့်အတူတူဖြစ်သောကြောင့်“ပုဗ္ဗဟေတုသင်္ခါတေ”စသည်နှင့်“ပုရိမဘဝသိဒ္ဓိ”ပါဌ်တို့ဖြင့် အာယတနေပုဒ်ကို အထူးတလည်ဖွင့်ပြနေသကဲ့သို့ နောက်“**သတိ**” ပုဒ်ကို အထူးတလည် ဖွင့်ပြနေသည်မဟုတ်တန်ရာ၊ သီလက္ခန်ဋီကာသစ်(ပ-၄၆၁)၌ **သတိ အာယတနေ**ကု သမာသ်ပုဒ်ကြံ၍“**သတိသင်္ခါတေ ကာရဏေ ဝိဇ္ဇမာနေ**”ဟု ဖွင့်ထားသည်မှာ ဋ္ဌ,ဋီတို့နှင့် လုံးဝဆန့်ကျင်လျက်ရှိ၏။
## PAGE 555

(အဘယ်သို့၊ **အာကင်္ခတိ**=အလိုရှိသနည်းဟူမူ) (**အဟံ**=ငါသည်) **အနေကဝိဟိတံ**=သော၊ စာပိုဒ်(၆၁)သင်္ဂါရဝသုတ်ကြည့် **ဣဒ္ဓိဝိဓံ**=ကို၊ **ပစ္စနုဘဝေယျံ**=ခံစားသုံးစွဲလို၏။ ပ။ **အသံ**=ဖြစ်လို၏။ ပ။ **အာဝိဘာဝံ**=ကို၊ (**ကရေယျ**=ပြုလို၏) **တိရောဘာဝံ**=ကို၊ (**ကရေယျ**=၏)။ ပ။ **ဂစ္ဆေယျ**=သွားလို၏။ ပ။ **ဥမ္မုဇ္ဇနိမုဂ္ဂံ**=ကို၊ **ကရေယျ**=ပြုလို၏။ ပ။ **ကမေယျံ**=သွားလို၏။

ပ။ **ပရာမသေယျ**=သုံးသပ် ကိုင်တွယ်လို၏၊ **ပရိမဇ္ဇေယျ**=ပွတ်တိုက်လို၏။ ပ။ **ဝတ္တေယျံ**=လိုက်စေလို၏။ **ဣတိ**=ဤသို့၊ (**သစေ အာကင်္ခတိ**=အံ့၊ **ဧဝံ သတိ**=ဤသို့ အလိုရှိသည် ဖြစ်လသော်) **အာယတနေ**=အကြောင်းတရားသည်၊ (ရှေးဘဝ---ပါဒကဈာန်ဟူသော အကြောင်းတရားသည်) **သတိ သတိ**=ရှိလသော် ရှိလသော်၊ ဝါ=ရှိတိုင်းရှိတိုင်း၊ **တတြ တတြ ဧဝ**=ထိုထိုမျက်မှောက်ပြုထိုက်သော တရား၌ပင်၊ (ထိုထိုမျက်မှောက်ပြုထိုက်သော တန်خိုးအမျိုးမျိုး ဖန်ဆင်းခြင်း သဘောတရား၌ပင်လျှင်) **သက္ခိဘဗ္ဗတံ**=ကိုယ်တိုင်ကိုယ်တွေ့ ဖြစ်ထိုက်သူ၏ အဖြစ်သို့၊ ဝါ=ကိုယ်တိုင်ကိုယ်တွေ့ တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်းသို့၊ ဤနေရာ၌ “ဖန်ဆင်းခြင်းစသည်သို့”ဟု (စသည်) မပါရ] **ပါပုဏာတိ**=ရောက်၏။

**သော**=သည်၊ **သစေ အာကင်္ခတိ**=အံ့၊ (**ကိန္တိ**=သို့၊ **အာကင်္ခတိ**=မူ) **အဟံ**=သည်၊ **ဒိဗ္ဗာယ**=နတ်ပြည်၌ဖြစ်သော ... ပသာဒသောတနှင့်တူသော၊ **ဝိသုဒ္ဓါယ**=နိဝရဏစသော အညစ်အကြေး ကင်းဝေးစင်ကြယ်သော၊ **အတိက္ကန္တ မာနုသိကာယ**=လူတို့ဥစ္စာဖြစ်သော မံသသောတကို ကျော်လွန်သော၊ ဝါ=ရိုးရိုးလူတို့ နားထက်သာလွန်၍ နတ်တို့အသံနှင့် ဝေးကွာလှစွာ သိမ်မွေ့စွာသော အသံကို ကြားစွမ်းနိုင်သော၊ [စာပိုဒ်-၅၉ တိကဏ္ဏသုတ်လည်းကြည့်] **သောတဓာတုယာ**=အဘိညာဉ်နားဓာတ်သဘောဖြင့်၊ (အသံကိုလည်း ကြားနိုင်၍၊ သတ္တဇီဝလည်း မဟုတ်သော ဓာတ်သဘောဖြစ်သော အဘိညာဉ်ဖြင့်) **ဒိဗ္ဗေ စ**=နတ်တို့ အသံလည်း ဖြစ်ကုန်သော၊ **မာနုသေ စ**=လူတို့အသံလည်းဖြစ်ကုန်သော၊ **ဥဘော**=နှစ်မျိုးကုန်သော၊ **သဒ္ဒေ**=အသံတို့ကို၊ **သုဏေယျံ**=ကြားလို၏။

**ဒူရေ**=အဝေး၌၊ (အခြားသော စကြဝဠာအထိ ဝေးလှစွာသော အရပ်က) **ယေ သဒ္ဒါ စ**=အကြင်အသံတို့သည်လည်းကောင်း၊ **သန္တိကေ**=အနီး၌၊ (မိမိခန္ဓာကိုယ်ပေါ်အထိ နီးနီးကပ်ကပ် အရပ်က) **ယေ သဒ္ဒါ စ**=အကြင် (ပိုးကောင်ငယ်တို့၏ သေးငယ်သိမ်မွေ့လှစွာသော) အသံတို့သည်လည်းကောင်း၊ **သန္တိ**=ရှိကုန်၏၊ (**ဥဘော**=နှစ်မျိုးကုန်သော၊ **တေ သဒ္ဒေ**=ထိုအသံတို့ကို၊ **သုဏေယျ**=ကြားလို၏) **ဣတိ**=ဤသို့၊ (**သစေ အာကင်္ခတိ**=အံ့၊ **ဧဝံ သတိ**=သော်) **အာယတနေ**=အကြောင်းတရားသည်၊ ရှေးဘဝ---

