## PAGE 556

၅၅၆ - ပါဒကဈာန်ဟူသော အကြောင်း တရားသည်) **သတိ သတိ**=သော်၊ ဝါ=တိုင်း၊ **တတြ တတြေဝ**=ထိုထို မျက်မှောက်ပြုထိုက်သော တရား၌ပင်လျှင် (ထိုထိုမျက်မှောက် ပြုထိုက်သော နတ်တို့အသံနှင့် ဝေးနီးအသံအမျိုးမျိုးကြားရခြင်း သဘောတရား၌ပင်လျှင်) **သက္ခိဘဗ္ဗတံ**=ကိုယ်တိုင်ကိုယ်တွေ့ ဖြစ်ထိုက်သူ အဖြစ်သို့၊ ဝါ=ကိုယ်တိုင် ကိုယ်တွေ့ ဒိဗ္ဗသဒ္ဒစသော အသံအမျိုးမျိုး ကြားရခြင်းသို့၊ **ပါပုဏာတိ**၏။

(**အဟံ**=ငါသည်) **ပရသတ္တာနံ**=ငါမှတပါး တခြားသော သတ္တဝါတို့၏၊ **ပရပုဂ္ဂလာနံ**=ငါမှတပါး တခြားသော ပုဂ္ဂိုလ်တို့၏၊ **စေတော**=စိတ်ကို၊ **စေတသာ**=ငါ၏ စိတ်ဖြင့်၊ **ပရိစ္စ**=ခွဲခြား၍၊ **ပဇာနေယျ**=(သရာဂစသည်ဖြင့်) အမျိုးမျိုးအစားစား သိလို၏၊ **သရာဂံ**=ရာဂနှင့် အတူတကွဖြစ်သော၊ **စိတ္တံ ဝါ**=စိတ်ကိုလည်း၊ (လောဘသဟဂုတ်စိတ် ရှစ်ပါးကိုလည်း) **သရာဂံ**=သော၊ **စိတ္တန္တိ**=စိတ်ဟူ၍၊ **ပဇာနေယျံ**=ခွဲခြားသိလို၏၊ **ဝီတရာဂံ**=ကင်းသော ရာဂရှိသော **စိတ္တံ ဝါ**=စိတ်ကိုလည်း၊ (ကုသိုလ် အဗျာကတစိတ် အားလုံးကိုလည်း) **ဝီတရာဂံ**=သော၊ **စိတ္တန္တိ**=စိတ်ဟူ၍၊ **ပဇာနေယျ**=ခွဲခြားသိလို၏။

**သဒေါသံ**=ဒေါသနှင့်တကွဖြစ်သော၊ **စိတ္တံ ဝါ**=ဒေါမနဿသဟဂုတ်စိတ်နှစ်ပါးကိုလည်း။ ပ။ **ဝီတဒေါသံ**=ကင်းသော ဒေါသရှိသော၊ **စိတ္တံ ဝါ**=ကုသိုလ်အဗျာကတ စိတ်အားလုံးကိုလည်း။ ပ။ **သမောဟံ**=မောဟနှင့်သာ အတူတကွဖြစ်သော၊ **စိတ္တံ ဝါ**=ဝိစိကိစ္ဆာ, ဥဒ္ဓစ္စသဟဂုတ် စိတ်နှစ်ပါးကိုလည်း၊ **သမောဟံ**=သော၊ **စိတ္တန္တိ**=စိတ်ဟူ၍၊ **ပဇာနေယျ**၏။ **သဟ မောဟေနု ဧဝ ယံ ဝတ္တတီတိ သမောဟံ**-ဟု ဝစနတ္ထပြု။ မောဟနှင့်သာ အတူတကွဖြစ်သည်၊ လောဘ ဒေါသတို့နှင့် အဘယ်အခါမျှ အတူတကွ မဖြစ်ဟူလို။

တနည်း---**သမောဟံ**=မောဟနှင့် အတူတကွသာလျှင်ဖြစ်သော၊ ဝါ=မောဟနှင့်ကင်း၍ အဘယ်အခါမျှ မဖြစ်နိုင်သော၊ **စိတ္တံ ဝါ**=အကုသိုလ်စိတ် ၁၂-ပါးကိုလည်း၊ **သမောဟံ**=မောဟနှင့်အတူတကွသာလျှင်ဖြစ်သော၊ **စိတ္တန္တိ**=စိတ်ဟူ၍၊ **ပဇာနေယျ**=၏။ ဤနည်း၌ကား “**သဟ ဧဝ မောဟေန ယံ ဝတ္တတီတိ သမောဟံ**”ဟုပြု]

**ဝီတမောဟံ**=ကင်းသောမောဟရှိသော၊ **စိတ္တံ ဝါ**=အကုသိုလ်စိတ်မှ ကြွင်းသော စိတ်အားလုံးကိုလည်း၊ **ဝီတမောဟံ**=သော၊ **စိတ္တန္တိ**=စိတ်ဟူ၍။ ပ။ **သံခိတ္တံ**=အာရုံ၌ တွန့်ဆုတ်ကျုံ့ဝင်တတ်သော၊ ဝါ=တွန့်ဆုတ်ပျင်းရိသော၊ **စိတ္တံ ဝါ**=စိတ်ကိုလည်း၊ (ထိနမိဒ္ဓသဟဂုတ် သသင်္ခါရိက အကုသိုလ်စိတ် ငါးပါးကိုလည်း)။ ပ။ **ဝိက္ခိတ္တံ**=ပျံ့လွင့်ပြေးသွားသော၊ ဝါ=အထူးထူးသော အာရုံ၌ ပစ်လွှင့်အပ်သော၊ **စိတ္တံ ဝါ**=ဥဒ္ဓစ္စသဟဂုတ်စိတ်ကိုလည်း။ ပ။ **မဟဂ္ဂတံ**=မဟဂ္ဂုတ်

## PAGE 557

ဖြစ်သော၊ ဝါ=မြတ်သည် အဖြစ်သို့ရောက်သော၊ ဝါ=ကြီးမြတ်သော ဆန္ဒ, ဝီရိယ, စိတ်, ပညာရှိသော ပုဂ္ဂိုလ်မြတ်တို့ ကျင့်ကြံသွားရောက်အပ်သော၊ **စိတ္တံ ဝါ**=ရူပါဝစရ, အရူပါဝစရ စိတ်ကိုလည်း။ ပ။ **အမဟဂ္ဂတံ**=မဟဂ္ဂုတ် မဟုတ်သော၊ **စိတ္တံ ဝါ**=မဟဂ္ဂုတ်မှ ကြွင်းသောစိတ်အားလုံးကိုလည်း။ ပ။

**သဥတ္တရံ**=မိမိထက်သာလွန်သောစိတ်နှင့် တကွဖြစ်သော၊ **စိတ္တံ ဝါ**=လောကီစိတ်အားလုံးကိုလည်း၊ **သဥတ္တရံ**=သော၊ **စိတ္တန္တိ**=စိတ်ဟူ၍။ ပ။ **အနုတ္တရံ**=မိမိထက်သာလွန်သော စိတ်မရှိသော၊ **စိတ္တံ ဝါ**=လောကုတ္တရာစိတ်ကိုလည်း။ ပ။ **သမာဟိတံ**=ဥပစာရ, အပ္ပနာ နှစ်ဖြာသော သမာဓိတို့သည် ကောင်းစွာအာရုံ၌ ထားအပ်သော၊ ဝါ=တည်ကြည်သော၊ **စိတ္တံ ဝါ**=စိတ်ကိုလည်း [ကာမ မဟဂ္ဂုတ် ကုသိုလ်ကြိယာစိတ်နှင့် လောကုတ္တရာစိတ်များ ဖြစ်သင့်၏]။ ပ။

**အသမာဟိတံ**=ဥပစာရ, အပ္ပနာ နှစ်ဖြာသော သမာဓိတို့သည် ကောင်းမွန်တည်တံ့စွာ အာရုံ၌ မထားအပ်သော၊ ဝါ=မတည်ကြည်သော၊ **စိတ္တံ ဝါ**=စိတ်ကိုလည်း၊ [အကုသိုလ်စိတ်, အဟိတ်စိတ်နှင့် ကျန်သော လောကီဝိပါက်စိတ်များ ဖြစ်သင့်၏]။ ပ။ **ဝိမုတ္တံ**=လွတ်မြောက်သော၊ (တဒင်္ဂ, ဝိက္ခမ္ဘန, သမုစ္ဆေဒ, ပဋိပ္ပဿဒ္ဓိ, နိဿရဏဟူသော ငါးမျိုးဖြင့် ကိလေသာတို့မှ လွတ်မြောက်သော) **စိတ္တံ ဝါ**=စိတ်ကိုလည်း၊ (မဟာကုသိုလ်စိတ်နှင့်.. မဟဂ္ဂုတ် လောကုတ္တရာစိတ်ကိုလည်း)။ ပ။ **အဝိမုတ္တံ**=မလွတ်မြောက်သော၊ (ထိုငါးမျိုးဖြင့် ကိလေသာတို့မှ မလွတ်မြောက်သော) **စိတ္တံ ဝါ**=စိတ်ကိုလည်း၊ [ကြွင်းသောစိတ်များတည်း] **အဝိမုတ္တံ**=သော၊ **စိတ္တန္တိ**=စိတ်ဟူ၍၊ **ပဇာနေယျ**=၏၊ **ဣတိ**=ဤသို့၊ (**သစေ အာကင်္ခတိ**=အံ့၊ **ဧဝံ သတိ**=သော်)၊ **အာယတနေ**=သည်၊ **သတိ သတိ**=သော်၊ ဝါ=တိုင်း၊ **တတြ တတြေဝ**=ထိုထိုမျက်မှောက်ပြုထိုက်သော တရား၌ပင်၊ (ထိုထိုမျက်မှောက်ပြုထိုက်သော သူတပါးစိတ်ကို ခွဲခြားသိခြင်းတရား သဘော၌ပင်) **သက္ခိဘဗ္ဗတံ**=ကိုယ်တိုင်ကိုယ်တွေ့ ဖြစ်ထိုက်သူ၏ အဖြစ်သို့၊ ဝါ=ကိုယ်တိုင် ကိုယ်တွေ့ သူတပါးစိတ်ကို သိရခြင်းသို့၊ **ပါပုဏာတိ**=ရောက်၏။

။ ပ။ [ယခင် တိကဏ္ဏသုတ်ကြည့်] **အနုဿရေယျ**=အစဉ်လျှောက်၍အောက်မေ့လို၏၊ **သေယျထိဒံ**=ကို၊ (**အနုဿရေယျံ**=နည်းဟူမူ) **အနုဿရေယျ**=၏၊ **ဣတိ**=သို့၊ (**သစေ အာကခ်တိ**=အံ့၊ **ဧဝံ သတိ**=သော်) **အာယတနေ**=သည်၊ **သတိ သတိ**=သော်၊ ဝါ=တိုင်း၊ **တတြ တတြေဝ**=ထိုထိုမျက်မှောက်ပြုထိုက်သော တရား၌ပင်၊ (ထိုထိုမျက်မှောက်ပြုထိုက်သော ပုဗ္ဗေနိဝါသကို အစဉ်လျှောက်၍ အောက်မေ့ခြင်းသဘောတရား၌ပင်) **သက္ခိဘဗ္ဗတံ**=ဖြစ်သို့၊ ဝါ=ကိုယ်တိုင်ကိုယ်တွေ့ ပုဗ္ဗေနိဝါသကို အစဉ်လျှောက်၍
## PAGE 558

အောက်မေ့ခြင်းသို့၊ **ပါပုဏာတိ**=၏။
**ပဿေယျံ**=မြင်လို၏။
**ပဇာနေယျ**=ခွဲခြားသိလို၏၊ (**ကိန္တိ**=အဘယ်သို့၊ **ပဇာနေယျ**=မူ)။ ပ။
**လောကံ**=သို့၊ **ဥပပန္နော**=ကုန်၏၊ **ဣတိ** (**ပဇာနေယျ**=၏)။
**ဣတိ**=သို့၊ **ဒိဗ္ဗေန**။ ပ။ **ပဇာနေယျ**=၏၊ **ဣတိ** (**သစေ အာကင်္ခတိ**=အံ့၊ **ဧဝံ သတိ**=သော်) **အာယတနေ**=သည်၊ **သတိ သတိ**=သော်၊ ဝါ=တိုင်း၊ **တတြ တတြေဝ**=၌ပင်၊ (ထိုထိုမျက်မှောက်ပြုထိုက်သော **စဝမာန**, **ဥပပဇ္ဇမာန**, **ဟီန**, **ပဏီတ** စသော သတ္တဝါတို့ကို မြင်ခြင်း သဘောတရား၌ပင်) **သက္ခိဘဗ္ဗတံ**=သို့၊ ဝါ=ကိုယ်တိုင်ကိုယ်တွေ့ ဒိဗ္ဗစက္ခု အဘိညာဉ်ဖြင့် မြင်ရခြင်းသို့၊ **ပါပုဏာတိ**=၏။ ပ။

**ဥပသမ္ပဇ္ဇ**=၍၊ **ဝိဟရေယျံ**-နေလို၏၊ **ဣတိ**=သို့၊ (**သစေ အာကင်္ခတိ**=အံ့၊ **ဧဝံ သတိ**=သော်) **အာယတနေ**=အကြောင်းတရားသည်၊ (ရှေးရှေးအရဟတ္တဖိုလ်နှင့် အရဟတ္တဖိုလ်၏ ဝิပဿနာဟူသော အကြောင်းတရားသည်) **သတိ သတိ**=သော်၊ ဝါ=တိုင်း၊ **တတြ တတြေဝ**=ထိုထိုမျက်မှောက်ပြုထိုက်သော တရား၌ပင် (ထိုထိုမျက်မှောက်ပြုထိုက်သော **စေတောဝိမုတ္တိ**, **ပညာဝိမုတ္တိ** သို့ ရောက်၍ နေခြင်း သဘောတရား၌ပင်) **သက္ခိဘဗ္ဗတံ**=သို့၊ ဝါ=ကိုယ်တိုင် အရဟတ္တ ဖလသမာပတ် ဝင်စားနိုင်ခြင်းသို့၊ **ပါပုဏာတိ**=၏၊ **ဣတိ**=ဤသို့ (**အဝေါစ**=မိန့်တော်မူပြီ) ဒသမံ။

**၁၁။ နိမိတ္တသုတ်**

**၁၀၃။ ဘိက္ခဝေ**-ရဟန်းတို့၊ **အဓိစိတ္တံ**=ထူးချွန်လွန်ကဲသော သမထဝိပဿနာစိတ်ကို၊ **အနုယုတ္တေန**=ထပ်တလဲလဲ ကြိုးစားအားထုတ်သော၊ ဝါ=ဖြစ်ပွားစေလိုသော၊ **ဘိက္ခုနာ** ရဟန်းသည်၊ **တီဏိ**=သုံးမျိုးကုန်သော၊ **နိမိတ္တာနိ**=အကြောင်းတရားတို့ကို၊ **ကာလေန ကာလံ**=ရံခါရံခါ၌၊ ဝါ=သင့်လျော်သောအခါတိုင်း အခါတိုင်း၌၊ [**ကာလေန** ကား သတ္တမီအနက်၌ ကရိုဏ်းဝိဘတ်ဖြစ်၍ **ကာလံ** ကား သတ္တမီအနက်၌ ဒုတိယာဝိဘတ်တည်း] **မနသိ**=စိတ်နှလုံး၌၊ **ကာတဗ္ဗာနိ**=ပြုသင့်, ဖြစ်စေသင့်ကုန်၏၊ **ကာလေန ကာလံ** ၌၊ **သမာဓိနိမိတ္တံ**=သမာဓိဟူသော အကြောင်းတရားကို၊ **မနသိ**=၌၊ **ကာတဗ္ဗ**=

၁။ **သမာဓိနိမိတ္တံ**, **ပဂ္ဂဟနိမိတ္တံ**, **ဥပေက္ခာနိမိတ္တံ**။ ။ **သမာဓိနိမိတ္တံ**=သမာဓိ၏ အကြောင်းအာရုံကို၊ **မနသိ ကာတဗ္ဗ**=ဆင်ခြင်နှလုံးသွင်းထိုက်၏၊ ဤသို့လည်း ဝိဘင်းမူလဋီကာ(၁၅၁) ဝိသုဒ္ဓိမဂ်ဋီကာ(ပ-၃၀၃)၌ ဖွင့်သေး၏၊ ထိုအတိုင်းပင် “**ပဂ္ဂဟနိမိတ္တံ**=ဝိရိယ၏ အကြောင်းအာရုံကို၊ **ဥပေက္ခာနိမိတ္တံ**=ဥပေက္ခာ၏ အကြောင်းအာရုံကို” ဟုလည်း အနက်ဆိုပါ။

