## PAGE 559

ပြုသင့်ဖြစ်စေသင့်၏။ ပ။ **ပဂ္ဂဟနိမိတ္တံ**=ဝီရိယဟူသော အကြောင်းတရားကို၊ [**သမ္ပယုတ္တဓမ္မေ ပဂ္ဂဏှာတီတိ ပဂ္ဂဟော**=ယှဉ်ဖက်တရားတို့ကို အားပေးချီမမြှောက်ပင့်တတ်သော ဝီရိယ]။ ပ။ **ဥပေက္ခာနိမိတ္တံ**=ဥပေက္ခာဟူသော အကြောင်းတရားကို၊ ဝါ=သင့်တင့်ညီမျှစွာရှုခြင်း သဘောဟူသော အကြောင်းတရားကို။ ပ။

**ဘိက္ခဝေ**-တို့၊ **အဓိစိတ္တံ**=ကို၊ **အနုယုတ္တော**=သော၊ **ဘိက္ခု**=သည်၊ **ဧကန္တံ**=တဆက်တည်း၊ **သမာဓိနိမိတ္တံ ယေဝ**-သမာဓိဟူသော အကြောင်းတရားကိုသာလျှင်၊ **မနသိ** ၌၊ **သစေ ကရေယျ**=အကယ်၍ ပြုလုပ်ငြားအံ့၊ ဝါ=ဖြစ်စေငြားအံ့၊ (**ဧဝံ သတိ**-ဤသို့ဖြစ်လသော်၊ **ယေန ဌာနေန**=အကြင်အကြောင်းကြောင့်) **တံ စိတ္တံ**-ထိုဘာวနာစိတ်သည်၊ ဝါ=ထိုနှလုံးသွင်းသောစိတ်သည်၊ **ကောသဇ္ဇာယ**=ပျင်းရိသည်အဖြစ်ငှာ၊ **သံဝတ္တေယျ**=ဖြစ်လေရာ၏၊ **တံ ဌာနံ**=ထိုကောသဇ္ဇဖြစ်ခြင်း၏ အကြောင်းသည်၊ (**အတ္ထိ**=ရှိ၏)။ ပ။ **ယေန ဌာနေန**=ကြောင့်၊ **တံ စိတ္တံ**=သည်၊ ဝါ=သည်၊ **ဥဒ္ဓစ္စာယ**=ပျံ့လွင့်သည်အဖြစ်ငှာ **သံဝတ္တေယျ** ၏။ **တံ ဌာနံ**=ထိုဥဒ္ဓစ္စဖြစ်ခြင်း၏ အကြောင်းသည်၊ (**အတ္ထိ**=ရှိ၏)။ ပ။ **ယေန ဌာနေန**=ကြောင့်။ **တံ စိတ္တံ**=သည်၊ **အာသဝါနံ**=အာသဝတရားတို့၏၊ **ခယာယ**=ကုန်ကြောင်း အရဟတ္တဖိုလ် အကျိုးငှာ၊ **သမ္မာ**=ကောင်းစွာ၊ **သမာဓိယေယျ**=အာရုံ၌ မတည်တံ့လေရာ၊ **တံ ဌာနံ**=ထိုဘာวနာစိတ် မတည်တံ့ခြင်း၏ အကြောင်းသည်၊ ဝါ=ထိုနှလုံးသွင်းသောစိတ် မတည်တံ့ခြင်း၏ အကြောင်းသည်၊ (**အတ္ထိ**=ရှိ၏)။

**ဘိက္ခဝေ**=တို့၊ စ=ထိုသို့မဟုတ်မူ၍၊ **ယတော**=အကြင်ကြောင့်။ ပ။ **မနသိ**=၌၊ **ကရောတိ**=ပြုလုပ်၏၊ ဝါ=ဖြစ်စေ၏။ ပ။ (**တတော**=ထို့ကြောင့်) **တံ စိတ္တံ**-ထိုဘာวနာစိတ်သည်၊ ဝါ-ထိုနှလုံးသွင်းစိတ်သည်၊ **မုဒု စ**=နူးညံ့သည် လည်းကောင်း၊ **ကမ္မညဉ္စ**=ဘာวနာလုပ်ငန်း၌ ခိုင်ခံ့သည်လည်းကောင်း၊ **ပဘဿရဉ္စ**=တလက်လက်ထွက်သော အရောင်ရှိသကဲ့သို့ ဖြစ်သည် လည်းကောင်း၊ ဝါ=ဖြူစင်သန့်ရှင်းသည်လည်းကောင်း၊ **န စ ပဘင်္ဂု**=မပျက်စီး သည်လည်းကောင်း၊ **ဟောတိ**=ဖြစ်၏၊ **အာသဝါနံ**-တို့၏၊ **ခယာယ**=ငှာ၊ **သမ္မာ**=ကောင်းစွာ၊ **သမာဓိယတိ**=အာရုံ၌ တည်တံ့၏။

**ဘိက္ခဝေ**-တို့၊ **သေယျထာပိ**=ကား။ ပ။ **ဥက္ကံ**=မီးကျီးအိုးကို၊ **ဗန္ဓေယျ**=

၁။ **ဥက္ကံ ဗန္ဓေယျ**။ ။ ဤသုတ်အဋ္ဌကထာ၌ “**ဥက္ကံ ဗန္ဓေယျာတိ အင်္ဂါရကပလ္လံ သန္ဓေယျ**” ဟု ဖွင့်၏။ ဤနေရာနှင့် အလားတူ ဝိသုဒ္ဓိမဂ်ဋီကာ (ပ-၃၀၃) ၌မူ “**ဥက္ကံ ဗန္ဓတီတိ မူသံ သမ္ပာဒေတိ**” ဟု ဖွင့်၏။ ဤသုတ်အဋ္ဌကထာ၌ပင် “**ဥက္ကာမုခေ ပက္ခိပေယျာတိ အင်္ဂါရေ ဝိယူဟိတွာ အင်္ဂါရမတ္ထကေ ဝါ ဌပေယျ**။

## PAGE 560

စီစဉ်ပြင်ဆင်ရာ၏၊ (မီးကျီးအိုး၌ ထည့်ထားအပ်သော ရွှေကို ပူလာအောင်စီစဉ်ရာ၏) **ဥက္ကံ**=ကို၊ **ဗဇ္ဇိတွာ**=စီစဉ်ပြင်ဆင်ပြီး၍၊ **ဥက္ကာမုခံ**=မီးကျီးအိုးအဝကို၊ **အာလိမ္ပိတွာ**=မီးစွဲလောင်စေရာ၏၊ (မီးကျီးအိုး၌ မီးသွေးထည့်၍ မီးညှိပြီးလျှင် မီးမှုတ်ပြောင်းဖြင့် မှုတ်၍ မီးစွဲလောင်စေရာ၏ဟူလို) **ဥက္ကာမုခံ**=ကို၊ **အာလိမ္ပိတွာ**=မီးစွဲလောင်စေပြီး၍၊ **သဏ္ဍာသေန**=ညှပ်ဖြင့်၊ **ဇာတရူပံ**=ရွှေကို၊ **ဂဟေတွာ**=ညှပ်ယူ၍၊ **ဥက္ကာမုခေ**=မီးကျီးအိုးအဝ၌၊ ဝါ=မိုက်ခွက်အဝ၌၊ (မီးကျီးအိုးအဝနှင့် မိုက်ခွက်မှ မီးကျီးခဲပေါ်၌) **ပက္ခိပေယျ**=ထည့်ရာ၏။ ပ။

**အဘိဓမတိ**=(မီးမှုတ်ပြောင်းဖြင့်) မီးမှုတ်၏။ ပ။ **ဥဒကေန**=ရေဖြင့်၊ **ပရိသိဉ္စေတိ**=ဖျန်း၏၊ **ကာလေန ကာလံ**-၌၊ ဝါ-၌၊ **အပေက္ခတိ**=လုံ့လမပြု လျစ်လျူရှု၏၊ ဝါ=ကျက်မကျက်ကို စူးစမ်းနေ၏၊ **ဘိက္ခဝေ**=တို့။ ။ **တံ ဇာတရူပံ**=ထိုရွှေကို၊ **ဧကန္တ**=တဆက်တည်း၊ **သစေ အဘိဓမေယျ**=အကယ်၍ မီးမှုတ်နေငြားအံ့၊ (**ဧဝံ သတိ**-ဤသို့မီးမှုတ်နေသည်ရှိသော်၊ **ယေန ဌာနေန**=အကြင် အကြောင်းကြောင့်) **တံ ဇာတရူပံ**-ထိုရွှေကို၊ **ဍဟေယျ**=လောင်ကျွမ်းသွားရာ၏၊ **တံ ဌာနံ**=ထိုလောင်ကျွမ်းခြင်းဟူသော အကြောင်းသည်၊ (**အတ္ထိ**-ရှိ၏)။ ပ။

**သစေ ပရိသိဉ္စေယျ**=အကယ်၍ ပက်ဖျန်းနေငြားအံ့၊ (**ဧဝံ သတိ**=ဤသို့ပက်ဖျန်းနေသည်ရှိသော်၊ **ယေန ဌာနေန**=ကြောင့်) **တံ ဇာတရူပံ**=သည်၊ **နိဗ္ဗာယေယျ**=အေးငြိမ်းသွားရာ၏ [**နိ+ဝါ+ယ+ဧယျ** တည်း၊ ကာရိတ်မလို] **တံ ဌာနံ**=ထိုအေးငြိမ်းသွားခြင်းဟူသော အကြောင်းသည်။ (**အတ္ထိ**)။ ပ။ **သစေ အဇ္ဈပေက္ခေယျ**=အကယ်၍ လုံ့လမပြု လျစ်လျူရှုနေငြားအံ့၊ (**ဧဝံ သတိ**-သော်၊ **ယေန ဌာနေန**=ကြောင့်) **တံ ဇာတရူပံ**=သည်၊ **သမ္မာ**=ကောင်းစွာ၊ **ပရိပါကံ**=ကျက်ခြင်းသို့၊ **န ဂစ္ဆေယျ**=မရောက်ရာ၊ **တံ ဌာနံ**=ထိုမကျက်ခြင်းဟူသော အကြောင်းသည် (**အတ္ထိ**) **ဘိက္ခဝေ**=တို့၊ စ=ထိုသို့မဟုတ်မူ၍၊ **ယတော**=**မူသာယ ဝါ ပက္ခိပေယျ**” ဟု ဖွင့်၏၊ မူလပဏ္ဏာသအဋ္ဌကထာ (ပ-၁၇၉) ၌ကား “**သဏ္ဍာသေန ဇာတရူပံ ဂဟေတွာ ဥက္ကာမုခေ ပက္ခိပတီတိ အာဂတဌာနေသု သုဝဏ္ဏကာရာနံ မူသာ “ဥက္ကာ”တိ ဝေဒိတဗ္ဗာ**” ဟု ဖွင့်၏။

ထို့ကြောင့် အင်္ဂါရကပလ္လ (မီးကျီးအိုး) နှင့် ယခင်သုတ်တုန်းက ရေးခဲ့ပြီးသော မူသာ (မိုက်ခွက်, လုံ) တို့သည် **ဥက္ကာ** သဒ္ဒါ၏ ဟောနက်များချည်းဖြစ်ကြောင်းကိုလည်းကောင်း, ထိုပစ္စည်းများသည် ရွှေပန်းထိမ်သည်တို့ ရွှေကို မီးဖြင့် ပျောပြောင်းစေရာ (ရွှေလှော်ရာ) ၌ ထပ်တူညီမျှ အသုံးချနိုင်သော ပစ္စည်းများဖြစ်ကြောင်းကိုလည်းကောင်း သိနိုင်၏။
## PAGE 561

အကြင်ကြောင့်။ ပ။ **အဇ္ဈပေက္ခတိ**=၏ (**တတော**=ထို့ကြောင့်) **တံ ဇာတရူပံ**=သည်၊ **မုဒုဉ္ဇ**-သည်လည်းကောင်း၊ [ယခင်သုတ်အတိုင်းဆိုပါ]။ ပ။ **ဆ**=ခြောက်ပါးကုန်သော၊ **အဘိညာ**=အဘိညာဉ်တို့ကို **ဝိတ္ထာရေတဗ္ဗာ**=ချဲ့ထွင်သင့်ကုန်၏၊ **ဝါ**=ချဲ့ထွင် ဆိုကြရမည်။ ပ။ **ဣတိ** (**အဝေါစ**=မိန့်တော်မူပြီ) **ဧကာဒသမံ**=၁၁-ခုမြောက်သုတ်တည်း။ ပ။

**ဒုတိယော**=နှစ်ခုမြောက်သော၊ **ပဏ္ဏာသကော**=သုတ် ငါးဆယ်အပေါင်းအစုသည်၊ **သမတ္တော**=ပြီးပြီ။

