## PAGE 562

### တတိယပဏ္ဏာသက

#### ၁-သမ္ဗောဓဝဂ်

**၁။** ပုဗ္ဗေဝသမ္ဗောဓသုတ်

**၁၀၄။** **ဘိက္ခဝေ**=ရဟန်းတို့၊ **မေ**=ငါဘုရားသည်၊ [**သတော**၌စပ်] **ဝါ** = ငါဘုရားမှာ၊ [**ဧတံ**၌စပ်] **သမ္ဗောဓာ**=အရိယမဂ်ဉာဏ်လေးပါးမှ၊ (ကိုယ်တိုင်စထွင် မှန်ကန်စွာ သိမြင်ကြောင်းဖြစ်သော အရိယမဂ်ဉာဏ်လေးပါးမှ) **ဝါ**=အရိယမဂ်ဉာဏ်လေးပါးသို့ရောက်ရာအခါမှ၊ **ပုဗ္ဗေဝ**=ရှေး၌ပင်လျှင်၊ **အနဘိသမ္ဗုဒ္ဓဿ**-သစ္စာလေးပါးတရားကို တိုးထွင်းမသိသေးသော၊ **ဗောဓိသတ္တဿ ဧဝ** =ဘုရားအလောင်းတော်သည်သာလျှင်၊ **သတော**-ဖြစ်စဉ်၊ **ဝါ**-ဖြစ်ခိုက်။

**ဧတံ**=ဤသို့သော ကြံစည်စဉ်းစားခြင်းသည်၊ **အဟောသိ**=ဖြစ်ပြီ (**ကိန္တိ**=အဘယ်သို့၊ **အဟောသိ**=ဖြစ်သနည်းဟူမူ) **လောကေ**=သင်္ခါရလောက၌၊ **အဿာဒေါ**=သာယာဖွယ်ဟူသည်၊ **ကော နုခေါ**=အဘယ်နည်း၊ **အာဒီနဝေါ**=မနှစ်သက်ဖွယ် အပြစ်ဟူသည်၊ **ကော**=အဘယ်နည်း၊ **နိဿရဏံ**=ထွက်ခွာကြောင်းတရားဟူသည်၊ **ကိ**=အဘယ်နည်း၊ **အစ္စန္တပဟာနဝသေန နိဿရတိ ဧတေနာတိ နိဿရဏံ**။ [သံယုတ်ဋီ၊ ဒု၊ ၁၄၇] **ဣတိ**=ဤသို့ကြံစည်စဉ်းစားခြင်းသည်၊ (**အဟောသိ**-ဖြစ်ပြီ) **ဘိက္ခဝေ**=ရဟန်းတို့၊ **တဿ မယှံ**=ထိုငါဘုရားမှာ၊ **ဧတံ** =ဤသို့ စဉ်းစားခြင်းသည်၊ **အဟောသိ**=ဖြစ်ပြီ၊ (**ကိန္တိ**=အဘယ်သို့ စဉ်းစားခြင်းသည်၊ **အဟောသိ**-ဖြစ်သနည်းဟူမူ)။

**၁။ ဗောဓိသတ္တပုဒ် ဝစနတ္ထ။** ။ **ဗောဓိသတ္တဿ**=ဘုရားအလောင်းတော်သည်သာလျှင်၊ **ဝါ**=သစ္စာလေးပါး, အားလုံးသောတရားတို့ကို ဧကန်သိတော်မူလတ္တံ့သော ပုဂ္ဂိုလ်သည်သာလျှင်၊ [**ဗုဇ္ဈိဿတီတိ ဗောဓိ၊ ဗောဓိ စ သော သတ္တော စာတိ ဗောဓိသတ္တော**] **ဝါ**=မဂ်ဉာဏ်လေးပါး ဗောဓိတရား၌ စွဲမက်တွယ်တာသော ပုဂ္ဂိုလ်သည်သာလျှင်၊ [**ဗောဓိယံ သတ္တော လဂ္ဂေါတိ ဗောဓိသတ္တော**] **ဝါ**=တိုးထွင်းမြင်သိ ပညာရှိပုဂ္ဂိုလ်သည်သာလျှင် [**ဗောဓိမာပညဝါ သတ္တော ဗောဓိသတ္တော**။ ဤနောက်ဆုံးနည်း၌ “**ဗောဓိမန္တုသတ္တ**”ပုဒ်မှ မန္တပစ္စည်းကိုချေ]

## PAGE 563

**လောကံ**=သင်္ခါရလောကကို၊ **ပဋိစ္စ**=စွဲ၍၊ **ယံ သုခံ**=(ကိုယ်ချမ်းသာမှ) အကြင် သုခဝေဒနာသည်လည်းကောင်း၊ **ယံ သောမနဿံ**=(စိတ်ချမ်းသာမှု) အကြင်သောမနဿဝေဒနာသည်လည်းကောင်း၊ **ဥပ္ပဇ္ဇတိ**=ဖြစ်၏၊ **အယံ**=ဤသုခ, သောမနဿသည်၊ **လောကေ**=သင်္ခါရလောက၌၊ **အဿာဒေါ**=သာယာဖွယ်မည်၏။

**ယံ (ယေန အာကာရေန)**=အကြင် အခြင်းအရာအားဖြင့်၊ **လောကော** =သင်္ခါရလောကသည်၊ **အနိစ္စော**-မမြဲ၊ **ဒုက္ခော**-ဆင်းရဲ၏။ **ဝိပရိဏာမဓမ္မော**=(ဇရာမရဏနှစ်မျိုးအားဖြင့်) ဖောက်ပြန်ပြောင်းလဲခြင်းသဘောရှိ၏။ **အယံ (အာကာရော)**=ဤမမြဲခြင်းစသော အခြင်းအရာသည်၊ **လောကေ**= သင်္ခါရလောက၌၊ **အာဒီနဝေါ**=မနှစ်သက်ဖွယ် အပြစ်မည်၏၊ **လောကေ**၌၊ **ယော ဆန္ဒရာဂဝိနယော**=အကြင် လိုချင်တပ်မက်တတ်သော လောဘကို နှိပ်ကွပ်ဖျက်ဆီးအပ်ရာ နိဗ္ဗာန်သည်၊ **ယံ ဆန္ဒရာဂပ္ပဟာနံ**= အကြင်လိုချင်တပ်မက်သောလောဘကို ပယ်သတ်အပ်ရာ နိဗ္ဗာန်သည်၊ (**အတ္ထိ**=ရှိ၏) **ဣဒံ**=ဤဆန္ဒရာဂကို နှိပ်ကွပ်ပယ်သတ်ရာ နိဗ္ဗာန်သည်၊ **လောကနိဿရဏံ**=သင်္ခါရလောကမှ ထွက်ခွာကြောင်းတရားမည်၏၊ [အဋ္ဌကထာ၌ “**လောကနိဿရဏံ**”ဟုပါဌ်ရှိပြီး ပဉ္စမီတပ္ပုရိသ်သမာသ်ဖွင့်၏] **ဣတိ**=ဤသို့စဉ်းစားခြင်းသည်၊ (**အဟောသိ**=ဖြစ်ပြီ)။

**ဘိက္ခဝေ**=ရဟန်းတို့၊ **ယာဝကီဝဉ္စ**=အကြင်မျှလောက်သော ကာလပတ်လုံး၊ **အဟံ**-ငါသည်၊ **ဧဝံ**=ဤသို့ ဟောတော်မူခဲ့သည့်အတိုင်း၊ **လောကဿ** =သင်္ခါရလောက၏၊ **အဿာဒံ**=သာယာဖွယ်ကို၊ **အဿာဒတော စ**=သာယာဖွယ်၏ အဖြစ်အားဖြင့်လည်းကောင်း၊ **အာဒီနဝံ**=အပြစ်ကို၊ **အာဒီနဝတော စ** =အပြစ်၏ အဖြစ်အားဖြင့်လည်းကောင်း၊ (အပြစ်အနေအားဖြင့်လည်းကောင်း) **နိဿရဏံ**=ထွက်ခွာကြောင်း နိဗ္ဗာန်ကို၊ **နိဿရဏတော စ**=ထွက်ခွာကြောင်း၏အဖြစ်အားဖြင့်လည်းကောင်း၊ **ယထာဘူတံ**=ဟုတ်မှန်စွာ၊ **န အဗ္ဘညာသိ** =ထူးခြားသော အရိယမဂ်ဉာဏ်ဖြင့် မသိရသေး၊ **ဘိက္ခဝေ**တို့၊ **တာဝ**= ထိုမသိရသေးသမျှကာလပတ်လုံး၊ **အဟံ**=ငါသည်၊ **သဒေဝကေ**=အောက်ကာမာဝစရ နတ်ပြည်ငါးထပ်ရှိ နတ်အပေါင်းနှင့်လည်းတကွဖြစ်သော၊ [စာပိုဒ် (၆၄) **ဝေဏာဂပုရသုတ်**၌လည်းကြည့်] **သမာရကေ**-မာရ်မင်းအမှူးထား, ဝသဝတ္တီဘုံသား နတ်အပေါင်းနှင့်လည်းတကွဖြစ်သော၊ **သဗြဟ္မကေ**=နှစ်ဆယ်သော ဗြဟ္မာအပေါင်းနှင့်လည်းတကွဖြစ်သော **လောကေ**-ဩကာသ လောက၌လည်းကောင်း။

**သဿမဏဗြာဟ္မဏိယာ**-သမဏ, ဗြာဟ္မဏတို့နှင့်လည်းတကွဖြစ်သော၊ **ဝါ**=ဤသာသနာတော်၏ ဆန့်ကျင်ဘက်ဖြစ်သော ရဟန်း, ပုဏ္ဏား၊
## PAGE 564

အင်္ဂုတ္ထိုရ်ပါဠိတော်နိဿယ (တိက)

မကောင်းမှုတို့ကို ငြိမ်းစေပြီးသော ရဟန္တာ, မကောင်းမှုတို့ကို ပယ်ရှားဖျောသွားစေပြီးသော သူတော်ကောင်းတို့နှင့်လည်းတကွဖြစ်သော၊ **သဒေဝ မနုဿာယ**=သမ္မုတိနတ်တည်းဟူသော လူမင်း, ထိုလူမင်းနှင့်သမဏဗြာဟ္မဏတို့မှ ကြွင်းကျန်သော လူတို့နှင့်လည်းတကွဖြစ်သော၊ **ပဇာယ**=သတ္တဝါအပေါင်း၌လည်းကောင်း၊ **အနုတ္တရံ**=မိမိထက် သာလွန်မြင့်မြတ်သော တရားမရှိသော၊ ဝါ=အမြတ်ဆုံးတရား ဖြစ်သော၊ **သမ္မာသမ္ဗောဓိံ**=အမှန်ချည်းသာ ဆရာမရှိ ကိုယ်တိုင်သိသော အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်တော်ကို၊ **အဘိသမ္ဗုဒ္ဓေါ**=ထိုးထွင်းသိတော်မူပြီ၊ ဝါ=ရတော်မူပြီ၊ **ဣတိ**=ဤသို့၊ **နေဝ ပစ္စညာသိ**=ဝန်ခံတော်မမူသေး။

**ဘိက္ခဝေ**=တို့၊ **ယတော စ**=အကြင်အခါ၌ကား၊ **အဟံ**=ငါသည်၊ **ဧဝံ**=တိုင်းပ။ **အဗ္ဘညာသိ**=ထူးခြားသော အရိယမဂ်ဉာဏ်ဖြင့် သိတော်မူပြီ၊ **ဘိက္ခဝေ**=တို့၊ **အထ**=သိတော်မူရာ ထိုအခါ၌၊ **အဟံ**=ငါသည်။ ပ။ **ဣတိ**=ဤသို့၊ **ပစ္စညာသိ**=ဝန်ခံတော်မူပြီ၊ **ပန**=ထိုမှတပါး၊ **မေ**=ငါဘုရားမှာ၊ **ဒဿနံ**=ရရှိပြီးတရားထူးတို့ကို ဟုတ်မှန်စွာ သိမြင်နိုင်သော၊ **ဉာဏဉ္စ**=ပစ္စဝေက္ခဏာဉာဏ်သည်လည်း၊ ဝါ=ပြန်၍ဆင်ခြင်သိမြင်သော ဉာဏ်သည်လည်း၊ **ဥဒပါဒိ**=ဖြစ်ပြီ၊ (ကိန္တိ=အဘယ်သို့၊ **ဥဒပါဒိ**=ဖြစ်သနည်းဟူမူ) **မေ**=ငါ၏၊ **ဝိမုတ္တိ**=အရဟတ္တဖိုလ်ဝိမုတ္တိသည်၊ **အကုပ္ပါ**=ဆန့်ကျင်ဘက်ကိလေသာတို့က မပျက်စီးစေနိုင်သည် ဝါ=ဆန့်ကျင်ဘက်ကိလေသာတို့ကြောင့် မပျက်စီးသည်၊ (**ဟောတိ**=ဖြစ်၏) [ပဋိပက္ခေဟိ နကောပေတဗ္ဗာ နကုပ္ပတိတိ ဝါ အကုပ္ပါ] **အယံ**=ဤယခုဘဝသည်၊ **အန္တိမာ**=နောက်ဆုံးဖြစ်သော၊ **ဇာတိ**=ဘဝပေတည်း၊ **ဒါနိ**=ယခု၊ **ပုနဗ္ဘဝေါ**=နောက်ထပ်ဖြစ်မည့် ဘဝသစ်သည်၊ **နတ္ထိ**=မရှိတော့ပြီ၊ **ဣတိ**=ဤသို့၊ (**ဥဒပါဒိ**=ဖြစ်ပြီ၊ **ဣတိ**=ဤသို့၊ **အဝေါစ**=မိန့်တော်မူပြီ) [ဣတိသဒ္ဒါ တလုံးကျေသည်ဟု ကြံပါ **ပဌမံ**=ပဌမသုတ်တည်း။

#### ၂-ပဌမအဿာဒသုတ်

**၁၀၅။** **ဘိက္ခဝေ**=ရဟန်းတို့၊ **အဟံ**=ငါသည်၊ **လောကဿ**=သင်္ခါရလောက၏၊ **အဿာဒပရိယေသနံ**=သာယာဖွယ် သုခ, သောမနဿကိုရှာမှီးခြင်းငှာ၊ **အစရိ**=ဉာဏ်ဖြင့်လှည့်လည်လာခဲ့ပြီ၊ **လောကေ**=သင်္ခါရလောက၌၊ **ယော အဿာဒေါ**=အကြင်သာယာဖွယ် သုခ, သောမနဿသည်၊ (**အတ္ထိ**=ရှိ၏) **တံ အဿာဒံ**=ထိုသာယာဖွယ် သုခသောမနဿကို၊ **အဇ္ဈဂမံ**=ရရှိပြီ၊ **လောကေ**=၌၊

