## PAGE 565

**အဿာဒေါ**=သာယာဖွယ်သည်၊ **ယာဝတကော**=အကြင်မျှလောက်ရှိ၏။ **သော**=ထိုမျှလောက်ရှိသော သာယာဖွယ်ကို၊ **မေ**=ငါသည်၊ **ပညာယ**=ဝိပဿနာပညာ, မဂ်ပညာဖြင့်၊ **သုဒိဋ္ဌော**=ကောင်းစွာတွေ့မြင်အပ်ပြီ။

**ဘိက္ခဝေ**=တို့။ **အဟံ**=ငါသည်၊ **လောကဿ**=၏။ **အာဒီနဝပရိယေသနံ**=မမြဲခြင်းစသော အပြစ်ကို ရှာမှီးခြင်းငှါ၊ **အစရိ**=ပြီ **လောကေ**=၌၊ **ယော အာဒီနဝေါ**=အကြင်အပြစ်သည်၊ (**အတ္ထိ**=ရှိ၏) **တံ အာဒီနဝံ**=ထိုအပြစ်ကို၊ **အဇ္ဈဂမံ**=ပြီ။ ပ။ **နိဿရဏပရိယေသနံ**=ထွက်ခွာကြောင်း နိဗ္ဗာန်ကိုရှာမှီးခြင်းငှာ။ ပ။ **လောကေ**-၌၊ **ယံ နိဿရဏံ**=အကြင်ထွက်ခွာကြောင်း နိဗ္ဗာန်သည်၊ (**အတ္ထိ**) **တံ နိဿရဏံ**=ထိုထွက်ခွာကြောင်းနိဗ္ဗာန်ကို၊ **အဇ္ဈဂမံ**=ပြီ၊ **လောကေ**=၌၊ **နိဿရဏံ**=ထွက်ခွာကြောင်းနိဗ္ဗာန်သည်၊ **ယာဝတကံ**=အကြင်မျှလောက်ရှိ၏။ **တံ**=ထိုမျှလောက်ရှိသောထွက်ခွာကြောင်း နိဗ္ဗာန်ကို၊ **မေ**=ငါသည်၊ **ပညာယ**=မဂ်ပညာဖြင့်၊ **သုဒိဋ္ဌံ**=ကောင်းစွာတွေ့မြင်အပ်ပြီ ။ ပ။ **ဒုတိယံ**=နှစ်ခုမြောက်သုတ်တည်း။

#### ၃-ဒုတိယအဿာဒသုတ်

**၁၀၆။** **ဘိက္ခဝေ**=ရဟန်းတို့၊ **လောကေ**=သင်္ခါရလောက၌၊ **အဿာဒေါ**=သည်၊ **နော စေ အဘဝိဿ**=အကယ်၍ မရှိငြားအံ ၊ (**ဧဝံ သတိ**=ဤသို့မရှိသည်ဖြစ်လသော်) [ဣဒံ အနက်မရှိ] **သတ္တာ**=သတ္တဝါတို့သည်၊ **လောကေ**=၌၊ **န သာရဇ္ဇေယျုံ**=ပြင်းထန်စွာ မတပ်မက်ကုန်ရာ၊ **ဘိက္ခဝေ**=တို့၊ **စ ခေါ**=ထိုသို့မဟုတ်မူ၍၊ **ယသ္မာ**=အကြင့်ကြောင့်၊ **လောကေ**-၌၊ **အဿာဒေါ**=သည်၊ (**အတ္ထိ**=ရှိ၏) **တသ္မာ**=ထို့ကြောင့်။ ပ။ **သာရဇ္ဇန္တိ**=ပြင်းထန်စွာ တပ်မက်ကုန်၏။ ပ။ **န နိဗ္ဗိန္ဒေယျုံ**=မငြီးငွေ့ကုန်ရာ။ ပ။ **နိဗ္ဗန္တိ**=ငြီးငွေ့ ကုန်၏။ ပ။ **လောကမှာ**=သင်္ခါရလောကမှ၊ **န နိဿရေယျံ**=မထွက်ခွာကုန်ရာ။ ပ။ **နိဿရန္တိ**=ထွက်ခွာကုန်၏။ ပ။ **န အဗ္ဘညာသုံ**=ထူးခြားသော အရိယမဂ်ဉာဏ်ဖြင့် မသိကြသေးကုန်။

**ဘိက္ခဝေ**=တို့၊ **တာဝ**=ထိုမသိကြသေးသမျှကာလပတ်လုံး၊ **သတ္တာ**=သတ္တဝါတို့သည်၊ **သဒေဝကာ**=အောက်ကာမာဝစရနတ်ပြည်ငါးထပ်ရှိနတ်အပေါင်းနှင့်လည်းတကွဖြစ်သော၊ **သမာရကာ**=သော၊ **သဗြဟ္မကာ**=သော၊ **လောကာ**=ဩကာသလောကမှလည်းကောင်း ။ ပ။ **ပဇာယ**=မှလည်းကောင်း၊ **နေဝ နိဿရန္တိ**=မထွက်ခွာနိုင်ကြသေးကုန်။ **နေဝ ဝိသံယုတ္တာ**=မခွဲขွာနိုင်ကြ

## PAGE 566

သေးကုန်၊ **နေဝ ဝိပ္ပမုတ္တာ**=မလွတ်မြောက်နိုင်ကြသေးကုန်၊ **ဝိမရိယာဒီကတေန**=ဝဋ်ဒုက္ခ, ကိလေသာ နှစ်ဖြာသော အပိုင်းအကန့် မရှိအောင် ပြုအပ်ပြီးသော၊ **စေတသာ**=စိတ်ဖြင့်၊ **နေဝ ဝိဟရိံသု**=မနေကြရသေးကုန်။ ပ။ **အဗ္ဘညာသုံ**=ထူးခြားသော အရိယမဂ်ဉာဏ်ဖြင့် သိကြကုန်ပြီ၊ **ဘိက္ခဝေ**=တို့၊ **အထ**=သိကြရာထိုအခါ၌၊ **သတ္တာ**=သတ္တဝါတို့သည်။ ပ။ **ပဇာယ**=မှလည်းကောင်း၊ **နိဿဋာ**=ထွက်ခွာကြရကုန်ပြီ၊ **ဝိသံယုတ္တာ**=ခွဲခွာကြရကုန်ပြီ၊ **ဝိပ္ပမုတ္တာ**=လွတ်မြောက်ကြရကုန်ပြီး။ ပ။ **ဝိဟရန္တိ**=နေကြရကုန်၏၊ **ဣတိ**=ဤသို့၊ (**အဝေါစ**=မိန့်တော်မူပြီ) **တတိယံ**=သုံးခုမြောက်သုတ်တည်း။

#### ၄-သမဏဗြာဟ္မဏသုတ်

**၁၀၇။** **ဘိက္ခဝေ**=တို့၊ **ယေ ကေစိ**=အမှတ်မထား တပါးပါးကုန်သော၊ **သမဏာ ဝါ**=သမဏမည်သူတို့သည်လည်းကောင်း၊ **ဗြာဟ္မဏာ ဝါ**=ဗြာဟ္မဏမည်သူတို့သည်လည်းကောင်း ။ ပ။ **နပ္ပဇာနန္တိ**=မသိကြကုန်၊ **ဘိက္ခဝေ**=တို့၊ **တေ သမဏာ ဝါ**=ထိုသမဏမည်သူတို့ကိုလည်းကောင်း။ **တေ ဗြာဟ္မဏာ ဝါ**=ထိုဗြာဟ္မဏမည်သူ တို့ကိုလည်းကောင်း၊ **မေ**=ငါဘုရား၏၊ **သမဏေသု ဝါ**=သမဏ သူတော်ကောင်းတို့၌လည်း၊ ဝါ=ကိလေသာတို့ကို ငြิမ်းစေတတ်သော ရဟန်းတို့၌လည်း၊ **န သမဏသမ္မတာ**=သမဏ သူတော်ကောင်းဟု မခေါ်ဝေါ်မသမုတ်အပ်ကုန်၊ **ဗြာဟ္မဏေသု ဝါ**=ဗြာဟ္မဏ သူတော်ကောင်းတို့၌လည်း၊ ဝါ=မကောင်းမှုတို့ကို ပယ်ရှားမျောသွားစေတတ်သော သူတော်ကောင်းတို့၌လည်း၊ **န ဗြာဟ္မဏသမ္မတာ**=ဗြာဟ္မဏ သူတော်ကောင်းဟု မသမုတ်အပ်ကုန်။

**ဘိက္ခဝေ**=တို့၊ **စ ပန**=ထိုမျှမကသေး **တေ အာယသ္မန္တော**=ထိုအရှင်တို့သည်၊ **သာမညတ္တံ ဝါ**=သာမညမည်သော အရိယမဂ်လေးပါး တရားထူးဖြင့်

၁။ **ဝိမရိယာဒီကတေန**။ ။ **မရိယာဒါ**=အပိုင်းအကန့် (ဝဋ်ဆင်းရဲအပိုင်းအကန့်နှင့် ကိလေသာအပိုင်းအကန့်) **နတ္ထိ မရိယာဒါ ယဿ စိတ္တဿာတိ ဝိမရိယာဒံ**=အပိုင်းအကန့်မရှိသောစိတ်။ **ကရီယိတ္ထာတိ ကတံ**၊ **ဝိမရိယာဒံ ကတံ ဝိမရိယာဒီကတံ** (အပိုင်းအကန့်မရှိအောင် ပြုအပ်ပြီးသောစိတ်) ဟု ကြပါ၊ ဤသုတ်နှင့် စာသွားချင်း, အဓိပ္ပာယ်ချင်း တူသော နိဒါနဝဂ္ဂသံယုတ် စာပိုဒ် (၁၁၇) နောစေဒသုတ် (နှာ၊ ၃၈၁) ၏ သံယုတ် ဋ္ဌ၊ ဒု၊ ၁၄၄ အဖွင့်နှင့်အညီကြံခြင်းဖြစ်၏။ ဤသုတ် ဋ္ဌ၊ ဋီ ၌မူ ဤပုဒ်အဖွင့် ဝါကျမပါ။
## PAGE 567

ဆိုက်ရောက်သင့်သော အရိယဖိုလ်လေးပါးကိုလည်းကောင်း၊ ဝါ=သာမညမည်သော အရိယမဂ်လေးပါးဟူသော ဆိုက်ရောက်သင့်သော တရားထူးကိုလည်းကောင်း၊ **ဗြာဟ္မညတ္တံ** ဝါ ဗြာဟ္မဏမည်သော အရိယမဂ်လေးပါးတရားထူးဖြင့်ဆိုက်ရောက်သင့်သော အရိယဖိုလ်လေးပါးကိုလည်းကောင်း၊ **ဒိဋ္ဌိ ဓမ္မေ**=ယခုတွေ့ကြုံနေရသော မျက်မှောက်အတ္တဘော၌ပင်လျှင်၊ ဝါ=ယခုဘว၌ပင်လျှင်၊ **သယံ**=ကိုယ်တိုင်သာလျှင်၊ **အဘိညာ**=ထူးသောဉာဏ်ဖြင့်သိ၍၊ **သစ္ဆိကတွာ**=မျက်မှောက်ပြု၍၊ **ဥပသမ္ပဇ္ဇ**=ရောက်၍၊ ဝါ=ရ၍၊ **န ဝိဟရန္တိ**=မနေနိုင်ကြကုန်။

**ဘိက္ခဝေ**=တို့၊ **စ**=ထိုသို့မဟုတ်မူ၍၊ **ယေ ကေစိ**။ ပ။ **ပဇာနန္တိ**=သိကုန်၏၊ **ဘိက္ခဝေ**=တို့၊ **တေ သမဏာ ဝါ**=တို့ကိုလည်းကောင်း၊ **တေ ဗြာဟ္မဏာ ဝါ**=တို့ကိုလည်းကောင်း။ပ။ **သမဏ သမ္မတာ**=သမဏ သူတော်ကောင်းဟု သမုတ်အပ်ကုန်၏၊ **ဗြာဟ္မဏေသု ဝါ**=တို့၌လည်း၊ **ဗြာဟ္မဏ သမ္မတာ**=ကုန်၏၊ **စ ပန**=ထိုမျှမကသေး၊ **တေ အာယသ္မန္တော**=တို့သည်။ပ။ **ဝိဟရန္တံ**=နေကြကုန်၏၊ **ဣတိ**=ဤသို့၊ (အဝေါစ=မိန့်တော်မူပြီ)

စတုတ္ထ၊

#### ၅-ရုဏ္ဏသုတ်

**၁၀၈။** **ဘိက္ခဝေ**=တို့၊ **ယဒိဒံ ဂီတံ**=အကြင်သီချင်းဆိုခြင်းသည်၊ (အတ္ထိ-ရှိ၏) **ဣဒံ**-ဤသီချင်းဆိုခြင်းသည်၊ **အရိယဿ**=ဗုဒ္ဓမြတ်စွာ အရိယာ

#### ၁။ သာမညတ္တံ ဗြဟ္မညတ္တံ

**ပါပါနိ သမေတီတိ သမဏော** =မကောင်းမှု ကိလေသာတို့ကို ငြိမ်းစေသောပုဂ္ဂိုလ်။ **သမဏဿ ဘာဝေါ သာမညံ**=ထိုပုဂ္ဂိုလ်၏ဖြစ်ကြောင်း အရိယမဂ်။ **အရဏီယံ ဥပဂန္တဗ္ဗန္တိ အတ္ထ** ဆိုက်ရောက်သင့်သောတရား။ **သာမညေန အတ္ထံ သာမညတ္ထ**-မကောင်းမှုတို့ကို ငြိမ်းစေသော ပုဂ္ဂိုလ်ဖြစ်ကြောင်း အရိယမဂ်ဖြင့် ဆိုက်ရောက်သင့်သောအရိယဖိုလ်လေးပါး။

(တနည်း) **သာမညမေဝ ဝါ အတ္ထံ သာမညတ္ထ**=မကောင်းမှုတို့ကို ငြိမ်းစေသော ပုဂ္ဂိုလ်၏ဖြစ်ကြောင်း အရိယမဂ်ဟူသော ဆိုက်ရောက်သင့်သော တရားထူး။

**ပါပါနိ ဝါဟေတီတိ ဗြာဟ္မဏော**=မကောင်းမှုတို့ကို ပယ်ရှားမျောသွားစေတတ်သောပုဂ္ဂိုလ်။ **ဗြာဟ္မဏဿ ဘာဝေါ ဗြာဟ္မညံ**၊ **ဗြာဟ္မညေန အတ္ထံ ဗြာဟ္မညတ္တံ**=မကောင်းမှုတို့ကို ပယ်ရှားမျောသွားစေသော ပုဂ္ဂိုလ်ဖြစ်ကြောင်းအရိယမဂ်လေးပါးဖြင့် ဆိုက်ရောက်သင့်သော အရိယဖိုလ်လေးပါး။

