## PAGE 568

သူတော်ကောင်း၏၊ ဝါ=နတ်နှင့်တကွသော လောကသည် ကိုးကွယ်ဆည်းကပ်သင့်သော မြတ်စွာဘုရား၏၊ **ဝိနယေ**=အဆုံးအမတရားတော်၌၊ ဝါ=အဆုံးအမတရားတော်အလိုအားဖြင့်၊ **ရုဏ္ဏံ**=ငိုကြွေးခြင်းသာတည်း၊ **ဘိက္ခဝေ**=တို့၊ **ယဒိဒံ နစ္စံ**=အကြင်ကခြင်းသည်၊ (အတ္ထိ) **ဣဒံ**-ဤကခြင်းသည်၊ **အရိယဿ**=၏၊ **ဝိနယေ**=၌၊ ဝါ=ဖြင့်၊ **ဥမ္မတ္တကံ**=ရူးသောသူတို့၏ အပြုအမူသာတည်း၊

**ဘိက္ခဝေ**=တို့၊ **အတိဝေလံ**= အချိန်ကုန်လွန်အောင်၊ **ယဒိဒံ ဒန္တဝိဒံသကဟသိတံ**=အကြင်သွားတို့ကို ထင်ပေါ်စေ၍ လက်ခုပ်တီးကာ ကျယ်လောင်စွာ ရယ်ခြင်းသည်၊ အတ္ထိ) **ဒန္တ**=သွားတို့ကို + **ဝိဒံသက**=ထင်ပေါ်စေ၍ + **ဟသိတ**=ရယ်ခြင်း] **ဣဒံ**=ဤသွားပေါ်အောင် ပါးစပ်ကြီးဟလျက် လက်ခုပ်တီးကာ ကျယ်လောင်စွာရယ်ခြင်းသည်၊ **အရိယဿ**=၏၊ **ဝိနယေ**-၌၊ ဝါ=ဖြင့်၊ **ကောမာရကံ**=လူပျိုကာလသားတို့ ပြုလုပ်ဖွယ်ရာကိစ္စသာတည်း၊

**ဘိက္ခဝေ**=တို့၊ **တသ္မာ**=ထို့ကြောင့်၊ **ဣဟ**=ဤငါဘုရားသာသနာတော်၌၊ **ဂီတေ**=သီချင်းဆိုခြင်း၌၊ (ဝေါ=သင်တို့၏) **သေတုဃာတော**=အကြောင်းရင်းကိလေသာကိုပယ်သတ်ခြင်းသည်၊ (ဟောတု-ဖြစ်ပါစေလော) **သေတု (ပစ္စယ)** =အကြောင်းရင်းကိလေသာ] **နစ္စေ**=ကခြင်း၌၊ (ဝေါ=သင်တို့၏) **သေတုဃာတော**=သည်၊ (ဟောတု=လော)

**ဓမ္မပ္ပမောဒိတာနံ**=အကြောင်းတခုခုကြောင့်ဝမ်းမြောက်ကြကုန်သည်၊ **သတံ (သန္တာနံ)** အဖြစ်ကြကုန်သော၊ **ဝေါ**=သင်တို့အား၊ ဝါ=သင်တို့၏၊ **သိတံ**=ပြုံးရယ်ခြင်းသည်၊ **သိတမတ္တာယ**=သွားအဖျားပေါ်ရုံမျှပြုံးရယ်ခြင်းငှာသာ၊ **အလံ**=သင့်လျော်၏၊ ဣတိ(အဝေါစ)

ပဉ္စမံ၊

[“ဓမ္မပ္ပမောဒိတာနံ”၌ ဓမ္မသဒ္ဒါသည် ကာရဏ(အကြောင်း) အနက်ဟောတည်း။ ဓမ္မော ဝုစ္စတိ ကာရဏံ၊ အဋ္ဌကထာ။ “သတံ (သန္တာနံ)”ကို သူတော်ကောင်းဟုအနက်မပေးဘဲ စာပိုဒ် (၁၀၄)သုတ်မှ “ဗောဓိသတ္တဿေဝ သတော” နှင့်အလားတူပင် အနက်ပေးသည်။]

#### ၆-အတိတ္တိသုတ်

**၁၀၉။** **ဘိက္ခဝေ**=တို့၊ **တိတ္တံ**=သုံးမျိုးသော အရာတို့ကို၊ **ပဋိသေဝနာယ**=မှီဝဲခြင်း၌၊ **တိတ္တိ**=ရောင့်ရဲခြင်းသည်၊ **နတ္ထိ**=မရှိ၊ **ကတမေသံ တိဏ္ဏံ**=အဘယ်သုံးမျိုးသော အရာတို့ကို၊ (**ပဋိသေဝနာယ**=၌၊ **တိတ္တိ**=သည်၊ **နတ္ထိ** မရှိသနည်းဟူမူ)

**ဘိက္ခဝေ**=တို့၊ **သောပ္ပဿ**=အိပ်ခြင်းကို၊ **ပဋိသေဝနာယ**=

## PAGE 569

မှီဝဲခြင်း၌၊ **တိတ္တိ**=သည်၊ **နတ္ထိ**=မရှိ၊ **ဘိက္ခဝေ**=တို့၊ **သုရာမေရယပါနဿ**=သေရည်, အရက်ကိုသောက်ခြင်းကို။ပ။ **ဘိက္ခဝေ**=တို့၊ **မေထုနဓမ္မသမာပတ္တိယာ**=မေထုန်အကျင့်သို့ ရောက်ခြင်းကို၊ ဝါ=ဖိုမနှစ်ဦး ကူးလူးဆိုက်ရောက်အပ်သောမေထုန်အကျင့်ကို၊ **ပဋိသေဝနာယ**=၌၊ **တိတ္တိ**=သည်၊ **နတ္ထိ**=မရှိ၊

**ဘိက္ခဝေ**=တို့၊ **ဣမေသံ တိဏ္ဏိ**=ဤသုံးမျိုးတို့ကို၊ **ပဋိသေဝနာယ**-၌၊ **တိတ္တိ**-သည်၊ **နတ္ထိ**=မရှိ။ ဣတိ(အဝေါစ)

#### ၇-အရက္ခိတသုတ်

**အထ ခေါ**=ထိုအခါ၌၊ **အနာထပိဏ္ဍိကော**=အနာထပိဏ်မည်သော၊ **ဂဟပတိ**=အိမ်ရှင်သူကြွယ်သည်၊ **ယေန**=အကြင်အရပ်၌၊ **ဘဂဝါ**=မြတ်စွာဘုရားသည်။ (အတ္ထိ-ရှိတော်မူ ၏) **တေန**=(မြတ်စွာဘုရားရှိတော်မူရာ)ထိုအရပ်၌၊ ဝါ=ထိုအရပ်သို့၊ **ဥပသင်္ကမိ**=ရောက်လာ၏၊ ဝါ=သွား၏၊ **ဥပသင်္ကမိတွာ**=ရောက်လာပြီး၍၊ ဝါ=သွားပြီး၍၊ **ဘဂဝန္တံ**=မြတ်စွာဘုရားကို၊ **အဘိဝါဒေတွာ**=ရိုသေစွာ ရှိခိုးပြီး၍၊ **ဧကမန္တံ**=သင့်လျော်သည့်တခုသောနေရာ၌ [ဒုကနိပါတ် စာပိုဒ် (၁၆)လည်းကြည့်] **နိသိဒိ**=ထိုင်နေပြီ၊

**ဧကမန္တံ**=၌၊ **နိသိန္န**=ထိုင်နေပြီးသော၊ **အနာထပိဏ္ဍိကံ**=အနာထပိဏ်မည်သော၊ **ဂဟပတိ**=အိမ်ရှင်သူကြွယ်ကို၊ **ဘဂဝါ**-မြတ်စွာဘုရားသည်၊ **ဧတံ**-ဤစကားကို၊ **အဝေါစ**=မိန့်တော်မူပြီ၊ (**ကိန္တိ**-အဘယ်သို့၊ **အဝေါစ**-မိန့်တော်မူသနည်းဟူမူ)။

**ဂဟပတိ**=အိမ်ရှင်ဒါယကာ၊ **စိတ္တေ**=စိတ်ကို၊ **အရက္ခိတေ**=မစောင့်ရှောက်အပ်လသော်၊ **ကာယကမ္မမ္ပိ**=ကာယကံသည်လည်း၊ ဝါ=ကာယဒွါရဖြင့်ပြုလုပ်အပ်သော စေတနာ ကံသုံးပါးသည်လည်း၊ ဝါ=ကိုလည်း၊ **အရက္ခိတံ**=မစောင့်ရှောက်အပ်တော့သည်၊ **ဟောတိ**=ဖြစ်၏၊ **ဝစီကမ္မမ္ပိ**=ဝစီကံသည်လည်း၊ ဝါ=ဝစီဒွါရဖြင့် ပြုလုပ်အပ်သော စေတနာ ကံလေးပါးသည်လည်း၊ ဝါ=ကိုလည်း၊ **အရက္ခိတံ**=သည်၊ **ဟောတိ**=၏၊ **မနောကမ္မမ္ပိ**=မနောကံသည်လည်း၊ ဝါ=မနောဒွါရဖြင့် ပြုလုပ်အပ်သော စေတနာကံသုံးပါးသည်လည်း ဝါ=ကိုလည်း၊ **အရက္ခိတံ**=သည်၊ **ဟောတိ**-၏၊

**အရက္ခိတကာယကမ္မန္တဿ**=မစောင့်ရှောက်အပ်သော ကာယကံရှိသော၊ ဝါ=ကာယကံကို မစောင့်ရှောက်သော၊ **အရက္ခိတဝစီကမ္မန္တဿ**-မစောင့်ရှောက်အပ်သော ဝစီကံရှိသော၊ ဝါ=သော၊ **အရက္ခိတမနောကမ္မန္တဿ**=မစောင့်ရှောက်အပ်သော မနောကံရှိသော၊ **တဿ**=ထိုသူ၏၊
## PAGE 570

**ကာယကမ္မမ္ပိ** = ကာယကံသည်လည်း၊ **အဝဿုတံ** = ကိလေသာဖြင့် စိုစွတ်သည်၊ **ဟောတိ** = ၏၊ **ဝစီကမ္မမ္ပိ** သည်လည်း၊ **အဝဿုတံ** သည်၊ **ဟောတိ** = ၏။ပ။

**အဝဿုတကာယကမ္မန္တဿ** = စိုစွတ်သော ကာယကံရှိသော။ပ။ **အဝဿုတမနောကမ္မန္တဿ** = စိုစွတ်သော မနောကံရှိသော၊ တဿ = ထိုသူ၏။ **ကာယကမ္မမ္ပိ** သည်လည်း၊ **ပူတိကံ** = ပုပ်ဆွေးသည်၊ **ဟောတိ** = ၏။ပ။ **ပူတိကာယကမ္မန္တဿ** = ပုပ်ဆွေးသော ကာယကံရှိသော။ပ။ **ပူတိမနောကမ္မန္တဿ** = ပုပ်ဆွေးသော မနောကံရှိသော၊ တဿ = ထိုသူမှာ၊ **ဘဒ္ဒကံ** = ကောင်းသော၊ **မရဏံ** = သေခြင်းသည်၊ **န ဟောတိ** = မဖြစ်၊ **ဘဒ္ဒိကာ** = ကောင်းသော၊ **ကာလကိရိယာ** = ကွယ်လွန်ခြင်းသည်၊ **န ဟောတိ** = မဖြစ်။

**ဂဟပတိ** = အိမ်ရှင်ဒါယကာ၊ **သေယျထာပိ** = ဥပမာပြရလျှင်ကား၊ **ကူဋာဂါရေ** = အထွတ်တပ်ဆင်ထားအပ်သောအိမ်ကို၊ **ဒုစ္ဆန္နံ** = မကောင်းသဖြင့် မိုးအပ်လသော်၊ **ကူဋမ္ပိ** = အထွတ်သည်လည်း၊ ဝါ = ကိုလည်း၊ **အရက္ခိတံ** = မစောင့်ရှောက်အပ်တော့သည်၊ **ဟောတိ** = ၏၊ **ဂေါပါနသိယောပိ** = အခြင်ယနယ်တို့သည်လည်း၊ ဝါ = တို့ကိုလည်း၊ **အရက္ခိတာ** = မစောင့်ရှောက်အပ်ကုန်တော့သည်၊ **ဟောန္တိ** = ဖြစ်ကုန်၏၊ **ဘိတ္တိပိ** = နံရံသည်လည်း၊ **အရက္ခိတာ** = သည်။ပ။ **ကူဋမ္ပိ** သည်လည်း၊ **အဝဿုတံ** = မိုးစိုသည်။ပ။ **ဂေါပါနသိယောပိ** တို့သည်လည်း၊ **အဝဿုတာ** = မိုးစိုကုန်သည်။ပ။ **ကူဋမ္ပိ** သည်လည်း၊ **ပူတိကံ** = ပုပ်ဆွေးသည်။ပ။

**ဂဟပတိ** = အိမ်ရှင်ဒါယကာ၊ **ဧဝမေဝံ** = ဤအတူပင်။ပ။ **ဂဟပတိ** ကား = **စိတ္တေ** = စိတ်ကို၊ **ရက္ခိတေ** = စောင့်ရှောက်အပ်လသော်၊ **ကာယကမ္မမ္ပိ** သည်လည်း၊ ဝါ = ကိုလည်း၊ **ရက္ခိတံ** = စောင့်ရှောက်အပ်သည်။ပ။ **ရက္ခိတကာယကမ္မန္တဿ** = စောင့်ရှောက်အပ်သော ကာယကံရှိသော။ပ။ **အနဝဿုတံ** = ကိလေသာဖြင့် မစိုစွတ်သည်။ပ။ **အနဝဿုတကာယကမ္မန္တဿ** = မစိုစွတ်သော ကာယကံရှိသော။ပ။ **အပူတိကံ** = မပုပ်ဆွေးသည်။ပ။ **အပူတိကာယကမ္မန္တဿ** = မပုပ်ဆွေးသော ကာယကံရှိသော။ပ။ **သုစ္ဆန္နံ** = ကောင်းစွာမိုးအပ်လသော်။ပ။ ဣတိ (အဝေါစ) **သတ္တမံ** = ၇-ခုမြောက်သုတ်တည်း။

**၁၁၁။ ၈-ဗျာပန္နသုတ်။** ။ **ဂဟပတိ** = အိမ်ရှင်ဒါယကာ၊ **စိတ္တေ** - စိတ်သည်၊ **ဗျာပန္နေ** = ဖောက်ပြန်ခြင်းသို့ရောက်လသော်၊ ဝါ = ပျက်စီးလသော်၊ **ကာယကမ္မမ္ပိ** သည်လည်း၊ **ဗျာပန္န** = ဖောက်ပြန်ခြင်းသို့ ရောက်သည်၊ ဝါ = ပျက်စီးသည်၊ **ဟောတိ** = ၏။ပ။ **ဗျာပန္နကာယကမ္မန္တဿ** = ဖောက်ပြန်ခြင်းသို့ရောက်သော ကာယကံရှိသော။ပ။ **ဗျာပန္နမနောကမ္မန္တဿ** = သော၊ တဿ =

