## PAGE 571

ထိုသူ့မှာ၊ **ဘဒ္ဒကံ**။ပ။ **ကူဋမ္ပိ** သည်လည်း၊ **ဗျာပဇ္ဇံ** = ဖောက်ပြန်ခြင်းသို့ရောက်သည်၊ ဝါ = ပျက်စီးသည်။ပ။ **အဗျာပန္နေ** = ဖောက်ပြန်ခြင်းသို့ မရောက်လသော်၊ ဝါ = မပျက်စီးလသော်။ပ။ **အဋ္ဌမံ**။

#### ၉-ပဌမနိဒါနသုတ်

**၁၁၂။ ဘိက္ခဝေ** = ရဟန်းတို့၊ **ကမ္မာနံ** = ဝဋဂါမိကံတို့၏၊ ဝါ = ဝဋ်ဆင်းရဲသို့လားရောက်စေသော ကံတို့၏၊ ဝါ = တို့ကို၊ **သမုဒယာယ** = ဖြစ်ခြင်းငှာ၊ ဝါ = အားထုတ်စုဆောင်းခြင်းငှာ၊ **နိဒါနာနိ** = အကြောင်းတို့သည်၊ **ဣမာနိ တီဏိ** = ဤသုံးမျိုးတို့တည်း၊ **တီဏိ** = သုံးမျိုးတို့ဟူသည်၊ **ကတမာနိ** = အဘယ်တို့နည်းဟူမူ၊ **ကမ္မာနံ** = ဝဋဂါမိကံတို့၏၊ ဝါ = တို့ကို၊ **သမုဒယာယ** = ငှာ၊ ဝါ = ငှာ၊ **လောဘော** = လောဘဟူသော၊ ဝါ = လိုချင်ခြင်းသဘောဟူသော၊ **နိဒါနံ** = အကြောင်းလည်းကောင်း၊ **ကမ္မာနံ** = တို့၏၊ ဝါ = တို့ကို၊ **သမုဒယာယ** = ငှာ၊ ဝါ = ငှာ၊ **ဒေါသော** = ဒေါသဟူသော၊ ဝါ = စိတ်ဆိုးမုန်းတီးခြင်း သဘောဟူသော၊ **နိဒါနံ** = အကြောင်းလည်းကောင်း၊ **ကမ္မာနံ** = တို့၏၊ ဝါ = တို့ကို၊ **သမုဒယာယ** = ငှာ၊ ဝါ = ငှာ၊ **မောဟော** = မောဟဟူသော၊ ဝါ = အမှန်မသိခြင်းတွေဝေခြင်းသဘောဟူသော၊ **နိဒါနံ** လည်းကောင်းတည်း။

**ဘိက္ခဝေ** = တို့၊ **ယံ ကမ္မံ** = အကြင်ကံကို၊ ဝါ = အကြင်ကံသည်၊ **လောဘပကတံ** = လောဘသည် ပြုလုပ်အပ်၏၊ ဝါ = လောဘဖိစီး လောဘကြီး၍ ပြုလုပ်အပ်၏၊ **လောဘဇံ** = လောဘကြောင့်ဖြစ်၏၊ **လောဘနိဒါနံ** = လောဘဟူသော အကြောင်းရှိ၏၊ **လောဘသမုဒယံ** = လောဘဟူသော ဖြစ်ကြောင်းရှိ၏၊ **တံ ကမ္မံ** = ထိုလောဘကြောင့် ဖြစ်သောကံသည်၊ **အကုသလံ** = အကုသိုလ်တည်း၊ **တံ ကမ္မံ** = ထိုလောဘကြောင့် ဖြစ်သောကံသည်၊ **သာဝဇ္ဇံ** = အပြစ်ရှိ၏၊ **တံ ကမ္မံ** = သည်၊ **ဒုက္ခဝိပါကံ** = ဒုက္ခဟူသော အကျိုးရှိ၏၊ ဝါ = ဒုက္ခအကျိုးကို ဖြစ်စေတတ်၏၊ **တံ ကမ္မံ** = သည်၊ **ကမ္မသမုဒယာယ** = အခြားသော ဝဋဂါမိကံတို့၏ဖြစ်ခြင်းငှာ၊ **သံဝတ္တတိ** = ဖြစ်၏၊ **တံ ကမ္မံ** = ထိုလောဘကြောင့်ဖြစ်သောကံသည်၊ **ကမ္မနိရောဓာယ** = အခြားသော ဝဋ္ဌဂါမိကံတို့၏ချုပ်ခြင်းငှာ၊ **န သံဝတ္တတိ** = မဖြစ်။

**ဘိက္ခဝေ** = တို့၊ **ယံ ကမ္မံ** = အကြင်ကံကို၊ ဝါ = သည်၊ **ဒေါသပကတံ** = ဒေါသသည် ပြုလုပ်အပ်၏၊ ဝါ = ၏၊ **ဒေါသဇံ** = ဒေါသကြောင့်ဖြစ်၏။ပ။ **တံ ကမ္မံ** = ထိုဒေါသကြောင့်ဖြစ်သောကံသည်၊ **အကုသလံ** = အကုသိုလ်တည်း၊ **တံ ကမ္မံ** = ထိုဒေါသကြောင့်ဖြစ်သောကံသည်၊ **သာဝဇ္ဇံ** = ၏။ပ။ **ယံ ကမ္မံ** = အကြင်ကံကို၊

## PAGE 572

ဝါ = သည်၊ **မောဟပကတံ** = ၏။ပ။ **တံ ကမ္မံ** = ထိုမောဟကြောင့် ဖြစ်သောကံသည်၊ **ကမ္မနိရောဓာယ** = အခြားသော ဝဋဂါမိကံတို့၏ချုပ်ခြင်းငှာ၊ **န သံဝတ္တတိ** = မဖြစ်၊ **ဘိက္ခဝေ** = တို့၊ **ကမ္မာနံ** = ဝတ္တုဂါမိကံတို့၏၊ ဝါ = တို့ကို၊ **သမုဒယာယ** = ငှာ၊ **နိဒါနာနိ** = တို့သည်၊ **ဣမာနိ တီဏိ** = တို့တည်း၊ [နိဂုံးဝါကျ။]

**ဘိက္ခဝေ** = တို့၊ **ကမ္မာနံ** = **ဝိဝဋ္ဋဂါမိကံ**တို့၏၊ ဝါ = ဝဋ်ဆင်းရဲကင်းရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော ကံတို့၏၊ ဝါ = တို့ကို၊ **သမုဒယာယ** = ငှာ၊ ဝါ = ငှာ၊ **နိဒါနာနိ** = တို့သည်၊ **ဣမာနိ တီဏိ** = တို့တည်း၊ **တီဏိ** = သုံးမျိုးတို့ဟူသည်၊ **ကတမာနိ** = ဟူမူ၊ **ကမ္မာနံ** = **ဝိဝဋ္ဋဂါမိကံ**တို့၏၊ ဝါ = တို့ကို၊ **သမုဒယာယ** = ငှာ၊ **အလောဘော** = အလောဘဟူသော၊ **နိဒါနံ** = အကြောင်းလည်းကောင်း။ပ။

**ဘိက္ခဝေ** = တို့၊ **ယံ ကမ္မံ** = အကြင်ကံကို၊ ဝါသည်၊ **အလောဘပကတံ** = အလောဘသည် ပြုလုပ်အပ်၏။ပ။ **တံ ကမ္မံ** = ထိုအလောဘကြောင့်ဖြစ်သောကံသည်၊ **ကုသလံ** = ကုသိုလ်တည်း၊ **တံ ကမ္မံ** = ထိုအလောဘကြောင့်ဖြစ်သောကံသည်၊ **အနဝဇ္ဇံ** = အပြစ်မရှိ၊ **တံ ကမ္မံ** = သည်၊ **သုခဝိပါကံ** = သုခဟူသော အကျိုးရှိ၏၊ ဝါ = သုခအကျိုးကိုဖြစ်စေတတ်၏၊ **တံ ကမ္မံ** = သည်၊ **ကမ္မနိရောဓာယ** = ဝဋဂါမိကံတို့၏ ချုပ်ခြင်းငှာ၊ **သံဝတ္တတိ** = ၏၊ **တံ ကမ္မံ** = ထိုအလောဘကြောင့်ဖြစ်သောကံသည်၊ **ကမ္မသမုဒယာယ** = ဝဋဂါမိကံတို့၏ ဖြစ်ခြင်းငှာ၊ **န သံဝတ္တတိ** = မဖြစ်၊ **ဘိက္ခဝေ** = တို့၊ **ယံ ကမ္မံ** = အကြင်ကံကို၊ ဝါ = သည်၊ **အဒေါသပကတံ** = အဒေါသသည် ပြုလုပ်အပ်၏။ပ။ **တံ ကမ္မံ** = ထိုအဒေါသကြောင့် ဖြစ်သောကံသည်၊ **ကုသလံ** = တည်း။ပ။ **ဘိက္ခဝေ** = တို့၊ **ကမ္မာနံ** = **ဝိဝဋ္ဋဂါမိကံ**တို့၏၊ ဝါ = တို့ကို၊ **သမုဒယာယ** = ငှာ၊ ဝါ = ငှာ၊ **နိဒါနာနိ** = တို့သည်၊ **ဣမာနိ တီဏိ** = တည်း၊ **ဣတိ** = ဤသို့၊ (အဝေါစ = မိန့်တော်မူပြီ) **နဝမံ**။

#### ၁၀-ဒုတိယနိဒါနသုတ်

**၁၁၃။ ဘိက္ခဝေ** = တို့၊ **ကမ္မာနံ** = ဝဋဂါမိကံတို့၏၊ [ ဝဋ = ဝဋ်ဆင်းရဲသို့ + ဂါမိ = လားရောက်စေတတ်သောကံ ] ဝါ = တို့ကို၊ **သမုဒယာယ** = ငှာ၊ ဝါ = ငှာ။ပ။

**ဘိက္ခဝေ** = တို့၊ **အတီတေ** = အတိတ်ဖြစ်ကုန်သော၊ ဝါ = လွန်ပြီးဖြစ်ကုန်သော၊ **ဆန္ဒရာဂဋ္ဌာနိယေ** = ဆန္ဒရာဂ၏တည်ရာအကြောင်းဖြစ်ကုန်သော၊ [ ဆန္ဒ = လိုချင်ခြင်း + ရာဂ = တပ်မက်ခြင်း ] **ဓမ္မ** - တရားတို့ကို၊ **အာရမ္ဘ** = အကြောင်းပြု၍၊ **ဆန္ဒော** = လိုချင်မှုတဏှာသည်၊ **ဇာယတိ** - ဖြစ်၏၊ **ဘိက္ခဝေ** - တို့၊ **အနာဂတေ** = အနာဂတ်ဖြစ်ကုန်သော၊ ဝါ = နောင်ဖြစ်လတ္တံ့ကုန်သော၊ [ န + အာဂတ = မရောက်သေးသော ]
## PAGE 573

ရောက်ဆဲ,ဖြစ်ပြီးဖြစ်ဆဲမဟုတ်သော၊ ဝါ=ရောက်လတ္တံ့သော ။ပ။ **ပစ္စုပ္ပန္နေ** ပစ္စုပ္ပန်ဖြစ်ကုန်သော၊ ဝါ=ယခုဖြစ်ဆဲဖြစ်ကုန်သော။ပ။

**ဘိက္ခဝေ** = တို့၊ **ကထဉ္စ** - အဘယ်သို့သော အခြင်းအရာအားဖြင့်။ပ။ **ဇာယတိ** = ဖြစ်သနည်းဟူမူ၊ **စေတသာ** = စိတ်ဖြင့်၊ **အနုဝိတက္ကေတိ** - ထပ်တလဲလဲ ကြံစည်၏။ **အနုဝိစာရေတိ** = ထပ်တလဲလဲ ဆင်ခြင် သုံးသပ်၏၊ **အတီတေ** = ကုန်သော ။ပ။ **အနုဝိတက္ကယတော** = ထပ်တလဲလဲကြံစည်သော၊ **အနုဝိစာရယတော** = ထပ်တလဲလဲ ဆင်ခြင်သုံးသပ်သော၊ **တဿ** = ထိုသူမှာ၊ **ဆန္ဒော** = လိုချင်မှုတဏှာသည်၊ **ဇာယတိ** = ဖြစ်၏၊ **ဆန္ဒဇာတော** = ဖြစ်သော လိုချင်မှုတဏှာရှိသောသူသည်၊ **တေဟိ ဓမ္မေဟိ** = ထိုဆန္ဒရာဂဋ္ဌာနိယတရားတို့နှင့်၊ **သံယုတ္တော** - ယှဉ်တွဲသည်၊ **ဟောတိ** = ဖြစ်၏၊ **ဘိက္ခဝေ** = တို့၊ **စေတသော** = စိတ်၏။

**ယော သာရာဂေါ** - အကြင်ပြင်းထန်စွာတပ်မက်ခြင်းသည်၊ (အတ္ထိ=ရှိ၏) **ဧတံ** = ဤပြင်းထန်စွာ တပ်မက်ခြင်းကို၊ **အဟံ** = ငါသည်။ **သံယောဇနံ** = အနှောင်အဖွဲ့ဟူ၍၊ **ဝဒါမိ** = မိန့်ဆို၏၊ **ဘိက္ခဝေ** = တို့၊ **ဧဝံ** = ဤအခြင်းအရာအားဖြင့်၊ (ဤသို့အတိတ်ဆန္ဒရာဂဋ္ဌာနိယ တရားတို့ကို ထပ်တလဲလဲကြံစည်စဉ်းစား၍ ပြင်းထန်စွာတပ်မက်ကာ သံယောဇဉ်ဖြစ်ပွားနေခြင်းဖြင့်) **အတီတေ** ။ပ။ **ဇာယတိ** - ဖြစ်၏။ **ယံ**

**ဘိက္ခဝေ** = တို့၊ **ကမ္မာနံ** = ဝိဝဋဂါမိကံတို့၏၊ ဝါ=တို့ကို၊ **သမုဒယာယ** = ငှာ၊ ဝါ=ငှာပ။ **န ဇာယတိ** = မဖြစ်။ပ။ **ဘိက္ခဝေ** - တို့၊ **အတီတာနံ** = အတိတ်ဖြစ်ကုန်သော၊ ဝါ=လွန်ခဲ့ပြီးဖြစ်ကုန်သော။ **ဆန္ဒရာဂဋ္ဌာနိယာနံ** = ကုန်သော၊ **ဓမ္မာနံ** = တရားတို့၏၊ **အာယတိ** = နောင်ဖြစ်လတ္တံ့သော၊ **ဝိပါကံ** = အကျိုးကို၊ **ပဇာနာတိ** = သိ၏။ပ။ **ဝိဒိတွာ** သိပြီး၍၊ **တံ** = ထိုအကျိုးကို၊ ဝါ=ထိုဆန္ဒရာဂဋ္ဌာနိယတရားတို့နှင့် ထိုတရားတို့၏အကျိုးကို၊ **အဘိနိဝတ္တေတိ** - (ဝိပဿနာဖြင့်) လွှမ်းဖိ၍ ဆုတ်နစ်စေ၏၊ **တံ** = ထိုအကျိုးကို၊ ဝါ=ကို၊ **အဘိနိဝတ္တေတွာ** = (မဂ်ဖြင့်) လွှမ်းဖိဆုတ်နစ်စေပြီး၍၊ **စေတသာ** = မဂ်စိတ်ဖြင့်၊ **အဘိနိဝိဇ္ဈိတွာ** = (ကိလေသာတို့ကို) လွှမ်းဖိထိုးဖောက်၍၊ **ပညာယ** = ဝိပဿနာပညာ မဂ်ပညာဖြင့်၊ **အဘိဝိဇ္ဈ** ကိလေသာတို့ကို ထွင်းဖောက်၍၊ **ပဿတိ** = နိဗ္ဗာန်ကို ထင်ရှားစွာ မြင်၏

**ဘိက္ခဝေ** = တို့၊ **ဧဝံ** = ဤသို့သော အခြင်းအရာအားဖြင့်၊ (ဤသို့ ဆန္ဒရာဂဋ္ဌာနိယတရားတို့၏ အနာဂတ်အကျိုးကိုသိ၍၊ လွှမ်းဖိဆုတ်နစ်စေလျက် ကိလေသာတို့ကိုထိုးဖောက်ဖျက်ဆီးကာ နိဗ္ဗာန်ကို သိမြင်ခြင်းအားဖြင့်) **အတီတေ** ။ပ။ **ဣတိ** (အဝေါစ) **ဒသမံ** = ဆယ်ခုမြောက်သုတ်တည်း၊ **ပဌမော** = ရှေးဦးစွာသော၊ **သမ္ဗောဓဝဂ္ဂေါ** = သမ္ဗောဓဝဂ်တည်း။

