## PAGE 574

#### (၁၂) ၂-အာပါယိကဝဂ်

**၁-အာပါယိကသုတ်**

**၁၁၄။ ဘိက္ခဝေ** = ရဟန်းတို့၊ **ဣဒံ** = ဤပြဆိုလတ္တံ့သော မကောင်းမှုသုံးမျိုးကို၊ **အပ္ပဟာယ** = မပယ်စွန့်နိုင်ကြ၍၊ **အာပါယိကာ** = အပါယ်သို့ သွားရောက်မည့်သူတို့သည်၊ **နေရယိကာ** = ငရဲသို့သွားရောက်ရမည့်သူတို့သည်၊ **ဣမေ တယော** = ဤသုံးဦးတို့တည်း၊ **တယော** = သုံးဦးတို့ဟူသည်၊ **ကတမေ** = အဘယ်တို့နည်းဟူမူ။ **ယော စ** = အကြင်သူသည်လည်း၊ **အဗြဟ္မစာရီ** = မြတ်သောအကျင့်ကိုကျင့်လေ့ရှိသူ မဟုတ်ပါဘဲလျက်၊ **ဗြဟ္မစာရိပဋိညာ** = မြတ်သော အကျင့်ကိုကျင့်လေ့ရှိသူဟု ဝန်ခံမှုရှိသည်၊ (မြတ်သောအကျင့်ရှိဟန်ဆောင်နေခြင်းကြောင့်မြတ်သောအကျင့်ကို ကျင့်လေ့ရှိသူဟု ဝန်ခံမှုရှိသကဲ့သို့ဖြစ်သည်။ ဝါ=ဥပုသ်ပဝါရဏာစသည်တို့တွင် ပါဝင်လျက် မြတ်သောအကျင့်ကို ကျင့်လေ့ရှိသူဟုအတိအလင်း ဖွင့်ဟဝန်ခံမှုရှိသည်). **ဟောတိ** = ဖြစ်၏။

**ယော စ** = အကြင်သူသည်လည်း၊ **သုဒ္ဓံ** - စင်ကြယ်သော၊ ဝါ=စင်ကြယ်စွာ၊ **ဗြဟ္မစရိယံ** = မြတ်သောအကျင့်ကို၊ **စရန္တ** = ကျင့်နေသော ရဟန်းကို၊ **အမူလကေန** = အခြေအမြစ်မရှိသော၊ **အဗြဟ္မစရိယေန** = မမြတ်သောမေထုန်စသောအကျင့်ဖြင့်၊ **အနုဒ္ဓံသေတိ** = ဆဲဆိုကြိမ်းမောင်း စွပ်စွဲ၏၊ **ယော စ အယံ** = အကြင်သူသည်လည်း၊ “**ကာမေသု** = အာရုံငါးဝ ဝတ္ထုကာမတို့၌၊ ဝါ=အာရုံငါးဝဝတ္ထုကာမတို့ကို ကိလေသကာမဖြင့် သုံးဆောင်မှီဝဲခြင်းကြောင့်၊ ဒေါသော = အပြစ်အန္တရာယ်သည်၊ **နတ္ထိ** = မရှိ” **ဣတိ** = ဤသို့၊ **ဧဝံဝါဒီ** = ဤအတိုင်း ပြောဆိုလေ့ရှိ၏။ **ဧဝံဒိဋ္ဌိ** = ဤအတိုင်း အယူအဆရှိ၏။ **သော** = ထိုသူသည်၊ **တာယ** = ထိုအယူအဆဖြင့်၊ **ကာမေသု** = အာရုံငါးဝ ဝတ္ထုကာမတို့၌၊ **ပါတဗျတံ** = အလိုရှိတိုင်းသောက်သုံးခံစားသူ၏အဖြစ်သို့၊ **အာပဇ္ဇတိ** = ရောက်၏၊ **ဘိက္ခဝေ** = တို့၊ **ဣဒံ** = ဤဆိုအပ်ပြီးသော မကောင်းမှုသုံးမျိုးကို၊ **အပ္ပဟာယ** = ၍၊ **အာပါယိကာ** = တို့သည်၊ **နေရယိကာ** = တို့သည်၊ **ဣမေ တယော** ဤသုံးဦးတို့တည်း၊ **ဣတိ** - ဤသို့၊ (အဝေါစ=မိန့်တော်မူပြီ) **ပဌမံ**။

**၂-ဒုလ္လဘသုတ်**

**၁၁၅။ ဘိက္ခဝေ** = တို့၊ **တိဏ္ဏံ** = သုံးဦးသော ပုဂ္ဂိုလ်တို့၏၊ **ပါတုဘာဝေါ** = ထင်ရှားဖြစ်ခြင်းကို၊ **လောကသ္မိံ** = သတ္တလောက၌၊ **ဒုလ္လဘော** = ခဲယဉ်းသဖြင့်ရအပ်၏၊ ဝါ-ရနိုင်ခဲ၏၊ **ကတမေသံ** = အဘယ်မည်ကုန်သော၊ **တိဏ္ဏံ** = သုံးဦးသော

## PAGE 575

ပုဂ္ဂိုလ်တို့၏၊ (**ပါတုဘာဝေါ** = ကို၊ **လောကသ္မိံ** = ၌၊ **ဒုလ္လဘော** - ခဲယဉ်းသဖြင့်ရအပ်သနည်းဟူမူ) **ဘိက္ခဝေ** = ရဟန်းတို့၊ **အရဟတော** = ကိလေသာရန်သူတို့မှဝေးကွာတော်မူသော၊ **သမ္မာသမ္ဗုဒ္ဓဿ** = အမှားမပါ, မှန်စွာပိုင်နိုင်, ကိုယ်တိုင်စထွင်, ကုန်စင်ခပင်း, ကျန်ကြွင်းမရှိ သိမြင်တော်မူသော၊ **တထာဂတဿ** = မြတ်စွာဘုရား၏၊ (ဝိပဿီစသား, ရှေးဘုရားတို့နှင့် မခြားတမှု, အလားတူကြွလာတော်မူသော မြတ်စွာဘုရား၏) **ပါတုဘာဝေါ** = ကို၊ **လောကသ္မိံ** = ၌၊ **ဒုလ္လဘော** = ၏၊ **တထာဂတပ္ပဝေဒိတဿ** = မြတ်စွာဘုရား, ဟောကြားထုတ်ဖော်, သိစေတော်မူအပ်သော၊ **ဓမ္မဝိနယဿ** = သုတ်, အဘိဓမ္မာ, ဝิနည်းကို၊ **ဒေသေတာ** = ဟောကြားတတ်သော **ပုဂ္ဂလော** = ပုဂ္ဂိုလ်ကို၊ **လောကသ္မိံ** ၌၊ **ဒုလ္လဘော** - ၏၊ **ကတညု** = သူတစ်ပါး ပြုအပ်ခဲ့ဖူးသော ကျေးဇူးကို သိတတ်သော၊ **ကတဝေဒီ** = သူတစ်ပါးပြုအပ်ခဲ့ဖူးသော ကျေးဇူးကို ထင်ရှားဖော်ပြဆပ်ပေးတတ်သော၊ **ပုဂ္ဂလော** = ကို၊ **လောကသ္မိံ** ၌၊ **ဒုလ္လဘော** = ခဲယဉ်းသဖြင့် ရအပ်၏။ ဝါ=ရနိုင်ခဲ၏၊ **ဘိက္ခဝေ** - တို့၊ **ဣမေသံ တိဏ္ဏံ** = ဤသုံးဦးသော ပုဂ္ဂိုလ်တို့၏ ။ပ။ **ဒုလ္လဘော** ၏ **ဣတိ** - ဤသို့၊ (အဝေါစ=မိန့်တော်မူပြီ) **ဒုတိယံ**။

**၃-အပ္ပမေယျသုတ်**

**၁၁၆။ ဘိက္ခဝေ** = တို့၊ **တယော** = သုံးဦးကုန်သော၊ **ဣမေ ပုဂ္ဂလာ** = ဤပုဂ္ဂိုလ်တို့သည်၊ ဝါ=ဤပုဂ္ဂိုလ်တို့ကို၊ **လောကသ္မိံ** = သတ္တလောက၌၊ **သန္တော** = ထင်ရှားရှိကုန်၏၊ **သံဝိဇ္ဇမာနာ** = ရအပ်ကုန်၏၊ **တယော** = သုံးဦးသော ပုဂ္ဂိုလ်တို့ဟူသည်၊ **ကတမေ** = အဘယ်တို့နည်းဟူမူ၊ **သုပ္ပမေယျော** = (အကျင့်ဂုဏ်အားဖြင့်) လွယ်ကူသဖြင့် တိုင်းတာအပ်သော ပုဂ္ဂိုလ်လည်းကောင်း၊ **ဒုပ္ပမေယျော** = (အကျင့်ဂုဏ်အားဖြင့်) ခက်ခဲသဖြင့် တိုင်းတာအပ်သော ပုဂ္ဂိုလ်လည်းကောင်း၊ **အပ္ပမေယျော** - (အကျင့်ဂုဏ်အားဖြင့်) မတိုင်းတာအပ်, မတိုင်းတာနိုင်သော ပုဂ္ဂိုလ်လည်းကောင်းတည်း။

**ဘိက္ခဝေ** = တို့၊ **သုပ္ပမေယျော** = လွယ်ကူသဖြင့် တိုင်းတာအပ်သော၊ **ပုဂ္ဂလော** = ပုဂ္ဂိုလ်ဟူသည်၊ **ကတမော စ** = အဘယ်နည်းဟူမှု၊ **ဘိက္ခဝေ** = တို့၊ **ဣဓ** = ဤလောက၌၊ **ဧကစ္စော** = အချို့သော၊ **ပုဂ္ဂလော** = သည်၊ **ဥဒ္ဓတော** = ပျံ့လွင့်သည်၊ ဝါ=ပျံ့လွင့်လှုပ်ကြွ ဥဒ္ဓစ္စသဘောရှိသည်၊ **ဥန္နဠော** = မြင့်တက်လွင့်လူကျူရိုးနှင့်တူသော မာနရှိသည်၊ [ဒုကနိပါတ်စာပိုဒ် (၄၃)၌လည်း ကြည့်] **စပလော** = လျှပ်ပေါ်လော်လီသည်၊ **မုခရော** = ရိုင်းစိုင်းကြမ်းကြုတ်သော နှုတ်ခွန်း
## PAGE 576

**အဗျတ္တော**= စကား ရှိသည်၊ **ဝိကိဏ္ဏဝါစော**= ဖရိုဖရဲ ဖွာကြဲသောစကားရှိသည်၊ (နှုတ်စောင့်စည်းမှု မရှိဘဲ ဟောင်ဖွာဟောင်ဖွာ ပြောချင်ရာ ပြောနေသည်) **မုဋ္ဌဿတိ**= လွတ်ကင်းသော သတိရှိသည်၊ **အသမ္ဗဇာနော**= ကောင်းစွာဆင်ခြင် မသိမြင်သည်၊ **အသမာဟိတော**= တခုတည်းသော အာရုံ၌ စိတ်ကို ကောင်းမွန်တည်တံ့စွာ မထားနိုင်သည်၊ ဝါ= မတည်ကြည်သည်၊ **ဝိဗ္ဘန္တစိတ္တော**= အာုံအများ လှည့်လည်သွားလာနေသော စိတ်ရှိသည်၊ **ပါကတိန္ဒြိယော**= လူ၏အသွင် ပေါ်လွင်သော ဣန္ဒြေရှိသည်၊ **ဟောတိ**= ဖြစ်၏၊ **ဘိက္ခဝေ**= တို့၊ **အယံ**= ဤပုဂ္ဂိုလ်ကို၊ **သုပ္ပမေယျော**= အပ်သော၊ **ပုဂ္ဂလော**၊ ပုဂ္ဂိုလ်ဟူ၍၊ **ဝုစ္စတိ**= ခေါ်ဆိုအပ်၏။

**ပုဂ္ဂလော** သည်၊ **အနုဒ္ဓတော**= မပျံ့လွင့်သည်၊ ပ= မလျှပ်ပေါ် မလော်လီသည်၊ **အမုခရော**= [စကားမရှိသည်] ။ပ။ **ဥပဋ္ဌိတသတိ**= (ကမ္မဋ္ဌာန်းအာရုံ၌) စွဲကပ်တည်နေသော သတိရှိသည်၊ **သမ္ပဇာနော**= ကောင်းစွာဆင်ခြင်သိမြင်သည်၊ **သမာဟိတော**= တခုတည်းသော ကမ္မဋ္ဌာန်းအာရုံ၌ စိတ်ကို ကောင်းမွန်တည်တံ့စွာ ထားသည်၊ **ဧကဂ္ဂစိတ္တော**= တခုတည်းသော အာရုံရှိသော စိတ်ရှိသည်၊ **သံဝုတိန္ဒြိယော**= စောင့်စည်းအပ်သော ဣန္ဒြေရှိသည်၊ **ဟောတိ**= ၏။ပ။ **ဘိက္ခဝေ**= တို့၊ **ဣဓ**= ဤသာသနာတော်၌၊ **ဘိက္ခု**= ရဟန်းသည်၊ **အရဟံ**= ကိလေသာတို့မှ ဝေးကွာသည်၊ **ခီဏာသဝေါ**= ကုန်ခန်းပြီးသော အာသဝတရားရှိသည်၊ **ဟောတိ**= ဖြစ်၏၊ **ဘိက္ခဝေ**= တို့၊ **အယံ**= ဤခီဏာသဝရဟန်းကို၊ **အပ္ပမေယျော** သော၊ **ပုဂ္ဂလော**= ပုဂ္ဂိုလ်ဟူ၍၊ **ဝုစ္စတိ**= ၏၊ **ဘိက္ခဝေ**= တို့၊ **လောကသ္မိံ**= ၌၊ **တယော**= ကုန်သော၊ **ဣမေ ပုဂ္ဂလာ**= တို့သည်၊ ဝါ= တို့ကို၊ **သန္တော**= ကုန်၏၊ **သံဝိဇ္ဇမာနာ**= ကုန်၏၊ **ဣတိ** (အဝေါစ) တတိယံ။

#### ၄-အာနန္ဒသုတ်

**၁၁၇။** [“သဗ္ဗသော ရူပသညာနံ” စသော အရူပဈာန်ဆိုင်ရာ ပုဒ်တို့၏ အနက်နှင့် ရှင်းလင်းချက်ကို ဧကကနိပါတ်စာပိုဒ် (၄၃၅) ၌ကြည့်] **ဘိက္ခဝေ**= တို့၊ **ဣဓ** ၌၊ **ဧကစ္စော**= သော၊ **ပုဂ္ဂလော**= သည်၊ **သဗ္ဗသော**= အားလုံးစုံသော အခြင်းအရာအားဖြင့်၊ ဝါ= အားလုံးစုံကုန်သော၊ **ရူပသညာနံ**= တို့ကို ။ပ။ **ဥပသမ္ပဇ္ဇ**= ၍၊ **ဝိဟရတိ**= ၏၊ **သော**= ထိုပုဂ္ဂိုလ်သည်၊ **တံ**= ထိုအာကာသာနဉ္စာယတနဈာန်ကို၊ **အဿာဒေတိ**= သာယာ၏၊ **တံ**= ထိုအာကာသာနဉ္စာယတနဈာန်ကို၊ **နိကာမေတိ**= လိုလားတောင့်တ၏၊ **တေန စ**= ထိုအာကာသာနဉ္စာယတနဈာန်ဖြင့်လည်း၊ **ဝိတ္တိ**= နှစ်သက်ခြင်းသို့၊ **အာပဇ္ဇတိ**= ရောက်၏၊ **တတြ**= ထိုအာကာသာ

