## PAGE 577

**နဉ္စာယတနဈာန်၌**၊ **ဌိတော**= တည်နေလျက်၊ **တဒဓိမုတ္တော**= ထိုအာကာသာနဉ္စာယတနဈာန်၌ ညွတ်ကိုင်းလျက်၊ ဝါ= ထိုအာကာသာနဉ္စာယတနဈာန်သို့ စိတ်ကို စေလွှတ်လျက်၊ **တဗ္ဗဟုလဝိဟာရီ**= ထိုအာကာသာ နဉ္စာယတနဈာန်ဖြင့် ကြိမ်ဖန်များစွာ နေလေ့ရှိလျက်၊ **အပရိဟီနော**= ထိုဈာန်မှ မယုတ်လျောကျဘဲ၊ **ကာလံ**= ကွယ်လွန်ခြင်းကို၊ **ကုရုမာနော**= ပြုလတ်သော်၊ **အာကာသာနဉ္စာယတနူပဂါနံ**= အာကာသာနဉ္စာယတနဘုံ၌ ဖြစ်ကုန်သော၊ **ဒေဝါနံ**= ဗြဟ္မာတို့၏၊ **သဟဗျတံ**= အတူတကွဖြစ်ဖက် အဖော်သဟဲ၏ အဖြစ်သို့၊ **ဥပပဇ္ဇတိ**= လားရောက်၏၊ **ဘိက္ခဝေ**= တို့၊ **အာကာသာနဉ္စာယတနူပဂါနံ**= ကုန်သော၊ **ဒေဝါနံ**= တို့၏၊ **အာယုပ္ပမာဏံ**= အသက်တမ်းပမာဏသည်၊ **ဝီသတိကပ္ပသဟဿာနိ**= မဟာကပ်နှစ်သောင်းတို့တည်း။ တနည်း- **ဝီသတိ**= ၂၀ သော၊ **ကပ္ပသဟဿာနိ**= မဟာကပ်အထောင်တို့တည်း။

**တတ္ထ**= ထိုအာကာသာနဉ္စာယတနဗြဟ္မာတို့၌၊ **ပုထုဇ္ဇနော**= ပုထုဇဉ်ပုဂ္ဂိုလ်သည်၊ **ယာဝတာယုကံ**= အသက်ရှည်သမျှ ကာလပတ်လုံး၊ **ဌတွာ**= တည်နေ၍၊ **တေသံ ဒေဝါနံ**= ထိုအာကာသာနဉ္စာယတန ဗြဟ္မာတို့၏၊ **အာယုပ္ပမာဏံ**= သည်၊ **ယာဝတကံ**= အကြင်မျှလောက် အပိုင်းအခြားရှိ၏၊ **တံ သဗ္ဗံ**= ထိုအားလုံးသော အသက်အပိုင်းအခြားကို၊ **ခေပေတွာ**= ကုန်စေပြီး၍၊ **နိရယမ္ပိ**= ငရဲသို့လည်း၊ **ဂစ္ဆတိ**= သွားရောက်ရ၏၊ (လူ့ပြည်နတ်ပြည်မှ တဆင့် သွားရောက်ရတတ်၏) **တိရစ္ဆာနယောနိမ္ပိ**= တိရစ္ဆာန်ဘဝသို့လည်း၊ **ဂစ္ဆတိ**= ၏၊ **ပေတ္တိဝိသယမ္ပိ**= ပြိတ္တာတို့၏ ဖြစ်ရာဘဝသို့လည်း၊ **ဂစ္ဆတိ**= ၏၊ **ပန**= ထူးခြားချက်ကား၊ **ဘဂဝတော**= မြတ်စွာဘုရား၏၊ **သာဝကော**= အောက်ဖိုလ် အရိယာတပည့်သည်၊ **တတ္ထ**= ထိုအာကာသာနဉ္စာယတန ဗြဟ္မာတို့၌ ။ပ။ **တသ္မိံယေဝ ဘဝေ**= ထိုအရူပဗြဟ္မာဘဝ၌ပင်၊ **ပရိနိဗ္ဗာယတိ**= ပရိနိဗ္ဗာန်ပြု၏။ ဝါ= ပဋိသန္ဓေနေခြင်း၏အကြောင်းဖြစ်သော တဏှာစသည်မှ ကင်းသော ခန္ဓာဇာတ်သိမ်းချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်း၏၊ [အောက် ကာမဘုံသို့ ပဋိသန္ဓေ မနေလာတော့ဟူလို]။

**ဘိက္ခဝေ**= တို့၊ **အယံခေါ**= ဤသည်ပင်လျှင်၊ (ဤသို့ အောက်ဖိုလ်အရိယသာဝက၏ အရူပဗြဟ္မာဘဝ၌ပင်လျှင် ပရိနိဗ္ဗာန်စံခြင်း၊ ပုထုဇဉ်ပုဂ္ဂိုလ်၏ ငရဲစသည်သို့ သွားရောက်ရခြင်းသည်ပင်လျှင်) **သုတဝတော**= အကြားအမြင်သုတရှိသော၊ ဝါ= အာဂမသုတ၊ အဓိဂမသုတ ရှိသော· ၎င်း၏ အကျယ်ကို ဧကကနိပါတ်စာပိုဒ် (၅၁) ကြည့်] **အရိယသာဝကဿ**= အောက်ဖိုလ်အရိယာတပည့်၏၊ **အဿုတဝတာ**= အကြားအမြင်သုတမရှိသော၊ **ပုထုဇ္ဇနေန**= ပုထုဇဉ်

## PAGE 578

ပုဂ္ဂိုလ်နှင့်၊ **ဂတိယာ**= လားရောက်အပ်သော ဘဝအားဖြင့်၊ **ဥပပတ္တိယာ**= ဘဝပဋိသန္ဓေအားဖြင့်၊ **ဝိသေသော**= ထူးခြားချက်တည်း၊ [ယဒိဒံ အနက်မရှိကြံပါ]

**အယံ**= ဤသည်ပင်၊ (ဤသို့ အောက်ဖိုလ်အရိယသာဝက၏ အရူပဗြဟ္မာဘဝ၌ပင်လျှင် ပရိနိဗ္ဗာန်စံခြင်းသည် ပင်လျှင်) **သုတဝတော**= သော၊ **အရိယသာဝကဿ**= ၏၊ **အဿုတဝတာ**= သော၊ **ပုထုဇ္ဇနေန**= နှင့်၊ **ဂတိယာ**= ဖြင့်၊ **ဥပပတ္တိယာ**= ဖြင့်၊ **အဓိပ္ပယာသော**= လွန်ကဲစွာ အားထုတ်ကြောင်း အပြုအမူတည်း၊ **ဣဒံ**= ဤသည်ပင်လျှင် (ဤသို့ အောက်ဖိုလ်အရိယ....လျှင်) **သုတဝတော**= သော၊ **အရိယသာဝကဿ** ၏၊ **အသုတဝတာ**= သော၊ **ပုထုဇ္ဇနေန**= နှင့်၊ **ဂတိယာ**= ဖြင့်၊ **ဥပပတ္တိယာ**= ဖြင့်၊ **နာနာကရဏံ**= တသီးတခြားစီကွဲပြားအောင် ပြုကြောင်းဖြစ်သော ထူးခြားချက်တည်း၊ ဤကား ဤသုတ်ပါဠိရှိသည့်အတိုင်း အနက်ပေးခြင်းတည်း၊ စတုက္ကနိပါတ်စာပိုဒ် (၁၂၃) ၌လည်း ကြည့်ပါ]။

**ဘိက္ခဝေ**= ရဟန်းတို့၊ **ပုန စပရံ**= နောက်ထပ်အခြားသော ပုဂ္ဂိုလ်တဦးကား၊ **ဣဓ**= ၌၊ **ဧကစ္စော**= သော၊ **ပုဂ္ဂလော**= သည်၊ **သဗ္ဗသော**= အားဖြင့်၊ ဝါ= အားလုံးစုံသော၊ **ဝိညာဏဉ္စာယတနံ**= ကို ။ပ။ **ဝိဟရတိ**= ၏၊ **သော**= ထိုပုဂ္ဂိုလ်သည်၊ **တံ**= ထိုဝိညာဏဉ္စာယတနဈာန်ကို၊ **အဿာဒေတိ**= ၏၊ **တံ**= ထိုဝိညာဏဉ္စာယတနဈာန်ကို၊ **နိကာမေတိ**= ၏၊ **တေန စ**= ထိုဝိညာဏဉ္စာယတနဈာန်ဖြင့်လည်း၊ **ဝိတ္တိ**= သို့ ။ပ။ **တတြ**= ထိုဝိညာဏဉ္စာယတနဈာန်၌၊ **ဌိတော**= လျက်၊ **တဒဓိမုတ္တော**= ထိုဈာန်၌ ညွတ်ကိုင်းလျက်၊ ဝါ= လျက်၊ **တဗ္ဗဟုလဝိဟာရီ**= ထိုဈာန်ဖြင့် ကြိမ်ဖန်များစွာ နေလေ့ရှိလျက်၊ **အပရိဟီနော**= ဘဲ။ပ။ **ဝိညာဏဉ္စာယတနူပဂါနံ**= ဝိညာဏဉ္စာယတနဘုံ၌ ဖြစ်ကုန်သော ။ပ။ **အာယုပ္ပမာဏံ**= သည်၊ **စတ္တာလီသံကပ္ပသဟဿာနိ**= မဟာကပ်လေးသောင်းတို့တည်း၊ တနည်း- **စတ္တာလီသံ**= လေးဆယ်သော၊ **ကပ္ပသဟဿာနိ**= မဟာကပ်အထောင် တို့တည်း] **တတ္ထ**= ထိုဝိညာဏဉ္စာယတန ဗြဟ္မာတို့၌ ။ပ။ **တေသံ ဒေဝါနံ**= ထိုဝိညာဏဉ္စာယတနဗြဟ္မာတို့၏ ။ပ။ **တတ္ထ**= ထိုဝိညာဏဉ္စာယတန ဗြဟ္မာတို့၌ ။ပ။ **တသ္မိံယေဝ ဘဝေ**= ထိုအရူပဗြဟ္မာဘဝ၌ပင်၊ **ပရိနိဗ္ဗာယတိ**= ၏ ။ပ။ **အာကိဉ္စညာယတနံ**= သို့၊ ဝါ= ကို၊ **ဥပသမ္ပဇ္ဇ**= ၍၊ **ဝိဟရတိ**= နေ၏၊ **သော**= ထိုပုဂ္ဂိုလ်သည်၊ **တံ**= ထိုအာကိဉ္စညာယတနဈာန်ကို၊ **အဿာဒေတိ**= ၏၊ **တံ**= ထိုအာကိဉ္စညာယတနဈာန်ကို၊ **နိကာမေတိ**= ၏ ။ပ။ **အာကိဉ္စညာယတနူပဂါနံ**= အာကိဉ္စညာယတနဘုံ၌ ဖြစ်ကုန်သော **ဟောတိ**။ **ဘိက္ခဝေ**= တို့၊ **အာကိဉ္စညာယတနူပဂါနံ**= ကုန်သော၊ **ဒေဝါနံ**= ဗြဟ္မာတို့၏၊ **အာယုပ္ပမာဏံ**= သည်၊ **သဋ္ဌိကပ္ပသဟဿာနိ**= မဟာကပ် ခြောက်သောင်းတို့တည်း။
## PAGE 579

တည်း၊ **တတ္ထ** = ထိုအာကိဉ္စညာယတန ဗြဟ္မာတို့၌၊ **တေသံ ဒေဝါနံ** = ထိုအာကိဉ္စညာယတန ဗြဟ္မာတို့၏ ။ပ။ စတုတ္ထ။

#### ၅-ဝိပတ္တိသမ္ပဒါသုတ်

**၁၁၈။ ဘိက္ခဝေ** = ရဟန်းတို့၊ **ဝိပတ္တိယော** = ပျက်စီးခြင်းတို့သည်၊ **ဣမာ တိဿော** = ဤသုံးမျိုးတို့တည်း၊ **တိဿာ** = သုံးမျိုးတို့ဟူသည်၊ **ကတမာ** = အဘယ်တို့နည်းဟူမူ၊ **သီလဝိပတ္တိ** = သီလ၏ ပျက်စီးခြင်းလည်းကောင်း၊ **စိတ္တဝိပတ္တိ** = စိတ်၏ ပျက်စီးခြင်းလည်းကောင်း၊ **ဒိဋ္ဌိဝိပတ္တိ** = အယူ၏ပျက်စီးခြင်းလည်းကောင်းတည်း။

**ဝါ** = ဖောက်ပြန်ပျက်စီးသော အယူလည်းကောင်း တည်း၊ [“ဝိပ်ပတ္တိ”ဟု မဖတ်နဲ့]

**ဘိက္ခဝေ** = တို့၊ **သီလဝိပတ္တိ** = သီလ၏ ပျက်စီးခြင်းဟူသည်၊ **ကတမာ စ** = အဘယ်နည်း၊ **ဘိက္ခဝေ** = တို့၊ **ဣဓ** = ဤလောက၌၊ **ဧကစ္စော** = အချို့သောသူသည်၊ **ပါဏာတိပါတီ** = သတ္တဝါ, အသက်ကို သတ်သူသည်၊ **ဝါ** = သတ္တဝါ, အသက်ကို လျင်မြန်စွာ လျောကျစေသူသည်၊ [ကျန်အနက်တို့ကို စာပိုဒ်-၇၁-ဥပေါသထသုတ်၌ကြည့်] **ဟောတိ** = ဖြစ်၏၊ **အဒိန္နာဒါယီ** = ပိုင်ရှင်မပေးအပ်သော သူတစ်ပါးပစ္စည်းကို ခိုးယူလုယက်သူသည်၊ **ဟောတိ** = ၏၊ **ကာမေသု မိစ္ဆာစာရီ** = မေထုန်ကာမအကျင့်တို့၌ ယုတ်မာစွာ ကျင့်သူသည်၊ **ဟောတိ** = ၏၊ **မုသာဝါဒီ** = မဟုတ်မမှန်သောစကားကို ပြောဆိုသူသည် ။ပ။

[**ပိသုဏဝါစော** = ကုန်းတိုက်စကားကို ပြောဆိုသူသည် အလွယ်အနက်တည်း] **ဝါ** = ညီညွတ်နေသူတို့ကို စိတ်ဝမ်းကွဲပြားအောင် ပြုတတ်သော ကုန်းတိုက်စကားရှိသူသည်၊ **သမဂ္ဂေ သတ္တေ ပိသတိ၊ ဝဂ္ဂေ ဘိန္နေ ကရောတီတိ**

**၁။ ကာမေသုမိစ္ဆာစာရီ ။ ။ ကာမီယန္တိတိ ကာမာ** = (သတ္တဝါတို့) လိုလားတပ်မက်အပ်သော မေထုန်အကျင့်၊ **ဝါ** = လိုလားတပ်မက်အပ်သော မေထုန်၏တည်ရာ ဖိုမသတ္တဝါများ၊ **မိစ္ဆာ လာမကတော စရတီတိ မိစ္ဆာစာရီ** = ယုတ်မာစွာ ကျင့်သောသူ၊ **ကာမေသု မေထုနသမာစာရေသု မေထုနဝတ္ထုသု ဝါ မိစ္ဆာစာရီ ကာမေသုမိစ္ဆာစာရီ** = မေထုန်ကာမ အကျင့်တို့၌ (ဝါ=မေထုန်အကျင့်၏တည်ရာ ဖိုမသတ္တဝါတို့၌) ယုတ်မာစွာကျင့်သောသူ။

(တနည်း) **ဝတ္ထုကာမေသု (ကိလေသကာမေန) စရတီတိ ကာမေသုမိစ္ဆာစာရီ** = ဝတ္ထုကာမတို့၌ (ကိလေသာကာမဖြင့်) ယုတ်မာစွာ ကျင့်သောသူ။

“ကာမေသု”၌ သုဝိဘတ်မကျေသော အလုတ္တတပ္ပုရိသ် သမာသ်တည်း။

