## PAGE 580

[**ပိသုဏာ၊ ပိသုဏာ ဝါစာ အဿာတိ ပိသုဏဝါစော**] **ဝါ** = မိမိကို ချစ်မြတ်နိုးခံရအောင်, သူတပါးကို အချစ်ဆိတ်သုဉ်း အမုန်းခံရအောင် ပြုကြောင်းဖြစ်သော ကုန်းတိုက်စကားရှိသူသည်၊ **ပိယ** = ချစ်မြတ်နိုးခံရအောင် + **သုည** = အချစ် ဆိတ်သုဉ်းအောင် + **ကရဏာ** = ပြုကြောင်းဖြစ်သော + **ဝါစာ** = ကုန်းတိုက်စကား။ ပိယသုညကရဏ၌ “ယ,ည,က,တို့ကို ချေ၍ ပိသုဏာဟု ရုပ်ပြီး၏]

**ဖရုသဝါစော** = ကြမ်းတမ်းသောစကားရှိသူသည်၊ **ဝါ** = မိမိနှင့် သူတပါးကို ကြမ်းတမ်းအောင် ပြုကြောင်း စကားရှိသူသည်

[**သမ္ဖပ္ပလာပီ** = ပြိန်ဖျင်းသောစကားကို ပြောဆိုသူသည်၊ အလွယ်ပေးသော အနက်တည်း] **ဝါ** = စီးပွားချမ်းသာကို ဖျက်ဆီးတတ်သော အနက်အဓိပ္ပာယ် ကင်းမဲ့သော အကြောင်းအရာကို ပြောဆိုသူသည်။ **သံ သုခံ ဟိတဉ္စ ဖလံ ဝိနာသေတီတိ သမ္ဖံ။ သံသဒ္ဒပုပ္ပဒ၊ ဖလဓာတ်၊ ဒွိပစ္စည်း၊** သံသဒ္ဒါသည် ဟိတ, သုခအနက်ကို ဟော၏၊ **သမ္ဖံ** (တကယ် အစစ်အမှန် မရှိသော အကြောင်းအရာကို) **ပလပတီတိ သမ္ဖပ္ပလာပီ**] **ဟောတိ** = ၏၊ **ဘိက္ခဝေ** = တို့၊ **အယံ** = ဤပါဏာတိပါတစသော ခုနစ်ပါးကို၊ **သီလဝိပတ္တိ** = သီလ၏ ပျက်စီးခြင်းဟူ၍၊ **ဝုစ္စတိ** = ခေါ်ဆိုအပ်၏ ။ပ။ **အဘိဇ္ဈာလု** = များသော အဘိဇ္ဈာလောဘရှိသည်၊ **ဗျာပန္နစိတ္တော** = ဖောက်ပြန်ခြင်းသို့ ရောက်သော ဒေါသမူစိတ်ရှိသည်၊ **ဟောတိ** = ၏၊ **ဘိက္ခဝေ** = တို့၊ **အယံ** = ဤအဘိဇ္ဈာအားကြီးခြင်း စသည်ကို ပေ။

**ဧကစ္စော** = သည်၊ **မိစ္ဆာဒိဋ္ဌိကော** = လွဲမှားသောအယူရှိသည်၊ **ဝိပရိတဒဿနော** = ဖောက်ပြန်သော အမြင်ရှိသည်၊ **ဟောတိ** = ဖြစ်၏၊ (**ကိန္တိ** = အဘယ်သို့၊ **ဟောတိ** = ဖြစ်သနည်းဟူမူ) **ဒိန္နံ** = လှူဖွယ်ဝတ္ထုပေးလှူရခြင်း၏ အကျိုးသည်၊ [ဒိန္နပုဒ်ဖြင့် လှူဖွယ်ဝတ္ထုကိုသာ ခေါင်းတပ်ပြထားသော်လည်း ဤ၌ ၎င်းကို ပေးလှူရခြင်း၏ (ဒါနစေတနာ၏) အကျိုးတိုင်အောင် ယူရ၏] **ဝါ** = ပေးလှူကြောင်း ဒါနစေတနာ၏ အကျိုးသည် နတ္ထိ = မရှိ၊ **ယိဋ္ဌိ** = ပူဇော်ဖွယ်ပစ္စည်းဝတ္ထုကို အကြီးအကျယ် ပေးလှူပူဇော်ခြင်း၏ အကျိုးသည်၊ **ဝါ** = အကြီးအကျယ် ပေးလှူပူဇော်ကြောင်း စေတနာ၏ အကျိုးသည်၊ **နတ္ထိ** = မရှိ၊ **ဟုတံ** = ဧည့်သည်တို့အား ကောင်းနိုးရာရာ ပစ္စည်းဝတ္ထုပေးကမ်းပြုစုရခြင်း၏ အကျိုးသည် **နတ္ထိ** = မရှိ၊ **သုကတ၊ ဒုက္ကဋာနံ** = ကောင်းစွာပြုအပ်, မကောင်းသဖြင့် ပြုအပ်ကုန်သော၊ **ကမ္မာနံ** = ကုသိုလ်ကံ, အကုသိုလ်ကံတို့၏။ **ဖလံ** = ထပ်ဆင့်တိုးတက် အကျိုးဆက်သည်လည်းကောင်း၊ **ဝိပါကော** = ကံတူမူရင်း အကျိုးသည်လည်းကောင်း၊ **နတ္ထိ** = မရှိ၊

## PAGE 581

**အယံ လောကော** = ဤယခုပစ္စုပ္ပန်လောကသည်၊ (ကံတရားဖြင့် ဟိုဘက်ဘဝမှ သေပြီးပြောင်းရွှေ့လာရောက်အပ်သော ဤဘက်ဘဝဟူသည်) **နတ္ထိ** = မရှိ၊ **ပရော လောကော** = ဟိုဘက်တမလွန်လောကသည်၊ (ဤဘက်ဘဝမှ သေပြီး၍ ပြောင်းရွှေ့သွား ရမည့် ဟိုဘက်ဘဝဟူသည်) **နတ္ထိ** = မရှိ၊ **မာတာ** = အမိ၌ ရိုသေစွာ ပြုစုခြင်း, ရိုင်းစိုင်းစွာ ပြုမူခြင်း၏ ကောင်းကျိုးဆိုးကျိုးသည်၊ **နတ္ထိ**။ **ပိတာ** = အဘ၌ ရိုသေ, မရိုသေ ပြုကျင့်ခြင်း၏ ကောင်းကျိုးဆိုးကျိုးသည်၊ **နတ္ထိ**။ **ဩပပါတိကာ** = သေပြီးမှနောက်, ကပ်ရောက်ဖြစ်ပေါ်လာကုန်သော၊ **သတ္တာ** = သတ္တဝါတို့သည်၊ **နတ္ထိ** = မရှိကုန်၊ ဤသုတ်ဋီကာ၌ **န စဝနပုဗ္ဗကော** ဟု ပါဌ်ပျက်၏။ အခြားဋီကာများအတိုင်း **န စဝိတွာ အာဂမနပုဗ္ဗကော** ဟု ရှိရမည်။ **ပုရိမဘဝတော ပစ္ဆိမဘဝေ ဥပပတ္တိံ ဥပပါတော၊ သော ယေသံ သီလန္တိ ဩပပါတိကာ** (ရှေးဘဝမှ နောက်ဘဝ၌ ဆက်စပ်ဖြစ်ခြင်း အလေ့ရှိကုန်သော) ဟုဝိဂြိုဟ်ပြု။ [ဓမ္မသင်္ဂဏီ မူလဋီကာ။ ၁၇၆။]

**ယေ (သမဏ၊ ဗြာဟ္မဏာ)** = အကြင်ရဟန်း, သူတော်ကောင်းတို့သည်၊ **ဣမဉ္စ လောကံ** = ဤယခုမျက်မြင်လောကကို လည်းကောင်း၊ **ပရဉ္စ လောကံ** = အခြားသော မျက်ကွယ်လောကကိုလည်းကောင်း၊ **သယံ** = ကိုယ်တိုင်၊ **အဘိညာ** = ထူးခြားသော သဗ္ဗညုတဉာဏ်ဖြင့် သိတော်မူကြ၍၊ **သစ္ဆိကတွာ** = မျက်မှောက်ပြုကြကုန်၍၊ **ဝါ** = ကိုယ်တွေ့ မျက်မြင် သိရှိကြကုန်၍၊ **ပဝေဒေန္တိ** = ဟောပြောသိစေတော်မူကြကုန်၏၊ **သမ္မဂ္ဂတာ** = သီလစသော နိဗ္ဗာန်လမ်းကြောင်းသို့ ဖြောင့်မှန်စွာ ကြွသွားတော်မူကြကုန်သော၊ **သမ္မာပဋိပန္နာ** = သီလစသော အကျင့်ကို ကောင်းစွာကျင့်တော်မူကြကုန်သော၊ **တေ သမဏ၊ ဗြာဟ္မဏာ** = ထိုရဟန်း, သူတော်ကောင်းတို့သည်၊ **လောကေ** = လောက၌၊ **နတ္ထိ** = မရှိပါကုန်၊ **ဣတိ** = ဤသို့၊ (**ဝိပရိတဒဿနော** = သည်၊ **ဟောတိ** = ၏) **ဘိက္ခဝေ** = ရဟန်းတို့၊ **အယံ** = ဤဆိုအပ်ပြီးသော မိစ္ဆာအယူကို၊ **ဒိဋ္ဌိဝိပတ္တိ** = ဟူ၍၊ **ဝုစ္စတိ** = ၏။

**ဘိက္ခဝေ** = တို့၊ **သီလဝိပတ္တိဟေတု ဝါ** = သီလပျက်စီးခြင်းဟူသော အကြောင်းကြောင့်လည်း၊ **သတ္တာ** = သတ္တဝါတို့သည်၊ **ကာယဿ ဘေဒါ ဥဒ္ဓံ မရဏာ** [ကိုယ်ခန္ဓာ၏ ပျက်စီးခြင်းဟူသော သေခြင်းမှ] **ဝါ** = သေသည်မှ၊ **ပရံ** = နောက်၌၊ **ဝါ** = နောက်ဖြစ်သော ဘဝသစ်ခန္ဓာကို ယူခြင်း၌၊ **ဝါ** = နောက်ထပ်ယူအပ်သော ဘဝသစ်ခန္ဓာကိုယ်၌၊ **အပါယံ** = သုခ၏ ဖြစ်ပေါ်လာရာ ကုသိုလ်မှကင်းသော၊ **ဒုဂ္ဂတိ** = ဒုက္ခ၏ဖြစ်ရာတည်ရာ ဖြစ်သော၊ **ဝိနိပါတံ** = မကောင်းမှုပြုသူတို့ မိမိအလိုဆန္ဒmပါဘဲ ကျရောက်ရာဖြစ်သော၊ **နိရယံ** = သာယာ
## PAGE 582

{တတိယဖွယ်သုခ အနည်းငယ်မျှ မရှိရာ ငရဲသို့၊ **ဥပပဇ္ဇန္တိ**=လားရောက်ကြကုန်၏၊ နောက်တနည်း အနက်များကို ဧကကနိပါတ်စာပိုဒ် (၄၃)နှင့် တိကနိပါတ်စာပိုဒ် (၅၉)တို့၌ကြည့်] **ဘိက္ခဝေ**=တို့၊ **စိတ္တဝိပတ္တိဟေတု ဝါ**=စိတ်ဖောက်ပြန် ပျက်စီးခြင်းဟူသော အကြောင်းကြောင့်လည်း ။ပ။ **ဒိဋ္ဌိဝိပတ္တိဟေတု ဝါ**=အယူဖောက်ပြန် ပျက်စီးခြင်းဟူသော အကြောင်းကြောင့်လည်း ။ပ။ **ဘိက္ခဝေ**=တို့၊ **ဝိပတ္တိယော**=တို့သည်၊ **ဣမာ တိသော**=တို့တည်း။ **ဣတိ** (အခေါစ) **ဘိက္ခဝေ**=တို့၊ **သမ္ပဒါ**=ပြည့်စုံခြင်းတို့သည်၊ **ဣမာ တိသော**=တို့တည်း။ **သီလသမ္ပဒါ**-သီလ၏ပြည့်စုံခြင်းလည်းကောင်း၊ **ဝါ**=ပြည့်စုံသောသီလလည်းကောင်း၊ **စိတ္တသမ္ပဒါ**=စိတ်၏ပြည့်စုံခြင်းလည်းကောင်း၊ **ဝါ**=မပြည့်စုံသောစိတ်လည်းကောင်း၊ **ဒိဋ္ဌိသမ္ပဒါ**=အယူ၏ ပြည့်စုံခြင်းလည်းကောင်း၊ **ဝါ**=ပြည့်စုံသောအယူလည်းကောင်းတည်း၊ **ဘိက္ခဝေ**=တို့၊ **သီလသမ္ပဒါ**= သီလပြည့်စုံခြင်းဟူသည်၊ **ကတမာ စ**=အဘယ်နည်း ။ပ။ **ဧကစ္စော**=သည်၊ **ပါဏာတိပါတာ**=သတ္တဝါ, အသက်ကိုသတ်ခြင်းမှ၊ [စာပိုဒ် (၇၁)သုတ်၌လည်းကြည့်]

**ပဋိဝိရတော**=ရှောင်ကြဉ်သည်၊ **ဟောတိ**=၏၊ **အဒိန္နာဒါနာ**=ပိုင်ရှင် မပေးအပ်သော သူတပါးပစ္စည်းကို ခိုးယူလုယက်ခြင်းမှ ။ပ။ **ကာမေသုမိစ္ဆာစာရာ**=မေထုန်ကာမ အကျင့်တို့၌ ယုတ်မာစွာ ကျင့်ခြင်းမှ ။ပ။ **မုသာဝါဒါ**= မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ ။ပ။

**ပိသုဏာယ**=ညီညွတ်နေသူတို့ကို စိတ်ဝမ်းကွဲပြားစေတတ်သော၊ **ဝါ**=မိမိကို ချစ်မြတ်နိုးခံရအောင်, သူတပါးကို အချစ်ဆိတ်သုဉ်း အမုန်းခံရအောင်ပြုကြောင်းဖြစ်သော၊ **ဝါစာယ**=ကုန်းတိုက်စကားမှ၊ **ဝါ**=ကုန်းတိုက်စကား၏အကြောင်းရင်းစေတနာမှ ။ပ။ **ဖရုသာယ**=ကြမ်းတမ်းသော၊ **ဝါ**=မိမိနှင့် သူတပါးကို ကြမ်းတမ်းအောင် ပြုကြောင်းဖြစ်သော၊ **ဝါစာယ**=စကားမှ၊ **ဝါ**=စကား၏ အကြောင်းရင်းစေတနာမှ။ပ။ **သမ္မပ္ပလာပါ**=ပြိန်ဖျင်းသော စကားမှ၊ [အလွယ်အနက်တည်း] **ဝါ**=စီးပွားချမ်းသာကို ဖျက်ဆီးတတ်သော အနက်အဓိပ္ပာယ် ကင်းမဲ့သော အကြောင်းအရာကို ပြောဆိုကြောင်းစေတနာမှ **ပဋိဝိရတော**=ရှောင်ကြဉ်သည်၊ **ဟောတိ**=၏၊ **ဘိက္ခဝေ**=တို့၊ **အယံ**=ဤပါဏာတိပါတ အစရှိသော ဒုစ္စရိတ်မှ ရှောင်ကြဉ်ခြင်းကို၊ **သီလသမ္ပဒါ**=သီလ၏ပြည့်စုံခြင်းဟူ၍၊ **ဝုစ္စတိ**=၏ ။ပ။

**အနဘိဇ္ဈာလု**=အားကြီးသော အဘိဇ္ဈာလောဘမရှိသည်၊ **အဗျာပန္နစိတ္တော**=ဖောက်ပြန်ခြင်းသို့ရောက်သော ဒေါသမူစိတ်မရှိသည်၊ **ဟောတိ**=၏၊

