## PAGE 583

**ဘိက္ခဝေ**=တို့၊ **အယံ**=ဤအဘိဇ္ဈာကင်းခြင်းစသည်ကို ။ပ။ **သမ္မာဒိဋ္ဌိကော**=မှန်ကန်သောအယူရှိသည်၊ **အဝိပရိတဒဿနော**=မဖောက်မပြန် မှန်ကန်သောဉာဏ်အမြင်ရှိသည်၊ **ဟောတိ**=၏၊ (**ကိန္တိ**=သို့၊ **ဟောတိ**-ဟူမူ) **ဣတိ**=သည်၊ **အတ္ထိ**-ရှိ၏ ။ပ။ **လောကေ**=၌၊ **အတ္ထိ**=ရှိပါကုန်၏၊ **ဣတိ**=ဤသို့၊ (**အဝိပရီတဒဿနော**=သည်၊ **ဟောတိ**=၏) **ဘိက္ခဝေ**=တို့၊ **အယံ**=ဤသမ္မာဒိဋ္ဌိကို၊ **ဒိဋ္ဌိသမ္ပဒါ**=ဟူ၍၊ **ဝုစ္စတိ**=၏၊ **ဘိက္ခဝေ**=တို့၊ **သီလသမ္ပဒါဟေတု ဝါ**= သီလပြည့်စုံခြင်းဟူသော အကြောင်းကြောင့်လည်း၊ **သတ္တာ**=တို့သည် ။ပ။ **ပရံ**=၌၊ **သုဂတိ**=သုkh၏ဖြစ်ရာ ဘုံဘဝဖြစ်သော၊ **သဂ္ဂ**=ရူပါရုံအစရှိသော သမ္ပတ္တိတို့ဖြင့်လွန်စွာ မြင့်မြတ်သော၊ **လောကံ**=နတ်ပြည်နတ်ဘဝသို့၊ **ဥပပဇ္ဇန္တိ**=လားရောက်ကြကုန်၏။ [အခြားနည်းများကို ဧကကနိပါတ်စာပိုဒ် (၄၄)နှင့် တိကနိပါတ်စာပိုဒ် (၅၉) ၌ကြည့်] ပဉ္စမံ။

#### ၆-အပဏ္ဏကသုတ်

**၁၁၉။** **ဘိက္ခဝေ**=တို့၊ **သေယျထာပိ**=ဥပမာပြရလျှင်ကား၊ **အပဏ္ဏကော**=မချွတ်မလွဲ အထိုင်မြဲသော၊ **မဏိ**=မျက်နှာပြင် ခြောက်ဖက်ရှိသောအံစာလုံးသည်၊ **ဥဒ္ဓံ**=အထက်သို့၊ **ခိတ္တော**-ပစ်အပ်ပြီးသည်၊ (**သမာနော**=ဖြစ်လသော်) **ယေန ယေန**=အကြင်အကြင် အောက်သို့ ကျရာမျက်နှာပြင်ဖြင့်၊ **ပတိဋ္ဌာတိ**=ထိုင်အံ့၊ (**တေန တေန ဧဝ**=ထိုထိုအောက်သို့ကျရာ မျက်နှာပြင်ဖြင့်သာလျှင်) **သုပ္ပတိဋ္ဌိတံယေဝ**=မယိုင်မလဲ အထိုင်မြဲလျက်သာလျှင်၊ **ပတိဋ္ဌာတိ**=ထိုင်နေ၏၊ **ဘိက္ခဝေ**=တို့၊ **ဧဝမေဝံ**-ဤအတူပင် ။ပ။ ဆဋ္ဌံ။

#### ၇-ကမ္မသုတ်

**၁၂၀။** **ကမ္မန္တ ဝိပတ္တိ**=(ကာယကံ, ဝစီကံဟူသော) ကိုယ်နှုတ်အမှု၏ပျက်စီးခြင်းလည်းကောင်း၊ **အာဇီဝဝိပတ္တိ**= အသက်မွေးမှု၏ ပျက်စီးခြင်းလည်းကောင်း၊ **ဒိဋ္ဌိဝိပတ္တိ**=လည်းကောင်းတည်း ။ပ။ **ဘိက္ခဝေ**-တို့၊ **အယံ**=ဤပါဏာတိပါတစသော ဒုစ္စရိတ် ခုနစ်ပါးကို၊ **ကမ္မန္တ ဝိပတ္တိတိ**=ဟူ၍၊ **ဝုစ္စတိ**=ခေါ်ဆိုအပ်၏ ။ပ။ **မိစ္ဆာဇီဝေါ**=မှားယွင်းသော အသက်မွေးမှုရှိသည်၊ **ဟောတိ**=၏၊ **မိစ္ဆာအာဇီဝေန**=မှားယွင်းသော အသက်မွေးခြင်းဖြင့်၊ **ဇီဝိကံ**=အသက်မွေးခြင်းကို၊ **ကပ္ပတိ**=ပြု၏၊ **ဘိက္ခဝေ**=တို့၊ **အယံ**=ဤမှားယွင်းသောအသက်မွေးခြင်းကို ။ပ။ **ကမ္မန္တ သမ္ပဒါ**=(ကာယကံ, ဝစီကံဟူသော) ကိုယ်နှုတ်

## PAGE 584

အမှု၏ ပြည့်စုံခြင်းလည်းကောင်း၊ **အာဇီဝသမ္ပဒါ**=အသက်မွေးမှု၏ ပြည့်စုံခြင်းလည်းကောင်း၊ **ဒိဋ္ဌိသမ္ပဒါ**=လည်းကောင်းတည်း ။ **အယံ**=ဤပါဏာတိပါတစသော ဒုစ္စရိတ်ခုနစ်မျိုးမှ ရှောင်ကြဉ်ခြင်းကို၊ **ကမ္မန္တ သမ္ပဒါ**=ဟူ၍၊ **ဝုစ္စတိ**=၏ ။ပ။ **သမ္မာအာဇီဝေါ**=မှန်ကန်သော အသက်မွေးမှုရှိသည်၊ **ဟောတိ**=၏၊ **သမ္မာအာဇီဝေန**=မှန်ကန်သော အသက်မွေးခြင်းဖြင့် ။ပ။ **အယံ**=ဤမှန်ကန်သောအသက်မွေးခြင်းကို ။ပ။ သတ္တမံ။

#### ၈-ပဌမသောစေယျသုတ်

**၁၂၁။** **ဘိက္ခဝေ**=တို့၊ **သောစေယျာနိ**=ကိလေသာ အညစ်အကြေးတို့မှစင်ကြယ်သူ၏ ဖြစ်ကြောင်းအကျင့်တို့သည်၊ **ဣမာနိ တီဏိ**=ဤသုံးမျိုးတို့တည်း။ပ။ **ကာယသောစေယျံ**=ကာယဒွါရ၌ စင်ကြယ်သောသူ၏ ဖြစ်ကြောင်းအကျင့်လည်းကောင်း၊ **ဝစီသောစေယျ**=ဝစီဒွါရ၌ စင်ကြယ်သူ၏ ဖြစ်ကြောင်းအကျင့်လည်းကောင်း၊ **မနောသောစေယျ**= မနောဒွါရ၌ စင်ကြယ်သူ၏ ဖြစ်ကြောင်း အကျင့်လည်းကောင်းတည်း၊ **ဘိက္ခဝေ**=တို့၊ **ကာယသောစေယျ**=အကျင့်ဟူသည်၊ **ကတမံ**=နည်း ။ပ။ **ဣဒံ**=ဤပါဏာတိပါတစသောကာယဒုစ္စရိတ်သုံးပါးမှ ရှောင်ကြဉ်ခြင်းကို၊ **ကာယသောစေယျံ**=အကျင့်ဟူ၍၊ **ဝုစ္စတိ**=၏ ။ပ။ **ဣဒံ**-ဤပိသုဏဝါစာစသော ဝစီဒုစ္စရိတ်လေးပါးမှ ရှောင်ကြဉ်ခြင်းကို၊ **ဝစီသောစေယျ**=ဟူ၍၊ **ဝုစ္စတိ**=၏။ပ။ **အနဘိဇ္ဈာလု**=သည်၊ **အဗျာပန္နစိတ္တော**=သည်၊ **သမ္မာဒိဋ္ဌိကော**=မှန်ကန်သောအယူရှိသည်၊ **ဟောတိ**=၏ ။ပ။ **ဣဒံ**=ဤအဘိဇ္ဈာကင်းခြင်းစသည်ကို ။ပ။ အဋ္ဌမံ။

#### ၉-ဒုတိယသောစေယျသုတ်

**၁၂၂။** **အဗြဟ္မစရိယာ**=မမြင့်မြတ်သော မေထုန်အကျင့်မှ၊ **ပဋိဝိရတော**-သည်၊ **ဟောတိ**=၏၊ **ဘိက္ခဝေ**=တို့၊ **ဣဒံ**=ဤပါဏာတိပါတစသည်မှရှောင်ကြဉ်ခြင်းကို ။ပ။ **ဘိက္ခဝေ**=တို့၊ **ဣဓ**=ဤသာသနာတော်၌၊ **ဘိက္ခု**=ရဟန်းသည်၊ **သန္တ** =(အမြဲဖြစ်နေခြင်းအားဖြင့်) ထင်ရှားရှိသော၊ **အဇ္ဈတ္တံ**-မိမိရုပ်နာမ်ခန္ဓာအစဉ်၌၊ **ဝါ**=မိမိရုပ်နာမ်ခန္ဓာအစဉ်က၊ **ကာမစ္ဆန္ဒံ ဝါ**=ကာမစ္ဆန္ဒနီဝရဏကိုလည်း၊ [ဧကကနိပါတ်စာပိုဒ် (၁၁)လည်းကြည့်] “**မေ**=ငါ၏၊ **အဇ္ဈတ္တံ**=၌၊ **ကာမစ္ဆန္ဒော**=ကာမစ္ဆန္ဒနီဝရဏသည်၊ **အတ္ထိ**=ဖြစ်နေ၏” **ဣတိ**=ဤသို့၊ **ပဇာနာတိ**=သိ၏၊ **အသန္တ**=ထင်ရှားမရှိသော၊ (မဖြစ်သေးခြင်း, ပယ်
## PAGE 585

ပြီးခြင်းကြောင့် ထင်ရှားမရှိသော) **အဇ္ဈတ္တံ**=၌၊ **ဝါ**=က၊ **ကာမစ္ဆန္ဒံ ဝါ**=ကိုလည်း၊ “**မေ**-ငါ၏၊ **အဇ္ဈတ္တံ**=၌၊ **ကာမစ္ဆန္ဒော**= သည်၊ **နတ္ထိ**=မဖြစ်” **ဣတိ**=ဤသို့၊ **ပဇာနာတိ**=သိ၏။

**စ**=ထိုမျှမကသေး၊ **အနုပ္ပန္နဿ**-မဖြစ်သေးသော၊ **ကာမစ္ဆန္ဒဿ**-၏၊ **ယထာ**=(အယောနိသော မနသိကာရဟူသော) အကြင်အကြောင်းကြောင့်၊ **ဥပ္ပါဒေါ**=ဖြစ်ခြင်းသည်၊ **ဟောတိ**-၏၊ **တဉ္စ**=ထိုအကြောင်းကိုလည်း၊ (ထိုမဖြစ်သေးသော ကာမစ္ဆန္ဒနီဝရဏ၏ဖြစ်ကြောင်း အယောနိသောမနသိကာရဟူသော အကြောင်းကိုလည်း) **ပဇာနာတိ**-၏၊ **စ**=ထိုမျှမကသေး၊ **ဥပ္ပန္နဿ**=ဖြစ်လာသော၊ **ကာမစ္ဆန္ဒဿ**=ကို၊ **ယထာ**=အကြင်အကြောင်းဖြင့်၊ (အကြင်ယောနိသောမနသိကာရတည်းဟူသော သမထဝိပဿနာဖြစ်သော အကြောင်းဖြင့်) **ပဟာနံ**=ပယ်သတ်ခြင်းသည်၊ **ဟောတိ**-ဖြစ်၏၊ **တဉ္စ**=ထိုအကြောင်းကိုလည်း၊ (ထိုဖြစ်ပေါ်လာသော ကာမစ္ဆန္ဒနီဝရဏကို .. ပယ်သတ်ကြောင်းယောနိသောမနသိကာရတည်းဟူသော သမထဝိပဿနာအကြောင်းကိုလည်း) **ပဇာနာတိ**၏။

**စ**=ထိုမျှမကသေး၊ **ပဟီနဿ**=ပယ်သတ်အပ်ပြီးသော၊ **ကာမစ္ဆန္ဒဿ**၏၊ **ယထာ**=(အရိယမဂ်ဟူသော) အကြင်အကြောင်းကြောင့်၊ **အာယတိံ**=နောင်အခါ၌၊ **အနုပ္ပါဒေါ** မဖြစ်နိုင်ခြင်းသည်၊ **ဟောတိ**=၏၊ **တဉ္စ**- ထိုအကြောင်းကိုလည်း၊ (ထိုပယ်သတ်အပ်ပြီးသော ကာမစ္ဆန္ဒနီဝရဏ၏ နောက်ထပ် မဖြစ်ကြောင်း အရိယမဂ်ဟူသော အကြောင်းကိုလည်း) **ပဇာနာတိ**=၏၊ **သန္တိ**=(အမြဲဖြစ်နေခြင်းအားဖြင့်) ထင်ရှားရှိနေသော၊ **အဇ္ဈတ္တံ**=၌၊ **ဝါ**=က၊ **ဗျာပါဒံ ဝါ**=ဗျာပါဒနီဝရဏကိုလည်း ။ပ။ **ဗျာပါဒော**=ဗျာပါဒနိဝရဏသည်၊ **အတ္ထိ**=၏။ပ။ **အဇ္ဈတ္တံ**=၌၊ **ထိနမိဒ္ဓံ ဝါ**=ထိနမိဒ္ဓနီဝရဏကိုလည်း ။ပ။ **ထိန မိဒ္ဓံ**=သည်။ပ။ **ဥဒ္ဓစ္စကုက္ကုစ္စံ ဝါ**=ဥဒ္ဓစ္စကုက္ကုစ္စနိဝရဏကိုလည်း ပ။ **ဥဒ္ဓစ္စ ကုက္ကုစ္စံ**=သည်၊ **အတ္ထိ** ။ပ။

**ယ။ ဝိစိကိစ္ဆာ ဝါ**=ဝိစိကိစ္ဆာနီဝရဏကိုလည်း ။ပ။ **ဝိစိကိစ္ဆာ**=သည်၊ **အတ္ထိ** ။ပ။ **အနုပ္ပန္နောယ**=မဖြစ်သေးသော၊ **ဝိစိကိစ္ဆာယ**=ဝိစိကိစ္ဆာနီဝရဏ၏ **ယထာ**=ကြောင့် ပ။ **ဥပ္ပန္နောယ**=ဖြစ်လာသော ။ပ။ **ဘိက္ခဝေ**=တို့၊ **ဣဒံ**=ဤမိမိ၌နီဝရဏတို့ဖြစ်ခြင်း မဖြစ်ခြင်း စသည်ကို သိခြင်းကို၊ **မနောသောစေယျ**=ဟူ၍၊ **ဝုစ္စတိ**-၏ ။ပ။

[ဂါထာ **ကာယသုစိ**=ကာယဒွါရ၌လည်း 'စင်ကြယ်သော၊ (ကာယဒုစ္စရိတ်ကို အကြွင်းမဲ့ ပယ်သတ်ပြီးခြင်းကြောင့် ကာယဒွါရ၌လည်း စင်ကြယ်

