## PAGE 586

သော) **ဝါ**=ကာယဒွါရအားဖြင့်လည်း စင်ကြယ်သော၊ **ဝစီသုစိ**=ဝစိဒွါရ၌လည်းစင်ကြယ်သော၊ (ဝစီဒုစ္စရိတ်ကို အကြွင်းမဲ့ ပယ်သတ်ပြီးခြင်းကြောင့် ဝစီဒွါရ၌လည်း စင်ကြယ်သော) **ဝါ**=ဝစီဒွါရအားဖြင့်လည်း စင်ကြယ်သော၊ **စေတောသုစိ**=မနောဒွါရဟူသော စိတ်၌လည်း စင်ကြယ်သော (မနောဒုစ္စရိတ်ကို….သော) **ဝါ**=မနောဒွါရဟူသော စိတ်အားဖြင့် လည်း စင်ကြယ်သော၊ **အနာသဝံ**=အာသဝလည်း မရှိသော၊ **သုခိ** =သန့်ရှင်းစင်ကြယ်သော၊ **သောစေယျသမ္ပန္နံ**=(ကိလေသာပယ်ခွင်း) သန့်ရှင်းသူ၏ဖြစ်ကြောင်း အကျင့်ကောင်းနှင့်ပြည့်စုံသော၊ **နိနှာတပါပကံ**=အရဟတ္တမဂ်ရေစင်ဖြင့် ဆေးကြောသုတ်သင်အပ်ပြီးသော မကောင်းမှုရှိသော ရဟန္တာပုဂ္ဂိုလ်ကို၊ **ဝါ**=အရဟတ္တမဂ်ရေစင်ဖြင့်မကောင်းမှုအကုသိုလ်တို့ကို ဆေးကြောသုတ်သင်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို၊ **အာဟု**=ပညာရှိတို့ ချီးကြူးပြောဆိုကြကုန်၏၊ **ဣတိ** (အဝေါစ) [**နိနှာတ**=ဆေးကြောအပ်ပြီးသော] **နဝမံ**။

#### ၁၀-မောနေယျသုတ်

**၁၂၃။** **ဘိက္ခဝေ**=ရဟန်းတို့၊ **မောနေယျာနိ**=ပညာရှိသူတော်ကောင်း၏ဖြစ်ကြောင်းအကျင့်တရားတို့သည်၊ **ဝါ**=ပညာရှိသူတော်ကောင်း၏ ကိုယ်ပိုင်ဥစ္စာဖြစ်သော အကျင့်တရားတို့သည်၊ **ဣမာနိ တီဏိ**=ဤသုံးမျိုးတို့တည်း၊ **ဥဘယဟိတေ မုနာတီတိ မုနိ**=မျက်မှောက်, တမလွန် နှစ်တန်သော ဘဝအကျိုးစီးပွားတို့ကို သိတတ်သော ပညာရှိသူတော်ကောင်း၊ **မုနိနော ဘာဝါ မောနေယျာနိ**၊ **မုနိနော ဝါ ဧတာနိ မောနေယျာနိ**] ။ပ။ **ကာယမောနေယျ**=ကာယဒွါရ၌ ပညာရှိသူတော်ကောင်း၏ ဖြစ်ကြောင်း အကျင့်တရားလည်းကောင်း၊ **ဝစီမောနေယျ**=ဝစီဒွါရ၌ ပညာရှိသူတော်ကောင်း၏ဖြစ်ကြောင်းအကျင့်တရားလည်းကောင်း၊ **မနောမောနေယျ**=မနောဒွါရ၌ ပညာရှိ သူတော်ကောင်း၏ ဖြစ်ကြောင်း အကျင့်တရားလည်းကောင်းတည်း ။ပ။ **ဣဒံ**=ဤပါဏာတိပါတစသည်မှ ရှောင်ကြဉ်ခြင်းကို၊ **ကာယမောနေယျ**=ဟူ၍၊ **ဝုစ္စတိ**=၏ ။ပ။ **ဣဒံ**-ဤမုသာဝါဒစသည်မှ ရှောင်ကြဉ်ခြင်းကို၊ **ဝစီမောနေယျ**=၍၊ **ဝုစ္စတိ**=၏ ။ပ။ **ဣဒံ**=ဤအရဟတ္တဖိုလ်စေတောဝိမုတ္တိကို မျက်မှောက်ပြုဝင်စားနေခြင်းကို၊ **မနောမောနေယျ**=၍၊ **ဝုစ္စတိ**=၏ ။ပ။ **ဣတိ** (အဝေါစ) **ကာယမုနိ**=ကာယဒွါရ၌ မြင့်မြတ်ဖြူစင် ပညာရှင်လည်းဖြစ်သော၊ **ဝါ**=ကာယဒွါရအားဖြင့် မြင့်မြတ်ဖြူစင် ပညာရှင်လည်းဖြစ်သော၊ **ဝစီမုနိ** -

## PAGE 587

**ဝစီဒွါရ**၌ မြင့်မြတ်ဖြူစင် ပညာရှင်လည်း ဖြစ်သော၊ **ဝါ**=ဝစီဒွါရအားဖြင့်……….သော၊ **စေတောမုနိ**=စိတ်ဟူသောမနောဒွါရ၌ မြင့်သော၊ **ဝါ**=သော၊ **အနာသဝံ**=သော၊ **မုနိ**=မျက်မှောက်, တမလွန် နှစ်တန်သော ဘဝအကျိုးစီးပွားကိုမမှားသိမြင် ပညာရှင်ဖြစ်သော၊ **မောနေယျသမ္ပန္နံ**=မြင့်မြတ်ဖြူစင် ပညာရှင်၏ဖြစ်ကြောင်းအကျင့်ကောင်းနှင့် ပြည့်စုံသော၊ **သဗ္ဗပ္ပဟာယိနံ**=အားလုံးသောကိလေသာတို့ကို ပယ်စွန့်တော်မူပြီးသော ရဟန္တာပုဂ္ဂိုလ်ကို၊ **အာဟု**=ပညာရှိသူတော်ကောင်းတို့ ချီးကြူးပြောဆိုကြကုန်၏။ **ဣတိ** (အဝေါစ) **ဒသမံ**=ဆယ်ခုမြောက်သုတ်တည်း၊ **ဒုတိယော**=နှစ်ခုမြောက်သော၊ **အာပါယိကဝဂ္ဂေါ**=အာပါယိကဝဂ်တည်း။

### (၁၃) ၃-ကုသိနာရဝဂ်

#### ၁-ကုသိနာရသုတ်

**၁၂၄။** **ဧကံ**=တစ်ပါးသော၊ **သမယံ**-အခါ၌၊ **ဘဂဝါ**=မြတ်စွာဘုရားသည်၊ **ကုသိနာရာယံ**=ကုသိနာရုံမြို့အနီး၌၊ **ဗလိဟရဏေ**=ဗလိဟရဏမည်သော၊ **ဝါ**=နတ်တို့ကို ပူဇော်ပသခြင်းငှာ ဗလိနတ်စာ ပို့ဆောင်ရာဌာနဖြစ်သော၊ **ဝနသဏ္ဍေ**=တောအုပ်၌၊ **ဝိဟရတိ**=သီတင်းသုံးနေတော်မူ၏၊ **တတြ**-(ဗလိဟရဏတောအုပ်၌ မြတ်စွာဘုရားသီတင်းသုံး နေတော်မူရာ) ထိုအခါ၌၊ **ဝါ**=ထိုဗလိဟရဏတောအုပ်၌၊ **ဘဂဝါ**=သည်၊ ဘိက္ခု ရဟန်းတို့ကို၊ “**ဘိက္ခဝေါ**=ရဟန်းတို့၊” **ဣတိ**=ဤသို့၊ **အာမန္တေသိ**-မိန့်ခေါ်တော်မူပြီ၊ “**ဘဒန္တေ** =မြတ်စွာဘုရား” **ဣတိ**=ဤသို့၊ **တေ ဘိက္ခု**=ထိုရဟန်းတို့သည်၊ **ဘဂဝတော**=မြတ်စွာဘုရား၏၊ (**အာမန္တနံ**=မိန့်ခေါ်တော်မူခြင်းကို၊ **ဝါ**=အမိန့်စကားတော်ကို) **ပစ္စာသုံ**=ရှေ့ရှုနာယူကြကုန်ပြီ၊ **ဝါ**=စကားတုံ့ပြန် နာခံကြကုန်ပြီ၊ **ဘဂဝါ**=သည်၊ **ဧတံ**=ဤတရားစကားတော်ကို၊ **အဝေါစ** =မိန့်တော်မူပြီ (**ကိန္တိ**=အဘယ်သို့၊ **အဝေါစ**=မိန့်တော်မူသနည်းဟူမူ)

**ဘိက္ခဝေ**=တို့၊ **ဣဓ**=ဤသာသနာတော်၌၊ ဘိက္ခုရဟန်းသည်၊ **အညတရံ**=တစ်ခုခုသော၊ **ဂါမံ ဝါ**=ရွာကိုသော်လည်းကောင်း၊ **နိဂမံ ဝါ**=နိဂုံးကိုသော်လည်းကောင်း၊ **ဥပနိဿာယ**=(ဂေါစရဂါမ်အဖြစ်ဖြင့်) မှီခို၍၊ **ဝိဟရတိ**=နေ၏၊ **တမေနံ**=ထိုရဟန်းကို၊ **ဂဟပတိ ဝါ**=အိမ်ရှင်သည်လည်းကောင်း၊ **ဂဟပတိပုတ္တော ဝါ**=အိမ်ရှင်၏ သားသည်လည်းကောင်း၊ **ဥပသင်္ကမိတွာ**=လာရောက်၍၊ **သွာတနာယ**=နက်ဖြန်ဆွမ်းဘုဉ်းပေးခြင်းငှာ [**သွေ ဘဝေါ**
## PAGE 588

[**ဘတ္တပရိဘောဂေါ သွာတနော**] **ဘတ္တေန**=ဆွမ်းဖြင့်၊ **နိမန္တေတိ**=ပင့်ဖိတ်၏၊

**ဘိက္ခဝေ**=ရဟန်းတို့၊ **အာကင်္ခမာနော**=(လက်ခံခြင်းငှာ) အလိုရှိသော၊ **ဘိက္ခု**=ရဟန်းသည်၊ **အဓိဝါသေတိ**=လက်ခံ၏၊ **သော**=ထိုရဟန်းသည်၊ **တဿာ ရတ္တိယာ**=ထိုညဉ့်၏၊ **အစ္စယေန**=ကုန်လွန်ရာအခါ၌၊ **ပုဗ္ဗဏှသမယံ**=နံနက်ပိုင်းအချိန်၌၊ **နိဝါသေတွာ**=သင်းပိုင်ကိုကောင်းမွန်စွာ ပြင်ဝတ်၍၊ **ပတ္တစီဝရံ**=သပိတ်သင်္ကန်းကို၊ **အာဒါယ**=ယူ၍၊ **ဝါ**=ကိုင်ဆောင်ခြုံရုံ၍၊ **ယေန**=အကြင်အရပ်၌၊ **ကဿ ဂဟပတိဿ ဝါ**=ထိုအိမ်ရှင်၏လည်းကောင်း၊ **တဿ ဂဟပတိပုတ္တဿ ဝါ**=ထိုအိမ်ရှင်သား၏ လည်းကောင်း၊ **နိဝေသနံ**=အိမ်သည်၊ (**အတ္ထိ**=ရှိ၏) **တေန**=ထိုအရပ်၌၊ **ဝါ**=ထိုအရပ်သို့၊ **ဥပသင်္ကမိ**=ကြွသွား၏၊ **ဥပသင်္ကမိတွာ**=ကြွသွားပြီး၍၊ **ပညတ္တေ**=ခင်းထားအပ်သော၊ **အာသနေ**=နေရာ၌၊ **နိသီဒတိ**=ထိုင်နေ၏။

**တမေနံ**=ထိုရဟန်းကို၊ **သော ဂဟပတိ ဝါ**=ထိုအိမ်ရှင်သည်လည်းကောင်း၊ **သော ဂဟပတိပုတ္တော ဝါ**=ထိုအိမ်ရှင်သားသည် လည်းကောင်း၊ **ပဏီတေန**=မွန်မြတ်သော၊ **ခါဒနီယေန**=ခဲဖွယ်ဖြင့်လည်းကောင်း၊ **ဘောဇနီယေန**=ဘောဇဉ်ဖြင့်လည်းကောင်း၊ **သဟတ္ထာ**=မိမိလက်ဖြင့်၊ **ဝါ**=ကိုယ်တိုင်၊ **သန္တပ္ပတိ**=ကောင်းစွာရောင့်ရဲနှစ်သက်စေ၏။ **ဝါ**=စားလိုသမျှ အဝကျွေးလိုက်၏၊ **သမ္ပဝါရေတိ**=(တော်ပါပြီဟု) ကောင်းစွာငြင်းပယ်စေ၏၊ **ဝါ**=တော်ပါပြီဟု ငြင်းပယ်ရလောက်အောင် ကောင်းစွာ ကျွေးလိုက်၏။

**အဿ**=ထိုရဟန်း၏၊ **ဝါ**=မှာ၊ **ဧဝံ**=ဤသို့သော စိတ်အကြံသည်၊ **ဟောတိ**=ဖြစ်၏၊ (**ကိန္တိ**=အဘယ်စိတ်အကြံသည်၊ **ဟောတိ**=ဖြစ်သနည်းဟူမူ) [“မျာယံ”ဟု ပါဌ်ရှိနေ၏။ “သာဓု ဝတ မာယန္တိ သာဓု ဝတ မံ အယံ”ဟူသော အဋ္ဌကထာအတိုင်း “တမေနံ” ကဲ့သို့ သန္တပ္ပတိပုဒ်၏ ကံအဖြစ်ဖြင့် “ကံ”ဟု ဒုတိယန္တဖြင့် ရှိသင့်၏။] **သာဓု ဝတ**=ကောင်းပါပေစွတကား၊ **မံ**=ငါ့ကို၊ **အယံ ဂဟပတိ ဝါ**=ဤအိမ်ရှင်သည်လည်းကောင်း၊ **အယံ ဂဟပတိပုတ္တော ဝါ**=ဤအိမ်ရှင်၏သားသည်လည်းကောင်း ။ပ၊ **သန္တပ္ပတိ**=ကောင်းစွာ ရောင့်ရဲနှစ်သက်စေလိုက်ပါပေ၏။ **သမ္ပဝါရေတိ**=တော်ပါပြီဟု ကောင်းစွာငြင်းပယ် စေလိုက်ပါပေ၏။ **ဝါ**=တော်ပါပြီဟု ငြင်းပယ်ရလောက်အောင် ကောင်းစွာ ကျွေးလိုက်ပါပေ၏။ **ဣတိ**=ဤသို့သော စိတ်အကြံသည်၊ (**ဟောတိ**=၏) [မျာယံ ဟူသော ပါဌ်အတိုင်း အနက်ပေးလိုလျှင် “**မေ**=ငါ၏၊ **အယံ ဂဟပတိ ဝါ**=လည်းကောင်း”ဟု ဆိုလေ]

