## PAGE 589

**အဿ**=ထိုရဟန်းမှာ၊ **ဧဝမ္ပိ**=ဤသို့သော စိတ်အကြံသည်လည်း၊ **ဟောတိ**=၏၊ (**ကိန္တိ**=အဘယ်စိတ်အကြံသည်လည်း၊ **ဟောတိ**=ဟူမူ) **မံ**=ငါ့ကို၊ **အယံ ဂဟပတိ ဝါ**=သည်လည်းကောင်း ယ။ **အာယတိမ္ပိ**=နောင်အခါ၌လည်း၊ **ဧဝရူပေန**=ဤသို့ သဘောရှိသော ။ပ။ **သန္တပ္ပေယျ**=ကောင်းစွာရောင့်ရဲနှစ်သက်စေပါမူကား၊ **သမ္ပဝါရေယျ**=တော်ပါပြီဟု ကောင်းစွာ ငြင်းပယ်စေပါမူကား၊ **အဟော ဝတ**=ကျော်ကောင်းလေစွာ့၊ **ဣတိ**=ဤသို့သောစိတ်အကြံသည်၊ (**ဟောတိ**=၏) **သော**=ထိုရဟန်းသည်၊ **တံ ပိဏ္ဍပါတံ**=ထိုဆွမ်းကို၊ **ဘုဉ္စတိ**=၌ စပ်ပါ]

**ဂထိတော**=တဏှာသည် ချုပ်နှောင်အပ်လျက်၊ **ဝါ**=တဏှာ၏ ချုပ်နှောင်မှုကို ခံရလျက်၊ **မုစ္ဆိတော**=တဏှာဖြင့် တွေဝေမေ့မြောနေလျက်၊ **အဇ္ဈောပန္နော**=တဏှာသည် အလွန်အကဲ ဖိစီးလွှမ်းမိုးအပ်လျက်၊ **ဝါ**=တဏှာဖြင့် မျိုချ၍ အညွန့်တုံးအဆုံးသတ်လျက်၊ ကုသိုလ်တရား မဖြစ်ပွားနိုင်တော့ဘဲ ဂွတ်ကနဲ မျိုချလိုက်သကဲ့သို့ တဏှာဖြင့်သာ အဆုံးသတ်လျက်ဟူလို။ [ဒုကနိပါတ်စာပိုဒ် (၄၉) လည်းကြည့်] **အနာဒီနဝဒဿာဝိ**=(ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ စားခြင်း၌) အပြစ်ကို မမြင်ဘဲ၊ **အနိဿရဏပညာ**=(အာဟာရ၌ တပ်မက်သော) ဆန္ဒရာဂမှ ထွက်မြောက်ကြောင်းပညာမရှိဘဲ၊ **ပရိဘုဉ္ဇတိ**=စား၏။

**သော**=ထိုရဟန်းသည်၊ **တတ္ထ**=ထိုရွာနိဂုံး၌၊ **ကာမဝိတက္ကမ္ပိ**=ကာမဝိတက်ကိုလည်း၊ **ဝါ**=ဝတ္ထုကာမတို့ကို အာရုံပြု၍ဖြစ်သော အကြံအစည်ကိုလည်း၊ **ဝါ**=ကာမရာဂနှင့်ယှဉ်သော အကြံအစည်ကိုလည်း၊ **ဝိတက္ကေတိ**=ကြံစည်၏၊ **ဗျာပါဒဝိတက္ကမ္ပိ**=ဗျာပါဒဝိတက်ကိုလည်း၊ **ဝါ**=ဒေါသနှင့်ယှဉ်သော အကြံအစည်ကိုလည်း၊ **ဝိတက္ကေတိ**=၏၊ **ဝိဟိံသာဝိတက္ကမ္ပိ**=ဝိဟိံသာဝိတက်ကိုလည်း၊ **ဝါ**=သတ္တဝါတို့ကို ညှဉ်းဆဲကြောင်း ဒေါသစသော အကုသိုလ်နှင့် ယှဉ်သော အကြံအစည်ကိုလည်း၊ **ဝိတက္ကေတိ**=၏၊ **ဘိက္ခဝေ**=ရဟန်းတို့၊ **ဧဝရူပဿ**=ဤသို့သဘောရှိသော၊ **ဘိက္ခုနော**=ရဟန်းအား၊ **ဒါနစေတနာ**=လှူကြောင်း ဒါနစေတနာသည်၊ **န မဟပ္ဖလံ**=များသော အကျိုးမရှိ၊ **ဣတိ**=ဤသို့၊ **အဟံ**=ငါသည်။ **ဝဒါမိ**=မိန့်ဆို၏၊ **တံ**=ထိုသို့အကျိုးမများခြင်းသည်၊ **ကိဿာနု**=အဘယ်အကြောင်းကြောင့်နည်းဟူမူ၊ **ဘိက္ခဝေ**=ရဟန်းတို့၊ **ဟိ**=အကြင့်ကြောင့်၊ **ဘိက္ခု**=ရဟန်းသည်၊ **ပမတ္တော**=မေ့လျော့လျက်၊ **ဝိဟရတိ**=နေ၏၊ (**ဣတိ**=ထို့ကြောင့်တည်း)။

**ဘိက္ခဝေ**=ရဟန်းတို့၊ **ပန**=ထိုမှတပါး၊ **ဣဓ**=ဤသာသနာတော်၌။ပ။ **သမ္ပဝါရေတိ**=၏၊ **တဿ**=ထိုရဟန်းမှာ၊ **ဧဝံ**=ဤသို့သောစိတ်အကြံသည်၊ **န ဟောတိ**=မဖြစ်၊ (**ကိန္တိ**=အဘယ်စိတ်အကြံသည်၊ **န ဟောတိ**=မဖြစ်သနည်းဟူမူ) **သာဓု ဝတ**=

## PAGE 590

ကောင်းပါပေစွတကား။ **မံ**=ငါ့ကို၊ **အယံ ဂဟပတိ ဝါ**=ဤအိမ်ရှင်သည်လည်းကောင်း။ပ။ **သမ္ပဝါရေတိ**=၏၊ **ဣတိ**=ဤသို့သောစိတ်အကြံသည်၊ (**န ဟောတိ**=မဖြစ်) **အဿ**=ထိုရဟန်းမှာ၊ **ဧဝမ္ပိ**=ဤသို့သောစိတ်အကြံသည်လည်း၊ **န ဟောတိ**=မဖြစ်၊ (**ကိန္တိ**=သည်လည်း၊ **န ဟောတိ**=ဟူမူ)။ပ။ **အဂထိတော**=တဏှာသည် မချုပ်နှောင်အပ်ဘဲ၊ **အမုစ္ဆိတော**=တဏှာဖြင့် တွေဝေမေ့မြော မနေဘဲ၊ **အနဇ္ဈောပန္နော**=တဏှာသည် အလွန်အကဲ မဖိစီးအပ်ဘဲ၊ **ဝါ**=တဏှာဖြင့် မျိုချ၍ အညွန့်တုံးအဆုံးမသတ်ဘဲ၊ **အာဒီနဝဒဿာဝီ**=အပြစ်ကိုမြင်လျက်၊ **နိဿရဏပညာ**=ဆန္ဒရာဂမှ ထွက်မြောက်ကြောင်း ပညာရှိလျက်၊ **ပရိဘုဉ္ဇတိ**=ဘုဉ်းပေး၏၊

**သော**=ထိုရဟန်းသည်၊ **တတ္ထ**=ထိုရွာနိဂုံး၌၊ **နေက္ခမ္မဝိတက္ကမ္ပိ**=နေက္ခမ္မဝိတက်ကိုလည်း။ **ဝါ**=အကုသိုလ်မှ ထွက်မြောက်သော ကုသိုလ်နှင့်ယှဉ်သော အကြံကိုလည်း ။ပ။ **အဗျာပါဒဝိတက္ကမ္ပိ**=လည်း၊ **ဝါ**=ဒေါသ၏ ဆန့်ကျင်ဘက်မေတ္တာနှင့်ယှဉ်သောအကြံကိုလည်း။ပ။ **အဝိဟိံသာဝိတက္ကမ္ပိ**=လည်း၊ **ဝါ**=သတ္တဝါတို့ကိုညှဉ်းဆဲမှု ဒေါသစသော အကုသိုလ်၏ ဆန့်ကျင်ဘက် ကရုဏာနှင့်ယှဉ်သော အကြံကိုလည်း၊ **ဝိတက္ကေတိ**=၏။ပ။ **အပမတ္တော**=မမေ့လျော့ဘဲ၊ **ဝိဟရတိ**=၏၊ **ဣတိ**(**အဝေါစ**) **ပဌမံ**။

**၂-ဘဏ္ဍနသုတ်**

**၁၂၅။** **ဘိက္ခဝေ**=ရဟန်းတို့၊ **ယသ္မိံ ဒိသာယံ**=အကြင်အရပ် မျက်နှာ၌၊ **ဘိက္ခု**=ရဟန်းတို့သည်၊ **ဘဏ္ဍနဇာတာ**=ဖြစ်သော ခိုက်ရန်ပွားကြောင်း ကြိမ်းမောင်း ခြိမ်းခြောက်ခြင်း စသည်ရှိကုန်လျက်၊ [ဒုကနိပါတ်စာပိုဒ် (၄၄) လည်းကြည့်] **ကလဟဇာတာ**=ဖြစ်သော ခိုက်ရန်ပွားမှုရှိကုန်လျက်၊ **ဝိဝါဒါပန္နော**=ဆန့်ကျင်ဘက်ပြောဆိုခြင်းသို့ ရောက်ကုန်လျက်၊ **အညမညံ**=အချင်းချင်း၊ **မုခသတ္တိဟိ**=နှုတ်ခွန်းစကားဟူသော လှံတို့ဖြင့်၊ **ဝိတုဒန္တာ**=ထိုးကုန်လျက်၊ **ဝိဟရန္တိ**=နေကြကုန်အံ့၊

**ဘိက္ခဝေ**=ရဟန်းတို့၊ **မေ**=ငါ့အား၊ **ဧသာ ဒိသာ**=ဤအရပ်မျက်နှာသည်၊ **မနသိကာတုံပိ**=သွားဘို့နှလုံးသွင်းစိတ်ကူးခြင်းငှာသော်မှပင်၊ **ဖာသု**=ချမ်းသာရာဌาနသည်၊ **န ဟောတိ**=မဖြစ်၊ **ဂဠုံ**=သွားခြင်းငှာကား၊ **ပဂေဝ**=ရှေးဦးမဆွ အစကပင်၊ (**ဖာသု**=သည်၊ **န ဟောတိ**=မဖြစ်)။ **ဧတ္ထ**=ဤခိုက်ရန်ဖြစ်ပွားနေကြရာ၌၊ (**အဟံ**=ငါသည်) **နိဋ္ဌံ**=ဆုံးဖြတ်ချက်ချခြင်းသို့၊ **ဂစ္ဆာမိ**=ရောက်၏၊ **အဒ္ဓါ**=အမှန်တကယ်ပင် **တေ အာယသ္မန္တော**=ထိုအရှင်တို့သည်၊ **တယော**=သုံးမျိုးကုန်သော၊ **ဓမ္မေ**=တရားတို့ကို၊ **ပဇဟန္တိ**=ပယ်စွန့်နေ
## PAGE 591

ကြကုန်၏၊ ပစ္စုပ္ပန်အနက်ဆိုပါ]။ ပ။ **ဗဟုလံ**=ကြိမ်ဖန်များစွာ၊ **အကံသု**=ပြုနေကြကုန်၏၊ **ကတမေ**=အဘယ်မည် ကုန်သော၊ **တယော**=ကုန်သော၊ **ဓမ္မေ**=တို့ကို၊ **ပဇဟိံသု**=ပယ်စွန့်နေကြကုန်သနည်းဟူမူ၊ **နေက္ခမ္မဝိတက္ကံ**=ကိုလည်းကောင်း။ ပ။ **အဝိဟိံသာဝိတက္က**=ကိုလည်းကောင်း၊ (**ပဇဟိံသု**=ပယ်စွန့်နေကြကုန်၏) **တယော**=ကုန်သော၊ **ဣမေ ဓမ္မေ** ဤတရားတို့ကို၊ **ပဇဟိံသု**=၏၊

**ကတမေ**။ ပ။ **အကံသု**=ပြုနေကြသနည်းဟူမူ၊ **ကာမဝိတက္က**=ကိုလည်းကောင်း။ ပ။ **ဝိဟိံသာဝိတက္က**=ကိုလည်းကောင်း။ (**ဗဟုလံ**=စွာ၊ **အကံသု**=၏) **တယော**=ကုန်သော။ **ဣမေ ဓမ္မ**။ ပ။

**ဘိက္ခဝေ**=တို့၊ **ပန**=ထိုမှတပါး၊ **ယဿံ ဒိသာယံ**၌၊ **ဘိက္ခူ**=တို့သည်၊ **သမဂ္ဂါ**=စည်းလုံးညီညွတ်ကြကုန်လျက်။ (တပေါင်းတည်း သံဃကံကို ပြုခြင်း၊ တပေါင်းတည်း ပါတိမောက်ရွတ်ပြခြင်း, သိက္ခာပုဒ်ကို အညီအမျှ ဖြည့်ကျင့်ခြင်းဖြင့် ညီညွတ်ကြကုန်လျက်) **သမ္မောဒမာနာ**-ဝမ်းမြောက်ကြကုန်လျက်၊ **အဝိဝဒမာနာ**=ဆန့်ကျင်ဘက် မပြောကြကုန်ဘဲ၊ ဝါ-မငြင်းခုန်ကြကုန်ဘဲ၊ **ခီရောဒကီဘူတာ**-နို့ရည်နှင့် ရေကဲ့သို့ဖြစ်ကုန်လျက်၊ ဝါ-နို့ရည်နှင့် ရေအလား တသားတည်း ရောနှောကုန်လျက်၊ **အညမညံ**=အချင်းချင်း၊ **ပိယစက္ကူဟိ**=အချစ်မျက်လုံးတို့ဖြင့်၊ ဝါ=ချစ်ခင်သူဖြစ်ကြောင်း မေတ္တာစိတ်ကောင်းကို ဖော်ပြသောမျက်လုံးတို့ဖြင့် [ဒုကနိပါတ်စာပိုဒ်(၄၄)ကြည့်] **သမ္ပဿန္တာ**=ကြည့်ရှုကြကုန်လျက်၊ **ဝိဟရန္တံ**=နေကြကုန်အံ့၊

**ဘိက္ခဝေ**=တို့၊ **သော ဒိသာ**-သည်၊ **ဂန္တမ္ပိ**=သွားခြင်းငှာသော်မှပင်၊ **မေ**=ငါ့အား၊ **ဖာသု**=ချမ်းသာရာဌာနသည်၊ **ဟောတိ**=၏၊ **မနသိကာတုံ**၊ ငှာကား၊ **ပဂေဝ**-ပင်၊ (**ဖာသု**=သည်၊ **ဟောတိ**=၏) **ဧတ္ထ**=ဤဝမ်းမြောက်ဝမ်းသာ ညီညွတ်စွာ နေကြရာ၌၊ (**အဟံ**=ငါသည်) **နိဋ္ဌိ**=သို့၊ **ဂစ္ဆာမိ** ၏။ ပ။ ဒုတိယံ။

### ၃-ဂေါတမကစေတိယသုတ်

**၁၂၆။** **ဧကံ**=တပါးသော၊ **သမယံ**=အခါ၌၊ **ဘဂဝါ**=သည်၊ **ဝေသာလိယံ**=ဝေသာလီမြို့အနီး၌၊ **ဂေါတမကေ**=ဂေါတမက မည်သော၊ ဝါ-ဂေါတမကနတ်ဘီလူး ပိုင်ဆိုင်သော၊ **စေတိယေ**=စေတီဘုံနန်း နတ်ကွန်း၌၊ ဝါ-စေတီဘုံနန်းနတ်ကွန်းဝယ် ဆောက်လုပ်အပ်သော ကျောင်းတော်၌၊ **ဝိဟရတိ**=၏၊ **တတြ**=(ဂေါတမက စေတီဝယ် သီတင်းသုံးနေတော်မူရာ)ထိုအခါ၌။ ပ။

**ဘိက္ခဝေ**=တို့၊ **အဟံ**=ငါသည်၊ **အဘိညာယ**-(ခန္ဓာ အာယတန စသောတရား အမျိုးမျိုးကို)

