## PAGE 592

[ဗာတိယကိုယ်တိုင် ထိုးထွင်းသိတော်မူ၍သာလျှင်၊ **ဓမ္မံ**=တရားကို၊ **ဒေသေမိ**=ဟောတော်မူ၏၊ **အနဘိညာယ**=ကိုယ်တိုင်ထိုးထွင်းမသိဘဲ၊ **နော ဒေသေမိ**=ဟောတော်မူသည်မဟုတ်၊ **ဘိက္ခဝေ**=တို့၊ **အဟံ**=သည်၊ **သနိဒါနံ**=အကြောင်းနှင့်တကွဖြစ်အောင်သာလျှင်၊ ဝါ=အကြောင်းလုံလောက်စွာသာလျှင်၊ (ဝေနေယျ သတ္တဝါတို့၏ ဓာတ်ခံအဇ္ဈာသယနှင့် မေးခွန်းပုစ္ဆာ, အတ္ထုပ္ပတ္တိဟူသောအကြောင်း, နိမိတ်, ဟိတ်, ဥဒါဟရုဏ်ပြည့်စုံစွာသာလျှင်) **ဓမ္မံ**=ကို၊ **ဒေသေမိ**=၏၊ **အနိဒါနံ**=အကြောင်းမရှိဘဲ၊ ဝါ=အကြောင်းမလုံလောက်ဘဲ၊ **နော ဒေသေမိ**=ဟုတ်။

**ဘိက္ခဝေ**=တို့၊ **အဟံ**=သည်၊ **သပ္ပါဋိဟာရိယံ**=ဆန့်ကျင်ဘက် ကိလေသာတို့ကို ပယ်ရှားတားမြစ်နိုင်ခြင်းနှင့်တကွ ဖြစ်အောင်သာလျှင်၊ ဝါ=ဆန့်ကျင်...တားမြစ်နိုင်အောင်သာလျှင် [ဤပုဒ်၏ အကျယ်တဝင့်ဖွင့်ဆိုရှင်းလင်းချက်ကို အဋ္ဌကနိပါတ်စာပိုဒ်(၇ဝ)ဘူမိစာလသုတ်၌ ရေးထားသည်။] **ဓမ္မံ**=ကို၊ **ဒေသေမိ**=၏၊ **အပ္ပါဋိဟာရိယံ**=ဆန့်ကျင်ဘက် ကိလေသာတို့ကို ပယ်ရှားတားမြစ်နိုင်ခြင်းမရှိဘဲ၊ ဝါ=ဆန့်...တားမြစ်နိုင်အောင်မဟုတ်ဘဲ၊ **နော ဒေသေမိ**=ဟုတ်၊

**ဘိက္ခဝေ**=တို့၊ **အဘိညာယ**=၍သာလျှင်၊ **ဓမ္မံ**=ကို၊ **ဒေသယတော**=ဟောတော်မူသော၊ **အနဘိညာယ**=ဘဲ၊ **နော ဒေသယတော**=ဟောတော်မူသည်မဟုတ်သော၊ **သနိဒါနံ**=လျှင်၊ **ဓမ္မံ**=ကို၊ **ဒေသယတော**=သော၊ **အနိဒါနံ**=ဘဲ၊ **နော ဒေသယတော**=သော၊ **သပ္ပါဋိဟာရိယံ**=လျှင်၊ **ဓမ္မံ**=ကို၊ **ဒေသယတော**=သော၊ **အပ္ပါဋိဟာရိယံ**=ဘဲ၊ **နော ဒေသယတော**=သော၊ **တဿ မယှံ**-ထိုငါဘုရားသည်၊ **သြဝါဒေါ**=အဆုံး အမကို၊ **ကရဏီယော**=ပြုတော်မူအပ်၏၊ **အနုသာသနီ**-သွန်သင်ညွှန်ပြမှုကို၊ **ကရဏီယာ**=ပြုတော်မူအပ်၏။

**ဘိက္ခဝေ**=တို့၊ “**ဘဂဝါ**=မြတ်စွာဘုရားသည်၊ **သမ္မာသမ္ဗုဒ္ဓေါ**=အမှားမပါ မှန်စွာပိုင်နိုင်, ကိုယ်တိုင် စထွင်, ကုန်စင်ခပင်း, ကျန်ကြွင်းမရှိ. သိမြင်တော်မူပါပေ၏။ (**ဘဂဝတာ**=မြတ်စွာဘုရားသည်) **ဓမ္မော**=တရားတော်မြတ်ကို၊ **သွာက္ခာတော**=(ရာဂ, ဒေါသ, မောဟပယ်ခွင်း ဒုက္ခ ကင်းကြောင်း) ကောင်းစွာ ဟောကြားတော်မူအပ်ပါပေ၏၊ **သံဃော**-အရိယာသံဃာတော် အပေါင်းသည်၊ **သုပ္ပဋိပန္နော**=အဆုံးအမတရား, လေးစားလိုက်နာ, ကောင်းစွာကျင့်တော်မူပါပေ၏” **ဣတိ**=ဤသို့၊ **ဝေါ**=သင်တို့အား၊ အလံ၌စပ်] ဝါ=သင်တို့၏၊ ဝါ-သင်တို့မှာ၊ **စ ပန**=အမှန်တကယ်ပင်။ **တုဋ္ဌိယာ**=ကြည်နူးနှစ်သက် ခြင်းငှာ၊ **အလံ**=သင့်လျော်၏၊ **အတ္တမနတာယ**-ပီတိ သောမနဿတို့ ယူအပ်သောစိတ်ရှိသူတို့၏ အဖြစ်ငှာ၊ ဝါ=နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသူတို့၏အဖြစ်

## PAGE 593

ငှာ၊ **အလံ**=၏၊ **သောမနဿာယ**=ကောင်းသော စိတ်ရှိသူတို့၏ အဖြစ်ငှာ၊ ဝါ=ဝမ်းမြောက်ခြင်းငှာ၊ **အလံ**=၏၊ **ဣတိ**=ဤသို့၊ (**အဝေါစ**=မိန့်တော်မူပြီ)

**ဘဂဝါ**=သည်၊ **ဣဒံ**=ဤတရားစကားတော်ကို၊ **အဝေါစ**=ပြီ၊ **တေ ဘိက္ခု**=ထိုတရားနာရဟန်းတို့သည်၊ **အတ္တမနာ**=ပီတိသောမနဿတို့ ယူအပ်သောစိတ် ရှိကြကုန်လျက်၊ ဝါ-နှစ်သက် ဝမ်းမြောက်သော စိတ်ရှိကြကုန်လျက်၊ ဝါ=ပြည့်စုံသောစိတ်အကြံရှိကုန်လျက်၊ **ဘဂဝတော**=မြတ်စွာဘုရား၏ ၊ ဝါ=သည်၊ **ဘာသိတံ**=ဟောတော်မူအပ်သော တရားစကားကို၊ **အဘိနန္ဒုံ**=ဝမ်းမြောက်ဝမ်းသာလက်ခံနာယူကြကုန်ပြီ၊ **ဣတိ**=ဤသို့၊ (**သုတံ**=နာယူမှတ်မိထားအပ်ပါပြီ)

**စ ပန**=ထူးခြားချက်ကား၊ **ဣမသ္မိံ ဝေယျာကရဏသ္မိံ**=ဤဂေါတမက စေတိယသုတ်တော်ကို၊ **ဘညမာနေ**=ဟောတော်မှုအပ်ပြီးစ ဖြစ်လသော်၊ **သဟဿီလောကဓာတု**=တထောင်သော လောကဓာတ်သည်၊ **အကပ္ပိတ္ထ**=တုန်လှုပ်လေပြီ၊ **ဣတိ**=ဤတွင်အပြီးတည်း။ တတိယံ။

### ၄-ဘရဏ္ဍကာလာမသုတ်

**၁၂၇။** **ဧကံ**=သော၊ **သမယံ**-၌၊ **ဘဂဝါ**=သည်၊ **ကောသလေသု**=ကောသလမည်သော ဇနပုဒ်၌၊ ဝါ=ကောသလတိုင်းနယ်ပယ်၌၊ **စာရိကံ**=ခရီးရှည်လျား ကြွသွားတော်မူခြင်းကို၊ ဝါ=ခြင်းဖြင့်၊ **စရမာနော**=ကြွသွားတော်မူလသော်၊ စာပိုဒ်- ၆၄-ကြည့်] **ယေန**=အကြင်အရပ်၌၊ **ကပိလဝတ္ထု**=ကပိလဝတ်မြို့တော်သည်၊ (**အတ္ထိ**=ရှိ၏) **တံ**=ထိုကပိလဝတ်မြို့ရှိရာအရပ်သို့၊ **အဝသရိ**=ရောက်တော်မူပြီ၊ **မဟာနာမော**=မဟာနာမ်မည်သော၊ **သက္ကော**=သာကီဝင်မင်းသည်၊ “**ဘဂဝါ**=သည်၊ **ကပိလဝတ္ထု**=ကပိလဝတ်မြို့တော်သို့၊ **အနုပ္ပတ္တော ကိရ**=ကြွလာတော်မူသတဲ့၊” **ဣတိ**=ဤသို့၊ **အာသိခေါ**-ကြားသိရပြီးသည်သာ၊ **အထခေါ**=ကြားသိပြီးရာ ထိုအခါ၌။ ပ။ [စာပိုဒ်-၁၁၀-ကြည့်] **အဋ္ဌာသိ**=ရပ်နေပြီ၊ **ဧကမန္တံ**-၌၊ **ဌိတံ**=ရပ်နေသော၊ **မဟာနာမံ**=မဟာနာမ်မည်သော၊ **သက္ကံ**=သာကီဝင်မင်းကိုးပ။

**မဟာနာမ**=မဟာနာမ်၊ **ဂစ္ဆ**=သွားချေပါလော၊ **ယလ္လ**=အကြင်အိမ်၌၊ **အဇ္ဇ**=ယနေ့၊ **မယံ**-ငါတို့သည်၊ **ဧကရတ္တိ**=တညဉ့်ပတ်လုံး၊ **ဝိဟရေယျာမ**=သီတင်းသုံးနေသင့်ကုန်၏၊ ဝါ=သီတင်းသုံးနေရန် သင့်လျော်ကုန်၏၊ **ကပိလဝတ္ထုသ္မိံ**=ကပိလဝတ်မြို့တော်၌၊ **တထာရူပံ**=ထိုသို့သဘောရှိသော၊ (ထိုသို့
## PAGE 594

(တညဉ့်မျှ သီတင်းသုံးနေသင့်ခြင်းသဘောရှိသော) **အာဝသထံ**=အိမ်ကို၊ **ဇာန**=သိပါလော၊ **ဝါ**=သိအောင် စုံးစမ်းပါချေလော။ **ဣတိ**=ဤသို့၊ **အဝေါစ**=မိန့်တော်မူပြီ၊ **ဧဝံ ဘန္တေ**=ကောင်းပါပြီဘုရား၊ **ဣတိ**=ဤသို့၊ **မဟာနာမော**=သော၊ **သက္ကော**-သည်၊ **ဘဂဝတော**၏၊ (**ဝစနံ**=စကားတော်ကို) **ပဋိဿုတွာ**=စကားတုန့်ပြန်နာခံပြီး၍၊ **ကပိလဝတ္ထု**=ကပိလဝတ်မြို့သို့၊ **ပဝိသိတွာ**=ဝင်ပြီး၍၊ **ကေဝလကပ္ပံ**=ပတ်လည်ဝန်းကျင် ကုန်စင်အောင် [နောက်သုတ်ကြည့်] **ကပိလဝတ္ထု**=ကို၊ **အနုဟိန္ဒန္တော**=စဉ်ကာဆက်ကာ လှည့်လည်လသော်၊ **ယတ္ထ**=အကြင်အိမ်၌၊ **အဇ္ဇ**=ယနေ့၊ **ဘဂဝါ**-သည်၊ **ဧကရတ္တိံ**=လုံး၊ **ဝိဟရေယျ**=၏၊ **ကပိလဝတ္ထုသ္မိံ**=၌၊ **တထာရူပံ**=သော၊ **အာဝသထံ**=ကို၊ **နု အဒ္ဒသ**=မတွေ့မြင်ခဲ့။

**အထခေါ**=ထိုအခါ၌။ပ။ **ဧတံ**=ဤစကားကို၊ **အဝေါစ**=လျှောက်ပြီ၊ (**ကိန္တိ**=အဘယ်သို့၊ **အဝေါစ**=လျှောက်သနည်းဟူမူ)။ **ဘန္တေ**=အရှင်ဘုရား၊ **ယတ္ထ**=၌၊ **အဇ္ဇ**။ပ။ **ဝိဟရေယျ**=၏၊ **ကပိလဝတ္ထုသ္မိံ**=၌၊ **တထာရူပေါ**=ထိုသို့သဘောရှိသော၊ **အာဝသထော**=အိမ်သည်၊ **နတ္thi**=မရှိပါ။ **ဘန္တေ**=ရား၊ **ဘရဏ္ဍ**=ဘရတ္တုမည်သော။ **အယံ ကာလာမော**=ဤကာလာမအနွယ်ဝင် ရသေ့သည်၊ **ဘဂဝတော**=မြတ်စွာဘုရား၏၊ **ပုရာဏသဗြဟ္မစာရီ**=ရှေးအခါကာလ အတူတကွမြတ်သောအကျင့်ကို ကျင့်ခဲ့သူဖြစ်ပါ၏၊ **ဝါ**=မြတ်သောအကျင့်ကို ကျင့်ဖော်ကျင့်ဘက် မိတ်ဆွေဟောင်းကြီးဖြစ်ပါ၏၊ **ဘဂဝါ**-သည်၊ **အဇ္ဇ**=ယနေ့၊ **တဿ**=ထိုဘရဏ္ဍ၏၊ **အဿမေ**=သင်္ခမ်းကျောင်း၌၊ **ဧကရတ္တိံ**=လုံး၊ **ဝိဟရတု**=သိတင်းသုံးတော်မူပါ၊ **ဣတိ**=ဤသို့၊ (**အဝေါစ**-လျှောက်ပြီ)။

**မဟာနာမ**=မဟာနာမ်၊ **ဂစ္ဆ**=သွားချေပါလော၊ **သန္ထရံ**=ခင်းသင့်သောနေရာဌာနကို [“႕”ဟု ရဿဖြင့် ပါဌ်ရှိသည်] **ပညာပေဟိ**=ခင်းချေပါလော၊ **ဣတိ** (**အဝေါစ**)ပ။ **ယေန**=အကြင်အရပ်၌၊ **ဘရဏ္ဍဿ**-ဘရဏ္ဍမည်သော၊ **ကာလာမဿ**=ကာလာမအနွယ်ဝင်ရသေ့၏။ **အဿမော**=သင်္ခမ်းကျောင်းသည်။ (**အတ္ထိ**=ရှိ၏) **တေန**=ထိုအရပ်၌၊ **ဝါ**=သို့၊ **ဥပသင်္ကမိ**=သွား၏၊ **ဥပသင်္ကမိတွာ**=သွားပြီး၍၊ **သန္ထာရံ**=ခင်းသင့်သောနေရာဌာနကို၊ **ပညာပေတွာ**=ခင်းပြီး၍၊ [တနည်း=**ကပ္ပိယမဉ္စကေ**=အပ်စပ်သောညောင်စောင်း၌၊ (ထည့်ပါ)**သန္ထရံ**=အခင်းကို၊ **ပညာပေတွာ**=ခင်းပြီး၍] **ပါဒါနံ**=ခြေတို့ကို၊ **ဓောဝနာယ**=ဆေးကြောခြင်းငှာ၊ **ဥဒကံ**=ခြေဆေးရေကို **ဌပေတွာ**=တည်ထားပြီး၍။ပ။ **ဘန္တေ**=ရား (**မယာ**=တပည့်တော်သည်) **သန္ထာရော**=အခင်းကို [ဤ၌မူ “န္တာ”ဟု ဒီဃဖြင့်ရှိသည်] **သန္ထတော**=ခင်းအပ်ပြီးပါပြီ၊ **ပါဒါနံ**=ခြေတို့ကို၊ **ဓောဝနာယ**=ငှာ၊

