## PAGE 598

**ဝဏ္ဏော**=အလွန်နှစ်သက်ဖွယ် တင့်တယ်သော ကိုယ်အရေအဆင်းရောင်ရှိသည်၊ (ဟုတွာ=ဖြစ်၍) **ကေဝလကပ္ပံ**=ပတ်လည်ဝန်းကျင် ကုန်စင်အောင်၊ [ဤနည်း၌ ကပ္ပသဒ္ဒါ သမန္တဘာဝ (ထက်ဝန်းကျင်၏ အဖြစ်ဟူသော) အနက်ဟောတည်း] ဝါ=အားလုံးလောက်နီးပါးဖြစ်သော၊ [ဤနည်း၌ ဤ **ဣသံဦန** (အနည်းငယ် ယုတ်လျော့သည် အဖြစ်ဟူသော) အနက်ဟော ကပ္ပပစ္စည်းဟု သဒ္ဒါကျမ်းတို့ဆို၏၊ ဋီကာများ၌လည်း ဖွင့်၏] **ဇေတဝန်**=ဇေတဝန်ကျောင်းတိုက်ကို၊ **ဩဘာသေတွာ**=(ကိုယ်အရောင်, တန်ဆာရောင်တို့ဖြင့်) ထွန်လင်းစေ၍။ ပ။ **ဥပသင်္ကမိ**=ရောက်လာ၏၊ **ဥပသင်္ကမိတွာ**=ရောက်လာပြီး၍။

**ဘဂဝတော**=မြတ်စွာဘုရား၏၊ **ပုရတော**=ရှေ့တော်မှောက်၌၊ **ဌဿာမိ**=ရပ်အံ့။ ဣတိ-ဤသို့ ကြံရွယ်၍ (တိဋ္ဌန္တောပိ=ရပ်ပါသော်လည်း) **ဩသီဒတိမေဝ**=အောက်သို့ နစ်ဝင်သွားတော့သည်သာတည်း၊ **သံသီဒတိမေဝ**=အောက်သို့ စိမ့်ဝင်သွားတော့သည်သာတည်း၊ **သဏ္ဌာတုံ**=မနစ်ဝင်ဘဲ ခိုင်မြဲစွာ ရပ်တည်ခြင်းငှာ၊ **န သက္ကောတိ**=မစွမ်းနိုင်၊ **သေယျထာပိ နာမ**=ဥပမာမည်သည်ကား၊ **သပ္ပိ ဝါ**=ထောပတ်သည်လည်းကောင်း၊ **တေလံ ဝါ**=ဆီသည်လည်းကောင်း၊ **ဝါလုကာယ**=သဲ၌၊ **အာသိတ္တံ**-သွန်းလောင်းအပ်သည်၊ (သမာနံ=ဖြစ်လသော်) **ဩသီဒတိမေဝ**=တည်း၊ **သံသီဒတိမေဝ**=တည်း၊ **န သဏ္ဌာတိ**=မနစ်ဝင်ဘဲ မတည်တံ့နိုင်၊ **ဧဝမေဝံ**=ဤအတူပင်။ ပ။ **ဟတ္ထကံ**-ဟတ္ထကမည်သော၊ **ဒေဝပုတ္တံ**=ဗြဟ္မာကို၊ “**ဟတ္ထက** **ဟတ္ထက**၊ **ဩဠာရိကံ**=ကြမ်းတမ်းသော၊ **အတ္တဘာဝံ**=ခန္ဓာကိုယ် အတ္တဘောကို၊ **အဘိနိမ္မိနာဟိ**=ဖန်ဆင်းလော” ဣတိ=ဤသို့သော၊ **ဧတံ**=ဤစကားကို၊ **အဝေါစ**=မိန့်တော်မူပြီ။ ပ။ **အဘိနိမ္မိနိတွာ**=ဖန်ဆင်းပြီး၍။ ပ။

**ဟတ္ထက**=ဟတ္ထက၊ **ပုဗ္ဗေ**=ရှေးဘဝ၌၊ **မနုဿဘူတဿ**=လူဖြစ်၍ ဖြစ်ခဲ့စဉ်၊ ဝါ=လူဖြစ်ခဲ့သော၊ **တေ**-သင်၏၊ (**ဇိဝှါဂ္ဂေ**-လျှာဖျား၌) **ယေ ဓမ္မာ**=အကြင်ပရိယတ္တိတရားတို့သည်၊ **ပဝတ္တိနော**=ကျေကျေညက်ညက် နှုတ်တက်ဖြစ်လာကုန်သည်၊ **အဟေသုံ**=ဖြစ်ခဲ့ကုန်ပြီ၊ **ဧတရဟိ**=ဗြဟ္မာဖြစ်ရာ ယခုအခါ၌၊ **တေ**=သင်၏၊ (**ဇိဝှါဂ္ဂေ**=လျှာဖျား၌) **တေ ဓမ္မာ**=ထိုပရိယတ္တိတရားတို့သည်၊ **ပဝတ္တိနော**=ကုန်သည်၊ **ဟောန္တိ အပိ နု**=ဖြစ်ကုန်သေး၏လော၊ ဣတိ-ဤသို့၊ (**အဝေါစ**=မေးတော်မူပြီ)

**ဘန္တေ**=အရှင်ဘုရား၊ **ပုဗ္ဗေ**=၌၊ **မနုဿဘူတဿ**=စဉ်၊

## PAGE 599

ဝါ=သော၊ **မေ**-တပည့်တော်၏၊ (**ဇိဝှါဂ္ဂေ**=၌) **ယေ စ ဓမ္မာ**=အကြင်ပရိယတ္တိတရားတော်တို့သည်လည်း၊ **ပဝတ္တိနော**=ကုန်သည်၊ **အဟေသုံ**=ပြီ၊ **ဧတရဟိ**=ဗြဟ္မာဖြစ်ရာ ယခုအခါ၌၊ **မေ**=၏ (**ဇိဝှါဂ္ဂေ**-၌) **တေ စ ဓမ္မာ**=ထိုပရိယတ္တိတရားတို့သည်လည်း၊ **ပဝတ္တိနော**=ကုန်သည်၊ (**ဟောန္တိ**=ဖြစ်ကုန်၏)

**ဘန္တေ**=ရား။ ပ။ **နပ္ပဝတ္တိနော**=ကျေကျေညက်ညက် နှုတ်တက်ဖြစ်မလာကုန်သည်၊ **အဟေသုံ**=ပြီ။ ပ။ **ပဝတ္တိနော**=ကုန်သည်၊ (**ဟောန္တိ**=၏)။

**ဘန္တေ**=ရား၊ **ဘဂဝါ**=သည်၊ **ဧတရဟိ**=ယခုအခါ၌၊ **ဘိက္ခူဟိ**=ရဟန်းတို့နှင့်လည်းကောင်း၊ **ဘိက္ခုနီဟိ**=ရဟန်းမတို့နှင့်လည်းကောင်း၊ **ဥပါသကေဟိ**=သီတင်းသည် ဒါယကာတို့နှင့်လည်းကောင်း၊ **ဥပါသိကာဟိ**=သီတင်းသည် ဒါယိကာမတို့နှင့်လည်းကောင်း၊ **ရာဇူဟိ**=မင်းတို့နှင့်လည်းကောင်း၊ **ရာဇမဟာမတ္တေဟိ**=မင်း၏အမတ်ကြီးတို့နှင့်လည်းကောင်း၊ **တိတ္ထိယေဟိ**=ဗုဒ္ဓသာသနာပ အယူရှိသူတို့နှင့်လည်းကောင်း၊ (ဘုရားအဆုံးအမ အယူဝါဒမှ အပြင်အပ အယူဝါဒရှိသူတို့နှင့်လည်းကောင်း၊) **တိတ္ထိယသာဝကေဟိ**=ဗုဒ္ဓသာသနာပအယူဝါဒရှိသူတို့၏ တပည့်တို့နှင့်လည်းကောင်း၊ **အာကိဏ္ဏော**=ရောနှောလျက်၊ **ဝိဟရတိ သေယျထာပိ**=နေတော်မူသကဲ့သို့၊ **ဘန္တေ**=ရား၊ **ဧဝမေဝံ**-ဤအတူပင်၊ **အဟံ**=တပည့်တော်သည်၊ **ဒေဝပုတ္တေဟိ**=နတ်သားတို့နှင့်၊ **အာကိဏ္ဏော**=လျက်၊ **ဝိဟရာမိ**=နေရ၏၊ **ဘန္တေ**=ရား၊ **ဒူရတောပိ**=အဝေးမှပင်လည်း၊ **ဒေဝပုတ္တာ**=နတ်သားတို့သည်။ (**မယံ**=ငါတို့သည်) **ဟတ္ထကဿ**=ဟတ္ထကမည်သော၊ **ဒေဝပုတ္တဿ**=နတ်သား၏၊ **သန္တိကေ**=အထံ၌၊ **ဓမ္မံ**=တရားကို၊ **သောဿာမ**=နာယူကုန်အံ့၊ ဣတိ=ဤသို့ ကြံရွယ်ကြကုန်၍၊ **အာဂစ္ဆန္တိ**=လာကြကုန်၏။

**ဘန္တေ**=ရား၊ **အဟံ**-တပည့်တော်သည်၊ **တီဏိ**=သုံးပါးကုန်သော၊ **ဓမ္မာနံ**-တရားတို့၌၊ **အတိတ္တော**=အားရတင်းတိမ်ခြင်း မရှိဘဲ၊ **အပ္ပဋိဝါနော**=တွန်ဆုတ် ပျင်းရိခြင်း မရှိဘဲ၊ **ကာလင်္ကတော**=လူ့ဘဝက ကွယ်လွန်ခဲ့ပါပြီ၊ **ကတမေသံ တီဏိ**=အဘယ်သုံးမျိုးသော တရားတို့၌၊ (**အတိတ္တော**=ဘဲ၊ **အပ္ပဋိဝါနော**=ဘဲ၊ **ကာလင်္ကတော**=ကွယ်လွန်ခဲ့သနည်းဟူမူ)

**ဘန္တေ**=ရား၊ **အဟံ**=တပည့်တော်သည်၊ **ဘဂဝတော**=မြတ်စွာဘုရားကို၊ **ဒဿနဿ**=ဖူးမြင်ခြင်း၌။ ပ။ **ကာလင်္ကတော**=ပြီ၊ **ဘန္တေ**=ရား၊ **အဟံ**-သည်၊ **သဒ္ဓမ္မဿဝနဿ**-သူတော်ကောင်းတရားကို ကြားနာခြင်း၌။ ပ။ **ဘန္တေ**=ရား၊ **အဟံ**-သည်၊ **သံဃဿ**=သံဃာတော်အား၊ ဝါ=ကို၊ **ဥပဋ္ဌာနဿ**=(ပစ္စည်းလေးပါးတို့ဖြင့်) ပြုစုလုပ်ကျွေးခြင်း၌၊ E
## PAGE 600

**အတိတ္တော**=ဘဲ၊ **အပ္ပဋိဝါနော**=ဘဲ၊ **ကာလင်္ကတော**=ပါပြီ၊ **ဘန္တေ**=ရား၊ **အဟံ**=သည်၊ **တိဏံ**=ကုန်သော၊ **ဣမေသံ ဓမ္မာနံ**=ဤတရားတို့၌။ ပ ။ ကာလင်္ကတောပြီ၊ ဣတိ-ဤသို့၊ (အဝေါစ=လျှောက်ပြီ)။

**အဟံ**=တပည့်တော်သည်၊ **ဘဂဝတော**=ကို၊ **ဒဿနဿ**=ဖူးမြင်ခြင်း၌လည်းကောင်း၊ **သံဃဿ**-သံဃာတော်အား၊ **ဝါ**=ကို၊ **ဥပဋ္ဌာနဿ**= ၌လည်းကောင်း၊ **သဒ္ဓမ္မဿဝနဿ စ**=၌လည်းကောင်း၊ **ကုဒါစနံ**=အဘယ်အခါမျှ၊ တိတ္ထိ အားရတင်းတိမ်ခြင်းကို၊ **န အဇ္ဈဂါ**=မရခဲ့ပါ၊ **အဓိသီလံ**=ငါးပါးသီလထက် သာလွန်သော ဆယ်ပါးသီလကို၊ **သိက္ခမာနော** = ဖြည့်ကျင့်လျက်၊ **သဒ္ဓမ္မဿဝနေ**=သူတော်ကောင်းတရားကိုကြားနာခြင်း၌၊ **ရတော**=မွေ့လျော်လျက်၊ **တိတ္တံ**=ကုန်သော၊ **ဓမ္မာနံ**=တရားတို့၌၊ **အတိတ္တော**=ဘဲ၊ **ဟတ္ထကော**=ဟတ္ထကမည်သော တပည့်တော်သည်၊ **အဝိဟံ**=အဝိဟာဗြဟ္မာ့ပြည်သို့။ **ဂတော**=လားရောက်ပါပြီ။ ဣတိ (အဝေါစ=လျှောက်ပြီ) ပဉ္စမံ။

#### ၆-ကဋဝိယသုတ်

**၁၂၉။** **ဧကံ**=တပါးသော၊ **သမယံ**=အခါ၌၊ **ဘဂဝါ**=မြတ်စွာဘုရားသည်၊ **ဗာရာဏသိယံ**=ဗာရာဏသီမြို့၌၊ **ဣသိပတနေ**=ဣသိပတနမည်သော၊ **ဝါ**=ဘုရားပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ ပေါင်းဆုံစည်းဝေးရာဖြစ်သော၊ **မိဂဒါယေ**“သားကောင်တို့အား ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌၊ **ဝိဟရတိ**=သီတင်းသုံးနေတော်မူ၏၊ **အထ ခေါ**=ထိုအခါ၌၊ **ဘဂဝါ**-သည်။ ပ ။ [စာပိုဒ် (၁၂၄) ကြည့်]

**ဗာရာဏသိ**=ဗာရာဏသီမြို့ကို၊ **ပိဏ္ဍာယ**=ဆွမ်းအကျိုးငှာ၊ **ပါဝိသိ**=ဝင်တော်မူပြီး **ဘဂဝါ**=သည်၊ **ဂေါယောဂပိလက္ခ**သို့ နွားမတို့ကို ရောင်းဝယ်ရာဌာန၌ပေါက်သော ညောင်ပင်အနီး၌၊ အဋ္ဌကထာအတိုင်း အလွယ်အနက်ပေးခြင်းတည်း။ **ယောဂေါ**=ယှဉ်ခြင်း၊ ရောနှောခြင်း၊ **ဂါဝီနံ ကယဝိက္ကယဝသေန ယောဂေါ ဧတ္ထာတိ ဂေါယောဂေါ**=နွားမအများ (ရောင်းဝယ်ခြင်းအားဖြင့်) ပူးပေါင်းရောနှောမှုရှိရာ ဌာန။ (တနည်း) **ယုန္တိ ဧတ္ထာတိ ယောဂေါ**=ရောနှောပေါင်းဆုံရာဌာန၊ **ကယဝိက္ကယံ ကရောန္တာနံ ဂါဝီဟိ ယောဂေါ ဧတ္ထာတိ ဂေါယောဂေါ**‘(ရောင်းဝယ်မှု ပြုကြသောလူတို့၏) နွားမတို့နှင့် ရောနှောပေါင်းဆုံရာ ဌာန၊ **ဂေါယောဂ**=ဌာန၌၊ **ဇာတော**=ပေါက်သော၊ **ပိလက္ခော**=ညောင်ကြတ်ပင်ဟု ဝစနတ္ထပြု] **ပိဏ္ဍာယ**=ဆွမ်းအကျိုးငှာ၊ **စရမာနော**=လှည့်လည်လ

