## PAGE 601

သော်၊ **ရိတ္တဿာဒံ**=(ဈာန်ချမ်းသာမရှိဘဲ) အချည်းနှီးသာယာ နှစ်သက်နေခြင်းရှိသော၊ **ဗာဟိရဿာဒံ**=အပြင် အပ ကာမချမ်းသာ၌ သာယာ နှစ်သက်နေခြင်းရှိသော၊ **မုဋ္ဌဿတိ**=လွတ်ကင်းသော သတိရှိသော၊ **အသမ္ပဇာနံ**=ကောင်းစွာဆင်ခြင် မသိမြင်သော၊ **ဝါ**=သမ္ပဇဉ်ဉာဏ် မရှိသော၊ **အသမာဟိတံ**=ကမ္မဋ္ဌာန်းအာရုံ၌ စိတ်ကိုကောင်းမွန် တည်တံ့စွာ မထားသော၊ **ဝါ**=မတည်ကြည်သော၊ **ဝိတ္တန္တ စိတ္တံ**=အာရုံအများသို့ ပြေးသွားပျံ့လွင့်သောစိတ်ရှိသော၊ **ပါကတိန္ဒြိယံ**=လူ၏အသွင် ပေါ်လွင်သော ဣန္ဒြေရှိသော၊ **အညတရံ**=မထင်mရှားတပါးသော၊ **ဘိက္ခု**=ရဟန်းကို၊ **အဒ္ဒသ**=မြင်တော်မူပြီ၊ **ဒိသွာ**=မြင်တော်မူပြီး၍၊ **တံ ဘိက္ခု**=ထိုရဟန်းကို၊ **ဧတံ**=ဤစကားကို၊ **အဝေါစ**=မိန့်တော်မူပြီ၊ (ကိန္တိ=အဘယ်သို့၊ **အဝေါစ**=မိန့်တော်မူသနည်းဟူမူ)

**ဘိက္ခု**=ရဟန်း၊ **တွံ**=သင်သည်၊ **အတ္တာနံ**=မိမိကိုယ်ကို၊ **ကဋဝိယံ**=ထွေးအန်စွန့်ပစ်ဖွယ်ရာကို၊ **ဝါ**=ထွေးအန် စွန့်ပစ်ဖွယ်ရာဖြစ်အောင်၊ **ပါ**=ထွေးအန်ဖတ်ဖြစ်အောင်၊ **မာ အကာသိ**=မပြုလင့်၊ [**ကဋဝိယသဒ္ဒါ**သည် ဥဋ္ဌအနက်ကို ဟောသော **ရုဠှီသဒ္ဒါ**တည်း] **ဘိက္ခု**=ရဟန်း၊ **ဝတ**=အမှန်စင်စစ်၊ **ကဋဝိယကတံ**=ထွေးအန်စွန့်ပစ်ဖွယ် အပြုခံရ၍၊ **အာမဂန္ဓေန**=စိမ်းညိုသောအနံ့ဖြင့်၊ **အဝတံ**=စိုစွတ်နေသော၊ **တံ အတ္တာနံ**=ထိုမိမိကိုယ်ကို၊ **မက္ခိကာ**=ယင်မှက်တို့သည်၊ **န အနုပတိဿန္တိ**=အုံကြွ၍ အစဉ်တစိုက် မလိုက်ကုန်လတ္တံ့၊ **န အနွာဿဝိဿန္တိ**=အစဉ်တစိုက်လိုက်၍ မကိုက်ခဲကုန်လတ္တံ့၊ [**အနု+အာသုဓာတ်**၊ အနုဗန္ဓနဟူသော ဂတိအနက်ဟောတည်း။ ကိုက်ခဲခြင်းအနက်ကား အတ္ထာတိသယအားဖြင့် အပိုထည့်ရသော အနက်ဖြစ်၏] **ဣတိ ဧတံ ဌာနံ**=ဤ အစဉ်မလိုက် မကိုက်ခဲခြင်းဟူသော အကြောင်းသည်၊ **န ဝိဇ္ဇတိ**=မရှိနိုင်၊ ဣတိ-ဤသို့၊ (အဝေါစ=မိန့်တော်မူပြီ) **အထ ခေါ**=ထိုအခါ၌၊ **သော ဘိက္ခု**=ထိုရဟန်းသည်၊ **ဘဂဝတာ**=မြတ်စွာဘုရားသည်၊ **ဣမိနာ သြဝါဒေန**=ဤအဆုံးအမဖြင့်၊ **သြဝဒိတော**=ဆုံးမအပ်သည်၊ (ဟုတွာ=ဖြစ်၍) **သံဝေဂံ**=ထိတ်လန့်ခြင်းသို့၊ **ဝါ**=ထိတ်လန့်ကြောင်း သောတာပတ္ติမဂ်သို့၊ **အာပါဒိ**…ရောက်ပြီ။

**အထခေါ**=၌၊ **ဘဂဝါ**=သည်၊ **ဗာရာဏသိယံ**=ဗာရာဏသီမြို့၌၊ **ပိဏ္ဍာယ**=ငှာ၊ **စရိတွာ**=လှည့်လည်ပြီး၍၊ **ပစ္ဆာဘတ္တံ**=ဆွမ်းဘုဉ်းပေးပြီးရာ ကာလမှနောက်၌၊ **ပိဏ္ဍပါတပဋိက္ကန္တော**=ဆွမ်းခံရာမှ ဖဲခွါတော်မူပြီးသည်။ (ဟုတွာ=ဖြစ်၍) **ဘိက္ခု**=ရဟန်းတို့ကို၊ **အာမန္တေ သိ**-မိန့်တော်မူပြီ၊ (ကိန္တိ=သို့၊ **အာမန္တေသိ**=ဟူမူ)၊ **ဘိက္ခဝေ**=တို့၊ **ဣဓ**=ဤအရပ်၌၊ **အဟံ**-ငါသည်။ ပ ။ ပါဝိသိ=ဝင်ခဲ့ပြီ၊ **ဘိက္ခဝေ**=

## PAGE 602

တို့၊ **အဟံ**=ငါသည် ပ ။ **ပါကတိန္ဒြိယံ**-သော၊ **အညတရံ**=သော၊ **ဘိက္ခု**=ကို အဒ္ဒသံ-မြင်တော်မူခဲ့ပြီ။ ပ ။ **မယာ**-ငါသည်၊ **ဣမိနာ သြဝါဒေန**=ဖြင့်။ ပ ။

**ဧဝံ**=ဤသို့၊ **ဝုတ္တေ**=မြတ်စွာဘုရား မိန့်ကြားတော်မူအပ်လသော်၊ **အညတရော**--မထင်မရှား တပါးသော၊ **ဘိက္ခု**-သည်၊ **ဘဂဝန္တံ**=မြတ်စွာဘုရားကို၊ **ဧတံ**=ဤစကားကို၊ **အဝေါစ**=မေးလျှောက်ပြီ၊ (ကိန္တိ=သို့၊ **အဝေါစ**=ဟူမူ) **ဘန္တေ**=အရှင်ဘုရား၊ **ကဋဝိယံ**=ထွေးအန်စွန့်ပစ်ဖွယ်ရာဟူသည်၊ **ဝါ**=ထွေးအန်ဖတ်ဟူသည်၊ **ကိနုခေါ**=အဘယ်ပါနည်း၊ **အာမဂန္ဓော**-စိမ်းညှိသော အနံ့ဟူသည်၊ **ကော**=အဘယ်ပါနည်း၊ **မက္ခိကာ**=ယင်မှက်တို့ဟူသည်၊ **ကာ**=အဘယ်တို့ပါနည်း၊ ဣတိ=ဤသို့၊ (အဝေါစ) **ဘိက္ခု**=ရဟန်း၊ **အဘိဇ္ဈာ**=အလွန်တပ်မက်သော ဝိသမလောဘသည်၊ **ကဋဝိယံ**=ထွေးအန်စွန့်ပစ်ဖွယ်ရာမည်၏၊ **ဗျာပါဒေါ**=ဒေါသဗျာပါဒသည်၊ **အာမဂန္ဓော**=နံ့မည်၏၊ **ပါပကာ**=ယုတ်မာကုန်သော၊ **အကုသလာ**=အကုသိုလ်ဖြစ်ကုန်သော၊ **ဝိတက္ကာ**=တွေးတောကြံစည်ခြင်းတို့သည်၊ **မက္ခိကာ**=ယင်မှက်တို့မည်၏ ။ ပ ။ **န ဝိဇ္ဇတိ**=မရှိနိုင်၊ ဣတိ (အဝေါစ=မိန့်)

**စက္ခုသောတသ္မိံ**=စက္ခုဒွါရ, သောတဒွါရ၌၊ **ဝါ**=မျက်စိအပေါက်, နားအပေါက်၌၊ **အဂုတ္တံ**-သတိဖြင့် လုံခြုံအောင် မပိတ်ဆိးသော၊ **ဣန္ဒြိယေသု**=စက္ခုစသော ဣန္ဒြေခြောက်ပါးတို့၌၊ **အသံဝုတံ**=မစောင့်ထိန်းသော၊ (**ဘိက္ခု**=ရဟန်းကို) **ရာဂနိဿိတာ**=ရာဂကို မှီတွယ်ပူးကပ်နေကုန်သော၊ **သင်္ကပ္ပါ**=အကုသိုလ် အကြံအစည်တည်းဟူကုန်သော၊ **မက္ခိကာ**=ယင်မှက်တို့သည်၊ **အနုပတိဿန္တိ**=အစဉ်တစိုက် ဝိုင်းအုံလိုက်ကုန်လတ္တံ့၊ **ကဋဝိယကတော**=(မိမိကိုယ်ကို အဘိဇ္ဈာဟူသော) ထွေးအန်ဖတ်ဖြစ်အောင် ပြုတတ်သော၊ ဤ၌ ကတပုဒ်မှ တပစ္စည်းသည် ဘိက္ခုနှင့် အရတူသောကြောင့် ကတ္တားဟောတည်း၊ ရှေးစုဏ္ဏိယဝါကျ၌ကား အတ္တာနံနှင့် အရတူ ကံဟောတည်း **အာမဂန္ဓေ**=(ဒေါသဟူသော) စိမ်းညိုသောအနံ့ဖြင့်၊ ကရိုဏ်းအနက်၌ သို့ဝိဘတ်ဟုကြံပါ **အဝတော**=စွတ်စိုသော၊ **ဘိက္ခု**=ရဟန်းသည်၊ **နိဗ္ဗာနာ**=နိဗ္ဗာန်မှ၊ **အာရကာ**=ဝေးကွာသည်၊ **ဟောတိ**=ဖြစ်၏၊ **ဝိဃာတဿ ဧဝ**=အထူးထူး အထွေထွေ နှိပ်စက်တတ်သော ဒုက္ခ၏သာလျှင်၊ **ဘာဂဝါ**=အဖို့ရှိ၏။

**၃။** **ဂါမေ ဝါ**=ရွာ၌သော်လည်းကောင်း၊ **ယဒိ** သို့မဟုတ်၊ **အရညေ ဝါ**=တော၌သော်လည်းကောင်း၊ **အတ္တနော**=စိတ်၏၊ **သမထံ**=ငြိမ်သက် တည်ကြည်မှုကို၊ **အလဒ္ဓါ**-မရ၍၊ **မက္ခိကာဟိ**=ကိလေသာယင်ကောင်တို့သည်၊ **ပုရက္ခတော**=ရှေ့သွားပြုအပ်လျက်။ **ဝါ**=ဝိုင်းရံအပ်လျက်၊ **ဒုမ္မေဓော**၊ ပညာမရှိ
## PAGE 603

သော၊ **ဗာလော**=လူမိုက်သည်၊ **ပရေတိ**=လှည့်လည်သွားလာနေ၏၊ ယေ စ-အကြင် သူတော်ကောင်းတို့သည်ကား၊ **သီလေန**=သီလနှင့်လည်းကောင်း၊ **ပညာယ**=ပညာနှင့်လည်းကောင်း၊ **သမ္ပန္နာ**=အပြည့်စုံကုန်၏၊ **ဥပသမေ**=စိတ်၏ ငြိမ်သက်မှု၌၊ **ရတာ**=မွေ့လျော်ကြကုန်၏၊ (တေ=ထိုသူတော်ကောင်းတို့သည်) **မက္ခိကာ**=ကိလေသာ ယင်ကောင်တို့ကို၊ **နာသယိတွာန**=သတ်ဖြတ်ဖျက်ဆီးကုန်ပြီး၍၊ **ဥပသန္တာ**=ငြိမ်းချမ်းကုန်လျက်၊ **သုခံ**=ချမ်းသာစွာ၊ **သေန္တိ**=နေထိုင်ကြရကုန်၏။ ဣတိ=ဤသို့၊ (အဝေါစ=မိန့်တော်မူပြီ) ဆဋ္ဌ။

#### ၇-ပဌမ အနုရုဒ္ဓသုတ်

**၁၃၀။** အထခေါ-၌၊ **အာယသ္မာ အနုရုဒ္ဓေါ**=အရှင်အနုရုဒ္ဓါသည်၊ **ယေန**=၌ ။ပ။ **ဘန္တေ**=အရှင်ဘုရား၊ **အဟံ**=တပည့်တော်သည်၊ **ဣဓ**=ဤအရပ်၌၊ **ဒိဗ္ဗေန**=နတ်ပြည်၌ဖြစ်သော ပသာဒစက္ခုနှင့်တူသော၊ **ဝိသုဒ္ဓေန**=အယူစင်ကြယ်ကြောင်း ဖြစ်သော၊ **ဝါ**=ဝိစိကိစ္ဆာအစရှိသော (၁၁)ပါးသော အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်သော၊ **အဘိက္ကန္တ မာနုသကေန**=လူတို့ဥစ္စာဖြစ်သော ရူပါရုံကိုကျော်လွန်သော၊ ဝါရိုးရိုးလူတို့ မြင်နိုင်သော ရူပါရုံကို ကျော်လွန်၍ နတ်တို့ရူပါရုံနှင့် တောင်နံရံခြားကွယ်သော ရူပါရုံ, ဝေးကွာလှစွာ သေးငယ်စွာသော ရူပါရုံကို မြင်နိုင်သော စာပိုဒ် ၅၉-တိကဏ္ဏသုတ်လည်းကြည့်] **စက္ခုနာ**=အဘိညာဉ်မျက်စိဖြင့်၊ ပဿာမိ၌စပ်] **ယေဘုယျေန**=များသောအားဖြင့်၊ **မာတုဂါမံ**=မိန်းမကို၊ **ကာယဿ**=၏ ။ပ။ စာပိုဒ်-၁၁၈-ကြည့်] **နိရယံ**=သို့၊ **ဥပပဇ္ဇမာနံ**=လားရောက်နေသည်ကို၊ **ပဿာမိ**=မြင်ရ၏၊ **ဘန္တေ**=ဘုရား၊ **ကတိဟိ**=အဘယ်မျှလောက်ရှိကုန်သော၊ **ဓမ္မေဟိ**=တရားတို့နှင့်၊ **သမန္နာဂတော**=ပြည့်စုံသော၊ **မာတုဂါမော**=မိန်းမသည် ။ပ။ **ဥပပဇ္ဇတိ**=လားရောက်ပါသနည်း၊ ဣတိ (အဝေါစ-လျှောက်ပြီ)

= **အနုရုဒ္ဓ**=အနုရုဒ္ဓါ၊ **တီဟိ**=သုံးမျိုးကုန်သော၊ **ဓမ္မေဟိ**=တရားတို့နှင့်၊ **သမန္နာဂတော**=သော ။ပ။ **ဥပပဇ္ဇတိ**=လားရောက်၏၊ **ကတမေဟိ တီဟိ**=အဘယ်သုံးမျိုးသော တရားတို့နှင့် (**သမန္နာဂတော**=သော၊ **မာတုဂါမော**=သည် ။ပ။ **ဥပပဇ္ဇတိ**=လားရောက်သနည်းဟူမူ) **အနုရုဒ္ဓ**=အနုရုဒ္ဓါ၊ **ဣဓ**=ဤလောက၌၊ **မာတုဂါမော**=မိန်းမသည်၊ **ပုဗ္ဗဏှသမယံ**=နံနက်အခါ၌၊ **မစ္ဆေရမလပရိယုဋ္ဌိတေန**=ထက်ဝန်းကျင်မှ ထကြွသောင်းကျန်းသော ဝန်တိုမှု အညစ်အကြေး ရှိသော၊ [**ပရိယုဋ္ဌိတ**=ထက်ဝန်းကျင်မှ ထကြွသောင်းကျန်းသော+ **မစ္ဆေရ**=ဝန်တိုမှုဟူသော+**မလ**=အညစ်အကြေး]

