## PAGE 604

**ဝါ**=ဝန်တိုမှုအညစ်အကြေးသည် အုပ်စီးတည်နေအပ်သော၊ **ပရိယုဋ္ဌိတ**=အုပ်စီးတည်နေအပ်သော စိတ်ဖြင့်၊ **အဂါရံ**=အိမ်၌၊ **အဇ္ဈာဝသတိ**=နေ၏။ **မဇ္ဈန္တိကသမယံ**=နေ့လယ်အချိန်၌၊ **ဣဿာပရိယုဋ္ဌိတေန**=ထက်ဝန်းကျင်မှ ထကြွသောင်းကျန်းသော ငြူစူမှုရှိသော၊ **ဝါ**=ငြူစူမှုသည် အုပ်စီးတည်နေအပ်သော ။ပ။ **သာယနှသမယံ**=ညနေချမ်းအခါ၌၊ **ကာမရာဂပရိယုဋ္ဌိတေန**=ထက်ဝန်းကျင်မှ ထကြွသောင်းကျန်းသော ကာမရာဂရှိသော၊ **ဝါ**=ကာမရာဂသည် အုပ်စီးတည်နေအပ်သော ။ပ။ **အာဝသတိ**=နေ၏၊ **အနုရုဒ္ဓ**=အနုရုဒ္ဓါ၊ **တီဟိ**=ကုန်သော၊ **ဣမေဟိ ဓမ္မေဟိ**=ဤတရားတို့နှင့် ။ပ။ **ဥပပဇ္ဇတိ**=လားရောက်၏၊ ဣတိ=ဤသို့၊ (အဝေါစ=မိန့်တော်မူပြီ) သတ္တမံ။

#### ၈-ဒုတိယအနုရုဒ္ဓသုတ်

**၁၃၁။** အထခေါ=ထိုအခါ၌၊ **အာယသ္မာ အနုရုဒ္ဓေါ**=သည်၊ **ယေန**=အကြင်အရပ်၌၊ **အာယသ္မာ သာရိပုတ္တော**=အရှင်သာရိပုတြာသည်၊ (အတ္ထိ=ရှိ၏) **တေန**=ထိုအရှင်သာရိပုတြာရှိရာအရပ်၌၊ **ဝါ**=သို့၊ **ဥပသင်္ကမိ**=ကြွသွား၏၊ **ဥပသင်္ကမိတွာ**=ကြွသွားပြီး၍၊ **အာယသ္မတာ သာရိပုတ္တေန**=အရှင်သာရိပုတြာနှင့်၊ **သဒ္ဓိ**=အတူတကွ၊ **သမ္မောဒိ**=တညီတညွတ်တည်း နှီးနှောမိပြီ၊ (ကျန်းမာသာရေး စသည်မေးကာ ညီညာဆိုပြောနှီးနှောမိပြီ) **သမ္မောဒနီယံ**=ဝမ်းမြောက်သင့် ဝမ်းမြောက်ထိုက်သော၊ **သာရဏီယံ**=အဖန်ဖန် အထပ်ထပ် အမှတ်ရသင့်သော၊ **ကထံ**=စကားကို၊ **ဝီတိသာရေတွာ**=ပြီးဆုံးစေပြီး၍၊ [ဒုကနိပါတ်စာပိုဒ် (၁၆) ၌ သမ္မောဒနီယံစသည်ကို ရေးခဲ့ပြီ] **ဧကမန္တံ**=သင့်လျော်သည့် တစ်ခုသောနေရာ၌၊ **နိသီဒိ**=ထိုင်နေပြီ၊ ဧကမန္တ၌၊ **နိသိန္နော**=ထိုင်နေပြီးသော၊ **အာယသ္မာ အနုရုဒ္ဓေါ**=သည်၊ **အာယသ္မန္တံ သာရိပုတ္တံ**=အရှင်သာရိပုတြာကို၊ **ဧတံ**=ဤစကားကို၊ **အဝေါစ**=လျှောက်ပြီ၊ (ကိန္တိ=အဘယ်သို့၊ အဝေါစ=လျှောက်သနည်းဟူမူ) **အာဝုသော သာရိပုတ္တ**=အရှင် သာရိပုတြာ၊ **အဟံ**=တပည့်တော်သည်၊ **ဣဓ**=ဤအရပ်၌၊ **ဒိဗ္ဗေန**=သော၊ **ဝိသုဒ္ဓေန**=သော၊ **အတိက္ကန္တ မာနုသကေန**=သော၊ **စက္ခုနာ**=ဖြင့်၊ **သဟဿံ**=တစ်ထောင်သော၊ **လောကံ**=လောကဓာတ်ကို၊ **ဩလောကေမိ**=ကြည့်၏၊ **မေ**=တပည့်တော်၏၊ **ဝါ**=တပည့်တော်သည်၊ **ဝီရိယံ**=ဝီရိယကို၊ **ဝါ**=သည်၊ **အာရဒ္ဓံ**=အားထုတ်အပ်ပြီးသည်၊ **ဝါ**-ပြီးစီးစေအပ်ပြီးသည်၊ [“အာရဒ္ဓတ္တာ=အားထုတ်အပ်ပြီးသည်အဖြစ်ကြောင့်”ဟု ဟိတ်ပါဌ်ပြင်၍ ထည့်

## PAGE 605

ဆိုလိုကဆိုပါ၊ နောက်၌လည်း ဤအတိုင်းပင်] **အသလ္လီနံ**=မတွန့်ဆုတ်သည်၊ (ဟောတိ=ဖြစ်၏) **သတိ**=သတိသည်၊ **ဥပဋ္ဌိတာ**=အာရုံ၌ စွဲကပ်တည်နေသည်။ (ဥပဋ္ဌိတတ္တာ=အာရုံ၌ စွဲကပ်တည်နေသည်အဖြစ်ကြောင့်ပင်) **အသမ္မုဋ္ဌာ**=မလွတ်ကင်းသည်၊ (ဟောတိ=၏)။

**ကာယော**=ရူပကာယ, နာမကာယသည်၊ **ပဿဒ္ဓေါ**=အပူခပ်သိမ်း ကင်းငြိမ်းသည်၊ (ပဿဒ္ဓတ္တာ=အပူခပ်သိမ်း ကင်းငြိမ်းသည်အဖြစ်ကြောင့်ပင်) **အသာရဒ္ဓေါ**=ပူလောင်ခြင်း မရှိသည်၊ (ဟောတိ-၏) **စိတ္တံ**=စိတ်သည်၊ **သမာဟိတံ**=အာရုံ၌ ကောင်းမွန်တည်တံ့စွာ ထားအပ်သည်၊ **ဧကဂ္ဂ**=တစ်ခုတည်းသော အာရုံရှိသည်၊ **ဝါ**=တည်ကြည်ငြိမ်သက်သည်၊ (ဟောတိ=၏) အထ စ ပန=ထိုသို့ဖြစ်ပါလျက်၊ **မေ**=တပည့်တော်၏၊ **စိတ္တံ**=စိတ်သည်၊ **အနုပါဒါယ**=တဏှာဒိဋ္ဌိတို့၏ အလိုအားဖြင့် တစ်စုံသော တစ်ခုသော သင်္خတတရားကို မယူမူ၍၊ ဝါ-လွတ်မြောက်ခွဲခွာရာ ကိလေသာတို့ကို တစ်စွန်းတစ်စ အနည်းငယ်မျှ မယူမူ၍၊ **အာသဝေဟိ**=အာသဝတရားတို့မှ၊ **န ဝိမုစ္စတိ**=မလွတ်မြောက်ပါ၊ ဣတိ=ဤသို့၊ (အဝေါစ=လျှောက်ပြီ)၊

**၁။** **အနုပါဒါယ အာသဝေဟိ စိတ္တံ ဝိမုစ္စတိ**။ ။ ဤဝါကျကို နိဿယခန်းက အနက်ပြန်ဆိုထားသည့်နည်းအတိုင်း ရှေးဦးစွာ အဓိပ္ပါယ်ရှင်းလင်းရမည်၊ သို့သော် “နာနုပါဒါယ”မှ ပဋိသေဓ (န)ကို ဖြုတ်၍ “အနုပါဒါယ အာသဝေဟိ စိတ္တံ ဝိမုစ္စတိ (ဝိမုစ္ဆိ)”ဟူသော ဝါကျအတိုင်း အဓိပ္ပာယ် ရေးမည်။

အရဟတ္တမဂ်ဖိုလ် မဖြစ်ပေါ်လာမီတုန်းက အာသဝ, ကိလေသာတို့မှ မလွတ်မြောက်သေးသောစိတ်သည် တဏှာ, ဒိဋ္ဌိတို့၏ အလိုသို့လိုက်၍ လောကီအာရုံ, လောကီသင်္خတတရားတို့ကို ငါ, ငါ့ဥစ္စာဟု စွဲလမ်းဖမ်းယူ၏၊ အရဟတ္တမဂ်ဖိုလ် ဖြစ်ပေါ်လာသောအခါ၌ကား ထိုစိတ်သည် ယင်းကဲ့သို့ မစွဲလမ်း မဖမ်းယူမူ၍ ထိုအာသဝ, ကိလေသာ အားလုံးတို့မှ လွတ်မြောက်၏ (လွတ်မြောက်ပြီ)ဟု ဆိုလို၏။

(သို့မဟုတ်) ထိုစိတ်သည် သူ၏ လွတ်မြောက်ခဲ့ရာ (ခွဲခွာခဲ့ရာ) အာသဝ, ကိလေသာ အားလုံးတို့ကို တစ်စွန်းတစ်စ အနည်းငယ်မျှ ယူမသွားတော့ပဲ ရှင်းရှင်းလင်းလင်း ကင်းကွာလွတ်မြောက်၏ (လွတ်မြောက်ပြီ)ဟု ဆိုလို၏။

ဤပဌမနည်းအလို ပါဠိတော်၌ "ဝိမုစ္စတိ”သည် ကတ္တုရုပ်။ “စိတ္တံ” သည်
## PAGE 606

**အာဝုသော အနုရုဒ္ဓ**=ငါ့ရှင် အနုရုဒ္ဓါ၊ **ယံ(ယေန)**=အကြင် တရားသဘောဖြင့်၊ **တေ**-သင့်မှာ၊ **ဧဝံ**=ဤသို့ကြံစည်တွေးတောခြင်းသည်၊ **ဟောတိ**=ဖြစ်၏၊ (ကိန္တိ=အဘယ်သို့၊ ဟောတိ=ဖြစ်သနည်းဟူမူ) **အဟံ**=ငါသည်၊ **ဒိဗ္ဗေန**။ပ။ **ဩလောကေမိ**၏၊ **ဣတိ**=ဤသို့ တွေးတောခြင်းသည်၊ (ဟောတိ=၏) **တေ**-သင်၏၊ **ဣဒံ (အယံ)**=ဤသို့တွေးတောကြောင်း တရားသဘောသည်၊ **မာနသ္မိံ**=မာနတည်း၊ **ဝါ**=မိမိကိုယ်ကို အထင်ကြီးမှုတည်း၊ [ပဌမာအနက်၌ သတ္တမိဝိဘတ်သက်]

**အာဝုသော အနုရုဒ္ဓါ**၊ **ပိ**=ဤမျှမကသေး၊ **ယံ(ယေန)**=အကြင်တရားသဘောဖြင့်၊ **တေ**=သင့်မှာ၊ **ဧဝံ**=ဤသို့ကြံစည်တွေးတောခြင်းသည်၊ **ဟောတိ**=၏၊ (ကိန္တိ=သို့၊ ဟောတိ-ဟူမူ) **မေ**=ငါ၏၊ **ဝါ**-ငါသည်၊ **ဝီရိယံ**=ကို၊ **ဝါ**=သည်၊ **အာရဒ္ဓံ**-သည်။ပ။ **ဧကဂ္ဂံ**=သည်။ (ဟောတိ=၏) **ဣတိ**-ဤသို့ကြံစည်တွေးတောခြင်းသည်၊ (ဟောတိ=၏) **တေ**-သင်၏၊ **ဣဒံ**=ဤသို့ကြံစည်တွေးတောကြောင်း တရားသဘောသည်၊ **ဥဒ္ဓစ္စသ္မိံ** = စိတ်ပျံ့လွင့်ခြင်းတည်း။

**ပိ**=ဤမျှ မကသေး၊ **ဝါ**=ပြီးတော့၊ **ယံ(ယေန)**=ဖြင့်၊ **တေ**=သင့်မှာ၊ **ဧဝံ**-သည်၊ **ဟောတိ**=၏၊ (ကိန္တိ=သို့၊ ဟောတိ=မူ) **အထ စ ပန**=ထိုသို့ဖြစ်ပါ ဝုတ္တကတ္တား “အာသဝေဟိ”၌ ဟိဝိဘတ်သည် အပါဒါန်အနက်ဟောတည်း။

**အနုပါဒါယာတိ** တဏှာဒိဋ္ဌိဝသေန (တဏှာဒိဋ္ဌိတို့၏ - အလိုကျအားဖြင့်) **ကဉ္စိ ဓမ္မံ** (**သင်္ခတဓမ္မံ**) အဂ္ဂဟေတွာ၊ ယေဟိ ဝါ ကိလေသေဟိ သဗ္ဗေဟိ ဝိမုစ္စတိ၊ တေသံ လေသမတ္တမ္ပိ အဂ္ဂဟေတွာတိ အတ္ထော။

(တနည်း) **စိတ္တံ**=စိတ်ကို၊ **အာသဝေဟိ**=အာသဝတရားတို့သည်၊ (အာသဝတရားတို့က) **အနုပါဒါယ**-အာရုံပြုသောအားဖြင့် မယူမူ၍၊ **ဝိမုစ္စတိ**-လွှတ်အပ်၏။ ဤသို့ အနက်ဆိုပါ၊ ဤဒုတိယနည်း၌-

အရဟတ္တမဂ်ဖိုလ် မဖြစ်ပေါ်မီတုန်းက အာသဝတရားတို့သည် စိတ်ကို ဖမ်းချုပ်သိမ်းပိုက် ယူငင်ထားကြ၏။ အရဟတ္တမဂ်ဖိုလ် ဖြစ်ပေါ်လာသည့် အခါ၌ကား ထိုကဲ့သို့ မဖမ်းချုပ် မယူငင်နိုင်တော့ဘဲ အာသဝ ကိလေသာတို့သည် စိတ်ကို လွှတ်လိုက်ကြရတော့သည်ဟု ဆိုလို၏။

ဤဒုတိယနည်းအလို “**ဝိမုစ္စတိ**”သည် ကမ္မရုပ်၊ **အာသဝေဟိ**သည်- အဝုတ္တကတ္တိယာ ကတ္တား၊ **စိတ္တံ**သည် ဝုတ္တကံ။ [ပါရာဇိကဏ် အဋ္ဌကထာ၊ ၁၅၆။ သာရတ္ထဋီကာ။ ပ-၅၈။ ၄၄၇-၈။ ဝိမတိဋီကာ၊ ပ-၉၄။]

