## PAGE 607

လျက်၊ **မေ**=ငါ၏၊ **စိတ္တံ**။ပ။ **န ဝိမုစ္စတိ**=မလွတ်၊ **ဣတိ**=ဤသို့ကြံစည် တွေးတောခြင်းသည်၊ (ဟောတိ) **တေ**=သင်၏၊ **ဣဒံ**=ဤကြံစည်တွေးတောကြောင်း တရားသဘောသည်၊ **ကုက္ကုစ္စသ္မိံ**=နောင်တတဖန် စိတ်ပူပန်ခြင်းပင်တည်း၊ **သာဓု**=တိုက်တွန်းပါ၏၊ **ဝတ**=စင်စစ်၊ **အာယသ္မာ အနုရုဒ္ဓေါ**=သည်၊ **တယော**=သုံးမျိုးကုန်သော၊ **ဣမေ ဓမ္မ**=ဤတရားတို့ကို၊ (မာန ဥဒ္ဓစ္စ, ကုက္ကုစ္စဟူသော ဤတရားတို့ကို) **ပဟာယ**=ပယ်၍၊ **တယော**=ကုန်သော၊ **ဣမေ ဓမ္မေ**တို့ကို၊ **အမနသိကတွာ**=နှလုံးမသွင်းမူ၍၊ **အမတာယ**=သေခြင်းကင်းရာ နิဗ္ဗာန်ဟူသော၊ **ဝါ**=အမြိုက်နိဗ္ဗာန်ဟူသော၊ **ဓာတုယာ**=ဓာတ်သဘောအကျိုးငှာ၊ **စိတ္တံ**=စိတ်ကို၊ **ဥပသံဟရတု**=(ကမ္မဋ္ဌာန်းအာရုံသို့) ဆွဲကပ်ဆောင်ပို့ပါလော၊ **ဣတိ**=ဤသို့၊ (**အဝေါစ**=မိန့်ဆိုပြီ)။

။ပ။ **အပရေန**=တပါးသော၊ **သမယေန**=အခါ၌။ပ။ **ဥပသံဟရိ** (ကမ္မဋ္ဌာန်းအာရုံသို့) ဆွဲကပ်ဆောင်ပို့ပြီ၊ **အထခေါ**-၌၊ **အာယသ္မာ အနုရုဒ္ဓေါ**=သည်၊ **ဧကော**=တပါးတည်းသည်။ **ဝူပကဋ္ဌော**=ဝတ္ထု, ကိလေသာနှစ်ဖြာသော ကာမတို့မှ ကိုယ်စိတ်အားဖြင့် ကင်းကွာသည်၊ **အပ္ပမတ္တော** =ကမ္မဋ္ဌာန်းတရား၌ မမေ့လျော့သည်၊ **အာတာပီ**= ပြင်းထန်သော လုံ့လဝီရိယရှိသည် (ကိလေသာတို့ကို ပူပန်လောင်ကျွမ်းခြောက်ခန်းစေတတ်သော ဝီရိယရှိသည်) **ပဟိတတ္တော** =(ကိုယ်နှင့်အသက် မငဲ့ကွက်ဘဲ) နိဗ္ဗာန်သို့ ရဲဝံ့စွန့်စားစွန့်လွှတ်ထားအပ်သော စိတ်ရှိသည်၊ (ဟုတွာ=ဖြစ်၍) **ဝိဟရန္တော**=နေလသော်၊ **နစိရဿဝ**=မကြာမြင့်မိသာလျှင်၊ [သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟာသိ တို့၌စပ်] **ယဿ**= အကြင်အရဟတ္တဖိုလ်၏၊ **ဝါ**-အကြင်အရဟတ္တဖိုလ်ဟူသော၊ **အတ္ထာယ**-အကျိုးငှာ။

**ကုလပုတ္တာ**=(အကျင့်သီလရှိသော) အမျိုးကောင်းသားတို့သည်၊ **သမ္မဒေဝ**=အကြောင်းမှန်, နည်းလမ်းမှန်အားဖြင့်သာလျှင်၊ **အဂါရသ္မာ**=အိမ်မှ၊ **ဝါ**=အိမ်ရာ တည်ထောင် လူ့ဘောင်မှ၊ (နိက္ခမိတွာ=ထွက်ခွာကြကုန်၍) **အနဂါရိယံ**-ရဟန်းအဖြစ်သို့၊ **ဝါ**=ကို၊ (အိမ်၌နေထိုင်မှု လူ့အဆင့်အတန်း မြင့်မားကြီးပွား ရေးကို ဆောင်နိုင်သော လယ်လုပ်နွားမွေး ကုန်သွယ်ရေး မရှိရာ ရဟန်းအဖြစ်သို့၊ **ဝါ**=အဖြစ်ကို) **ပဗ္ဗဇန္တိ**=ဝင်ရောက် ကြကုန်၏၊ **ဝါ**=ကျင့်ကြကုန်၏၊ [ဒုကနိပါတ်စာပိုဒ်(၂)သုတ်(၅)သုတ်တို့လည်း ကြည့်]။

**အနုတ္တရံ**သူ့ထက်ထူးချွန်လွန်မြတ်သော တရားမရှိသော၊ **ဝါ**=အမြတ်ဆုံး တရားဖြစ်သော၊ **ဗြဟ္မစရိယပရိယောသာနံ**=မဂ္ဂဗြဟ္မစရိယ၏ အဆုံးစွန်ဖြစ်သော၊ **တံ**=ထိုအရဟတ္တဖိုလ်ကို၊ **ဝါ**=သို့။ **ဒိဋ္ဌေဝ ဓမ္မေ**=ယခု

## PAGE 608

တွေ့ကြုံနေရသော အတ္တဘော၌ပင်လျှင်၊ **ဝါ**=ယခုဘဝ၌ပင်၊ **သယံ**=ကိုယ်တိုင် သာလျှင်။ **အဘိညာ (အဘိညာယ)**=ထူးမြတ်သော ပစ္စဝေက္ခဏာဉာဏ်ဖြင့်၊ **သစ္ဆိကတွာ**=မျက်မှောက်ပြု၍၊ **ဥပသမ္ပဇ္ဇ**=ရောက်၍၊ **ဝါ**=ရ၍၊ **ဝါ**=ပြီးစီးစေ၍၊ **ဝိဟာသိ**=နေပြီး **ဇာတိ**=ပဋိသန္ဓေသည်၊ **ခီဏာ**=ကုန်ပြီ၊ **ဗြဟ္မစရိယံ**=မြတ်သော မဂ်အကျင့်ကို၊ **ဝါ**-မဂ္ဂဗြဟ္မစရိယကို၊ **ဝုသိတံ**=ကျင့်သုံးအပ်ပြီး **ကရဏီယံ**=ပြုသင့်ပြုထိုက်သော (၁၆)ပါးသော မဂ်ကิစ္စကို၊ **ကတံ**=ပြုအပ်ပြီးပြီ၊ **ဣတ္ထတ္တာယ** =ဤ (၁၆)ပါးကွဲပြားသော မဂ်ကိစ္စ၏အဖြစ်ဟူသော အကျိုးငှာ [စာပိုဒ်(၅၉) တိကဏ္ဏသုတ်လည်းကြည့်] **အပရံ**=နောက်ထပ်တမျိုးတခြား မဂ်ဖြစ်ပွားစေခြင်း ကိစ္စသည်၊ **န (အတ္ထိ)**-ငါ့မှာမရှိတော့ပြီ၊ **ဣတိ**=ဤသို့၊ **အဗ္ဘညာသိ**-သိပြီ၊ **ပန**=ဤမျှမကသေး၊ **အာယသ္မာ အနုရုဒ္ဓေါ**=သည်၊ **အရဟတံ**=ရဟန္တာပုဂ္ဂိုလ် တို့တွင်၊ **အညတရော စ**=တပါးအပါအဝင်သည်လည်း၊ **အဟောသိ**-ဖြစ်ပြီ၊ **ဣတိ**=ဤတွင်အပြီးတည်း၊ **အဋ္ဌမံ**=ရှစ်ခုမြောက်သုတ်တည်း။

#### ၉-ပဋိစ္ဆန္နသုတ်

**၁၃၂။** **ဘိက္ခဝေ**=တို့၊ **ဣမာနိ တီဏိ**=ဤသုံးမျိုးတို့သည်၊ **ပဋိစ္ဆန္နာနိ**=ဖုံးကွယ်ထားအပ်ကုန်မှသာ၊ **အာဝဟန္တိ**=ကဲ့ရဲ့တားမြစ်မှုကို ထုတ်ဆောင် ဖယ်ရှားနိုင်ကုန်၏။ **ဝါ**=ဂုဏ်သရေကို ဆောင်နိုင်ကုန်၏၊ **ဝိဝဋာနိ**=ဖွင့်လှစ် ဖော်ပြအပ်ကုန်လသော်၊ **နော အာဝဟန္တိ**=ကဲ့ရဲ့ တားမြစ်မှုကို မထုတ်ဆောင် မဖယ်ရှားနိုင်ကုန်၊ **ဝါ**=ဂုဏ်သရေကို မဆောင်နိုင်ကုန်၊ [ဝန္တိတိ ယန္တိ နိယန္တိ၊ နိတ္တံ ဝါ ပဋိက္ကောသံ ဝါ န လဘန္တိ။ ပရိဝါအဋ္ဌကထာ၊ ၁၆၄] **တီဏိ**=သုံးမျိုး တို့ဟူသည်။ **ကတမာနိ**=အဘယ်တို့ နည်းဟူမူ၊

**ဘိက္ခဝေ**=တို့၊ **မာတုဂါမော**=မိန်းမသည်၊ **ပဋိစ္ဆန္နော**=ဖုံးကွယ်ထား အပ်မှသာ။ **အာဝဟတိ**=ကဲ့ရဲ့တားမြစ်မှုကို ထုတ်ဆောင်ဖယ်ရှားနိုင်၏၊ **ဝါ**=ဂုဏ်သရေကို ဆောင်နိုင်၏၊ **ဝိဝဋော**=ဖွင့်လှစ် ဖော်ပြအပ်လသော်၊ **နော အာဝဟတိ**=ကဲ့ရဲ့ တားမြစ်မှုကို မထုတ်ဆောင် မဖယ်ရှားနိုင်၊ **ဝါ**=ဂုဏ်သရေကို မဆောင်နိုင်၊ **ဘိက္ခဝေ**=တို့၊ **ဗြာဟ္မဏာနံ**=ပုဏ္ဏားတို့၏၊ **မန္တာ**=ဗေဒင်မန္တန် တို့သည်၊ **ပဋိစ္ဆန္နာ**=ကုန်မှသာ ။ပ။ **ဝိဝဋာ**=အပ်ကုန်လသော် ။ပ။ **ဘိက္ခဝေ**=တို့၊ **မိစ္ဆာဒိဋ္ဌိ**=မှားသော အယူသည်၊ **ပဋိစ္ဆန္နာ**=အပ်မှသာ ။ပ။ **ဝိဝဋာ**=အပ်လသော် ။ပ။ **ဘိက္ခဝေ**=တို့၊ **ဣမာနိ တီဏိ**=တို့သည်၊ **ပဋိစ္ဆန္နာနိ** ။ပ။
## PAGE 609

**ဘိက္ခဝေ**=ရဟန်းတို့၊ **ဣမာနိ တီဏိ**=ဤသုံးပါးတို့သည်၊ **ဝိဝဋာနိ**=ဖွင့်လှစ်အပ်ကုန်မှသာ၊ **ဝိရောစန္တိ**=တင့်တယ်ကုန်၏၊ **ပဋိစ္ဆန္နာနိ**=ဖုံးကွယ်ထားအပ်ကုန်လသော်၊ **နော ဝိရောစန္တိ**=မတင့်တယ်ကုန်။ ပ။

**ဘိက္ခဝေ**=ရဟန်းတို့၊ **စန္ဒမဏ္ဍလံ**=လပြည့်ဝန်းသည်၊ **ဝိဝဋံ**=ဖွင့်လှစ်ဖော်ပြထားအပ်မှသာ၊ **ဝိရောစတိ**=တင့်တယ်၏။ **ပဋိစ္ဆန္န**=(ဆီးနှင်းမြူတိမ်တို့) ဖုံးကွယ်ထားအပ်လသော်၊ **နော ဝိရောစတိ**=မတင့်တယ်၊ **ဘိက္ခဝေ**=ရဟန်းတို့၊ **သူရိယမဏ္ဍလံ**=နေဝန်းသည်။ ပ။

**ဘိက္ခဝေ**=ရဟန်းတို့၊ **တထာဂတပ္ပဝေဒိတော**=မြတ်စွာဘုရား ဟောကြား သိစေတော်မူအပ်သော၊ **ဓမ္မဝိနယော**=သုတ်အဘိဓမ္မာ ဝိနည်းသည်၊ **ဝိဝဋော**=ဖွင့်လှစ်အပ်သည်ရှိသော်မှသာ။ ပ။ **ဣတိ(အဝေါစ)**။ နဝမံ။

#### ၁၀-လေခသုတ်

**၁၃၃။** [စာပိုဒ်(၁၇၇)လည်းကြည့်] **ပါသာဏလေခူပမော**=ကျောက်ဖျာပေါ်၌ ရေးခြစ်အပ်သော အစင်းကြောင်းဟူသော ဥပမာရှိသော၊ (ဝါ) ကျောက်ဖျာပေါ်၌ ရေးခြစ်အပ်သော အစင်းကြောင်းနှင့် တူသော ဒေါသအစင်းကြောင်းရှိသော၊ **ပုဂ္ဂလော**=ပုဂ္ဂိုလ်လည်းကောင်း၊ **ပထဝိလေခူပမော**=မြေကြီး၌ ရေးခြစ်အပ်သော အစင်းကြောင်းဟူသော ဥပမာရှိသော၊ (ဝါ) မြေကြီး၌ ရေးခြစ်အပ်သောအစင်းကြောင်းနှင့်တူသော ဒေါသအစင်းကြောင်း ရှိသော၊ **ပုဂ္ဂလော**=လည်းကောင်း၊ **ဥဒကလေခူပမော**=ရေပြင်၌ ရေးခြစ်အပ်သော အစင်းကြောင်းဟူသော ဥပမာရှိသော၊ (ဝါ) ရေပြင်၌ ရေးခြစ်အပ်သော အစင်းကြောင်းနှင့်တူသော ဒေါသအစင်းကြောင်းရှိသော၊ **ပုဂ္ဂလော**=ပုဂ္ဂိုလ်လည်းကောင်းတည်း။

**ဘိက္ခဝေ**=ရဟန်းတို့၊ **ပါသာဏလေခူပမော**=ကျောက်ဖျာပေါ်၌ ရေးခြစ်အပ်သော အစင်းကြောင်းဟူသော ဥပမာရှိသော၊ **ပုဂ္ဂလော**=ပုဂ္ဂိုလ်ဟူသည်၊ **ကတမော ... စ**=အဘယ်နည်း၊ **ဘိက္ခဝေ**=ရဟန်းတို့၊ **ဣဓ**=ဤလောက၌၊ **ဧကစ္စော**=အချို့သော၊ **ပုဂ္ဂလော**=ပုဂ္ဂိုလ်သည်၊ **အဘိဏှံ**=အမြဲမပြတ်၊ **ကုဇ္ဈတိ**=စိတ်ဆိုးနေ၏။

**၁။ ပါသာဏလေခူပမာ ။ ။** ဤပုဒ်၏ နောက်အနက်မှာ ဤသုတ်ဋီကာနှင့် ပုဂ္ဂလပညတ်မူလဋီကာ (၄)အဖွင့်အတိုင်း ပြန်ဆိုအပ်သော အနက်တည်း၊ ဤနောက်နည်းအလို “ပါသာဏေ လေခါ ပါသာဏလေခါ၊ သာ ဥပမာ ယဿာ ကောဓလေခါယာတိ ပါသာဏလေခူပမာ=ကျောက်ဖျာပေါ်က အစင်းကြောင်းဟူသော ဥပမာရှိသော (ဝါ=ထိုအစင်းကြောင်းနှင့် တူသော) ဒေါသ အစင်းကြောင်း၊ ပါသာဏလေခူပမာ ယဿ ပုဂ္ဂလဿ အတ္ထိတိ ပါသာဏလေခူပမော=ကျောက်ဖျာ....ဒေါသ အစင်းကြောင်းရှိသောပုဂ္ဂိုလ်။

