## PAGE 610

**စ**=ထို့အပြင်၊ **အဿ**=ထိုပုဂ္ဂိုလ်၏၊ **သော ကောဓော**=ထိုအမျက်ဒေါသသည်၊ **ဒီဃရတ္တံ**=ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး၊ **အနုသေတိ**=ကိန်းအောင်းနေ၏၊ **ဘိက္ခဝေ**=ရဟန်းတို့၊ **ပါသာဏေ**=ကျောက်ဖျာပေါ်၌၊ **ဝါ**=ကျောက်ဖျာပေါ်က၊ **လေခါ**=အစင်းကြောင်းသည်၊ **ဝါတေန ဝါ**=လေကြောင့်လည်းကောင်း၊ **ဥဒကေန ဝါ**=ရေကြောင့်လည်းကောင်း၊ **ခိပ္ပံ**=လျင်မြန်စွာ၊ **န လုဇ္ဇတိ**=မပျက်စီးသကဲ့သို့၊ **စိရဋ္ဌိတိကာ**=ကြာမြင့်စွာ တည်တံ့ခြင်းရှိသည်၊ **ဟောတိ သေယျထာပိ**=ဖြစ်သကဲ့သို့၊ **ဘိက္ခဝေ**=ရဟန်းတို့၊ **ဧဝမေဝံ**=ဤအတူပင်၊ **ဣဓ**=ဤလောက၌၊ **ဧကစ္စော**။ ပ။ **ဘိက္ခဝေ**=ရဟန်းတို့၊ **အယံ**=ဤပုဂ္ဂိုလ်ကို၊ **ပါသာဏလေခူပမော**=ကျောက်ဖျာပေါ်၌ ရေးခြစ်အပ်သော အစင်းကြောင်းဟူသော ဥပမာရှိသော၊ **ပုဂ္ဂလော**=ပုဂ္ဂိုလ်ဟူ၍၊ **ဝုစ္စတိ**=ခေါ်ဆိုအပ်၏။ ပ။

**အဘိဏှံ**=အမြဲမပြတ်၊ **ကုဇ္ဈတိ**=စိတ်ဆိုး၏၊ **စ**=သို့သော်လည်း၊ **အဿ**=ထိုသူ၏၊ **သော ကောဓော**=ထိုအမျက်ဒေါသသည်၊ **ဒီဃရတ္တံ**=ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး၊ **န အနုသေတိ**=မကိန်းအောင်း။

**ဘိက္ခဝေ**=ရဟန်းတို့၊ **ပထဝိယာ**=မြေပေါ်၌၊ **လေခါ**=အစင်းကြောင်းသည်၊ **ဝါတေန ဝါ**=လေကြောင့်လည်းကောင်း၊ **ဥဒကေန ဝါ**=ရေကြောင့်လည်းကောင်း၊ **ခိပ္ပံ**=လျင်မြန်စွာ၊ **လုဇ္ဇတိ သေယျထာပိ**=ပျက်စီးသကဲ့သို့၊ **စိရဋ္ဌိတိကာ**=ကြာမြင့်စွာ တည်တံ့ခြင်းရှိသည်၊ **န ဟောတိ သေယျထာပိ**=မဖြစ်သကဲ့သို့။ ပ။

**အာဃာတေန**=ကြမ်းတမ်းသောစကားဖြင့်၊ **ဝုစ္စမာနောပိ**=ဆိုအပ်ပါသော်လည်း၊ **ဖရုသေန**=ရိုင်းစိုင်းခက်ထန်သော စကားဖြင့်၊ **ဝုစ္စမာနောပိ**=ဆိုအပ်ပါသော်လည်း၊ **အမနာပေန**=စိတ်နှလုံးကို မတိုးပွားစေသော စကားဖြင့်၊ (ဝါ) မနှစ်သက်ဖွယ်စကားဖြင့်၊ **ဝုစ္စမာနောပိ**=ဆိုအပ်ပါသော်လည်း၊ **သန္ဓိယတိယေဝ**=ဆက်သွယ်မြဲ ဆက်သွယ်နေသည်သာ။

---

**၁။ “သန္ဓိယတိယေဝ”**စသည်၏ အနက်တမျိုး။ ။ **သန္ဓိယတိယေဝ**=လျောင်း ထိုင် ရပ်သွား ကိုယ်မှုဆိုင်ရာများ၌ နှမ်းဆန်ပမာ ကိုယ်အားဖြင့် ရောနှောဆက်သွယ်နေသည်သာ၊ **သံသန္ဒတိယေဝ**=စိတ်မှုဆိုင်ရာများ၌ နို့နှင့်ရေပမာ စိတ်အားဖြင့် နှီးနှောရောယှက်နေသည်သာ၊ **သမ္မောဒတိယေဝ**=ပါဠိသင်ခြင်း အနက်အဓိပ္ပာယ် မေးမြန်းခြင်းစသော နှုတ်မှုဆိုင်ရာများ၌ ရပ်ဝေးမှလာသော ချစ်မိတ်ဆွေပမာ နှုတ်အားဖြင့် ပေါင်းသင်းဆက်ဆံနေသည်သာ။

(တနည်း) **သန္ဓိယတိယေဝ**=ပြုဖွယ်ကိစ္စတို့၌ အစပိုင်း၌သာ အတူဆောင်ရွက် ဆက်သွယ်နေသည်သာ၊ **သံသန္ဒတိယေဝ**=အလယ်ပိုင်းတိုင်အောင် အတူဆောင်ရွက် နှီးနှောရောယှက်နေသည်သာ၊ **သမ္မောဒတိယေဝ**=ပြီးဆုံးသည်တိုင်အောင် မပျက်မကွက် အတူဆောင်ရွက်ကာ ပေါင်းသင်းဆက်ဆံနေသည်သာ။
[အနက်တူပရိယာယ်ပုဒ်များကို အဓိပ္ပာယ် ထူးခြားအောင် ပုဂ္ဂလပညတ် အဋ္ဌကထာ (၆၅) ဖွင့်သည့်အတိုင်း ဤသုတ်ဋီကာ ဖွင့်ထားသည်၊ သို့သော် ပုဂ္ဂလပညတ်ပါဠိတော်၌ သံသန္ဒတိ သန္ဓိယတိ သမ္မောဒတိ=ဟု ပါဠိအစဉ်ရှိနေသောကြောင့် နောက်ဆုံးနည်း၌ ထိုအဋ္ဌကထာနှင့် အနက်အစဉ်ကွဲလွဲနေသည်။]

## PAGE 611

**၆၁။** **သံသန္ဒတိယေဝ**=အကြားမလပ် ဆက်စပ်နှီးနှောမြဲ နှီးနှောနေသည်သာ၊ **သမ္မောဒတိယေဝ**=ပေါင်းသင်းဆက်ဆံမြဲ ပေါင်းသင်းဆက်ဆံနေသည်သာ။ **သံ+မုဒ=သံသဂ္ဂေါ**

**ဘိက္ခဝေ**=ရဟန်းတို့၊ **ဥဒကေ**=ရေ၌၊ **လေခါ**=အစင်းကြောင်းသည်၊ **ယေဝ**=လျင်မြန်စွာသာလျှင်၊ **ပဋိဝိဂစ္ဆတိ သေယျထာပိ**=ပျောက်ပျက်သွားသကဲ့သို့၊ **စိရဋ္ဌိတိကာ**=ကြာမြင့်စွာ တည်တံ့ခြင်းရှိသည်၊ **န ဟောတိ သေယျထာပိ**=မဖြစ်သကဲ့သို့။ ပ။ ဒသမံ။

#### ၃-ကုသိနာရဝဂ်

**တတိယော**=သုံးခုမြောက်သော၊ **ကုသိနာရဝဂ္ဂေါ**=ကုသိနာရဝဂ်တည်း။

#### ၄-ယောဓာဇီဝဝဂ်

**၁-ယောဓာဇီဝသုတ်**

**၁၃၄။** **ဘိက္ခဝေ**=ရဟန်းတို့။ **တီဟိ**=သုံးပါးကုန်သော၊ **အင်္ဂေဟိ**=ဂုဏ်အင်္ဂါတို့နှင့်၊ **သမန္နာဂတော**=ပြည့်စုံသော၊ **ယောဓာဇီဝေါ**=စစ်သူရဲကောင်းသည်၊ (ဝါ) စစ်တိုက်ခြင်းကိုမှီ၍ အသက်မွေးသောသူသည်၊ (ဝါ) စစ်တိုက်ခြင်းဟူသော အသက်မွေးဝမ်းကျောင်းရှိသောသူသည်။ [ဤသို့လည်း ဆိုကာဝိဂြိုဟ်အတိုင်း အနက်ဆိုနိုင်၏] **ရာဇာရဟော**=မင်းအား ထိုက်တန်သည်၊ **ရာဇဘောဂေါ**=မင်း၏ အသုံးအဆောင်သည်၊ (ဝါ) မင်း၏ အသုံးတော်ခံသည်၊ **ဟောတိ**=၏၊ **ရညော**=မင်း၏၊ **အင်္ဂမေဝ**=(အင်္ဂ+ဣတိ+ဧဝ) ခြေလက်အင်္ဂါ အစိတ်အပိုင်းနှင့် တူ၏ ဟူ၍သာလျှင်၊ (ဝါ) စစ်မက်အင်္ဂါ ဟူ၍သာလျှင်၊ **သင်္ချံ**=ထည့်သွင်း ရေတွက်အပ်သည်အဖြစ်သို့၊ (ဝါ) ခေါ်ဆိုအပ်သည် အဖြစ်သို့၊ **ဂစ္ဆတိ**=ရောက်၏၊ **ကတမေဟိ**=အဘယ် မည်ကုန်သော၊ **တီဟိ**=သုံးပါးကုန်သော၊ (**အင်္ဂေဟိ**=တို့နှင့်၊ **သမန္နာဂတော**=သော၊ **ယောဓာဇီဝေါ**=သည်။ ပ။ **ဟောတိ**=ဖြစ်သနည်း။ ပ။ **သင်္ချံ**=သို့၊ **ဂစ္ဆတိ**=ရောက်သနည်း)။

**ဘိက္ခဝေ**=ရဟန်းတို့၊ **ဣဓ**=ဤလောက၌၊ **ယောဓာဇီဝေါ**=သည်၊ **ဒူရေပါတီ စ**=မြားကို အဝေးရောက်စေနိုင်သည်လည်းကောင်း၊ **အက္ခဏဝေဓီ စ**=မလွဲမချော်အောင် ပစ်နိုင်သည်လည်းကောင်း၊ (ဝါ) လျှပ်စစ်လက်ရာ ခဏအတွင်း၌ ပစ်ခွင်းနိုင်သည်လည်းကောင်း၊ လျှပ်စစ်ပြက် တကြိမ်လက်လျှင် မြားချက်
## PAGE 612

**ခုနစ်** ချက်ချင်းပစ်နိုင်သည်လည်းကောင်း၊ **အက္ခဏဝေဓီတိ** အဝိရာဓိတဝေဓိ၊ အထ ဝါ အက္ခဏာ ဝုစ္စတိ ဝိ၊ ယာဝ ဧကာ ဝိ နိစ္ဆရတိ၊ တာဝ တေနောဘာသေန သတ္တဋ္ဌဝါရေ ကဏ္ဍာနိ ဂဟေတွာ **ဝိဇ္ဈတီတိ** အက္ခဏဝေဓံ၊ [ဇာတ်အဋ္ဌကထာ၊ ဒု၊ ၈၂၊ ဒုက အသဒိသဇာတ်] **မဟတော**=ကြီးစွာသော၊ **ယဿ**=အထည်ကိုယ်ထုကို၊ **ပဒါလေတာ စ**=ဖောက်ထွင်းနိုင်သည်လည်းကောင်း၊ **ဟောတိ**=ဖြစ်၏၊ **ဘိက္ခဝေ**=တို့၊ **တီဟိ**=ကုန်သော၊ **ဣမေဟိ အင်္ဂေဟိ**=ဤဂုဏ်အင်္ဂါတို့နှင့် ။ပ။ ဂစ္ဆတိ၏။

**ဘိက္ခဝေ**=တို့၊ **ဧဝမေဝံ**=ဤအတူပင်၊ **တိဟိ**=သုံးပါးကုန်သော၊ **အင်္ဂေဟိ**=ဂုဏ်အင်္ဂါတို့နှင့်၊ **သမန္နာဂတော**=သော၊ **ဘိက္ခု**=သည်၊ **အာဟုနေယျော**=လေးစားကြည်ဖြူ အဝေးမှပင် ဆောင်ယူ၍ပေးလှူအပ်သော ပစ္စည်းဝတ္ถုကို ခံယူတော်မူထိုက်သည်လည်းကောင်း ။ပ။ [စာပိုဒ်(၇၁) ဥပေါသထသုတ်ကြည့်]

**လောကဿ**-သတ္တဝါအပေါင်း၏၊ **အနုတ္တရံ**=မိမိထက် ထူးချွန်လွန်မြတ်သောသူမရှိသော၊ **ဝါ**=အမြတ်ဆုံး ဖြစ်သော၊ **ပုညက္ခေတ္တံ**=ကုသိုလ်ကောင်းမှ မျိုးစေ့စု၏ ကြီးထုမြင့်မား ဖွံ့ထွားပေါက်ရောက်ရာ လယ်ယာမြေကောင်းအတူ ဖြစ်တော်မူသည် လည်းကောင်း၊ **ဟောတိ**=ဖြစ်၏၊ **ကတမေဟိ**=ကုန်သော၊ **တိဟိ**=ကုန်သော (**အင်္ဂေဟိ**=တို့နှင့်၊ **သမန္နာဂတော**=သော၊ **ဘိက္ခု**=သည် ။ ပုညက္ခေတ္တံ-သည် လည်းကောင်း၊ ဟောတိ=ဖြစ်သနည်းဟူမူ) **ဘိက္ခဝေ**=တို့၊ **ဣဓ**=ဤသာသနာတော်၌၊ **ဘိက္ခု**=ရဟန်းသည်၊ **ဒူရေပါတီ စ**=မြားကိုအဝေး၌ရောက်စေနိုင်သည်လည်းကောင်း၊ **အက္ခဏဝေဓီ စ**=မလွဲချော်ရအောင်ပစ်နိုင်သည်လည်းကောင်း။ပ။ **ပဒါလေတာ စ**=သည်လည်းကောင်း၊ **ဟောတိ**၏။

**ဘိက္ခဝေ**=ရဟန်းတို့၊ **ကထဉ္စ**=အဘယ်သို့သော အခြင်းအရာအားဖြင့်၊ **ဘိက္ခု**=ရဟန်းသည်၊ **ဒူရေပါတီ**=မြားကို အဝေး၌ ရောက်စေနိုင်သည်၊ **ဟောတိ**=ဖြစ်သနည်း။ **ဘိက္ခဝေ**=တို့၊ **ဣဓ**=ဤသာသနာတော်၌၊ **ဘိက္ခု**=ရဟန်းသည်၊ [ပဿတိယ၌စပ်] **ယံကိဉ္စိ**=အားလုံးစုံသော၊ **အတီတာ နာဂတပစ္စုပ္ပန္နံ**=အတိတ်, အနာဂတ်, ပစ္စုပ္ပန်ဖြစ်သော၊ **ရူပံ**=ရုပ်သည် လည်းကောင်း၊ **အဇ္ဈတ္တံ ဝါ**=မိမိခန္ဓာအစဉ်၌မူလည်း ဖြစ်သော၊ **ဗဟိဒ္ဓါ ဝါ**=မိမိမှ အပြင်အပ သူတပါး ခန္ဓာအစဉ်၌မူလည်း ဖြစ်သော၊ **ရူပံ**=ရုပ်သည်လည်းကောင်း၊ **ဩဠာရိကံ ဝါ**=ရုန့်ရင်းကြမ်းတမ်းသည်မူလည်းဖြစ်သော၊ **သုခုမံ ဝါ**=သိမ်မွေ့နူးညံ့သည်မူလည်းဖြစ်သော၊ **ရူပံ**=ရုပ်သည်လည်းကောင်း၊ **ဟိနံ ဝါ**=ယုတ်နိမ့်သည်မူလည်းဖြစ်သော၊

