## PAGE 613

**ပဏီတံ ဝါ**-မြင့်မြတ်သည်မူလည်းဖြစ်သော၊ **ရူပံ**=ရုပ်သည်လည်းကောင်း၊ **ဒူရေ ဝါ**=ဝေးသည်မူလည်း ဖြစ်သော၊ **သန္တိကေ ဝါ**=အနီးသည်မူလည်းဖြစ်သော၊ **ယံ ရူပံ**-ယင်းသို့သော ရုပ်သည်လည်းကောင်း၊ (**အတ္ထိ**-ရှိ၏) **သဗ္ဗ**-အားလုံးစုံသော၊ **တံ ရူပံ**-ထိုရုပ်ကို၊ [ပဿတိ၌စပ်] “**ဧတံ**=ဤရုပ်သည်၊ **မမ**=ငါ၏၊ (**သန္တကံ**=ကိုယ်ပိုင် ဥစ္စာသည်) **န**=မဟုတ်၊ **ဧသော**=ဤရုပ်သည်၊ **အဟံ**=ငါသည်။ **န အသ္မိံ**=မဟုတ်၊ ငါငါဟု မာနဖြင့် အထင်ကြီးဖွယ် မဟုတ်ဟူလို] **ဧသော**=ဤရုပ်သည်၊ **မေ**=ငါ၏၊ **အတ္တာ**=အသက်ရှင်အတ္တကောင်သည်၊ **ဝါ**=ငါကောင်သည်၊ **ဝါ**-အလိုအတိုင်း ဖြစ်စေနိုင်သော အရာသည်၊ **ဝါ**=မပျက်မစီး ခိုင်မြဲသော အနှစ်သာရ အမာခံသည်၊ **ဝါ**=အသက်ကောင်, ဝိညာဏ်ကောင် စသည်သည်၊ **န**=မဟုတ်၊ **ဣတိဧဝံ**-ဤသို့၊ **ဧတံ**=ဤရုပ်ကို၊ **ယထာဘူတံ**-အဖြစ်မှန် သဘောအတိုင်း၊ **သမ္မာ**=အကြောင်းမှန်, နည်းလမ်းမှန်အားဖြင့်၊ **ပညာယ**=ဝိပဿနာပညာ, မဂ်ပညာဖြင့်၊ **ပဿတိ**=ရှူ၏။

**ယာ ကာစိ**=အားလုံးစုံသော၊ **အတီတာ နာဂတပစ္စုပ္ပန္နော**=အတိတ်, အနာဂတ်, ပစ္စုပ္ပန်ဖြစ်သော၊ **ဝေဒနာ**=ဝေဒနာသည် လည်းကောင်း၊ **အဇ္ဈတ္တာ ဝါ**=မိမိခန္ဓာ အစဉ်၌မူလည်း ဖြစ်သော၊ **ဗဟိဒ္ဓါ ဝါ**=သော၊ **ဝေဒနာ**=ဝေဒနာသည်လည်းကောင်း၊ **ဩဠာရိကာ ဝါ**=သော၊ **သုခုမာ ဝါ**=သော၊ **ဝေဒနာ**= ဝေဒနာသည်လည်းကောင်း၊ **ဟီနာ ဝါ**=သော၊ **ပဏီတာ ဝါ**-သော၊ **ဝေဒနာ**=လည်းကောင်း၊ **ဒူရေ ဝါ**=သော၊ **သန္တိကေ ဝါ**=သော၊ **ယာ ဝေဒနာ**=ယင်း ဝေဒနာသည်လည်းကောင်း (**အတ္ထိ**-ရှိ၏) **သဗ္ဗေ**-အားလုံးစုံသော၊ **တံ ဝေဒနံ**=ထိုဝေဒနာကို၊ “**ဧတံ**=ဤဝေဒနာသည်၊ **မမ**=ငါ၏။ (**သန္တကံ**=သည်) **န**=မဟုတ်၊ **ဧသော**=ဤဝေဒနာသည်၊ **အဟံ**=ငါသည်၊ **န အသ္မိံ**=မဟုတ်၊ **ဧသော**=ဤဝေဒနာသည်၊ **မေ**=ငါ၏၊ **အတ္တာ**=အသက်ရှင်အတ္တကောင်သည်။ **ဝါ**=သည်၊ **န**=မဟုတ်” **ဣတိဧဝံ**=ဤသို့၊ **ဧတံ**=ဤဝေဒနာကို၊ **ယထာဘူတံ** ။ပ။

**ယာ ကာစိ**=သော၊ **အတီတာ နာဂတပစ္စုပ္ပန္နော**=သော၊ **သညာ**=သညာသည်လည်းကောင်း၊ **အဇ္ဈတ္တာ ဝါ**=သော၊ **ဗဟိဒ္ဓါ ဝါ**=သော၊ **သညာ**=သညာသည်လည်းကောင်း ။ပ။ **သဗ္ဗ**=သော၊ **တံ**=ထိုသညာကို၊ **ဧတံ**=ဤသညာသည်၊ **မမ**=ငါ၏၊ (**သန္တကံ**=သည်) **န**=မဟုတ်၊ **ဧသော**=ဤသညာသည် ။ပ။ **ဣတိ ဧဝံ**=ဤသို့၊ **ဧတံ**=ဤသညာကို၊ **ယထာဘူတံ** ။ပ။

**ယေ ကေစိ**=အားလုံးကုန်သော၊ **အတီတာ နာဂတပစ္စုပ္ပန္နော**=အတိတ်, အနာဂတ်, ပစ္စုပ္ပန် ဖြစ်ကုန်သော၊ **သင်္ခါရာ**-သင်္ခါရတို့သည်လည်းကောင်း၊

## PAGE 614

**အဇ္ဈတ္တာ ဝါ**=မိမိခန္ဓာအစဉ်၌မူလည်းဖြစ်ကုန်သော၊ **ဗဟိဒ္ဓါ ဝါ**=မိမိမှ ပြင်ပသူတပါး ခန္ဓာအစဉ်၌မူလည်းဖြစ်ကုန်သော၊ **သင်္ခါရာ**=သင်္ခါရတို့သည်လည်းကောင်း၊ **ဩဠာရိကာ ဝါ**-ကြမ်းတမ်းသည်မူလည်း ဖြစ်ကုန်သော၊ **သုခုမာ ဝါ**=နူးညံ့သည်မှုလည်း ဖြစ်ကုန်သော၊ **သင်္ခါရာ**=တို့သည် လည်းကောင်း၊ **ဟီနာ ဝါ**=ယုတ်ညံ့သည်မူလည်း ဖြစ်ကုန်သော၊ **ပဏီတာ ဝါ**=မြင့်မြတ်သည်မူလည်း ဖြစ်ကုန်သော၊ **သင်္ခါရ**=တို့သည် လည်းကောင်း၊ **ဒူရေ ဝါ**=ဝေးသည်မူလည်း ဖြစ်ကုန်သော၊ **သန္တိကေ ဝါ**=နီးသည်မူလည်း ဖြစ်ကုန်သော၊ **သင်္ခါရာ**=ယင်းသင်္ခါရတို့သည် လည်းကောင်း (**သန္တိ**-ရှိကုန်၏)

**သဗ္ဗေ**=အားလုံးကုန်သော၊ **တေ သင်္ခါရေ**=ထိုသင်္ခါရတို့ကို၊ “**ဧတံ**=ဤသင်္ခါရသည်၊ **မမ**=ငါ၏၊ (**သန္တကံ**=သည်) **န**=မဟုတ်၊ **ဧသော**=ဤသင်္ခါရသည် ။ပ။” **ဣတိ ဧဝံ**=ဤသို့၊ **ဧတံ**=ဤသင်္ခါရကို၊ **ယထာဘူတံ** ။ပ။

**ယံကိဉ္စိ**=အားလုံးစုံသော။ **အတီတာ နာဂတပစ္စုပ္ပန္နံ**=အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော၊ **ဝိညာဏံ**-ဝိညာဏ်သည်လည်းကောင်း ပ။ **ပဿတိ**=ရှု၏၊ **ဘိက္ခဝေ**=တို့၊ **ဧဝံ**-ဤဆိုအပ်ပြီးသော အခြင်းအရာအားဖြင့်၊ (ဤသို့ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓစသည်ဖြင့် (၁၁)ပါး ကွဲပြားသော ဥပါဒါနက္ခန္ဓာငါးပါးတို့၌ “ငါ့ဟာ, ငါ, ငါကောင် မဟုတ်” ဟူ၍ အဖြစ်မှန်အတိုင်း ဝိပဿနာ ပညာ, မဂ်ပညာဖြင့် ရှုခြင်းအားဖြင့်) **ဘိက္ခု**=သည်၊ **ဒူရေပါတီ**=အဝေး၌ မြားကိုရောက်စေနိုင်သည်၊ (ခက်ခဲဝေးကွာလှသော ခန္ဓာငါးပါးတို့၌ ဝိပဿနာပညာ, မဂ်ပညာဟူသော မြားကို ရောက်စေနိုင်သည်) **ဟောတိ**=၏။

**ဘိက္ခဝေ**=တို့၊ **ကထဉ္စ**=အဘယ်သို့သော အခြင်းအရာအားဖြင့်၊ **ဘိက္ခု**=သည်၊ **အက္ခဏဝေဓိ**=မလွဲမချော်ရအောင် ပစ်နိုင်သည်၊ **ဟောတိ**=နည်း၊ **ဘိက္ခဝေ**=တို့၊ **ဣဓ**=ဤသာသနာတော်၌၊ **ဘိက္ခု**=သည်၊ [ပဇာနာတိ၌စပ်] **ဣဒံ**=ဤတဏှာမှ တပါးသော တေဘူမကခန္ဓာငါးပါးသည်သာ၊ **ဒုက္ခ**=ဒုက္ခသစ္စာမည်၏။ **ဣတိ**=ဤသို့၊ (**ဒုက္ခသစ္စံ**=ဒုက္ခသစ္စာအားလုံးကို) **ယထာဘူတံ**=အဖြစ်မှန် သဘောအတိုင်း၊ **ပဇာနာတိ**=ထိုးထွင်း၍သိ၏၊ (သဘောလက္ခဏာကို မတွေမဝေ ထိုးထွင်း၍ သိခြင်းဖြင့်သိ၏) **အယံ**=ဤတဏှာသည်သာ၊ **ဒုက္ခသမုဒယော**=ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာမည်၏၊ **ဣတိ**=ဤသို့၊ (**တဏှံ**=ဒုက္ခကို ဖြစ်စေတတ်သော တဏှာကို) **ယထာဘူတံ**=အဖြစ်မှန်အတိုင်း၊ **ပဇာနာတိ**=ထိုးထွင်း၍သိ၏။ (သဘောလက္ခဏာကို မတွေမဝေ ထိုးထွင်း၍ သိခြင်းဖြင့် သိ၏)
## PAGE 615

**အယံ** = ဤနိဗ္ဗာန်သည်သာ၊ **ဒုက္ခနိရောဓော** = ဒုက္ခ၏ချုပ်ကြောင်း နိရောဓသစ္စာမည်၏၊ **ဣတိ** - ဤသို့၊ (**နိဗ္ဗာနံ** = ဒုက္ခနှင့် သမုဒယတို့ မဖြစ်ကြောင်းနိဗ္ဗာန်ကို) **ယထာဘူတံ** = တိုင်း၊ **ပဇာနာတိ** = ၏၊ (သဘော.....ခြင်းဖြင့် သိ၏)

**အယံ** = ဤမဂ္ဂင်ရှစ်ပါးသည်သာ၊ **ဒုက္ခနိရောဓဂါမိနီ** = ဒုက္ခ၏ချုပ်ကြောင်း နိဗ္ဗာန်သို့သွားရောက်ကြောင်း ဖြစ်သော၊ **ပဋိပဒါ** = အကျင့်ဖြစ်သော မဂ္ဂသစ္စာမည်၏၊ **ဣတိ** - ဤသို့၊ (**အရိယမဂ္ဂ** = နိဗ္ဗာန်ရောက်ကြောင်း အရိယမဂ်ကို) **ယထာဘူတံ** = တိုင်း၊ **ဇာနာတိ** - ၏၊ (သဘော....၏)

**ဘိက္ခဝေ** = တို့၊ **ဧဝံ** = ဤသို့သော အခြင်းအရာအားဖြင့်၊ (ဤသို့သစ္စာလေးပါး တရားတို့ကို အဖြစ်မှန် သဘောအတိုင်း ထိုးထွင်းသိခြင်းအားဖြင့်) **ဘိက္ခု** = သည်၊ **အက္ခဏဝေဓီ** (သစ္စာလေးပါးတို့၌ မဂ်ဉာဏ်ဟူသော မြားဖြင့်) မလွဲမချော်ရအောင် ပစ်ခွင်းနိုင်သည်၊ **ဟောတိ** = ၏ ။ပ။ **မဟန္တ** = ကြီးစွာသော၊ **အဝိဇ္ဇာက္ခန္ဓ** = အဝိဇ္ဇာဟူသော ထုထယ်ကို၊ **ပဒါလေတိ** = အရဟတ္တမဂ်ဖြင့် ဖောက်ထွင်းနိုင်၏ ။ပ။ ပဌမံ။

#### ၂-ပရိသာသုတ်

**၁၃၅။** **ဘိက္ခဝေ** - တို့၊ **ပရိသာ** = ပရိသတ် တို့သည်၊ **ဣမာ တိဿာ** = ဤသုံးမျိုးတို့တည်း၊ **တိသော** = သုံးမျိုးတို့ ဟူသည်၊ **ကတမာ** = အဘယ်တို့နည်းဟူမူ၊ **ဥက္ကာစိတဝိနီတာ** = မမေးမြန်းမူ၍ ဆုံးမဟောပြောအပ်သော၊ ဝါ = ခက်ခဲစွာ ဆုံးမဟောပြော အပ်သော၊ **ပရိသာ** = ပရိသတ် လည်းကောင်း၊ [ဒုကနိပါတ်စာပိုဒ်(၄၈)သုတ်လည်းကြည့်] **ပဋိပုစ္ဆာဝိနီတာ** = မေးမြန်း၍ ဆုံးမဟောပြောအပ်သော၊ ဝါ - လွယ်ကူစွာ ဆုံးမဟောပြော အပ်သော၊ **ပရိသာ** = ပရိသတ်လည်းကောင်း၊ **ယာဝတာဝိနီတာ** အတိုင်းအတာဖြင့် ဆုံးမဟောပြောအပ်သော၊ ဝါ = အတိုင်းအတာကိုသိ၍ ဆုံးမဟောပြောအပ်သော၊ **ပရိသာ** = လည်းကောင်းတည်း ။ပ။ **ဣတိ** (**အဝေါစ**) ဒုတိယံ။

#### ၃-မိတ္တသုတ်

**၁၃၆။** **ဘိက္ခဝေ** = တို့၊ **တီဟိ** = ကုန်သော၊ **အင်္ဂ** = ဂုဏ်အင်္ဂါတို့နှင့်၊ **သမန္နာဂတော** = ပြည့်စုံသော၊ **မိတ္တော** = မိတ်ဆွေကို၊ **သေဝိတဗ္ဗော** = မှီဝဲ ထိုက်၏၊ **ကတမေဟိ တီဟိ** - အဘယ် သုံးပါးသော ဂုဏ်အင်္ဂါတို့နှင့် (**သမန္နာဂတော** = သော။ **မိတ္တော** = ကို၊ **သေဝိတဗ္ဗော** မှီဝဲ ထိုက်သနည်းဟူမူ) **ဒုဒ္ဒဒံ** ခဲယဉ်းစွာ ပေးအပ်သော ပစ္စည်းဝတ္ထုကို၊ ဝါ = ပေးနိုင်ခဲသော ပစ္စည်းဝတ္ထုကို၊ **ဒဒါတိ** = 

