## PAGE 616

ပေးနိုင်၏။ **ဒုက္ကရံ** = ခဲယဉ်းစွာ ပြုအပ်သော လုပ်ငန်းကို၊ **ကရောတိ** = ပြုလုပ်ပေးနိုင်၏၊ **ဒုက္ခမံ** - ခဲယဉ်းစွာ သည်းခံအပ်သော အရာကို၊ ဝါ = သည်းခံနိုင်ခဲသောအရာကို၊ **ခမတိ** = သည်းခံနိုင်၏၊ **ဘိက္ခဝေ** = တို့၊ **တီဟိ** = ကုန်သော၊ **ဣမေဟိ အင်္ဂေဟိ** = ဤဂုဏ် အင်္ဂါတို့နှင့်၊ **သမန္နာဂတော** = သော၊ **မိတ္တော** - ကို၊ **သေဝိတဗ္ဗော** = ၏၊ **ဣတိ** = သို့၊ (**အဝေါစ**) တတိယံ။

#### ၄-ဥပ္ပါဒါသုတ်

**၁၃၇။** **ဘိက္ခဝေ** = တို့၊ **တထာဂတာနံ** = မြတ်စွာဘုရားတို့၏၊ **ဥပ္ပါဒါ** (**ဥပ္ပါဒေ**) အဖြစ်ထွန်းလာတော် မူခြင်းသည်၊ **သတိ ဝါ** = ရှိသော် လည်းကောင်း၊ **တထာဂတာနံ** = တို့၏၊ **အနုပ္ပါဒါ** (**အနုပ္ပါဒေ**) ဖြစ်ထွန်းလာတော် မမူခြင်းသည်၊ **သတိ ဝါ** = ရှိသော်လည်းကောင်း၊ **သာ ဓာတု** = ထိုသင်္ခါရ တရားတို့၏ မမြဲခြင်း သဘောသည်၊ **သာ ဓမ္မဋ္ဌိတတာ** = ထို သင်္ခါရတရားတို့၏ မမြဲခြင်းသဘော၌ တည်နေသည်အဖြစ်သည်၊ **သာ ဓမ္မနိယာမတာ** ထိုသင်္ခါရတရားတို့၏ မမြဲခြင်းအစဉ်အလာ နิယာမသဘောသည်၊ [တာပစ္စည်းအနက် မရှိကြံပါ] **ဌိတာဝ** = တည်မြဲနေသည်သာ၊ **သဗ္ဗေ** = အားလုံးကုန်သော၊ **သင်္ခါရာ** = စတုဘူမက သင်္ခါရတရားတို့သည်၊ (အကြောင်းတရားတို့က ပေါင်းဆုံဆိုက်ရောက်၍ စီမံပြုလုပ်အပ်သော ကာမ, ရူပ, အရူပ, လောကုတ္တရာ စိတ် စေတသိက် ရုပ်တရားတို့သည်) **အနိစ္စာ** မမြဲကုန်၊ (ဖြစ်ပြီးနောက် ချုပ်ပျောက်ကုန်သည် အဖြစ်ကြောင့် မမြဲကုန်။)

**တံ** - ထိုမမြဲခြင်းသဘောကို၊ ဝါ = သို့၊ **တထာဂတော** = မြတ်စွာဘုရားသည်၊ **အဘိသမ္ဗုဇ္ဈတိ** - ဉာဏ်ဖြင့် ကောင်းစွာ သိတော်မူ၏၊ **အဘိသမေတိ** = ဉာဏ်ဖြင့် ကောင်းစွာ ဆိုက်ရောက်တော်မူ၏၊ **အဘိသမ္ဗုဇ္ဈိတွာ** = ဉာဏ်ဖြင့် ကောင်းစွာ သိတော်မူပြီး၍၊ **အဘိသမေတွာ** = ဉာဏ်ဖြင့် ကောင်းစွာ ဆိုက်ရောက်တော်မူပြီး၍၊ **သဗ္ဗေ** = ကုန်သော၊ **သင်္ခါရာ** = တို့သည်၊ **အနိစ္စာ** = မမြဲကုန်၊ **ဣတိ** - ဤသို့၊ **အာစိက္ခတိ** = ဟောကြားတော်မူ၏၊ **ဒေသေတိ** ညွှန်ပြတော်မူ၏၊ **ပညာပေတိ** သိစေတော်မူ၏၊ **ပဋ္ဌပေတိ** = ဉာဏ်၏ မျက်နှာဝ၌ ထားတော်မူ၏၊ **ဝိဝရတိ** = ဖွင့်ပြတော်မူ၏၊ **ဝိဘဇတိ** = ခွဲခြားဝေဖန်တော်မူ၏၊ **ဥတ္တာနီကရောတိ** - ထင်ရှားအောင် ပြုတော်မူ၏၊ **အဘိသမ္ဗုဇ္ဈတိ** စသောပုဒ်တို့ကို သံယုတ်ဋီကာ(ဒု၊ ၅၀) မှ ယူ၍ ဤသုတ်ဋီကာ၌ တနည်းဖွင့်သေး၏၊ ထိုနည်းအနက်များမှာ

## PAGE 617

[ဋီကာပါဠိကို မြန်မာပြန်ပြလိုက်ရုံမျှသာဖြစ်၍ သိပ်အကျိုး ထူးမည်မဟုတ်သဖြင့် ချန်ထားခဲ့တော့မည်]။

**ဘိက္ခဝေ** = တို့၊ **တထာဂတာနံ** = တို့၏၊ **ဥပ္ပါဒါ** (**ဥပ္ပါဒေ**) - သည်၊ **သတိ ဝါ** = လည်းကောင်း၊ **တထာဂတာနံ** = တို့၏၊ **အနုပ္ပါဒါ** (**အနုပ္ပါဒေ**) - သည်၊ **သတိ ဝါ** = လည်းကောင်း၊ **သာ ဓာတု** = ထိုသင်္ခါရ တရားတို့၏ ဆင်းရဲခြင်းသဘောသည်၊ **သာ ဓမ္မဋ္ဌိတတာ** = ထိုသင်္خါရတရားတို့၏ ဆင်းရဲခြင်းသဘော၌ တည်နေသည် အဖြစ်သည်၊ **သာ ဓမ္မနိယာမတာ** = ထိုသင်္ခါရတရားတို့၏ ဆင်းရဲခြင်း အစဉ်အလာ နိယာမသဘောသည်၊ **ဌိတာဝ** = တည်မြဲနေသည်သာ၊ **သဗ္ဗေ** = အားလုံးကုန်သော၊ **သင်္ခါရာ** = တို့သည်၊ **ဒုက္ခာ** = ဒုက္ခတို့သာတည်း၊ (ဖြစ်ပျက်နှစ်ရပ်, နှိပ်စက် အပ်ကုန်သည် အဖြစ်ကြောင့် ဆင်းရဲတို့သာတည်း) **တံ** = ထိုဆင်းရဲခြင်းသဘောကို၊ ဝါ = သို့ ။ပ။ **အဘိသမေတွာ** - ၍၊ **သဗ္ဗေ** = ကုန်သော၊ **သင်္ခါရာ** = တို့သည်၊ **ဒုက္ခာ** = သာတည်း၊ **ဣတိ** = ဤသို့၊ **အာစိက္ခတိ** - ၏၊ **ဒေသေတိ** = ၏ ။ပ။

**သာ ဓာတု** = ထိုသင်္ခါရတရားတို့၏ အနှစ်သာရ အတ္တကောင်မဟုတ်ခြင်း သဘောသည်၊ **သာ ဓမ္မဋ္ဌိတတာ** = ထိုသင်္ခါရ တရားတို့၏ အနှစ်သာရ အတ္တကောင် မဟုတ်ခြင်းသဘော၌ တည်နေသည်၏ အဖြစ်သည်၊ **သာ ဓမ္မနိယာမတာ** = ထိုသင်္ခါရ တရားတို့၏ အတ္တကောင်မဟုတ်ခြင်း အစဉ်အလာ နိယာမသဘောသည်၊ **ဌိတာဝ** = သာ၊ **သဗ္ဗေ** = အားလုံးကုန်သော၊ **ဓမ္မာ** = ရုပ်နာမ်တရားတို့သည်၊ **အနတ္တာ** = အသက်ရှင် အတ္တကောင်မဟုတ်ကုန်၊ (အလိုအတိုင်း ဖြစ်စေနိုင်သော အနှစ်သာရ အမာခံ အတ္တကောင်မဟုတ်ကုန်) **တံ** - ထိုအနတ္တ သဘောကို၊ ဝါ = ထိုအနတ္တသဘောသို့၊ **တထာဂတော** ။ **အဘိသမေတွာ** - ပြီး၍၊ **သဗ္ဗေ** = ကုန်သော၊ **ဓမ္မာ** = တို့သည်၊ **အနတ္တာ** = ကုန်၊ **ဣတိ** = ဤသို့၊ **အာစိက္ခတိ** = ၏၊ **ဒေသေတိ** ။ပ။ **ဥတ္တာနီကရောတိ** = ၏၊ **ဣတိ** = ဤသို့ (**အဝေါစ** = မိန့်တော်မူပြီ) စတုတ္ထ-၄ ခု မြောက်သုတ်တည်း။

#### ၅-ကေသကမ္ဗလသုတ်

**၁၃၈။** **ဘိက္ခဝေ** = ရဟန်းတို့၊ **သေယျထာပိ** = ဥပမာပြရလျှင်ကား၊ **ယာနိ ကာနိစိ** = အားလုံးစုံကုန်သော၊ **ကန္တာဝုတာနံ** = ချည်မျှင်တို့ဖြင့် ရက်အပ်ကုန်သော၊ **ဝတ္ထာနံ** = အဝတ်တို့သည်၊ [ဆဋ္ဌိဝိဘတ်ကို ပဌမာအနက်၌သက်] (**သန္တိ** = ရှိကုန်၏) **တေသံ** = ထိုအဝတ် အားလုံးတို့တွင်၊ **ကေသကမ္ဗလော** = လူ
## PAGE 618

**ဆံပင်ဖြင့် ရက်အပ်သော ကမ္ဗလာကို၊ ပဋိကိဋ္ဌော=အညံ့ဆုံးဟူ၍၊ အက္ခာယတိ=ဆိုအပ်၏၊**

**ဘိက္ခဝေ**=တို့၊ **ကေသကမ္ဗလော**=လူဆံပင် ကမ္ဗလာသည်၊ **သီတေ**=အေးသောအခါ၌၊ **သီတော**=အေး၏၊ **ဥဏှေ**=ပူသောအခါ၌၊ **ဥဏှာ**=ပူ၏၊ **ဒုဗ္ဗဏ္ဏော**=မကောင်းသော အဆင်းရှိ၏၊ **ဒုဂ္ဂန္ဓော**=မကောင်းသော အနံ့ရှိ၏၊ **ဒုက္ခသမ္ဖဿာ**=ကြမ်းတမ်း ခံခက်သော အတွေ့ရှိ၏၊ **ဘိက္ခဝေ**=တို့၊ **ဧဝမေဝံ**=ဤအတူပင်၊ **ယာနိ ကာနိစိ**=ကုန်သော၊ **ပုထုသမဏဗြာဟ္မဏဝါဒါနံ**=များစွာကုန်သော သမဏ ဗြာဟ္မဏတို့၏ အယူဝါဒတို့သည် (သန္တိ=ရှိကုန်၏) **တေသံ**-ထိုအယူဝါဒ အားလုံးတို့တွင်၊ **ဝါ**=တို့ထက်၊ **မက္ခလိဝါဒေါ**=မက္ခလိ၏ အယူဝါဒကို၊ **ပဋိကိဋ္ဌော**=အညံ့ဆုံးဟူ၍၊ **အက္ခာယတိ**=ဆိုအပ်၏။

**ဘိက္ခဝေ**=တို့၊ **မက္ခလိ**=မက္ခလိမည်သော၊ **မောဃပုရိသော**=အချည်းနိုးသော ယောက်ျားသည် “**ကမ္မ**=ကုသိုလ်ကံ, အကုသိုလ်ကံသည်၊ **နတ္ထိ**=မရှိ၊ **ကိရိယံ**=ပြုထိုက်သော ကုသိုလ်ကံသည်၊ **နတ္ထိ**=မရှိ၊ **ဝီရိယံ**=လုံ့လဝီရိယ၏ အကျိုးသည်၊ **နတ္ထိ**=မရှိ” **ဣတိ**=ဤသို့၊ **ဧဝံဝါဒီ**=“ဤအတိုင်း ပြောဆိုလေ့ရှိ၏။ **ဧဝံဒိဋ္ဌိ**=ဤအတိုင်း အယူရှိ၏။

**ဘိက္ခဝေ**=တို့၊ **အတီတံ**=အတိတ်ဖြစ်သော၊ **ဝါ**=လွန်ခဲ့ပြီးသော၊ **အဒ္ဓါနံ**=အချိန်ကာလ၌၊ **ဝါ**=အချိန်ကာလတုန်းက၊ **အရဟန္တော**=ပူဇော်အထူးကို ခံယူတော် မူထိုက်ကုန်သော၊ **သမ္မာသမ္ဗုဒ္ဓါ**=မမှားဧကန် အမှန်ပိုင်နိုင် ကိုယ်တိုင်စတွင် အကုန်အစင် သိမြင်တော်မူကြကုန်သော၊ **ယေပိ တေ (ဘဂဝန္တော)**=အကြင်ဘုန်းတော်သခင် ဘုရားရှင်တို့သည်လည်း။ **အဟေသုံ**=ပွင့်ထွန်းတော် မူခဲ့ကြကုန်ပြီ၊ **တေပိ ဘဂဝန္တော**=ထိုဘုန်းတော်သခင် ဘuရားရှင်တို့သည်လည်း၊ **ကမ္မဝါဒါ စေဝ**=ကံဝါဒ ရှိတော်မူကြကုန်သည် လည်းကောင်း၊ (ကုသိုလ်ကံ အကုသိုလ်ကံ ရှိ၏ဟု ပြောဆိုကြောင်း အယူဝါဒ ရှိတော်မူကြကုန်သည်လည်းကောင်း) **ကိရိယဝါဒါ စ**=ကုသိုလ်ကံကို ပြုထိုက်၏ဟူသော အယူဝါဒရှိတော်မူကြကုန်သည်လည်းကောင်း၊ **ဝိရိယဝါဒါ စ**=ဝီရိယအကျိုးကို ချီးမွမ်းပြောဆိုကြောင်း အယူဝါဒရှိတော်မူကြကုန်သည်လည်းကောင်း။ **အဟေသုံ**=ဖြစ်တော်မူခဲ့ကြကုန်ပြီ။

**ဘိက္ခဝေ**=တို့၊ **တေပိ**=ထိုပွင့်တော်မူခဲ့ ကြကုန်သော မြတ်စွာဘုရားတို့ကိုလည်း၊ (မြတ်စွာဘုရား အယူဝါဒတို့ကိုလည်း) **မက္ခလိ**=သော။ **မောဃပုရိသော**=သည်။ “**ကမ္မ**=သည်၊ **နတ္ထိ**=မရှိ။ **ကိရိယံ**=သည်၊ **နတ္ထိ**=မရှိ၊ **ဝီရိယံ**=သည်၊ **နတ္ထိ**=မရှိ” **ဣတိ**=ဤသို့၊ **ပဋိဗာဟတိ**=တားမြစ်၏။

**ဘိက္ခဝေ**=တို့၊ **အနာဂတံ**=အနာဂတ်ဖြစ်သော၊ **အဒ္ဓါနံ**=ကာလ၌၊ **အရဟန္တော**=ကုန်သော။

