## PAGE 619

**သမ္မာသမ္ဗုဒ္ဓါ**=ကုန်သော၊ **ယေပိ တေ (ဘဂဝန္တော)**=တို့သည်လည်း၊ **ဘဝိဿန္တိ**=ပွင့်ထွန်းတော်မူကြကုန်လတ္တံ့၊ **တေပိ ဘဂဝန္တော**=တို့သည်လည်း ။ပ။ **ဝီရိယဝါဒါ စ**=လည်းကောင်း၊ **ဘဝိဿန္တိ**=ဖြစ်တော်မူ ကုန်လတ္တံ့၊

**ဘိက္ခဝေ**=တို့၊ **တေပိ**=ထိုပွင့်တော်မူလတ္တံ့သော မြတ်စွာဘုရားတို့ကိုလည်း ။ပ။ **ဝီရိယံ**=သည်၊ **နတ္ထိ**=မရှိ၊ **ဣတိ**=သို့၊ **ပဋိဗာဟတိ**=၏၊

**ဘိက္ခဝေ**=တို့။ **ဧတရဟိ**=ယခုအခါ၌၊ **အရဟံ**=ပူဇော် အထူးကို ခံယူတော်မူထိုက်သော။ **သမ္မာသမ္ဗုဒ္ဓေါ**=မမှားဧကန်တော်မူသော။ **အဟမ္ပိ**=ငါဘုရားသည်လည်း။ **ကမ္မဝါဒေါ စေဝ**=ရှိတော်မူသည် လည်းကောင်း ။ပ။ **ဝီရိယဝါဒေါ စ**=မူသည်လည်းကောင်း၊ (ဟောတိ-ဖြစ်၏)

**ဘိက္ခဝေ**=တို့။ **မမ္ပိ**=ငါဘုရားကိုလည်း ။ပ။ **ဝီရိယံ**=သည်။ **နတ္ထိ**=မရှိ။ **ဣတိ**=သို့။ **ပဋိဗာဟတိ**=၏။ **သေယျထာပိ**- အစရှိသောဝါကျကို ဧကကနိပါတ်စာပိုဒ် (၃၁၁)ကြည့် **ဣတိ**=ဤသို့ (**အဝေါစ**-မိန့်တော်မူပြီ) ပဉ္စမံ။

**၁၃၉။** (စာပိုဒ်)။ ၆– သမ္ပဒါသုတ်။ ။ **ဘိက္ခဝေ**=တို့၊ **သမ္ပဒါ**=ပြည်စုံခြင်းတို့သည်၊ **ဣမာ တိသော**=ဤသုံးမျိုးတို့တည်း၊ **တိဿာ**=သုံးမျိုးတို့ဟူသည်၊ **ကတမာ**=အဘယ်တို့နည်းဟူမူ၊ **သဒ္ဓါသမ္ပဒါ**=သဒ္ဓါ၏ပြည့်စုံခြင်းလည်းကောင်း၊ **သီလသမ္ပဒါ**=သီလပြည့်စုံခြင်းလည်းကောင်း၊ **ပညာသမ္ပဒါ**=ပညာပြည့်စုံခြင်းလည်းကောင်းတည်း။ ။ပ။

**၁၄၀။** (စာပိုဒ်)။ ၇-ဝုဒ္ဓိသုတ်။ ။ **ဘိက္ခဝေ**=တို့၊ **ဝုဒ္ဓိယော**=တိုးပွားခြင်းတို့သည်၊ **ဣမာ တိဿာ**=တို့တည်း။ပ။ **သဒ္ဓါဝုဒ္ဓိ**=သဒ္ဓါ၏ တိုးပွားခြင်းလည်းကောင်း ။ပ။ သတ္တမံ။

#### ၈-အဿခဠုင်္ကသုတ်

**၁၄၁။ ဘိက္ခဝေ**=တို့၊ **တယော**=သုံးကောင်ကုန်သော၊ **အဿခဠုင်္ကေ စ**=မြင်းပျိုတို့ကိုလည်း၊ (**အဟံ**=ငါသည်) **ဒေသေဿာမိ**=ဟောတော်မူအံ့၊ **တယော**=သုံးယောက်ကုန်သော၊ **ပုရိသခဠင်္ကေ စ**=ယောက်ျားပျိုတို့ကိုလည်း၊ **ဒေသေဿာမိ**=အံ့၊ **တံ**=ထိုမြင်းပျို့, ယောက်ျားပျိုသုံးမျိုးသုံးစားကို၊ (**တုမှေ**=သင်တို့သည်) **သာဓုကံ**=ကောင်းစွာ၊ **သုဏာထ**=နာယူကြကုန်လော၊ **မနသိ**=စိတ်နှလုံး၌၊ **ကရောထ**=သွင်းပိုက်ထားကြကုန်လော၊ (**အဟံ**=ငါသည်) **ဘာသိဿာမိ**=ဟောတော်မူအံ့၊ **ဣတိ**=ဤသို့ (**အဝေါစ**-မိန့်တော်မူပြီ) **ဧဝံ ဘန္တေ**=ကောင်းပါပြီဘုရား၊ **ဣတိ**=ဤသို့၊ **တေ ဘိက္ခု**=ထိုတရားနာရဟန်းတို့သည်၊

## PAGE 620

**ဘဂဝတော**=မြတ်စွာဘုရား၏ (**ဝစနံ**=စကားတော်ကို) **ပစ္စာသောသုံ**=ရှေ့ရှုနာယူကုန်ပြီ၊ ဝါ=စကားတုံ့ပြန် နာခံကြကုန်ပြီ၊ **ဘဂဝါ**=သည်၊ **ဧတံ**=ဤစကားကို၊ **အဝေါစ**=မိန့်တော်မူပြီ၊ (**ကိန္တိ**=အဘယ်သို့၊ **အဝေါစ**=မိန့်တော်မူသနည်းဟူမူ)။

**ဘိက္ခဝေ**=တို့၊ **တယော**=သုံးကောင်ကုန်သော၊ **အဿခဠုင်္ကာ**=မြင်းပျိုတို့ ဟူသည်၊ **ကတမေ စ**=အဘယ်တို့နည်း၊ **ဘိက္ခဝေ**=တို့၊ **ဣဓ**=ဤလောက၌၊ **ဧကစ္စော**=အချို့သော၊ **အဿခဠုကော**=မြင်းပျို့သည်၊ **ဇဝသမ္ပန္နော**=အရှိန်အဟုန်နှင့် ပြည့်စုံသည်၊ **ဟောတိ**=ဖြစ်၏၊ **ဝဏ္ဏသမ္ပန္နော**=အရောင်အဆင်းနှင့် ပြည့်စုံသည်၊ **န (ဟောတိ)**=မဖြစ်၊ **အာရောဟ ပရိဏာဟသမ္ပန္နော**=မြင့်မတ်သည်၏အဖြစ်, လုံးဝိုင်းသည်၏ အဖြစ်နှင့် ပြည့်စုံသည်၊ ဝါ=အရပ်, အလုံးနှင့် ပြည့်စုံသည်၊ **န (ဟောတိ)**=မဖြစ်၊ [**အာရောဟ**=အရပ်မြင့်မတ်ခြင်း+**ပရိဏာဟ**=လုံးဝိုင်းခြင်း] **ဘိက္ခဝေ**=တို့၊ **ပန**=ထိုမှတပါး၊ **ဣဓ**=၌ ။ပ။ **ဇဝသမ္ပန္နော စ**=သည်လည်းကောင်း၊ **ဟောတိ**=၏ ၅။

**ဘိက္ခဝေ**=တို့၊ **ကထဉ္စ**=အဘယ်သို့သော အခြင်းအရာအားဖြင့်၊ **ပုရိသခဠုကော**=သည်၊ **ဇဝသမ္ပန္နော**=သည်၊ **ဟောတိ**=ဖြစ်သနည်း၊ **ဝဏ္ဏသမ္ပန္နော**=သည်၊ **န (ဟောတိ)**=မဖြစ်သနည်း၊ **အာရောဟပရိဏာဟသမ္ပန္နော**=သည်၊ **န(ဟောတိ**=သနည်း) ။ပ။ **ဣဒံ (အယံ)**=ဤသစ္စာလေးပါးကို သိသော ဉာဏ်သည်၊ **အဿ**=ထိုရဟန်း၏၊ **ဇဝသ္မိံ ဝေ**=အရှိန်အဟုန်တည်း၊ (**ဣတိ**=ဤသို့၊ **အဟံ**=ငါသည်) **ဝဒါမိ**=မိန့်ဆို၏၊ **ပန**=ထိုမှတပါး၊ **အဘိဓမ္မ**=အဘိဓမ္မာ တရား၌လည်းကောင်း၊ ဝါ=ပိုင်းဖြတ်ကန့်သတ်အပ်သော ရုပ်နာမ်

၁။ **အဘိဓမ္မေ အဘိဝိနယေ**။ ။ ဤပုဒ်တို့ကို ပါရာဇိကဏ် အဋ္ဌကထာ ဗာဟိရနိဒါန်း (၁၆) စသည်၌ ဖွင့်သည့်အတိုင်း အနက်ပြန်ဆိုထားသည်၊ ထိုပုဒ်တို့၌ အဘိသဒ္ဒါသည် **ပရိစ္ဆန္န**အနက်ကို ဟောသည်ဟုဖွင့်၏၊ ထို့ကြောင့် “**အဘိ(ပရိစ္ဆန္န)**=ပိုင်းခြားကန့်သတ်အပ်သော+**ဓမ္မ**=သဘောတရား (ရုပ်နာမ်တရား)+**ဝိနယ**=ဝိနည်းပညတ်”ဟူ၍ အကျဉ်းချုပ်အနက်ပြန်ဆိုရ၏။ ထို့နောက် “**အညမညသင်္ကရဝိရဟိတေ ဓမ္မေ စ ဝိနယေ စာတိ ဝုတ္တံ ဟောတိ**”ဟူ၍ အဓိပ္ပာယ်နက် ဆက်လက်ဖွင့်ဆို၏။ **ပရိစ္ဆန္န**ပုဒ်ကို “**အညမည သင်္ကရဝိရဟိတေ**” ဟု ဖွင့်ဆိုခြင်းဖြစ်သည်။ ထို့ကြောင့် **ပရိစ္ဆန္န** (ပိုင်းခြားကန့်သတ်အပ်သည်) ဖြစ်သောကြောင့် **အညမည သင်္ကရဝိရဟိတ** (အချင်းချင်း တပါး và တပါး ရောယှက်မှုကင်းသော) **ဓမ္မဝိနယ**ကို **အဘိဓမ္မ**, **အဘိဝိနယ**ခေါ်သည်ဟုဆိုလို၏။
## PAGE 621

**၆၂။** တရား၌လည်းကောင်း၊ ဝါ=ပိုင်းဖြတ် ကန့်သတ်အပ်သောကြောင့် အချင်းချင်း ရောနှောမှု ကင်းသော ရုပ်နာမ် တရား၌လည်းကောင်း၊ **အဘိဝိနယေ**-အဘိဝိနည်း၌လည်းကောင်း၊ ဝါ-ပိုင်းဖြတ်ကန့်သတ်အပ်သော ဝိနည်းပညတ်၌ **အညမညသင်္ကရဝိရဟိတေ**ကို သာရတ္ထဋီကာ (ပ-၇၂)ဖွင့်ဆိုရာ၌ အချင်းချင်း ရောယှက်မှုကင်းပုံကို ဝါဒနှစ်မျိုးပြ၏၊ ထိုနှစ်မျိုးမှာ--

(၁) အိပ်မက်၌ သုက်လွှတ်ခြင်းကြောင့် အနာပတ္တိ(အာပတ်မသင့်)ဟူ၍ ဝိနည်းပညတ်ရှိသော်လည်း အကုသိုလ်စေတနာဓမ္မကိုကား ရအပ်သေးသည်သာ ဖြစ်၏၊ ထို့ကြောင့် ဝိနည်းပညတ်ကတခြား, ဓမ္မသဘာဝကတခြား ဖြစ်ရကား ဝိနည်းပညတ်နှင့် ရောယှက်မှုကင်းသော ဓမ္မသဘာဝသည် အဘိဓမ္မမည်၏၊ (ဤကား ပဌမဝါဒတည်း)။

(၂) နောက်ဒုတိယဝါဒကား ဝိနည်းပညတ်နှင့် ရောယှက်မှုကင်းသည်ကို အဘိဓမ္မဟု မဆိုလို၊ ဓမ္မသဘာဝတို့ ရှေ့နောက်ဆန့်ကျင်ခြင်း မရှိသောကြောင့် ဓမ္မသဘာဝအချင်းချင်းပင် ရောယှက်မှုကင်းသည်ကို အဘိဓမ္မဟု ဆိုလို၏၊ ဥပမာအားဖြင့် “**ပါဏာတိပါတော** **အကုသလံ**=ပါဏာတိပါတသည် အကုသိုလ်ဓမ္မဖြစ်၏”ဟု ဆိုရာ၌ သေစေလိုသဖြင့် အသက်ဇီဝိန်ကို ပယ်ခွင်းမှု (သတ်ဖြတ်မှု) ပယောဂကို ဖြစ်စေတတ်သော **စေတနာ**သည်သာ အကုသိုလ်ဓမ္မဖြစ်၏၊ အသက်ဇီဝိန်ကို ပယ်ခွင်းမှု လုံ့လပယောဂတည်းဟူသော ဝိညတ်ရုပ်ကား အကုသိုလ်ဓမ္မမဟုတ်၊ အဗျာကတဓမ္မသာဖြစ်၏။

ထို့အတူ **အဒိန္နာဒါန**သည် အကုသိုလ်ဖြစ်၏ ဟု ဆိုရာ၌လည်း “**အဒိန္န**=ပိုင်ရှင်မပေးသော **သူတစ်ပါး**ပစ္စည်းဥစ္စာကို + **အာဒါန**= ခိုးယူခြင်း” တည်းဟူသော ဝိညတ်ရုပ်ကား အကုသိုလ်မဟုတ်၊ အဗျာကတသာဖြစ်၏၊ ထိုဝိညတ်ရုပ်ကို ဖြစ်စေတတ်သော ခိုးယူကြောင်း စေတနာသည်သာ အကုသိုလ်ဖြစ်၏၊ ဤသို့စသည်ဖြင့် အချင်းချင်း ရောယှက်မှုကင်းသော ဓမ္မသဘာဝသည် အဘိဓမ္မမည်၏။ ဤသို့ ဝါဒနှစ်မျိုးရှိသည်။

အဘိဝိနယ၌ကား ယင်းသို့ ဝါဒနှစ်မျိုးမရှိ၊ ဝိနည်းပညတ်အချင်းချင်း ရောယှက်မှုကင်းသည်ကိုသာ အဘိဝိနယဟုခေါ်၏၊ ဥပမာအားဖြင့် သူတစ်ပါး ပစ္စည်းဖြစ်သော ရွှေငွေကို ခိုးယူလိုစိတ်ဖြင့် ယူလျှင် ပစ္စည်း၏ တန်ဘိုး အားလျော်စွာ ပါရာဇိက, ထုလ္လစဉ်း, ဒုက္ကဋ်အာပတ် သုံးမျိုးတွင် တမျိုးမျိုးသင့်၏၊ ခိုးလိုစိတ်မပါဘဲ ဘဏ္ဍာဂါရိက (ဘဏ္ဍာထိန်းသူ) အနေဖြင့် ကိုင်ယူလျှင်

