## PAGE 622

လည်းကောင်း၊ ဝါ=ပိုင်းဖြတ် ကန့်သတ်အပ်သောကြောင့် အချင်းချင်း ရောနှောမှုကင်းသော ဝိနည်းပညတ်၌လည်းကောင်း၊ **ပဥှံ**=အမေးပုစ္ဆာပြဿနာကို၊ **ပုဋ္ဌော**= မေးအပ်သည်၊ (**သမာနော**=ဖြစ်လသော်) **သံသာဒေတိ**=(ပြဿနာကို) ရပ်တန့် သွားစေ၏၊ **နော ဝိဿဇ္ဇတိ**=မဖြေနိုင်၊ ဣဒံ(**အယံ**)=ဤမဖြေဆိုနိုင်ခြင်း သည်၊ အဿ=ထိုရဟန်း၏ **န ဝဏ္ဏသ္မိံ** (**န ဝဏ္ဏော**) အရောင်အဆင်းမဟုတ်၊ (**ဣတိ** =ဤသို့) **ဝဒါမိ**=မိန့်ဆို၏၊

ပန=ထိုမှတပါး၊ **စီဝရ....က္ခာရာနံ**= သင်္ကန်း, ဆွမ်း, အိပ်ရာ နေရာ ကျောင်း, လူမမာ၏ ရောဂါအတွက် ဆန့်ကျင်ဘက်ဖြစ်၍ အသက်၏ အကာအကွယ်နှင့် အကြောင်း အဆောက်အဦဖြစ်သော ဆေးတို့ကို၊ [ပုဒ်နက် ရှင်းလင်းချက်ကို ဒုကနိပါတ်စာပိုဒ်(၂) သုတ်၌ကြည့်] **လာဘီ**=ရခြင်းရှိသည်၊ **န ဟောတိ**=မဖြစ်၊ ဣဒံ(**အယံ**)=ဤသင်္ကန်းစသော ပစ္စည်းလေးပါး မရခြင်းသည်၊ အဿ=ထိုရဟန်း၏၊ **န အာရောဟ, ပရိဏာဟသ္မိံ**=မြင့်မတ်သည် အဖြစ်, လုံးဝိုင်းသည် အဖြစ်မဟုတ်၊ ဝါ=အရပ်, အလုံးမဟုတ်၊ (**ဣတိ**=ဤသို့) **ဝဒါမိ**=၏၊ ဘိက္ခဝေ-တို့၊ ဧဝံ-ဤသို့သော အခြင်းအရာ အားဖြင့် ပ။

**ဝိဿဇ္ဇတိ**=ဖြေဆို၏၊ **နော သံသာဒေတိ**= (ပြဿနာကို) ရပ်တန့်မသွားစေ၊ ဣဒံ(**အယံ**)=ဤသို့ ပြဿနာကို မရပ်တန့်စေဘဲ ဖြေဆိုနိုင်ခြင်း ဂုဏ်သည်၊ **ဝဏ္ဏသ္မိံ**=အဆင်း အရောင်တည်း၊ (**ဣတိ**=သို့) **ဝဒါမိ**=၏၊ ပန=ပါး ။ပ။ နောက်ဆုံးဝါကျကိုသာ အနက်ပေးတော့အံ့ ပန=ထိုမှ တပါး၊ **စီဝရ.....က္ခာရာနံ**=တို့ကို၊ **လာဘီ**-သည်၊ **ဟောတိ**=ဖြစ်၏၊ ဣဒံ(**အယံ**)-ဤပစ္စည်းလေးပါးကို ရခြင်းသည်၊ အဿ=ထိုရဟန်း၏၊ **အာရောဟ ပရိဏာဟသ္မိံ**=အဖြစ်တည်း၊ ဝါ=အရပ် အလုံးတည်း၊ (**ဣတိ**) **ဝဒါမိ**။ **အဋ္ဌမံ**။

ပါစိတ်၊ မိမိအတွက်ကိုင်လျှင် နိဿဂ္ဂိပါစိတ်၊ လက်ဆော့ခြေဆော့ လျှပ်ပေါ်လော်လီသူ အနေဖြင့်ကိုင်လျှင် အနာမာသဒုက္ကဋ်၊ **ရူပိယဆဉ္စကသမ္မုတိ**ရသော ရဟန်းအတွက်မှာမူ အနာပတ္တိ၊ ဤသို့စသည်ဖြင့် ဝိနည်းပညတ်သည် တခုနှင့် တခု ရောယှက်မှုကင်း၏၊ ယင်းသို့ အချင်းချင်း ရောယှက်မှုကင်းသော ဝိနည်းပညတ်ကို အဘိဝိနယဟုခေါ်၏။ ဒသကနိပါတ်စာပိုဒ် (၁၇) ပဌမနာထ သုတ် အင်္ဂုတ္တိုရ်အဋ္ဌကထာအလိုကို ထိုသုတ်ကျမှရေးအံ့။

## PAGE 623

**၁၄၂။** **ဘိက္ခဝေ**=တို့၊ **တယော**=သုံးကောင် ကုန်သော၊ **အဿပရသေ စ**=မြင်း အပေါင်းတို့၌ သာလွန် ထူးချွန်သော မြင်းတို့ကိုလည်း၊ [**အဿ**မြင်းအပေါင်းတို့၌ + **ပရ**=သာလွန် ထူးချွန်သော + **အဿ**=မြင်း] (**အဟံ**=ငါသည်) **ဒေသေဿာမိ**=အံ့၊ **တယော**=သုံးယောက် ကုန်သော။ **ပုရိသပရ စ**=ယောက်ျားအပေါင်းတို့၌ သာလွန် ထူးချွန်သော ယောက်ျားတို့ကိုလည်း၊ (**ဒေသေဿာမိ**=အံ့) **တံ**=ထိုငါဟောမည့် တရားကို ။ပ။ [ဤတိကနိပါတ် စာပိုဒ် (၈၇)ကြည့်] ဣဒံ=ဤ**သြရမ္ဘာဂိယ** သံယောဇဉ်တို့ကိုကုန်စေနိုင်သော အောက် မဂ်ဉာဏ် သုံးပါးသည်၊ အဿ=ထိုရဟန်း၏၊ **ဇဝသ္မိံ**=အရှိန်အဟုန်တည်း၊ (**ဣတိ**) **ဝဒါမိ**-၏၊ ပန=ထိုမှတပါး၊ **အဘိဓမ္မေ**။ **ပ**။ **နဝမံ**။

### ၁၀-အဿာဇာနီယသုတ်

**၁၄၃။** **ဘိက္ခဝေ**=တို့၊ **တယော**=သုံးကောင်ကုန်သော၊ **ဘဒြေ**=ကောင်းကုန်သော၊ **အဿာဇာနီယေ စ**=မြင်းအာဇာနည် တို့ကိုလည်း၊ ဝါ-အကြောင်း ဟုတ်သည်, အကြောင်းမဟုတ်သည်ကို သိတတ်သော မြင်းလိမ္မာ တို့ကိုလည်း၊ **ဒေသေဿာမိ**=အံ့၊ **တယော**=သုံးယောက်ကုန်သော၊ **ဘဒြေ**=ကောင်းကုန်သော၊ **ပုရိသာဇာနီယေ စ**=ယောက်ျား အာဇာနည် တို့ကိုလည်း၊ ဝါ=အကြောင်း ဟုတ်သည်, အကြောင်းမဟုတ်သည်ကို သိတတ်သော ယောက်ျားသူရဲကောင်း တို့ကိုလည်း၊ **ဒေသေဿာမိ**=အံ့၊ **တံ**= ထိုမြင်း အာဇာနည်, ယောက်ျားအာဇာနည် အကြောင်းကို၊ **သာဓုကံ**=စွာ၊ **သုဏာထ**။ **ပ**။ **ဘိက္ခု**=သည်၊ **အာသဝါနံ**=တို့၏။ **ပ**။ [စာပိုဒ်(၁၂)ကြည့်] ဣဒံ=ဤအာသဝတို့ကို ကုန်ခန်းစေသော အရဟတ္တမဂ်ဉာဏ်သည်၊ အဿ-၏၊ **ဇဝသ္မိံ**=တည်း၊ (**ဣတိ**) **ဝဒါမိ**။ **ဒသမံ**။

### ၁၁-ပဌမမောရနိဝါပ စသောသုတ်များ

**၁၄၄။** **ဧကံ**=တပါးသော၊ **သမယံ**=အခါ၌၊ **ဘဂဝါ**=မြတ်စွာဘုရားသည်၊ **ရာဇဂဟေ**=ရာဇဂြိုဟ်မြို့အနီး၌၊ **မောရနိဝါပေ**=မောရနိဝါပ မည်သော၊ (ဥဒေါင်း တို့အား အစာပေး ကျွေးမွေးရာဌာနဖြစ်သော) **ပရိဗ္ဗာဇကာရာမေ**=ပရိဗိုဇ်တို့ အာရာမ်၌၊ ဝါ=ပရိဗိုဇ် ကျောင်းတိုက်၌၊ **ဝိဟရတိ**-၏၊ **တတြ**=ထိုပရိဗိုဇ် အာရာမ်၌၊ [ထို့နောက်စာပိုဒ်(၁၂၆)ကြည့်] ။ပ။ **ဘိက္ခဝေ**=တို့၊ **တီဟိ**=သုံးပါး ကုန်သော၊ **ဓမ္မေဟိ**=တရားတို့နှင့်၊ **သမန္နာဂတော**=ပြည့်စုံသော၊ **ဘိက္ခု**=ရဟန်း
## PAGE 624

သည်၊ **အစ္စန္တ နိဋ္ဌော** = ကုန်ခန်းပျက်စီးခြင်း အပိုင်းအခြားကို ကျော်လွန်သော အပြီးသတ်နိဗ္ဗာန်တရားရှိသည်၊ **ဝါ** = မပျက်မယိုင် မြဲခိုင်တည်တံ့သော အပြီးသတ်စခန်း နိဗ္ဗာန်နန်းရှိသည်၊ **အစ္စန္တ ယောဂက္ခေမီ** = မပျက်မယိုင် မြဲခိုင်စွာသာလျှင် ယောဂလေးဖြာ၊ ဘေးကုန်ရာ နိဗ္ဗာန်ရှိသည်၊ **အစ္စန္တ ဗြဟ္မစာရီ** = မပျက်မယိုင် မြဲခိုင်စွာသာလျှင် မြတ်သောအရိယမဂ် အကျင့်ကိုကျင့်သည်၊ **အစ္စန္တ ပရိယောသာနော** = ခိုင်မြဲသော အပြီးအဆုံး နိဂုံးချုပ်တရားရှိသည်။

(မဂ္ဂဗြဟ္မစရိယ၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်တရားနှင့် ဝဋ်ဒုက္ခ၏ အဆုံးဖြစ်သော နိဗ္ဗာန်တရား တည်းဟူသော ခိုင်မြဲသော အထွတ်အထိပ် လမ်းဆုံးပန်းတိုင်ရှိသည်)

**ဒေဝမနုဿာနံ** = နတ်လူတို့တွင်၊ **ဝါ** = တို့ထက်၊ **သေဋ္ဌော** = မြတ်သောပုဂ္ဂိုလ်သည်၊ **ဟောတိ** = ဖြစ်၏။

**ကတမေဟိ** = အဘယ်မည်ကုန်သော၊ **တီဟိ** = ကုန်သော၊ (ဓမ္မေဟိ = တို့နှင့်၊ သမန္နာဂတော = သော၊ ဘိက္ခု = သည်၊ အစ္စန္တနိဋ္ဌော။ပ။ သေဋ္ဌောသည်၊ ဟောတိ = ဖြစ်သနည်း)

**အသေက္ခေန** = ရဟန္တာတို့၏ ဥစ္စာဖြစ်သော၊ **ဝါ** = ရဟန္တာတို့၏ သန္တာန်၌ဖြစ်သော၊ **သီလက္ခန္ဓေန** = သီလအစုအဝေးနှင့်လည်းကောင်း၊ **ဝါ** = သီလဂုဏ်နှင့်လည်းကောင်း၊ **အသေက္ခေန** = သော၊ **သမာဓိက္ခန္ဓေန** = သမာဓိအစုအဝေးနှင့်လည်းကောင်း၊ **ဝါ** = သမာဓိဂုဏ်နှင့်လည်းကောင်း၊ **အသေက္ခေန** = သော၊ **ပညာက္ခန္ဓေ** = ပညာအစုအဝေးနှင့်လည်းကောင်း၊ **ဝါ** = ပညာဂုဏ်နှင့်လည်းကောင်း၊ (သမန္နာဂတော = သော၊ ဘိက္ခု = သည်၊ အစ္စန္တ နိဋ္ဌာ။ပ။ သေဋ္ဌော-သည်၊ ဟောတိ = ၏)

**ဘိက္ခဝေ** = တို့၊ **တီဟိ** = ကုန်သော၊ **ဣမေဟိ ဓမ္မေဟိ** = ဤတရားတို့နှင့်၊ **သမန္နာဂတော** = သော၊ **ဘိက္ခု** = သည်၊ **အစ္စန္တ နိဋ္ဌော** = သည်။ပ။ **သေဋ္ဌော** = သည်၊ **ဟောတိ** = ၏၊ **ဣတိ** = ဤသို့၊ (အဝေါစ-မိန့်တော်မူပြီ)

**၁၁။** ဧကာဒသမံ။

**၁။ အစ္စန္တနိဋ္ဌော** ။ ။ **အစ္စန္တ** = အတိ+အန္တ ။ **အန္တ** = (ကုန်ခန်း ပျက်စီးခြင်းဟူသော) အပိုင်းအခြားကို+**အတိ** (အတိက္ကန္တ) = ကျော်လွန်သော+ **နိဋ္ဌာ** = အပြီးသတ်နိဗ္ဗာန်တရား။

**အစ္စန္တနိဋ္ဌာတိ အန္တ အတိတတ္တာ အစ္စန္တ သင်္ခါတံ အဝိနာသံ ဓမ္မံ နိဗ္ဗာနံ နိဋ္ဌာ အဿာတိ အစ္စန္တ နိဋ္ဌာ။ ဣမိနာ နယေန သေသပဒါနိ ဝေဒိတဗ္ဗာနိ။**

အင်္ဂုတ္တိုရ် ဋ္ဌ (တ၊ ၃၄၄) နောက်ဆုံးပုဒ်၏ “အစ္စန္တ”ကိုလည်း ဤအတိုင်း သဒ္ဒတ္ထဆိုနိုင်၏။

